Man offers his tongue to gods

Thursday, January 14, 2010


ကလေးလိုချင်လို့ လျှာဖြတ်ပြီးပူဇော်တဲ့ သူ....


A childless Indian man sliced off his tongue as an offering to the god Shiva in the hope of becoming a father.
အိန္ဒိယနိုင်ငံမှ သားသမီးမထွန်းကားသော အိမ်ထောင်သည်အမျိုးသားတစ်ဦးဟာ သားသမီးရပါ
စေခြင်းငှာမျှော်လင့် ချက်ဖြင့်  သျှီဝ နတ်ဘုရားအား သူ့ ရဲ့ လျှာကိုဖြတ်ပြီး ပူဇော် ခဲ့ ပါတယ်..
အသက် ၂၈ နှစ်ရှိ မူကက်ရှ် ကူးမား ဟာ အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ ရှ် ပြည်နယ် က ဟိန္ဒူ
ဘုရားကျောင်းတစ်ခုမှာ ဟိန္ဒူနတ်ဘုရားကို ရည်စူးပြီးသူ့ ရဲ့ လျှာကို ဘရိတ်ဓါးနဲ့ ဖြတ်ပြီး ပသ
ခဲ့တာဖြစ်ပါတယ်...
အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ ရှ်ပြည်နယ်၊ လက္ခနောင်း မြို့ မှ ၁၂၅ မိုင်ကွာဝေးတဲ့ ဘန်ဒါ ခရိုင်က
ရွာကလေးတစ်ရွာက ရွာသားဖြစ်သူ မစ္စတာကူးမားကို တစ်ခြားဘုရားကျောင်းကိုလာရောက်
ဝတ်ပြုဆုတောင်းသူတွေက ပုဂ္ဂလိက ဆေးရုံတစ်ခုကို ခေါ်ဆောင်သွားခဲ့ ကြပါတယ်...






သျှီဝ ဘုရားကယ်တော်မူပါ......
လောလောဆယ်တော့ ဆေးရုံတက်လိုက်ရပြီ...
စကားပီပီသသ မပြောနိုင်တော့ ဘူး...အလုပ်မလုပ်နိုင်လို့ မိန်းမကို
ရှာမကျွေးနိုင်တော့ဘူး...



သူ့ အနေနဲ့ စကားပြောဆိုနိုင်ဖို့ အခက်အခဲတွေဖြစ်ရတော့ မှာဖြစ်ပေမယ့် အသက်အန္တရာယ်
တော့ စိုးရိမ်စရာမရှိတော့ ပါဘူးလို့ ဆရာဝန်တွေနဲ့ ရဲတွေကပြောခဲ့ ကြပါတယ်...
မစ္စတာကူးမားဟာ အိမ်ထောင်ပြုပြီးလေးနှစ်ကျော်ကြာခဲ့ တာတောင်မှ သားသမီးတစ်ဦးမှ မရ
ရှိခဲ့ ဘူးလို့ ရဲအရာရှိကြီး မစ်ရှ်ရာ ကပြောကြားခဲ့ ပါတယ်...

သျှီဝ နတ်ဘုရားကို အလွန်ကြည်ညိုကိုးကွယ်သူ ကူးမားဟာ သူ့ ဇနီးဖြစ်သူနဲ့  ကိုယ်ဝန်မရှိနိုင်တဲ့ 
အပေါ် စကားများပြီး စိတ်ဆိုးကာအိမ်ကနေထွက်ခွာလာခဲ့ ပါတယ်..
အဲဒီနောက် ဘုရားကျောင်းကို ရောက်လာခဲ့ ကာ သူ့ ရဲ့ လျှာကိုဖြတ်ပြီး နတ်ဘုရားကိုပူဇော်ခဲ့ တာ
ပါပဲ....

ဒီလောက်တိုးတက်နေပါတယ်ဆိုတဲ့ ခေတ်ကြီးမှာတောင် အခုလို ရူးကြောင်ကြောင် ယုံကြည်ကိုး
ကွယ်မှုကလည်းရှိနေသေးတာပါပဲ...


အင်္ဂလိပ်လိုသတင်းပါ...
Police said 28-year-old Mukesh Kumar chopped off his tongue with a razor blade at a temple in the state of Uttar Pradesh dedicated to the Hindu god.

Mr Kumar, from a village in Banda district around 125 miles from the city of Lucknow, was taken to a private hospital by other devotees.
Doctors said he is out of danger, but would probably suffer from major speech problems later, police said.

Senior inspector R P Mishra added that Mr Kumar remained childless after more than four years of marriage.

He added: "An ardent devotee of Lord Shiva, an angry Kumar left his house following a tiff with his wife for not being able to conceive. He went to the temple, where he offered his tongue to the deity."

1 comments:

သွယ်လင်းဆက် said...

ဟိန္ဒူဘာသာ မှာ နတ်ဘုရားသုံးဆူ ရှိတယ်လို့ဆိုပါတယ်။
မဟာဗြဟ္မာ၊ ဗိဿနိုးနဲ့ သိဝ ရယ်။ မဟာဗြဟ္မာ က လောက နဲ့ သတ္တ၀ါတွေကိုဖန်ဆင်းတယ်။ ဗိဿနိုးကတော့ လောကကို ထိန်းသိမ်းစောင့်ရှောက်တယ်လို့ဆိုပါတယ်။
သိဝ နတ်ဘုရား က အားလုံးကို ဖျက်ဆီးပါတယ်။ ကျွန်တော်အရင်ကထင်တာက မဟာဗြဟ္မာ နဲ့ ဗိဿနိုး ကို သာ အလေးအမြတ်ကိုးကွယ်ကြပြီး သိဝ နတ်ဘုရားကို ဒီလောက်ကြီး အစွန်းရောက် ကိုးကွယ်လိမ့်မယ်လို့မထင်
ထားမိဘူး။ ဒီလို အရူးအမူး ကိုးကွယ်တဲ့လူတွေရှိတယ်ဆို တော့ အခုမှသိရပါတယ် ကိုပီတာကြီးရေ။