အကောင်တော့ အကောင်ပဲ....

Wednesday, September 30, 2009


သြော်....ဘာလိုလိုနဲ့ စက်တင်ဘာလကုန်ခဲ့ ပြီ....

      အသက်တစ်နှစ်ကြီးလာခဲ့ လေပြီ...

            တရုတ်ရိုးရာဗေဒင်အလိုအရခွေးနှစ်ဖွားကျွန်တော်....

                    မွေးနေ့ အမှတ်တရအဖြစ်....ဖတ်မိတဲ့ ...ကြိုက်မိတဲ့ ကဗျာတစ်ပုဒ်ကိုပိုင်ရှင်ဖြစ်သူ

                             ကိုသိုးထိန်း ထံမှခွင့် တောင်းကာ အားလုံးအတွက်တင်ပြလိုက်ပါတယ်...


အကောင်တော့ အကောင်ပဲ

ကိုယ်ဟာခွေးတစ်ကောင်ပါ...
တစ်ဘ၀လုံး တစ်ခါမှမဟောင်ဘူးတဲ့ ခွေးတစ်ကောင်
ချောင်ပိတ်ရိုက်ယင်တောင် သွားဖြီးပြရုံလောက်ပဲ တတ်နိုင်တဲ့ ကောင်
ကြောင်တွေရဲ့ လှောင်ပြောင်မှုကိုအမြဲခံရလေ့ ရှိတဲ့ ခွေးတစ်ကောင်...

ခွေးဆိုတော့ ကာ လက်သည်းလည်းမ၀ှက်တတ်ဘူးလေ
ကိုယ့် ကို ခွေးအမျိုးကောင်းသားသမီးများက အရောတ၀င်မရှိ
ဘယ်သူ့ ခွေးနဲ့  ခွေးသန်းများကမှလည်း အဖက်မလုပ်
သားရေပေါ်အိပ် သားရေနားစား ခွေးဇတ်ခင်းသူများကြားမှာ
အထူအပါး နားမလည်ခဲ့ 

ခွေးကြီးမျိုးကြီးမိသားစုက ပေါက်ဖွားလာတဲ့  အထက်တန်းစားခွေးမဟုတ်တော့ 
ခွေးပါးလည်းမ၀တတ်
အခြေအနေပေးယင်တောင် ကြုံသမျှ ဖုံမထချင်တဲ့ ခွေးတစ်ကောင်
အမြင့် ကိုလည်း မမှန်းသလို အလှမ်းတွေလည်းမကျယ်ခဲ့ တော့ 
ခွေးစလွယ်တွေလည်း မရဖူးသလို ခွေးကျလည်းမကျဖူးပါဘူး
ခွေးနှစ်မှာ မွေးလို့  ခွေးဖြစ်ကြေးဆိုယင်တော့ 
ခွေးခွေးချင်း တော်သလင်းလမှ ရှင်းမယ်....



ကြိုက်တယ်နော်...

ကဗျာတွေ၊စာတွေသိပ်ကြိုက်လေ့ မရှိတဲ့ ကျွန်တော်...
မထင်မှတ်ပဲ...ဒီကဗျာကိုဖတ်ပြီးကြိုက်သွားမိလို့ အမှတ်တစ်ရလေးတင်ထားတာပါ...
ဒါပါနဲ့ ဆိုဖတ်မိ၊ ကြိုက်မိတဲ့ ခေတ်ပေါ် ကဗျာဆရာနှစ်ဦးရှိသွားပြီ...
စကားလုံးတွေနဲ့ အမြဲလင်းလက်နေတဲ့ ကောင်းကင်ကြီးနဲ့   ကိုသိုးထိန်းတို့ ပဲပေါ့ ...
ကဗျာချစ်သူ၊စာချစ်သူအပေါင်းသွားရောက်အားပေးခံစားကြပါကုန်...

5 comments:

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော..
ကဗျာက တော်တော် မိုက်တယ်..
Happy Birthday
အားလုံးအဆင်ပြေပါစေခင်ဗျာ..

Anonymous said...

ပျော်ရွှင်သော မွေးနေ့ ပွဲလေးဖြစ်ပါစေနော်


မြူးလေး

စိမ်း... said...

အောင်မလေး....
လန်းချက်ကယ်...
မိုက်တယ်...

kiki said...

သိုးကြီးရေးတဲ့ ခွေးကဗျာ ကို တောကြောင်ကြီးက ကြိုက်တယ်.. အင်း ကြိုက်သင့်ပါတယ် ..
(တော်သလင်းလ က ကုန်ခဲ့ ပြီမဟုတ်လား.. နောင်နှစ်မှ စာရင်းရှင်းကြတာပေါ့ ..) ဟိ..

Beauty Studio USA Branded Store said...

ဟုတ်ပါဗျာ။ကဗျာကောင်းလေးပဲ။
အခုကြမှ back date နဲ့ Happy Birthdayပါအကိုရေ။ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။