မွန်မြတ်သောကရုဏာရှင်လေး....
Sunday, September 27, 2009
မွန်မြတ်သောကရုဏာရှင်လေး....
Girl sells herself to save classmate
ကရုဏာရှင်လေလား...စတန့် ထွင်လေတာလား...
ဘာပဲဖြစ်ဖြစ်သူ့ စိတ်ဓါတ်ကိုတော့ လေးစားရတယ်...
တရုတ်နိုင်ငံမှကျောင်းသူလေးတစ်ဦးဟာဒုက္ခရောက်နေတဲ့ သူ့ ရဲ့ သူငယ်ချင်းမလေးရဲ့ အသက်ကိုကယ်
တင်ကူညီချင်လို့ အဆိုပါသူငယ်ချင်းမလေးအတွက်ဆေးကုသဖို့ ကုန်ကျမည့် စားရိတ်ငွေ ပေါင်စတာလင်
 ၁၅၀၀၀  ( ဒေါ်လာ ၂၄၀၀၀ ခန့် )  ပေးဆပ်ကူညီနိုင်မယ့် မည်သူ့ ကိုမဆိုလက်ထပ်ပါ့ မည်ဟုသူမကိုယ်
သူမကြေငြာခဲ့ ပါတယ်...
တရုတ်နိုင်ငံရှန်တုံ ပြည်နယ် ဒေဂျိုး မြို့ ကတက္ကသိုလ်တစ်ခုမှာပညာသင်ကြားနေတဲ့ အသက် ၂၂ နှစ်အ
ရွယ်ရှိ Dan Dan အမည်ရှိတဲ့ ကျောင်းသူမလေးကအခုလို ကြေငြာခဲ့ တာပါလို Guangzhou နေ့ စဉ်သ
တင်းစာကဖော်ပြခဲ့ ပါတယ်...
သူမရဲ့ သူငယ်ချင်း Zhang Yuemei ဟာ encephalomyelitis လို့ ခေါ်တဲ့ ဦးနှောက်နဲ့ အာရုံကြောမ
ကြီးချွတ်ယွင်းတဲ့ ရောဂါခံစားနေရတယ့် လို့ ဆေးစစ်ချက်များအရသိခဲ့ ရပါတယ်...
အဆိုပါရောဂါကိုကုသဖို့ သူမမှာငွေကြေးမတတ်နိုင်ရှာပါဘူး...အကယ်၍အကုန်အကျခံပြီးမကုသနိုင်ဘူး
ဆိုယင်တော့ သူမဟာဘာမှမလှုပ်ရှားနိုင်တော့ ပဲအကြောများအားလုံးသေကာအိပ်ယာထဲမှာတစ်သက်
လုံးပဲနေရတော့ မှာပါဖြစ်ပါတယ်...
များမဲ့ ခွဲစိတ်ကုသမှုနဲ့ နောက်ထပ်ဆက်လက်ကုသစောင့် ရှောက်မှုအတွက်ကုန်ကျစားရိတ်တွေကိုမ
တတ်နိုင်ရှာကြပါဘူး...”  လို့ ကရုဏာရှင်မလေး Dan Dan ကရှင်းပြခဲ့ ပါတယ်...
သူမအနေနဲ့ သူငယ်ချင်းဖြစ်သူအတွက်ဆေးကုသဖို့ ကုန်ကျစားရိတ် ဒေါ်လာ ၂၄၀၀၀ လှူဒါန်းပေးမယ့် 
မည်သူ့ ကိုမဆိုလက်ထပ်မှာဖြစ်ပါတယ်လို့ ဆိုခဲ့ ပါတယ်...
ဝေဖန်လေကန်သူများကတော့ သူမဟာသူငယ်ချင်းဖြစ်သူရဲ့ ဒုက္ခအခက်အခဲကိုအသုံးချပြီးငွေကြေးချမ်း
သာတဲ့ ယောကျာင်္းကိုအပိုင်ဖမ်းချင်တာပါလို့ စွပ်စွဲကြပါတယ်...
ဒါပေမယ့်  Jinan Qilu ဆေးရုံကခွဲစိတ်အထူးကုဆရာဝန်ကြီးကတော့ သူမရဲ့ အပြုအမူကိုအားပေး
ထောက်ခံခဲ့ ပါတယ်တဲ့ ...
အင်း....ဘယ်လိုပဲဖြစ်ဖြစ်...
သူငယ်ချင်းအတွက်ဒီလိုဆေးကုပေးချင်တဲ့ စိတ်ထားရှိတာကိုကမွန်မြတ်တယ်လို့ ဆိုရမှာပါနော်...
တစ်ချို့ များဘာမှသွေးမတော်သားမစပ်တာမပြောနဲ့ မိဘ၊ညီအစ်ကိုမောင်နှမအရင်းတွေတောင်
အခုလိုကျန်းမာရေးအခက်အခဲဖြစ်လာယင်အကုန်ခံချင်ကြတာမဟုတ်ဘူးလေ....
ဒါကမူရင်းပါ...
A Chinese student is selling her own hand in marriage for £15,000 in a bid to save the life of a classmate.
Dan Dan, 22, who studies at a university in Dezhou, Shandong province, made the offer online, reports Guangzhou Daily.
Her friend Zhang Yuemei has been diagnosed with encephalomyelitis, a disease of the brain and spinal chord.
She has no money for the treatment she needs and without which she will deteriorate into a vegetative state.
"Her parents are all farmers, who are unable to afford sky-high surgery fees and follow-up treatment expenses," explained Dan Dan.
She says she will marry any man prepared to donate the equivalent of £15,000 to cover Zhang's medical treatment.
Critics have accused her of using her friend's plight to find a wealthy husband - but she is being supported by the chief surgeon at Jinan Qilu Hospital.
3 comments:
maylay said...
စိတ်လေးက ကောင်းတယ်နော်။ ဂရုဏာရှင်လေးဆိုတာ မှန်တယ်။ စတန့်ထွင်တာတော့ မဟုတ်လောက်ပါဘူးလေ့။ ကျန်းမာပျော်ရွှင်ပါစေနော်
ဒူကဘာ said...
ကိုပါတီရေ ဒီလိုမျိုး အလှူကို ဘာအလှူလို့ ခေါ်မလဲ ... ဟင်!
Beauty Studio USA Branded Store said...
စစ်မှန်တဲ့ သူငယ်ချင်းစိတ်ဒာတ်လေးကိုဖြင့် ချီးကျူးပါတယ်ဗျာ။