ဆက်ပြီးမခံစားနိုင်တော့ လို့ ပါ....

Saturday, September 26, 2009
ဆက်ပြီးမခံစားနိုင်တော့ လို့ ပါ.... 
'I just can't take it any more'... Gaddafi's translator 'collapsed with exhaustion' during his UN rant




မာရသွန်မိန့် ခွန်းကြောင့် ဘာသာပြန်သူတောင်သတိလစ်ရလောက်အောင်ပြောသူ
လစ်ဗျားခေါင်းဆောင်ဗိုလ်မှူးကြီးကဒါဖီ...
Rant: An interpreter translating Colonel Gaddafi's rambling speech at the UN is said to have collapsed with exhaustion



လစ်ဗျားခေါင်းဆောင်ဗိုလ်မှူးကြီးကဒါဖီရဲ့ ကုလသမဂ္ဂမှာပြောကြားခဲ့ တဲ့အာပေါင်အာရင်းသန်သန်နဲ့ 
စကားကြီးစကားကျယ်မာရသွန်မိန့် ခွန်းရှည်ကိုညီလာခံတက်ရောက်လာသူနိုင်ငံတကာခေါင်းဆောင်
ကိုယ်စားလှယ်တွေကစိတ်မရှည်စွာသမ်းဝေငိုက်မျည်းပြီးသီးခံနားထောင်ခဲ့ ကြရပါတယ်...

ဒါပေမယ့် အဆိုးတစ်ကာ့အဆိုးဆုံးကတော့ သူ့ ရဲ့ မိန့် ခွန်းကိုဘာသာပြန်ရတဲ့ သူခမျာမှာသူ့ ရဲ့ လေ
လုံးထွားမှုတွေနဲ့ မဆုံးနိုင်တဲ့ စကားကြောကြောင့် ပင်ပန်းလွန်းလို့ သတိလစ်လဲကျသွားခဲ့ ရပါတယ်တဲ့ ...

အလွန်ကိုပင်ပန်းနွမ်းနယ်နေတဲ့ ထိုသူခမျာ ကဒါဖီမိန့် ခွန်းပြောနေခဲ့ သာ တစ်နာရီနဲ့ ဆယ့် ငါးမိနစ်အ
ကြာ ( ၇၅ မိနစ်အကြာ ) မှာတော့ ” ကျွန်တော်ဘယ်လိုမှဆက်မခံစားနိုင်တော့ ပါဘူး...
( ဆက်မလုပ်နိုင်တော ပါဘူး...) ” ဆိုပြီးအသံလွင့် နေတဲ့ မိုက်ကရိုဖုံးကနေငိုယိုပြီးပြောခဲ့ ရပါတော့ 
တယ်...

အားအင်ကုန်ခန်းပြီးဆက်လက်ဘာသာမပြန်နိုင်တော့ တဲ့ သူ့ နေရာကိုကုလသမဂ္ဂဆိုင်ရာအာရပ်ဌာန
စိတ်ရဲ့ ဌာနမှူး Rasha Ajalyaqeen  က၀င်ရောက်ပြီးကဒါဖီရဲ့ နောက်ဆုံးမိနစ် ၂၀ မိန့် ခွန်းကိုဆက်
လက်ဘာသာပြန်ပေးခဲ့ ရပါတယ်တဲ့ ....

” သူ့ ရဲ့ ဘာသာပြန်သူဟာသတိလစ်ပြီးတော့ ကို ရုတ်တရက်လဲကျသွားတာပါပဲ...ဒါဟာဒီကုလသမဂ္ဂမှာ
နှစ်ဆယ့် ငါးနှစ်တာအတွင်းတာဝန်ထမ်းဆောင်ခဲ့ တဲ့ ကျွန်တော့် အတွက်ပထမဦးဆုံးမြင်ဖူးခြင်းပါပဲ....”
လို့ အာရပ်ဘာသာဆိုင်ရာကျွမ်းကျင်သူဘာသာပြန်က New York Post သတင်းစာကိုပြောပြခဲ့ 
ပါတယ်...


ကဒါဖီဟာညီလာခံမှာဘာသာပြန်ပေးဖို့ ကုလသမဂ္ဂကခန့် ထားတဲ့ အာရပ်ဘာသာပြန် ၂၅ ယောက်ထဲ
ကတစ်ယောက်ကိုအသုံးပြုရတဲ့ အစဉ်အလာကိုပယ်ဖျက်ပြီးဗုဒ္ဓဟူးနေ့ ကသူပြောခဲ့ တဲ့ မိန့် ခွန်းကိုဘာ
သာပြန်အသံလွှင့် ဖို့ ထရီပိုလီမြို့ ( လစ်ဗျားနိုင်ငံမြို့ တော် )  ကနေသီးသန့် ဘာသာပြန်သူကိုခေါ်ဆောင်
လာခဲ့ တာဖြစ်ပါတယ်လို့ ဘာသာပြန်ဌာနအမှုထမ်တွေကပြောကြားခဲ့ ပါတယ်...

သူ့ ရဲ့ တစ်နာရီနဲ့ သုံးဆယ့် ခြောက်မိနစ်အကြာမိန့် ခွန်းမစတင်ခင်မှာသူ့ ရဲ့ သီးသန့်  English နဲ့ 
Franceဘာသာပြန်သူတွေသာနားလည်မယ့် အထူးဘာသာစကားနဲ့ မိန့် ခွန်းပြောမှာမို့ သူတို့ ကိုခေါ်ယူ
အသုံးပြုရတာပါလို့ အကြောင်းပြခဲ့ ပေမယ့် တစ်ကယ့် တစ်ကယ်သူပြောခဲ့ တာကစံချိန်မှီအာရပ်ဘာသာ
စကားသာဖြစ်တယ်လို့ ဘာသာပြန်သူတွေကဆိုခဲ့ ပါတယ်...

” ဒီကျွန်တော်တို့ ရဲ့ ဘာသာပြန်အဖွဲ့ ဟာကမ္ဘာပေါ်မှာအကောင်းဆုံး၊အတော်ဆုံးပါ..ကမ္ဘာ့ နိုင်ငံခေါင်း
ဆောင်တွေအားလုံးနီးပါသူတို့ ကိုပဲသဘောကျနှစ်ခြိုက်အသုံးပြုကြပါတယ်...ပြီးတော့ အကြောင်းတစ်စုံ
တစ်ရာဖြစ်ခဲ့ ယင်တောင်မှ ( ဘာသာပြန်လွဲချော်သွားလို့ ပါဆိုပြီး ) ကျွန်တော်တို့ ဘာသာပြန်တွေကိုအ
ပြစ်ပုံချလို့ ရပါတယ်...”  လို့ အခြားဝန်ထမ်းတစ်ယောက်ကသတင်းစာကိုပြောပြခဲ့ ပါတယ်...


ကုလသမဂ္ဂကိုသူအာဏာစတင်ရရှိခဲ့ တဲ့  ၁၉၆၉ ခုနှစ်ကတည်းကတစ်ခါမှမလာရောက်ခဲ့ ဘူးတဲ့ ကဒါဖီ
ကလက်ရေးနဲ့ ရေးမှတ်ထားတဲ့ အ၀ါရောင်မှတ်စုစာရွက်တွေဆီကနေဖတ်ပြတဲ့ သူ့ ရဲ့ မိန့် ခွန်းထဲမှာအစ္စ
ရေးနိုင်ငံ၊တာလီဘန်အကြမ်းဖက်သူပုန်အဖွဲ့ ၊၀က်တုပ်ကွေးရောဂါအကြောင်းနဲ့ ဂရင်နေဒါကိုအမေရိကန်
တို့ ကျူးကျော်မှုအကြောင်းတွေကိုပြောဆိုသွားခဲ့ ပါတယ်...


သူကကုလသမဂ္ဂအဖွဲ့ ကြီးကိုလည်း ၁၉၄၅ ခုနှစ် ကတည်းကစပြီးဖြစ်ပွားခဲ့ တဲ့ စစ်ပွဲပေါင်း ၆၅ ခုကိုတားဆီး
ဖို့ ပျက်ကွက်ခဲ့ တာကြောင့် အကြမ်းဖက်ကောင်စီ(အဖွဲ့ ကြီး ) လို့ အမည်ပြောင်းသင့် ကြောင်း ပြင်းထန်စွာ
ဝေဖန်အကြံပြုခဲ့ ပါသေးတယ်...


အခြားအာရပ်ဘာသာစကားဘာသာပြန်တစ်ယောက်ကလည်းသတိလစ်လဲကျသွားခဲ့ တဲ့ ဘာသာပြန်သူ
ရဲ့ ဒုက္ခကိုထောက်ပြဝေဖန်သွားခဲ့ ပါသေးတယ်...
” သူကမိန့် ခွန်းပြောတာရှင်းလင်းပြတ်သားအောင်ပြောတတ်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး....သူပြော
နေတာကိုကရှေ့ နောက်မကျ၊ကြောင်းကျိုးမဆီလျော်ရုံတင်မကပဲကြောင်တောင်တောင်တွေပါဖြစ်နေ
တော့ ဘာသာပြန်ရတဲ့ သူဒုက္ခရောက်တာပေါ့ ...တစ်ဆိုကျွန်တော်တောင်သူ့ ထက်ပိုပြီးကောင်းအောင်
ပြောဆိုနိုင်တယ်လို့ ထင်ပါတယ်....”  လို့ အဆိုပါဘာသာပြန်ဝန်ထမ်းကပြောခဲ့ ပါတယ်...


ကုလသမဂ္ဂမှာမိန့် ခွန်းပြောသူတွေဟာသူတို့ မိန့် ခွန်းတွေကို ၁၅ မိနစ်မျှသာပြောဖို့ ကန့် သတ်ထားပေ
မယ့် လေကြောရှည်တဲ့ ကဒါဖီရဲ့ ( တစ်နာရီခွဲကျော်ကြာ) မိန့် ခွန်းအပြီးမှတော့ ညီိလာခံခန်းမထဲမှာကိုယ်
စားလှယ်တစ်ဝက်လောက်ပဲရှိနေပါတော့ တယ်တဲ့ ....

ဒါပေမယ့် သူ့ ရဲ့ မိန်းခွန်းကတော့ ၁၉၆၀ ခုနှစ်မှာပြောကြားခဲ့ တဲ့ ကမ္ဘာကျော်ကျူးဘားသမ္မတဖီဒယ်
ကက်စထရိုရဲ့ မာရသွန်မိန့် ခွန်းလေးနာရီခွဲလောက်တော့ မကြာနိုင်ခဲ့ ရှာပါဘူး....

၁၉၅၇ ခုနှစ်တုံးကလည်းအိန္ဒိယနိုင်ငံကကိုယ်စားလှယ် VK Krishna Menon ဟာ ပါကစ္စတန်နဲ့ ဖြစ်ခဲ့ 
တဲ့ ကက်ရှ်မီးယားအရေးအခင်းနဲ့ ပတ်သက်ပြီး ရှစ်နာရီမျှကြာအောင်မိန့် ခွန်းပြောဆိုခဲ့ ဖူးပါတယ်တဲ့ ....

 သြော်....ကုလားကားတွေပေရှည်တာအခုဆိုသဘောပေါက်လောက်ပါပြီနော်....

ကျွန်တော်တို့ ရွှေပြည်ကြီးကသွားလေသူဘဘကြီးနှစ်ဦးလည်းတစ်ခါမိန့် ခွန်းပြော၊သတင်းစာရှင်းလင်းပွဲ
လုပ်ရင် ခြောက်နာရီကျော်ကြာအောင်စံချိန်တင် ကာ Talkie ပွားတတ်ခဲ့ ဖူးပါကြောင်း....

ဒါက daily mail ကဖော်ပြထားတဲ့ မူရင်းပါ...

Colonel Gaddafi's bizarre rant at the UN was met with yawns and disbelief by delegates.
But it was too much for the eccentric Libyan leader's translator who is said to have collapsed with exhaustion during the lengthy diatribe.
The beleaguered interpreter cried 'I just can’t take it any more,' into a live microphone in Arabic after 75 minutes of Gaddafi's ramblings.
He was replaced by the UN’s Arabic section chief, Rasha Ajalyaqeen, who translated the final 20 minutes of the speech.
'His interpreter just collapsed – this is the first time I have seen this in 25 years,' a UN Arabic interpreter told The New York Post.
Gaddafi broke protocol and brought his own interpreters from Tripoli for Wednesday’s speech rather than using one of the 25 Arabic translators supplied by the United Nations, staff interpreters said.
Before his one hour and 36 minute long speech he told the U.N. that he was supplying his own French and English interpreters because he would be speaking a special dialect only they would understand, but staff interpreters said he actually spoke standard Arabic.

'This is the best team in the world – most heads of state prefer to use U.N. interpreters because then – no matter what happens – they can blame the interpreter,'  another staffer told the paper.

In his rant Gaddafi - who has not visited the UN since he took power in 1969  - read from a yellow folder of handwritten notes and spoke about  Israel, the Taliban, swine flu and the US invasion of Grenada.

He also suggested the Security Council be renamed the 'terror council' castigating it  for failing to stop 65 wars since 1945.

Another Arabic interpreter emphasised with the translator's exasperation.

'He’s not exactly the most lucid speaker.
'It’s not just that what he’s saying is illogical, but the way he’s saying it is bizarre. However, I think I could have made him sound a lot better.'

UN speakers are supposed to limit themselves to 15 minutes and the chamber was half empty by the time Gaddafi finished.
His speech wasn't as long as Fidel Castro's in 1960 which went on for four and a half hours.
Indian politician VK Krishna Menon also went on in 1957 when he talked for a nearly eight hours on Kashmir.

1 comments:

Beauty Studio USA Branded Store said...

အတော်ကြီးကို ပြောချင်နေရှာလို့နေမှာ-