Indian man inflates balloons with his ears
Sunday, September 6, 2009
နားထဲကလေဖြင့် ပူပေါင်းမှုတ်သည့် အိန္ဒိယလူမျိုး...
Indian man inflates balloons with his ears
အိန္ဒိယနိုင်ငံ Moradabad မြို့ မှ Khem Karan Koli  အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာလေပူပေါင်းတွေ
ကိုသမားရိုးကျအတိုင်းပါးစပ်နဲ့ မှုတ်ပြီးလေမသွင်းပဲနားထဲကလေနဲ့ မှုတ်ပြီးလေသွင်းနိုင်ပါတယ်တဲ့ ...
” တစ်နေ့ မှာကျွန်တော်ဟာကလေးတွေနဲ့ အတူတူထိုင်ပြီးအပျော်သဘောနဲ့ သူတို့ ကိုပါးစပ်နဲ့ နှာခေါင်း
အသုံးပြုပြီးပူပေါင်းတွေမှုတ်ပေးနေတုံးဇနီးဖြစ်သူကရှင်ဘာလို့ နားထဲကလေနဲ့ မမှုတ်နိုင်ရတာလည်းလို့ 
ပြောပါတယ်...အဲဒါနဲ့ ကျွန်တော်လည်းစမ်းကြည့် ယင်ကောင်းမယ်လို့ တွေးမိပါတယ်.... အဲဒီကစပြီးလေ့ 
ကျင့် လိုက်တာပူပေါင်းတွေကိုနားနဲ့ ( နားထဲကလေနဲ့ ) မှုတ်လာနိုင်တာပါပဲ ....”  လို့ အဆိုပါအမျိုးသား
ကရှင်းပြပါတယ်... ( သြော်....ကြောက်ရသူမိန်းမကတိုက်တွန်းတာနဲ့ သူ့ ခမျာကြိုးစားလေ့ ကျင့် ရရှာပါ
လားနော်....)
သူဟာပူပေါင်းတွေကိုနားနဲ့ လေမှုတ်ရာမှာမှင်ချောင်းမရှိတဲ့ ဘောလ်ပင်အလွတ်တစ်ခုကိုထိပ်နှစ်ဖက်စ
လုံးဖွင့် ပြီးအသုံးပြုပါတယ်...
သွင်းတာပါ...
နားနဲ့ လေမှုတ်နေစဉ်သူဟာနှာခေါင်းနဲ့ ပါးစပ်ကိုတော့ ပိတ်ထားရပါတယ်တဲ့ ....( ဒါမှနားထဲကလေ
တွေထွက်ဖို့ ဖိအားရမှကိုး...) အဲဒီတော့ မှနားထဲကလေတွေဟာဘောလ်ပင်ချောင်းလေးထဲကတစ်
ဆင့် ပူပေါင်းထဲကိုရောက်သွားတာပေါ့ ....
” အခုတော့ ကျွန်တော်ဟာပူပေါင်းတွေကိုနားနဲ့ ပဲလေမှုတ်သွင်းပေးပါတော့ တယ်...အဲဒီလိုလုပ်ယင်
ကလေးတွေကအလွန်သဘောကျကြပြီးလက်ခုပ်လက်ဝါးတီးအားပေးပြီးထပ်ကာထပ်ကာပူပေါင်းတွေ
ကိုမှုတ်ခိုင်းပါတော့ တယ်....ကျွန်တော်ကလည်းသူတို့ အားပေးလေသူတို့ အတွက်ပိုပြီးပူပေါင်းတွေ
မှုတ်ပေးချင်မိပါတယ်...အခုလိုလုပ်နိုင်ဖို့ အတွက်အဓိကကတော့ ကျွန်တော့် မိန်းမကအားပေးတိုက်
တွန်းခဲ့ လို့ ပါပဲ  ”  လို့ သူကပြောခဲ့ ပါတယ်....
အင်္ဂလိပ်စကားဆိုရိုးလေးတစ်ခုလည်းသတိရမိသေးတယ်...အောင်မြင်ကျော်ကြားတဲ့ သူတွေရဲ့ နောက်
ကွယ်မှာသူတို့ ရဲ့ ဇနီး၊မယားတွေရှိနေတယ်  တဲ့ .....
အဟုတ်ပဲနော်....
ဆရာတွေကလည်းအမေပြောတစ်သက်...မယားပြောတစ်ည လို့ ဆိုတဲ့ စကားပုံဖြစ်လာအောင်ကိုအစဉ်
အလာလည်းရှိခဲ့ ပေတာကိုး.....
ဗီဒီယိုကလစ်လေးလဲကြည့် နိုင်ပါသေးတယ်...
မူရင်းအင်္ဂလိပ်သတင်းကတော့ ဒီလိုဆိုထားလေရဲ့ ....
Moradabad resident Khem Karan Koli doesn't blow up balloons the traditional way.
"Once I was sitting with small children and blowing balloons for them with my mouth and nose. My wife asked me if I could blow balloons from my ears. I thought of giving it a shot. Since then I have been blowing balloons with my ears."
He normally uses a small sketch pen with no refill and opened at both ends.
Koli ties a balloon on one end of the sketch pen tube and inflates it from the other end.
He blocks his nose and mouth and pumps up the balloon through his ears with the support of the empty sketch pen.
"Normally, I blow balloons with my ears only. The kids like it very much. They clap and cheer me on when I perform this feat. This encourages me to blow more balloons. It's my wife who first inspired me to do this."
1 comments:
သားကြီး said...
အံ့ပါ့ကိုပီတာရေ
ဒီကုလားကြည့်ရတာ
မိန်းမတော့ကြောက်မယ့်ပုံပဲ