အသက် ၁၅နှစ်နဲ့  အရပ် ၆ ပေ ၁၁ လက်မ မြင့် သူကျောင်းသားလေး....

Friday, January 29, 2010

The 15-year-old schoolboy who stands 6ft 11ins in his socks... and is still growing


Towering: Bradley Fisher dwarfs 4ft 6in tall schoolmate Zoe McDermott
သိပ်မကွာပါဘူး...
Towering: Bradley Fisher dwarfs 4ft 6in tall schoolmate Zoe McDermott


သူ့ ကိုတော့ ကျောင်းမှာ တောင်ဘီလူးလေး လို့ လူသိများပြီး ဆရာ၊ဆ၇ာမများနဲ့ ကျောင်းသား
ကျောင်းသူများအားလုံး သူ့ ကို မော့ ကြည့် ကြရပါတယ်...
အသက် ၁၅ နှစ်သာရှိသေးတဲ့  ဘရက်ဒလေဖစ်ရှာ ဟာ အရပ် ၆ပေ နဲ့ ၁၁ လက်မ မြင့် ပြီး သူ
ဟာဆက်လက်ပြီး အရပ်ရှည်ကာ ထွားကြိုင်းနေဆဲပဲဖြစ်ပါတယ်...

သူ့ ရဲ့ အငယ်ဆုံး၊ အပုဆုံး ကျောင်းနေဖက်သူငယ်ချင်း ဇိုးမက်ဒါးမော့ တ် နဲ့ ယှဉ်လိုက်ယင် သူက
အရပ် ၂ ပေကျော်ပိုပြီးမြင့် ပါတယ်...သူမက ၄ပေနဲ့  ၆လက်မ ပဲမြင့် တယ်လေ...

သူ့ အတွက် အမေရိကားက ဆိုဒ်နံပါတ် ၁၅ ရှူးဖိနပ်ကို အထူးမှာပြီးစီးရကာ၊ အထူးပြုလုပ်ထား
တဲ့ အိပ်ယာနဲ့ မှအိပ်တဲ့  ဘရက်ဒလေ ကတော့ အခုလိုထူးခြားပြီးအရပ်ရှည်နေတာကိုက သူ့ 
အတွက် ကံကောင်းတာပါပဲတဲ့ ...ဖြစ်လို့ လည်းဆိုတော့ သူ့ အရပ်ကြီးနဲ့ ဘတ်စကက်ဘောက
စားရတာပိုကောင်းတာပေါ့ လေ...


အခုတော့ သူ့ ကို အင်္ဂလန်ရဲ့ အသက် ၁၆ နှစ်အောက် ဘတ်စကက်ဘော လက်ရွေးစင်အဖြစ်
ရွေးချယ်လိုက်ပါပြီ...
လန်ကက်ရှိုင်းယားနယ်၊ ချောလေး အရပ်မှာနေတဲ့ ကောင်လေးက ” ကျွန်တော်က အရပ်ရှည်
တော့ ဘတ်စကက်ဘောကစားရာမှာ တစ်ပန်းသာတယ်လေ...နဂိုကလည်းဘတ်စကက်ဘော
ကစားရတာ ၀ါသနာပါတော့ အတော်ဖြစ်သွားတာပါပဲ...” လို့ ပြောဆိုခဲ့ပါတယ်...
အခန်းတွေကိုအ၀င်မှာ တံခါးဘောင်နဲ့ မလွတ်လို့ အမြဲပဲ ခေါင်းငုံ့ ပြီးသွားလာနေရတဲ့  ကောင်
လေးက သူ့ အနေနဲ့ အခုလို အရပ်ကြီးမိုးထိုးနေလောက် သူ့ အတွက်ဂုဏ်ယူရတာ တစ်ခြား
ဘာမှမရှိပါဘူးတဲ့ ....

ကျွန်တော်ကတော့ အရပ်ရှည်ရတာကိုကြိုက်တယ်...သူငယ်ချင်းတွေနဲ့ ကျွန်တော့် မိဘတွေ
ကတော့ အခုလိုအရပ်ရှည်တာကို ကောင်းတယ်လို့ ယူဆကြပါတယ်..လို့ သူကဆိုပါတယ်...
”အထူးသဖြင့် ကျွန်တော့် အမေနဲ့ ဈေးဝယ်ထွက်တဲ့ အခါမှာ စင်အမြင့် ပေါ်က ပစ္စည်းတွေ
လိုချင်ယင်တော့ ကျွန်တော် ကတော်တော်အသုံးဝင်တယ်လေ...

ကျွန်တော့ အတွက် အ၀တ်အစားတွေဝယ်ယင်တော့ အကြီးဆုံးဆိုဒ်ကိုသာမှာရပါတယ်...
ဒါတောင် ကျွန်တော်နဲ့ တော်ပါ့ မလားလို့ စိတ်ပူနေရပါသေးတယ်...
ကျွန်တော်ငယ်ငယ် မူကြိုကလေးဘ၀မှာကတည်းက သူများတွေထက်ကို အရပ်ပိုရှည်
ပါတယ်...”  လို့  နော်တင်ဟမ် မှာကျင်းပမယ့်  ဥရောပဖလားဘတ်စကက်ဘောပြိုင်
ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ ကျင့် နေတဲ့ ဘရက်ဒလေ ကပြောပြပါတယ်...




Bradley Fisher with Zoe McDermott
သူ့ ကိုမှီဖို့ လှေကားနဲ့ တက်ရမယ်...

That's better: Zoe uses a ladder to reach up to basketball ace Bradley


 လူတွေကတော့ အစကတည်းကအမြဲပြောနေကြတာပါပဲ...ကျွန်တော်ကတော့ တော်တော်အရပ်
ရှည်မှာပဲလို့ ....ဒါပေမယ့် ကျွန်တော်အရပ်ရှည်လာတာက မရပ်မနားတစ်ရှိန်ထိုးမဟုတ်ပါဘူး...
အဆင့် ဆင့် ရှည်လိုက်၊ ခဏရပ်နားလိုက်၊ ပြီးတော့ ဆက်ပြီးအရပ်ရှည်လာတာပါ...
သူဟာ ကမ္ဘာကျော် ဘတ်စကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်ထက်ကို အရပ် ငါးလက်မ
ပိုရှည်နေပါပြီ...မိုက်ကယ်ဂျော်ဒန်က ၆ပေ နဲ့  ၆ လက်မ ရှည်တယ်လေ...

ဒါပေမယ့် ဗြိတိန်နိုင်ငံရဲ့ အရပ်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် စံချိန်တင်နိုင်ဖို့ ကတော့ သူ့
အနေနဲ့ နောက်ထပ် နည်းဆုံး ၈ လက်မလောက် အရပ်ရှည်ရဦးမှာပါ...
အခုအချိန်အထိ အဆိုပါစံချိန်ရှင်ကတော့  အရပ် ၇ ပေ နဲ့  ၇ လက်မ မြင့် တဲ့ ပေါလ်စတူးဂရက်စ်
ဖြစ်ပါတယ်...

သူတက်ရောက်သင်ကြားနေတဲ့ ကျောင်းရဲ့ ဒုတိယကျောင်းအုပ် ဘရိုင်ယန်ဆောက်တာ ကတော့ 
သူ့ ရဲ့ စာသင်သက် ၃၅ နှစ်အတွင်းမှာ ဘရက်ဒလေ ဟာ အရပ်အရှည်ဆုံးတပည့် ပါပဲလို့ ဆိုခဲ့ 
ပါတယ်...
” သူဟာ ကျွန်တော်စာသင်ကြားပေးနေတဲ့ ဆောက်တ်လန်း ကျောင်းရဲ့ ရာဇ၀င်မှာတော့ အ
ရပ်အရှည်ဆုံးကျောင်းသားပါပဲ...အယင် ၁၉၇၀ ခုနှစ်လောက်များတုံးကတော့  အရပ် ၆ပေ
နဲ့  ၇ လက်မ ရှည်တဲ့ ကျောင်းသားတစ်ဦး ရှိခဲ့ ဘူးပါသေးတယ်...”
” သူဟာခန္ဓာကိုယ်ထွားကြိုင်းပြီးအရပ်ရှည်ပေမယ့် သိမ်မွေ့ နူးညံ့ ပါတယ်...အင်မတန်မှဖော်
ရွေခင်မင်ကာနှစ်လိုဖွယ်ကောင်းပါတယ်...ကျောင်းမှာလည်း လူသိများတယ်ပေါ့ ....ရည်မှန်း
ချက်ရှိတဲ့ ကျောင်းသားတစ်ဦးပါပဲ....”  လို့ ဒုတိယကျောင်းအုပ်ဆရာကြီးကပြောခဲ့ ပါတယ်...

အင်္ဂလိပ်လိုသတင်းပါ....

He’s known as the ‘gentle giant’ around school and his fellow pupils and teachers certainly look up to him.
At only 15 years of age, Bradley Fisher measures in at 6ft 11in… and he’s still growing.
He is more than two feet taller than one of his smallest schoolfriends, Zoe McDermott, who stands at 4ft 6in.
Luckily for Bradley, who has to import size 15 shoes from America and sleeps in a specially-made bed, his size helps him play Basketball.

He has just been selected to represent England at under-16 level.
‘I love playing basketball so being tall really helps with that and it gives me an edge,’ said the teenager from Chorley, Lancashire.
And despite having duck for every door frame, Bradley insists nothing tops being of great height.
‘I like being tall,’ said the Year 10 pupil at Southlands. ‘My friends think it’s really good and so do my mum and dad.
‘It definitely comes in handy when I go shopping with my mum and she needs things from the top shelf.
‘When it comes to buying clothes, we just have to order the biggest size and then hope it fits.’
Bradley, who is preparing for the European basketball championships in Nottingham, added: ‘Even when I was at nursery I was much taller than everyone else.

‘People always said I was going to be tall, but it seemed to go in phases when I would grow and then stop and then grow again.’
The player already has five inches on the greatest basketball player of all time, Michael Jordan, who measured in at 6ft 6in.
However, he has at least eight inches to grow before being in the running for the title of Britain’s tallest teen.

That accolade is currently held by 19-year-old Paul Sturgess who is 7ft 7in tall.
Southlands deputy head Brian Souter said Bradley is the tallest pupil he has taught there in more than 35 years.
He said: ‘He is by far the tallest student we have had at Southlands whilst I have taught here.
‘I think other than Bradley we had a pupil who was 6ft 7in, but that was in the 1970s.
‘He is a gentle giant – very friendly, very popular and a well intentioned student.’

0 comments: