တို့ ရဲ့  သီးခြားကမ္ဘာလေးထဲ မှာ...

Wednesday, September 30, 2009
တို့ ရဲ့  သီးခြားကမ္ဘာလေးထဲ မှာ...

Bullied dwarves start theme park






လူပုလေးများရဲ့ ကမ္ဘာ...လူပုလေးများရဲ့ ရွာ...


သာမာန်ခန္ဓာကိုယ်ကြီးမားထွားကြိုင်းသူတွေရဲ့ ကဲ့ ရဲ့ နှိမ်ချဆက်ဆံခြင်းခံ၇လေ့ ရှိလို့ အဲဒီဒဏ်မှလွတ်
အောင်မိမိတို့ နဲ့ ဘ၀တူလူပုလေးများစုပေါင်းတည်ထောင်ဖန်တီးထားတဲ့ လူပုလေးများချည်းပဲနေတဲ့ 
နေရာ၊၇ွာကလေးဟာအခုတော့ ဖြင့် ပြည်တွင်းပြည်ပခရီးသွားများအတွက်စိတ်ဝင်တစားလာရောက်
လေ့ လာကြည့် ရှု၇တဲ့ နေရာတစ်ခုဖြစ်နေပါပြီတဲ့ ....
အရပ် ၄ ပေနဲ့  ၃ လက်မ ကျော်သူတွေလာရောက်နေထိုင်ခွင့် မပြုပဲတားမြစ်ထားတဲ့ တရုတ်နိုင်ငံရဲ့ 
တောတောင်ထူထပ်တဲ့ ဒေသက နေထိုင်သူပေါင်း ၁၂၀ ရှိတဲ့ လူပုလေးများရဲ့ ရွာကလေးမှာသူတို့ ရဲ့ 
ကိုယ်ပိုင်လူပုရဲတပ်ဖွဲ့ နဲ့ လူပုမီးသတ်အဖွဲ့ တို့ ပါဖွဲ့ စည်းထားရှိပါတယ်တဲ့ ...
အခုတော့ အဆိုပါလူပုလေးများလည်းစီးပွားရေးခေတ်အမြင်ကျယ်ကာသူတို့ ရဲ့ ရွာကလေးကိုစိတ်ကူး
ယဉ်ဒဏ္ဍာရီ၊ပုံပြင်ဇတ်လမ်းလေးများထဲကအတိုင်းမှိုပွင့် ပုံစံတဲအိမ်ကလေးတွေဆောက်လုပ်နေထိုင်
ကာပုံပြင်ဆန်တဲ့ ဇတ်ကောင်များကဲ့ သို့ ဝတ်စားဆင်ယင်နေထိုင်ကြပြီးအပန်းဖြေပန်းခြံအဖြစ်ပြောင်း
လဲခဲ့ ပါတယ်...
တရုတ်နိုင်ငံ၊တောင်ပိုင်း ၊ ကူမင်းမြို့ ( ရွှေပြည်ကြီးနဲ့ နီးနီးလေးပေါ့  ) အနီးကထိုရွာကလေးရဲ့ ပြောရေး
ဆိုခွင့် ရှိသူ ဖြစ်တဲ့ Fu Tien က  ”  ခန္ဓာကိုယ်အရွယ်အစားသေးလို့ သာမာန်လူတွေကသူတို့ ရဲ့ မြင့် 
မားထွားကြိုင်းမှုကိုအခွင့် ကောင်းယူပြီးကျွန်တော်တို့ ကိုတွန်းထိုးအနိုင်ကျင့် ကြပါတယ်...အခုတော့ 
ဖြင့် ဒီရွာမှာတစ်ခြားအကောင်ကြီးတဲ့ သူဘယ်သူမှမရှိပဲကျွန်တော်တို့ ချည်းမို့ အားလုံးဟာညီတူမျှတူ
မို့ အဆင်ပြေသွားရပါပြီ...”  လို့ ပြောပြခဲ့ ပါတယ်...

တို့ ရဲ့ ကမ္ဘာကိုတို့ တည်ဆောက်မယ်ပေါ့ နော်....
A DWARF community who set up their own village after suffering discrimination from "big people" have turned themselves into a TOURIST attraction.
People taller than 4ft 3ins tall were BANNED from entering the private mountain commune of 120 residents, which has its own police force and fire brigade.
But now the group have branched out — and turned their village into a theme park by building mushroom houses and living and dressing like fairy tale characters.

Fu Tien, a spokesman for the tiny group in Kunming, southern China, said: "As small people we are used to being pushed around and exploited by big people. But here there aren't any big people and everything we do is for us."

2 comments:

စိမ်း... said...

ဟာ ဟ ... ဟုတ်နေတာပဲ မီးသတ်နဲ့ရဲနဲ့... သူတို့မီးသတ်ကားကလည်း သေးသေးလေးနေမှာပေါ့နော်...
အိမ်ကလေးတွေကလည်း ချစ်စရာလေးတွေ...

Anonymous said...

ဒီလို အပန်းဖြေပန်းခြံအဖြစ်မပြောင်းလဲခင်ကဝင်ငွေဘယ်လိုရှာလဲ မသိဘူးနော်..