Indian politician want criminals to join his party
Sunday, January 17, 2010
သူခိုးကြမ်းပိုးများ အလိုရှိသည်...ရာထူးကောင်းကောင်းပေးမည့် ပါတီ...
လူလိမ်၊လူညာ၊ လူဆိုး၊ကြမ်းပိုးများဟာ သူတို့ ရဲ့ ပင်ကိုယ်စရိုက်ကိုက ကောက်ကျစ်စဉ်းလဲတယ်၊
မရိုးမသားကြံစည်ပြောဆိုပြုမူတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ ထိုသို့ သော စရိုက်တွေဟာ
အလက်တွေပဲဖြစ်လို့ အိန္ဒိယနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ လူလိမ်၊လူကောက်၊လူ
ညစ်များကို သူ့ ရဲ့ ပါတီမှာဝင်ရောက် လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ကာ ပါတီဝင်များကို စု
ဆောင်းနေပါတယ်...
အိန္ဒိယနိုင်ငံ၊ဗဟိုအစိုးရဲ့ ယခင်မီးရထားဝန်ကြီး Lalu Prasad Yadav ဟာ သူဖွဲ့ စည်းတည်ထောင်
လိုက်တဲ့  ပြည်သူ့ အမျိုးသားပါတီ မှာ လူဆိုးသူခိုး၊ လူလိမ်လူညာအစွမ်းအစ ရှိသူများကို လာရောက်
ပူးပေါင်းပါဝင်ပြီး ရာထူးတွေလာယူနိုင်ပါတယ်လို့ ဖိတ်ခေါ်ဆွဲဆောင်ခဲ့ ပါတယ်...
လိမ်နိုင်ရင်သမာဓိ၊ ညာနိုင်ရင်ပညာရှိ၊ အမှန်ကိုပြောတဲ့ ဝန်ကြီးဟောင်း....
” တစ်ကယ်တော့ ဒါဟာ နိုင်ငံရေးအတွက် အကောင်းဆုံး၊ အသင့် တော်ဆုံးသူရွေးချယ်ဖို့ အကောင်း
ဆုံးရွေးချယ်မှုပါပဲ.... သင့် ရဲ့ ထောင်မင်းသားစွမ်းရည်ကိုသာ ပြောပြပြီး ကျွန်တော့် ပါတီကိုသာ ပါ
ဝင်ပူးပေါင်းလိုက်ပါ...”  လို့  ၀န်ကြီးဟောင်း Yadav ကပြောကြားခဲ့ ပါတယ်....
” နိုင်ငံရေးသမားတွေရဲ့ အများစုဆိုတာ လူလိမ်လူညာအဖြစ်နဲ့ သာ အဆုံးသတ်သွားကြရစမြဲဖြစ်လို့ 
အစကတည်းက ဒီလိုလူတွေ ( ရာဇ၀င်ရှိတဲ့ ၊ ဇ ရှိတဲ့  လူလိမ်၊လူညာ ) နဲ့ စလိုက်တာပိုကောင်းပါ
တယ်....”  လို့ သူကထပ်ပြီးပြောကြားခဲ့ ပါတယ်...
အင်း...
တစ်ကယ့် အများပြည်သူကောင်းစားရေးအတွက်လုပ်နေတဲ့ နိုင်ငံရေးသမားတွေရှိနေသလို...
အများစုကလည်းသူပြောသလိုပဲဖြစ်နေတာကြတာကိုး....
ရာထူးရာခံလေးရ၊ လုပ်ပိုင်ခွင့် လေးများရကြပြီဆိုယင် ...
မဲဆန္ဒရှင်ပြည်သူတွေကိုပေးခဲ့ တဲ့ ကတိတွေကို လှည့် လိုတောင်မကြည့် ၊ သတိမရကြတော့ 
ဘူးလေ...
အမှန်ကိုပြောပြီးစည်းရုံးတဲ့ ဝန်ကြီးဟောင်းကိုတော့ လေးစားမိပါရဲ့ ....
အင်္ဂလိပ်လိုသတင်းလေးပါ....
An Indian politician is recruiting crooks to join his party because he thinks their cunning, dishonesty and selfishness make them perfect for life as an MP.Former railways minister Lalu Prasad Yadav, 62, has launched an appeal for old lags to take office in his National People's Party."It's the best way to select candidates for politics. Show me your jail stint and join me," said Yadav.
"Most politicians end up crooked so they might as well start that way," he added.
1 comments:
ရွှေရတုမှတ်တမ်း said...
ဗမာပြည်လိုပဲနော်