Man eats live snakes over a beer

Saturday, September 12, 2009
အစားပက်စက်တဲ့ တရုတ်လက်ချက်....
Man eats live snakes over a beer

အစားတရုတ်၊ကုလားကုပ်၊အကြွားမြန်မာ...( ကုလားကုပ်ဆိုသည်မှာကုလားလူမျိုးများကကုပ်စီး၊ကပ်
စီးနိုင်သည်ဟူလို...) ဆိုသည့် အတိုင်း တရုတ်နိုင်ငံမှအမျိုးသားတစ်ဦးကသူဟာမြွေအရှင်ကိုအကောင်
လိုက်ဘီယာနဲ့ မြည်းပြီးစားရတာကိုနှစ်သက်သဘောကျပါတယ်တဲ့ ...



ကောင်းကင်မှာလေယာဉ်၊မြေပြင်မှာကုတင်...အဲဒီနှစ်ခုပဲသူတို့ မစားတာ
တရုတ်ဆိုရိုးစကားတစ်ခုပါ....

Zhumandian နယ်၊ Wangzhuang ရွာကလေးက အသက် ၄၁ နှစ်အရွယ်ရှိ Wen Xide ကသူဟာအခု
လိုမြွေတွေကိုအရှင်လတ်လတ်အစိမ်းလိုက်စားနေခဲ့ တာဆယ်နှစ်ကျော်နေခဲ့ ပါပြီတဲ့ ...
ပထမဦးဆုံးအကြိမ်သူဟာမြွေတွေကိုစစားဖြစ်ခဲ့ တာကသူငယ်ချင်းတစ်ယောက်နဲ့ စီးကရက်တစ်ဘူးကြေး
မြွေကိုအစိမ်းအရှင်လတ်လတ်စားနိုင်မစားနိုင်လောင်းခဲ့ တာဖြစ်ပါတယ်လို့ ဆိုပါတယ်...
Wen Xide ဟာသူ့ ရဲ့ တစ်မူထူးခြားတဲ့ အလေ့ အကျင့် ကို Oriental Today သတင်းဌာနကစာနယ်ဇင်း
သမားတွေကိုသရုပ်ပြတဲ့ အနေနဲ့ မြွေအရှင်နှစ်ကောင်ကိုဘီယာနဲ့ ဒီအတိုင်းမြည်းပြီးစားသောက်ပြခဲ့ တာ
ဖြစ်ပါတယ်...
သူစားနေတာကိုကြည့် နေတဲ့ ရွာသားတွေဟာကြက်သီးမွေးညှင်းတွေထတဲ့ အထိအံ့ သြထိတ်လန့် 
ခဲ့ ရပြီးရွာသားနှစ်ဦးကတော့ သူ့ ရှေ့ မှာတင်ပဲအော့ အန်တဲ့ အထိဖြစ်ကုန်ကြပါတယ်...သူကတော့ မြွေ
တွေကိုအစိမ်းစားရတာအနံ့ ကစိမ်းရွှေရွေအနည်းငယ်ဖြစ်ပေမယ့် စားလို့ ကောင်းပါတယ် လို့ ဆိုပါတယ်...

ဖအေတူဖြစ်တဲ့ သူသားဟာဆိုယင်လည်းသူ့ ခြေရာလိုက်ပြီးမြွေတွေကိုအရှင်အတိုင်းအစိမ်းစားနေတာဒီနှစ်
အတွင်းမှာရှစ်ကောင်ရှိသွားပြီလို့ သူကဆိုပါတယ်...
ဒေသဆိုင်ရာဆေးရုံကအစာခြေလမ်ကြောင်းဆိုင်ရာအထူးကုကျွမ်းကျင်သူဆရာဝန် Wang Tianming က
တော့  မြွေအစိမ်းစားသူ Wen Xide  ဟာအာရုံကြောဆိုင်ရာရောဂါပြဿနာတွေဖြစ်လာနိုင်ပြီးသန်ကောင်
ကဲ့ သို့ ရောဂါပိုးမွှားများကူးစက်နိုင်ပါတယ်လို့ ဆိုလိုက်ပါတယ်...

အစားအသောက်ပက်စက်သောင်းကြမ်းတဲ့ နေရာမှာတော့ တ၇ုတ်ကိုဘယ်သူမှမမှီဘူးဆိုတာယုံကြမယ်
ထင်ပါတယ်....


အင်္ဂလိပ်လိုတော့ ဒီလိုဖော်ပြထားပါတယ်...
A Chinese man says he likes to relax by eating live snakes and washing them down with beer.
Wen Xide, 41, of Wangzhuang village, Zhumadian, says he has been eating live snakes for 10 years.
He started by eating one to win a bet with friends for a packet of cigarettes.
"From then on I became addicted to eating live snakes," he said.
Wen demonstrated his habit to a visiting journalist from Oriental Today by chewing down two live snakes bit by bit over a bottle of beer.
"It's a bit smelly, but they're very delicious," he exclaimed - although watching villagers said the sight gave them goosebumps and two vomited at the scene.
Wen says his son is now following his lead and has eaten eight live snakes this year.
But Wang Tianming, a doctor specialising in digestion at a local hospital, said Wen could suffer nerve problems and risked infection from parasites.

7 comments:

သားကြီး said...

ပေါက်ဖေါ်ကြီးတို့ အစားပက်စက်ချက်ကတော့ဗျာ

Anonymous said...

ဟုတ်ပါပြီ နင်တို. ဗမာတွေပဲ အကုန်ကောင်း။ ကျွန်ခံနေရတာ တောင် လေကမရှော.ချင်သေးဘူး။

Anonymous said...

စိတ်မဆိုးပါနဲ့ အထက်က အမည်မသိပေါက်ဖော်ရယ်...။
အစားပက်စက်တဲ့လူဆိုတာ တရုတ်ရော၊ မြန်မာရော လူမျိုးတိုင်းမှာ ရှိမှာပါ...။

သတင်းအရ တရုတ်ကြီး မြွေစိမ်းစားတာမြင်လို့ ပြောမိတာပါ..။
ကုလားကြီး မြွေစိမ်းစားတဲ့ သတင်းဖတ်မိရင်တော့ "အရာကြီးတို့ အစားပက်စက်ချက်"လို့ ပြောမိမှာပါ။
ဗမာတွေ စားတဲ့သတင်းတွေ့ရင်လည်း "ဗမာတွေ အစားပက်စက်တယ်"လို့ ပြောမှာပါ..။

တရုတ်မို့ ရွေးပြောတာ မဟုတ်လောက်ပါဘူး..
ဒီအမည်မသိက ကိုပီတာလည်းမဟုတ်၊ ကိုသားကြီးလည်း မဟုတ်တဲ့လူပါ...။ နားလည်မှုလွဲပြီး ဒေါတွေ စွတ်ပွနေလို့ မနေနိုင်မထိုင်နိုင်ဝင်ပြောနေရတာပါ...။

ဒါနဲ့ ဗမာတွေ ဘယ်တုံးက ကျွန်ဖြစ်သွားတာလဲ ဟင်။
အနောနိမတ်စ် ကရော မြန်မာနိုင်ငံသား မဟုတ်ဘူးလား၊

စိမ်း... said...

အရှင်လတ်လတ်ကြီးကတော့ လွန်ပါတယ်...

Anonymous said...

အင်းလေဗျာ မြန်မာပြည်သား မဟုတ်တဲ့ တရုတ်က မြန်မာလို ရေးသတဲ့ အံ့ရော အံ့ရော... တရုတ်လည်း မြန်မာပြည်မှာ မွေးရင် မြန်မာမြေမှာနေဖူးရင် မြန်မာရေသောက်ရင် မြန်မာပြည်ပေါက်တရုတ်ပေါ့ ။ ဗမာတွေမကောင်းသလို တရုတ်ပေါက်ဖော်တွေထဲမှာလည်း ဆိုးတဲ့သူ အများသား.... စုန်းပြူးတွေကတော့ ရှိမှာပဲ ပေါက်ဖော်ရယ်။ ဒါပေသိ အစားကြူးတာတော့ ပေါက်ဖော်တို့ ကိုရီးယားတို့ ပထမစွဲတယ်ဆိုတာ ကမ္ဘာက သိပါတယ် ဟဲ ဟဲ

Anonymous said...

စောက်တရုပ်ကအငတ်ဘေးတွေ့ လို့ ဗမာပြည်ပြေး
လာရတာတောင်ကျေးဇူးမသိတက်ဘူး..
တရုတ်..တရုတ်..စောက်မျူိးယုတ်...

Anonymous said...

ကျနော်လည်း တရုတ်သွေး ပါပါတယ်။ အဘိုးက တရုတ်အစစ်ကိုးဗျ။ အန်းကုန်းပြောဖူးတာတော့ သူတို့ခေတ်က တရုတ်ပြည် - မြန်မာနယ်စပ်ဘက်ခြမ်း ယူနန်လောက်ထင်ပါတယ်။ အငတ်ဘေးတွေဆိုက် စားရေရိက္ခာတွေရှားပါးလွန်းလို့ ရေကြည်ရာ မြက်နုရာကိုဆိုင်းတစ်ထမ်းနဲ့ ဆင်းလာခဲ့တာဆိုပဲဗျာ။ သမီးလေးနှစ်ယောက် ရှေ့ခြင်းတစ်ယောက် နောက်ခြင်းထဲတယောက်ထည့်ပြီးတောင် ထမ်းလာခဲ့တာတဲ့။ အဲတာနဲ့ ကချင်ပြည် ရှမ်းပြည်တွေကို ဖြတ် မြေပြန့်ကိုရောက် အဲဒီမှာ ခေါက်ဆွဲဆိုင်ဖွင့်ရာက တစတစ ကြီးပွားချမ်းသာလာတော့တာပဲ။ အဘိုးကို ပြည်ကြီးပြန်ချင်လားဆိုတော့ ပြန်ချင်ဘူးတဲ့။ မြန်မာပြည်မှာမွေးတဲ့ ကျနော့်ဦးလေး အဒေါ်တွေကတော့ ပြန်ချင်လှပြီဆိုပဲ။ ယူနန်တော့ ဘယ်ဟုတ်မတုန်း ထိုင်ဝမ်ကို ပြန်ချင်တာပါ ဟဲ ဟဲ
တရုတ် တရုတ် စောက်မျိုးယုတ်လို့တော့ မပြောပါနဲ့ဗျာ ဗမာ ဗမာ လူယုတ်မာလို့ ပြန်ပြောမှာပေါ့ ဟီး ဟီး
ကျနော်ပြောချင်တာက လာတုန်းကတော့ ငတ်လို့ လာကြတာပဲ။ ဒါပေမဲ့ ဗမာပြည်ရောက် အခြေချပြီး လုပ်ရည်ကိုင်ရည်ရှိတော့ ကြီးပွားချမ်းသာလာတာပါပဲ။ ဗမာတွေကိုလည်း တိုင်းတပါးမှာ အဲလို အလုပ်လုပ်ပြီး ကြီးပွားစေချင်တဲ့ စေတနာပါ။ ကျနော်ကိုယ်တိုင်လည်း တိုင်းတပါးမှာ ကျွန်ခံနေရတဲ့သူပါ။ ဒါပေမဲ့ ကျနော့်အဘိုး တရုတ် မြန်မာပြည်မှာ လူတွင်ကျယ် လုပ်ခဲ့သလို ကျနော်တော့ တိုင်းတပါးမှာ မလုပ်နိုင်သေးဘူးဗျာ