ရုရှားတွေဘာကြောင့် ကျန်းမာကြသလဲ....

Sunday, September 27, 2009



ရုရှားတွေဘာကြောင့် ကျန်းမာကြသလဲ....

           ဒီနေ့ ကမ္ဘာအနှံ့ ဖြစ်ပွားနေတဲ့ ဝက်တုပ်ကွေးကစလို့ ကမ္ဘာ့ အဓိကရောဂါများကိုရုရှားနိုင်
ငံသားများသိပ်ခံစားရကြောင်းသတင်းများတွင်မပါသည့် အကြောင်းအရင်းကတော့ ရုရှားများသည်
အိန္ဒိယနိုင်ငံတွင်အခြေခံသည့် ယောဂအကျင့် ကိုကျွမ်းကျွမ်းကျင်ကျင်ခုံခုံမင်မင်ဖြင့် ကျင့် ကြသော
ကြောင့် ဖြစ်သည်ကိုထူးဆန်းဖွယ်ရာတွေ့ ရှိလိုက်ရပေသည်...

            အသင်စာရှုသူအပေါင်းလည်း၎င်းရုရှားများကဲ့ သို့ ယောဂအကျင့် များစွဲစွဲမြဲမြဲကျင့် ၍သက်
ရှည်ကျန်းမာဘေးဘယာဝေးကွာနိုင်ကြပါစေသော်....



ဒါယောကကျင့် စဉ်ကတော့  ဆ၀ါဆန ကျင့် စဉ်ပါတဲ့ ...
အင်မတန်မှအကြောအချင်တွေကိုပြေစေပါတယ်...ကိုရုရှားကြီးကလည်းကြိုးကြိုး
စားစားနဲ့ ကိုကျင့်ကြံအားထုတ်နေတာပါပဲနော်...






ဒါကတော့ကျင့် စဉ်တစ်ခုနဲ့ တစ်ခုအကူးအပြောင်းမှာအနားယူတဲ့ သဘောမျိုး
ဖြစ်စေတဲ့  ဗာလာဆန ကျင့် စဉ်ပါ...ရုရှားကဆရာကတော့ ပိုပြီးတော့ 
တောင်ပြင်းပြင်းထန်ထန်အနားယူနေပုံပဲနော်...



ဒီတံတားပုံစံခန္ဓာကိုယ် ကျင့် စဉ်ကတော့ ဦးနှောက်နဲ့ စိတ်ကိုတည်ငြိမ်
စေပြီး..ပင်ပန်းနွမ်းနယ်နေတဲ့ ခြေထောက်များကိုသန်စွမ်း
စေနိုင်ပါတယ်တဲ့ ...professional yoga master
ထက်တောင် ကိုရုရှားကပိုပြီးကြာကြာကျင့် နိုင်တယ်တယ်နော်...








ဒီကျင့် စဉ်ကတော့ ကျောရိုးနဲ့ ဝမ်းဗိုက်ထဲကအင်္ဂါအစိတ်အပိုင်းတွေကို
အသာအယာနှိပ်နယ်ပေးသလိုဖြေလျော့ စေပါသတဲ့ ....
ဒီကျင့် စဉ်ကြောင့် ရုရှားကလူ့ မင်းသားတွေကျန်းမာရေးကောင်းနေတာ
ဖြစ်မှာအသေအချာပဲပေါ့ နော်....



ဒီကျင့် စဉ်ကိုကျင့် ယင်ခါးနာ၊ကျောနာပျောက်ပြီးအလွယ်တစ်ကူအိပ်ပျော်စေနိုင်ပါတယ်တဲ့ ...
ပုံထဲကမောင်လည်းခါးနာပျောက်ပြီးတစ်ချိုးတည်းအိပ်ပျော်နေပုံပါပဲ...
ဘာအိပ်ဆေးမှကိုမလိုတာနော်...








အဆစ်အမြစ်တွေလက်မောင်းတွေခြေထောက်တွေကိုကျန်းမာ
သန်စွမ်းစေတယ်လေ....လင်းပိုင်ယောဂကျင့် စဉ်ပါတဲ့ ....
အဲဒါလဲသူတို့ သိပ်ကျွမ်းတာပဲ...ဘတ်စ်ကား
စောင့် ယင်းနဲ့ ကိုလေ့ ကျင့် နိုင်ပါတယ်...





ဆလမ်ဗာဆန အကျင့် စဉ်ပါတဲ့ ...ခန္ဓာကိုယ်အနောက်ပိုင်း၊ခြေထောက်
လက်မောင်းကြွက်သားတွေခိုင်ခန့် စေပြီးခန္ဓာကိုယ်ကိုနောက်ပြန်
ကွေးတာပိုပြီးအထောက်အကူဖြစ်စေပါတယ်တဲ့ ...
ပျော်ပျော်ကြီးကိုကျင့် နေတာပါ....




လေဒီမမများအတွက်ခါးအောက်ပိုင်း၊နောက်ပိုင်းအလှတဖြည်းဖြည်းချင်းတိုးစေမှာပါ...
ဗော်ဒကာဆရာများလည်းအားကျမခံကြီးချင်ပြန်ပေါ့ .....





ခြေကျင်းဝတ်၊ပေါင်ခြံအရင်းပိုင်းတွေနဲ့ ခန္ဓာကိုယ်နောက်ပိုင်းတွေကိုပြေလျော့ 
စေမယ့်  မာလာဆန ကျင့် စဉ်ပါတဲ့ ....သူတို့ ရုရှားတွေပဲစံချိန်တင်
ကျင့် နိုင်တာပေါ့ ...





စိတ်ဓါတ်ဖိအားများနေတာတွေသက်သာလျော့ ပါးပြီးခန္ဓာကိုယ်အချိုးအစားသွယ်လျ
လှပစေမယ်...ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေမယ် ဆိုတဲ့ 
ခိုယောဂ ကျင့် စဉ်ပါတဲ့ ...ပျော်ပျော်နေသေခဲဆိုတာ
သူတို့ ရုရှားတွေအတွက်များလား....


ပျော်ပျော်ပါးပါး ယောဂ ကျင့် သူများတိုးပွားနိုင်ပါစေသော်....

1 comments:

maylay said...

ပုံစစ်စစ်နဲ့ ဘေးတွဲပုံတွေကို တင်ထားတာပါ သဘောကျသွားတယ်။ စိတ်ကူးကောင်းပါ့ လုပ်ကြည့်ရင် ဘယ်ပုံကို အတုယူရမလဲ ။။။။။ကျန်းမာပျော်ရွှင်ပါစေနော်။