Alien Baby Stumps experts
Saturday, September 5, 2009
မက္ကဆီကိုမှဂြိုလ်သားလေးတွေ့ ရှိခြင်းကြောင့် ကျွမ်းကျင်သူပညာရှင်များအံ့ အားသင့် ....
Alien Baby Stumps experts-Bizzare creature found by Mexico farmer
တစ်ခြားကမ္ဘာမှဂြိုလ်သားလေလား....
ဗီဒီယိုကလစ်လေးအရင်ကြည့် လိုက်ပါဦး...
မက္ကဆီကိုနိုင်ငံရုပ်မြင်သံကြားအသံလွှင့် ဌာနမှ ၂၀၀၇ ခုနှစ်တွင်လယ်သမားတစ်ဦးကဂြိုလ်သားလေး
တစ်ယောက်အားအသက်ရှင်လျှက်နှင့် တွေ့ ရှိဖမ်းဆီးခဲ့ မိကြောင်းမယုံကြည်နိုင်ဖွယ်ရာအံ့ သြစရာသ
တင်းဇတ်လမ်းတစ်ခုကို ထုတ်ပြန်ကြေငြာခဲ့ သည်...
လယ်သမားဟာအဆိုပါဂြိုလ်သားလေးကိုရေမြောင်းထဲမှာကြောက်အားလန့် အားနဲ့ နှစ်သတ်ခဲ့ တယ်
လို့ လဲဆိုပါတယ်... ယခုတော့ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနှစ်နှစ်အကြာမှာသိပ္ပံပညာရှင်တွေဟာအဆို
ပါကြောက်လန့် ဖွယ်ရာရုပ်ဆင်းအင်္ဂါရှိတဲ့ ဂြိုလ်သားရဲ့ ရုပ်အလောင်းကိုစမ်းသပ်စစ်ဆေးတွေ့ ရှိချက်
တွေကိုသတင်းထုတ်ပြန်ကြေငြာနိုင်တာဖြစ်ပါတယ်...
လွန်ခဲ့ တဲ့ နှစ်အကုန်ပိုင်းမှာမှ Marao Lopez အမည်ရှိတဲ့ လယ်သမားဟာအဆိုပါဂြိုလ်သားရုပ်အ
လောင်းကိုတက္ကသိုလ်သိပ္ပံပညာရှင်များကိုပေးအပ်ခဲ့ တာကြောင့် ဒီအန်န်အေစစ်ဆေးမှုအပါအ၀င်
အမျိုးမျိုးသောစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်နိုင်ခဲ့ တာဖြစ်ပါတယ်...
အဆိုပါလယ်သမားကသူဟာဂြိုလ်သားလေးကိုသုံးကြီမ်တိုင်နာရီပေါင်းများစွာကြာအောင်ရေနှစ်ပြီးသတ်
ခဲ့ ရကြောင်းဆိုပါတယ်...
စမ်းသပ်စစ်ဆေးမှုများအရအဆိုပါဂြိုလ်သားသတ္တ၀ါလေးဟာပုတ်သင်ညိုရဲ့ သွင်ပြင်လက္ခဏာတွေအရိုး
စုဖွဲ့ စည်းပုံတွေရှိပြီးသူ့ သွားတွေဟာလူ့ သွားတွေလို အမြစ်မရှိပါဘူး...ပြီးတော့ ရေအောက်မှာအချိန်အ
တော်ကြာအောင်နေနိုင်တာမို.သိပ္ပံပညာရှင်တွေအတွက်ယခင်ကတစ်ခါမှမတွေ့ ဖူးတဲ့ သတ္တ၀ါတစ်မျိုး
ဖြစ်နေပါတယ်....
သူ့ ရဲ့ အရိုးအဆက်တွေကတော့ လူ့ အရိုးအဆက်တွေအတိုင်းပါပဲတဲ့ ....
ဦးနှောက်အရွယ်အစားကကြီးမားပြီးအထူးအသဖြင့် အနောက်ဖက်ပိုင်းဟာပိုကြီးမားတဲ့ အတွက်အဆိုပါ
ထူးဆန်းတဲ့ သတ္တ၀ါလေးဟာအသိဥာဏ်အဆင့် အတန်းအလွန်မြင့် မားတယ်လို့ ကောက်ချက်ချနိုင်ပါ
တယ်လို့ ဆိုပါတယ်....
အဲဒါကြောင့် သိပ္ပံပညာရှင်တွေဦးနှောက်ခြောက်အောင်စဉ်းစားနေရပါတယ်...
ပိုမိုထူးဆန်းစေတာကတော့ အဆိုပါလယ်သမားဟာထူးဆန်းစွာပဲသေဆုံးသွားခဲ့ တာပါပဲ...
သူ့ ကိုလောင်ကျွမ်းတောက်လောင်ခဲ့ တဲ့ မီးအရှိန်ဟာလည်းသာမန်းမီးအပူရှိန်ထက်များစွာပြင်းပြပူ
လောင်တယ်လို့ ဆိုပါတယ်...
အဆိုပါဒေသမှာယူအက်ဖ်အို UFO လို့ ခေါ်တဲ့ အခြားကမ္ဘာမှယာဉ်ပျံများမကြာခဏတွေ့ ရလေ့ ရှိတဲ့ အ
တွက်အဆိုပါဂြိုလ်သားကိုတစ်မင်တကာထားခဲ့ တာလည်းဖြစ်နိုင်ပါတယ်တဲ့  ....
မက္ကဆီကိုနိုင်ငံသား UFO ပညာရှင် Jaime Maussan  ကထိုသတင်းကိုပထမဦးဆုံးဖွင့် ဟပြောဆိုခဲ့ တာ
ဖြစ်ပြီးသူကဒီကိစ္စဟာတမင်တကာလုပ်ကြံပြောဆိုတာမဟုတ်ပါဘူးတဲ့ ....အဆိုပါလယ်သမားဟာအဲဒီ
ဂြိုလ်သားအနားကိုသွားခဲ့ စဉ်တုန်းကနောက်ထပ်ဂြိုလ်သားလေးတစ်ကောင်ကိုလည်းတွေ့ ခဲ့ ရပြီးထွက်
ပြေးလွတ်မြောက်သွားတယ်လို့ သူ့ ကိုပြောခဲ့ တယ်လို့ ဆိုပါတယ်...
အဆိုပါကိစ္စကြောင့် လူအများအဖို့ ထိတ်လန့် တုန်လှုပ်ခြောက်ချားခဲ့ ရပြီးအချို့ ကတော့ သန္ဓေတည်မှု
တစ်ခြားကမ္ဘာမှဂြိုလ်သားများကမွေးကာစဂြိုလ်သားလေးကိုထားခဲ့ တာလည်းဖြစ်နိုင်ပါတယ်လို့ ဆိုကြ
ကြပါတယ်...
ဒါပေမယ့် မက္ကဆီကိုတစ်နိုင်ငံတည်းအခုလိုတစ်ခြားကမ္ဘာကယာဉ်တွေ UFO တွေမကြာခဏတွေ့ ရှိ
တာမဟုတ်ပါဘူး...ဂျာမနီနိုင်ငံဆိုယင်ယခုနှစ်အတွင်း UFO တွေ့ ရှိမှုပေါင်း ၃၆၆ ကြိမ်အထိရှိခဲ့ ပါ
တယ်တဲ့ ဗျာ....
သြော်....
        လောဘ၊ဒေါသ၊မောဟ ကြီးမားတဲ့ လူသားတွေကိုသတိပေးစကားပြောကြားဖို့ လာလေသလား...
           ဒါမှမဟုတ်သူတို့ ဆီမှာလည်းလူဦးရေပြည့် ကျပ်နေလို့ ဒီကမ္ဘာမှာမြေနေရာလာရှာလေသလား
                  လို့ စဉ်းစားမိပါသေးတယ်...
Mexican TV revealed the almost unbelievable story - in 2007, a baby 'alien' was found alive by a farmer in Mexico.
He drowned it in a ditch out of fear, and now two years later scientists have finally been able to announce the results of their tests on this sinister-looking carcass.
At the end of last year the farmer, Marao Lopez, handed the corpse over to university scientists who carried out DNA tests and scans.
He claimed that it took him three attempts to drown the creature and he had to hold it underwater for hours.
Tests revealed a creature that is unknown to scientists - its skeleton has characteristics of a lizard, its teeth do not have any roots like humans and it can stay underwater for a long time.
But it also has some similar joints to humans.
Its brain was huge, particularly the rear section, leading scientists to the conclusion that the odd creature was very intelligent.
But it has seemingly left experts stumped.
And in a further mystery, Lopez has since mysteriously died.
According to American UFO expert Joshua P. Warren (32), the farmer burned to death in a parked car at the side of a road.
The flames apparently had a far higher temperature than in a normal fire!
Now there are rumours that the parents of the creature Lopez drowned were the ones who in turn killed him out of revenge.
There are frequent UFO sightings and reports of crop circles in the area where the creature was found. Perhaps it was left behind deliberately by aliens.
Mexican UFO expert Jaime Maussan (56) was the first to break the story. He claimed it was not a hoax. Farmers also told him that there was a second creature but it ran away when they approached.
The puzzle has caused intrigue amongst BILD’s readers. Some say it is a mutant, others wonder why aliens would leave a baby behind - and one reader asked why aliens don’t wear clothes.
And the bizarre story has reached as far as South Korea and China!
Mexico isn't the only hotspot of apparent extra-terrestrial activity, either - Germany has had 366 UFO sightings this year!
1 comments:
သားကြီး said...
ဲဂြိုလ်သားမိဘတွေက လက်စားချေတာဆိုရင်တော့ တော်တော်ကြောက်ဖို့ကောင်းနေပြီဗျ
သူတို့က ကိုယ်တွေကို အချိန်တိုင်းစောင့်ကြည့်နေတဲ့ အနေအထားမျိုးကြီး