The bravest man in Britain? Expectant dad about to marry a woman who has FIFTEEN children with the husband she's just divorced

Tuesday, November 2, 2010
အင်္ဂလန်က သတ္တအရှိဆုံး၊ ပခုံးအကောင်းဆုံးအာဂယောကျာင်္း .....



ဂျိုအန်းဝပ်ဆင် ကိုကြည့် လိုက်လျှင် သူမဟာ ၁၆ ယောက်မြောက်ရင်သွေးကို လွယ်ထားရသည့် ကိုယ်ဝန်
၅ လရှိသူတစ်ဦးလို့ ပင်မထင်ရပေ...
သူမရဲ့ ခုံမြင့် ဖိနပ်နှင့် ဆိုက်ဒ်နံပါတ် ၄ ဂျင်းဘောင်းဘီအသေးလေးကိုဝတ်ပြီး အသာလေးသွားလာနေတတ်
ပါသေးသည်....သူမမိတ်ကပ်ကလည်း သာမာန်မျှပင်...ဆံပင်များကလည်း ဖရိုဖရဲမဖြစ်...
ဝတ်ဆင်ထားသည့် ဘလောက်စ်အင်္ကျီလေးကို မ လိုက်တော့ သူမရဲ့ ကိုယ်ဝန်ဆောင်ဗိုက်ကလည်းချပ်ချပ်
ကလေးပင်...ယခင်သားသမီးများမွေးခဲ့ ရာတွင် အမျိုးသမီးများရတတ်သည့် ဗိုက်ကြောပြတ်ရာပင် တစ်ချက်
ကလေးမျှမရှိ...
သူမအနေနှင့် ယခုကဲ့ သို့ အသားအရေများမတွန့် တာဘာကြောင့် လဲဟုမေးတော့ မေးသူကိုပင် ရူးများနေ
သလားဟု သူမကပြန်ကြည့် နေခဲ့ လေသေးသည်...


Full house: Joanne Watson and her fiance Craig Le Sauvage (centre) with her children who still live at home
အစားမတော်တစ်လုတ်၊ အသွားမတော်တစ်လှမ်း...အားလုံးဒူးမနာသားသမီးတွေချည်းပဲ...
တစ်ခါလေးမှားမိပါတယ်...ကလေးဆယ့် ငါးယောက်မိခင်နဲ့ ငြိခဲ့ မိသူ...
Full house: Joanne Watson and her fiance Craig Le Sauvage (centre) with her children who still live at home

" ကျွန်မကတော့ ကိုယ်ဝန်ရှိနေလည်း မရှိစဉ်ကထက်ဘာမှပိုထူးပြီးမခံစားရပါဘူး..." လို့ ပြုံးပျော်နေသည့် 
အသက် ၃၉ နှစ်အရွယ်ရှိ ဂျိုအန်း ကသူမရဲ့ သပ်ရပ်လှသည့် ဂန်းဆေးအရပ်ရှိ အိပ်ခန်းလေးခန်းပါသည့် နေ
အိမ်တွင်ပြောကြားခဲ့ ပါတယ်...
" ဒီလိုပဲဖြစ်သွားတာပါပဲ...ဘာမှပြောပလောက်တဲ့ ကိစ္စကြီးကြီးကျယ်ကျယ်မှမဟုတ်တာ...ပြီးယင်နဂိုအနေ
နဲ့ အပျိုရည်မပျက်သလိုပါပဲ...ကိုယ်ဝန်ဆောင်ရတာကို ကျွန်မကတော့ ကြိုက်ကိုကြိုက်နေမိတာပါပဲ...ကျွန်
မမှာ ကလေးမွေးဖို့ ကို ခွန်အားတွေရှိနေတာပါပဲ...ဘယ်တော့ မှ အားအင်ကုန်ခန်းသွားတယ်ဆိုတာမရှိသ
လိုပါပဲ..." လို့ သူမကပြောပြခဲ့ ပါတယ်...
ဂျိုအန်း ကယခုလိုရှင်းပြနေစဉ်မှာပင် ကိုယ်ဝန်ဆောင်ထားစဉ်မှာရော မီးဖွားပြီးရာမှာပင် သူမအနေနှင့် ဝ
လာခြင်း၊ ခန္ဓာကိုယ်အလေးချိန်တက်လာခြင်းများမရှိပဲ နာမည်ကျော်အနုပညာရှင်သားသည်မိခင်များလိုပင်
နုပျိုဆဲ၊ သွယ်လျနေဆဲပင်...
သို့ သော် အားကစားမလုပ်၊ အားကစားဆရာမခေါ်ရပါပဲနှင့် ယခုကဲ့ သိုသွယ်လျနေရသည်ကတော့ သူမအ
အနေနှင့် အစာအဟာရကို ချင့် ချိန်ပြီးစားခဲ့ လို့ ဖြစ်ပါတယ်တဲ့ ...

အငယ်ဆုံးကလေးများပင် ၄ နှစ်၊ ၃ နှစ် နှင့် ၂၂ လသားများဖြစ်ပြီး သားသမီးတစ်အုပ်ကြီးအားထိမ်းကျောင်း
ပြုစုခဲ့ ရသည့် ခြေကုန်လက်ပန်းကျလောက်ဖွယ်မိခင်ဖြစ်သူတစ်ဦးအနေနှင့်ယခုကဲ့ သို့ နုပျိုနေရခြင်းက ဘာ
ကြောင့် များပါလိမ့် ဟု တွေးတောစရာပင်....
တစ်ပါတ်တစ်ပါတ်ချက်ရပြုတ်ရ၊ လျှော်ရဖွပ်ရတာများအတွက်ကား သူမအနေနှင့် အေးရာအေးကြောင်းပင်..
အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင်ကလေးများအနှီးလဲပေးရခြင်းကလည်းသူမအတွက် ကျင့် သား
ရနေခဲ့ ပြီးသား...ကလေးများ အော်ဟစ်ဆူပူခြင်းများကား မမှုစရာ...အရာရာအားလုံးအတွက် သူမအနေ
ဖြင့် စနစ်တစ်ကျကြိုတင်ပြင်ဆင်ပြီးသားပါဟု သူမကဆိုပါသေးသည်...

ယခု ၁၆ယောက်မြောက် သန္ဓေရှိခြင်းကသာလျှင်သူမအတွက် အနည်းငယ်ခြားနားနေခဲ့ ပါတယ်...
ယခင်ရင်သွေးများအားလုံး ရွှေဝါရောင်ဆံပင်လေးများချည်းဖြစ်ခဲ့ ကြလို့ ယခုကိုယ်ဝန်ဖြင့် လာမည့် နှစ် မတ်
လတွင်ဖွားမြင်မည့် ရင်သွေးလေးကိုတော့ ဆံပင်အနက်ကလေးနှင့် ဖြစ်စေချင်မိနေပါတယ်...
အပြောင်းအလဲလေးတော့ ဖြင့် ဖြစ်လိမ့် မည်ဟုမျှော်လင့် ရတာပါပဲ...


First born: Joanne's eldest children Shanice,18, Bradley, 20, and Natasha, 21, have all moved out
အယင်ယောကျာင်္းနဲ့ ရတဲ့ သားကြီးသမီးကြီးတွေ...သူတို့ တောင် သူတို့ အိုးသူတို့ အိမ်တွေနဲ့ ခွဲထွက်ကုန်
ကြပြီ...ကလေးတွေတောင်ရကြပြီ....
First born: Joanne's eldest children Shanice,18, Bradley, 20, and Natasha, 21, have all moved out


ဂျိုအန်း ဟာ အသက် ၄၅ နှစ်ရှိ ခင်ပွန်းဖြစ်သူနှင့် လွန်ခဲ့ သော ၂ နှစ် အငယ်ဆုံးကလေး အင်ဒီယားနား က
လေး ကိုကိုယ်ဝန် ၇ လနဲ့ ရှိနေစဉ်မှာပဲ ကွာရှင်းပြတ်စဲခဲ့ တာဖြစ်ပါတယ်...
သူမတို့ ရဲ့ ၂၂ နှစ်တာအိမ်ထောင်သက်ရဲ့ ကာလတစ်ဝက်နီးပါး သူမအမြဲပဲကိုယ်ဝန်ဆောင်နေခဲ့ ရပြီး အံ့ စ
ရာ အိမ်ထောင်ရှင်မိခင် ဆိုတဲ့ ခေါင်းစဉ်ဖြင့် ခင်ပွန်းဖြစ်သူ ဂျွန်နှင့် အဖေတူ၊ အမေတူ ကလေးများနှင့်အတူ
ဓါတ်ပုံအရိုက်ခံပြီး သတင်းစာများမှာ အထူးတစ်လည်ဖေါ်ပြခြင်းကို ပုံမှန်ခံခဲ့ ရပါတယ်...
သို့ သော်လည်း အပြင်ပန်းအနေဖြင့် သာယာကြည်နူးဖွယ်ဟုထင်ရသည့် သူမတို့ ရဲ့ အိမ်ထောင်ရေးမှာ
လည်း အကြီးအကျယ်ငြင်းခုံရ၊ ရန်ဖြစ်ရတာတွေရှိခဲ့ တာပါပဲ...

ခင်ပွန်းဖြစ်သူ ဂျွန်က ကုန်ပစ္စည်းသယ်ယူပို့ ဆောင်ရေးသမားအဖြစ် တစ်ချိန်လုံးအလုပ်လုပ်နေခဲ့ ရလို့ သူ
တို့ နှစ်ဦးဟာတစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်နိုင်တော့ဘူးလို့ ခံစားခဲ့ ရပါတယ်...
ထိုမှစပြီး သူမရဲ့ အိမ်ထောင်ရေးယိုယွင်းလာလို့ သူမဟာ အရက်တွေအလွန်အကျွံသောက်ခဲ့ ရတာပါလို့ ဆို
ခဲ့ ပြီး ဂျွန်ကတော့ ထိုစွပ်စဲချက်ကိုငြင်းဆိုခဲ့ ပါတယ်...
နောက်ဆုံးသူမတို့ အိမ်ထောင်ရေး ၂၀၀၈ ခုနှစ်မှာပြိုကွဲခဲ့ တော့ ဂျိုအန်းတစ်ယောက် အင်ဒီယာနာလေး
ဟာသူမအတွက်နောက်ဆုံးရင်သွေးဖြစ်ပြီး ဖခင်မရှိတဲ့ ရင်သွေးတွေကိုကြည့် ရှုစောင့် ရှောက်သည့် တစ်
ကိုယ်ရေမိခင်အဖြစ်နဲ့ ရော သမီးအကြီးဆုံးရဲ့ သားနှစ်ယောက်တို့ ရဲ့ အဘွားအဖြစ်ပါ ဘ၀ကိုမြုပ်နှံတော့ မယ်
လို့ စိတ်ဆုံးဖြတ်ခဲ့ ပါတယ်...

သို့ သော်လည်း လွန်ခဲ့ တဲ့ ဇွန်လမှာတော့ သူမဟာ အပန်းဖြေဌာနတစ်ခုရဲ့ အခမ်းအနားပွဲမှာ တာဝန်ယူစီ
စဉ်သူ အသက် ၃၄ နှစ်ရှိ၊ လွန်ခဲ့ သည့် ၁၅ နှစ် သူမ ကလေး ၄ ယောက်မိခင်ဘ၀ ငယ်စဉ်ကာလက အိမ်
နီးချင်းဖြစ်ခဲ့ သူ ကရိတ်လီဆိုဗေ့ ဂ်ျ နှင့် ချစ်ကျွမ်းဝင်ခဲ့ ပြန်ပါတော့ တယ်....
အစတော့ ဒီလိုတွေ့ ကြတာဟာ နွေရာသီအပန်းဖြေ ချစ်ခရီးတိုလေးဖွင့် ကြတယ်လို့ ပဲရည်ရွယ်ခဲ့ တာပါ...
၎င်းအနေနှင့် လည်းဤကဲ့ သို့ ထင်မှတ်တွေးတောခဲ့ မှာဖြစ်ပေမယ့် သူတို့ နှစ်ဦးချစ်ရည်လူးပြီးနောက် သုံး
ပါတ်အကြာမှာတော့ ဂျိုအန်းရော ကရိတ် ပါအံ့ အားသင့် စရာအဖြစ် သူမမှာကိုယ်ဝန်ရှိနေခဲ့ တာဖြစ်ပါ
တယ်...

ယနေ့ တော့ သူတို့ နှစ်ဦးဟာ စေ့ စပ်ခဲ့ ကြလို့ ကရိတ်အနေနဲ့ ၎င်းဘ၀အတွက်ပထမဦးအကြိမ်အဖြစ် က
လေးအဖေဖြစ်ရတော့ မည့် အပြင် ဂျိုအန်းရဲ့ ဧရာမရင်သွေးအုပ်ကြီးအတွက် ပထွေးအဖြစ် ကြိုးစားရုန်းကန်
ရဦးမည့် အခြေအနေဖြစ်ခဲ့ ရပါတော့ တယ်...
ဒါကြောင့် ၎င်းရဲ့ ဇနီးဖြစ်သူနှင့် အတူထိုင်ပြီး သူ့ ဘ၀ရဲ့ အလှည့် အပြောင်းအတွက် ပထမဦးဆုံးအကြိမ်ပြော
ဆိုနေမည့် သူ့ ကို မီးရောင်မြင်မိလို့ အမိခံလိုက်ရတဲ့ ယုန်သူငယ်လို ဘယ်သူကများအပြစ်တင်နိုင်ကြဦးမှာ
လည်း...


Happy families: Joanne at home with ten of her children and expectant dad Craig
ကျွန်တော်လား...ပျော်ပါတယ်ခင်ဗျာ....အယင်ယောကျာင်္းနဲ့ ၇တဲ့ ကလေးက ဆယ်ယောက်တောင်
ဆိုတော့ အဲဒီလူကိုကျေးဇူးတောင်တင်နေသေးတယ်...( သူ့ မျက်နှာကြည့် ရတာနဲ့ တင်
သဘောပေါက်လောက်ပါတယ်...)
Happy families: Joanne at home with ten of her children and expectant dad Craig

တစ်ကိုယ်ရေတစ်ကာယထဲသာနေသည့် မည်သည့် ယောကျာင်္းမဆို ထိုအခြေအနေမှ တစ်လလျှင် ပေါင်စ
တာလင် ၁၃၄၀ ( ဒေါ်လာ ၂၀၀၀ ကျော် ) ကုန်ကျမည့် မိသားစုကြီးရဲ့ တာဝန်ကိုရုတ်တစ်ရက်ထမ်းဖို့ က
တော့ ဘယ်လောက်ပဲ ချစ်နေပါစေ ဆန္ဒရှိမှာမဟုတ်တာသေချာပါတယ်...
ပြီးတော့ ထိုကလေးတွေအားလုံးကလည်း သူတို့ ရဲ့ ဖခင်အရင်းကိုပဲ ချစ်ခင်ကြမှာဖြစ်ပါတယ်...
ဒါပေမယ့် ကရိတ် ကတော့ ဂျိုအန်းနဲ့ အတူတူမနေရသေးလို့ သူ့ အနေနဲ့ ဘယ်လိုအခြေအနေတွေ၊ အခက်
အခဲတွေရှိနေမယ်ဆိုတာမသိနိုင်သေးပေမယ့် ထိုမနိုင်ဝန်ကြီးကို ထမ်းဖို့ ရဲဝံ့ စွာနဲ့ ဆုံးဖြတ်လိုက်ပါတယ်....
ခရစ်ယာန်ဘာသာအရ အထူးသက်ဝင်ယုံကြည်လွန်းလို့ တရားပေါက်သူလို့ ပင်ဆိုနိုင်တဲ့ ကရိတ် ကတော့ 
သူတို့ နှစ်ဦးလက်မထပ်ရသေးပဲ သူ့ အနေနှင့် ဂျိုအန်းနဲ့ ရော သူမနှင့် လက်ရှိအတူတစ်ကွနေထိုင်ကြတဲ့ 
သားသမီး ၁၁ ဦးနှင့် ပါ အတူပြောင်းရွေ့ နေထိုင်ဖို့ မရည်ရွယ်သေးပါဘူး....
၎င်းအနေနှင့် သူနှင့် ရသည့် ကလေးကို တရားဝင်အိမ်ထောင်ပြုအပြီးမှာမွေးတာဖြစ်ချင်လို့ လက်ထပ်ပွဲက
တော့ ရင်သွေးလေးမမွေးခင်ဖြစ်လိမ့် မယ်လို့ မျှော်လင့် ထားကြပါတယ်...

ဂျိုအန်းတစ်ယောက် သူမရဲ့ သားသမီးများဖြစ်တဲ့  အသက် ၂၁ နှစ်ရှိ နာတာရှာ၊ အသက် ၂၀ ရှိ ဘရက်ဒ
လေ၊ အသက် ၁၈ နှစ်ရှိ ရှနိုက်စ်၊ ( ထိုသူများအားလုံးအိမ်ခွဲနေကြပြီးဖြစ် ) အသက် ၁၅ နှစ်ရှိ မာရီယာ၊
အသက် ၁၃ နှစ်ရှိ ဂျောဂျီယာ၊ အသက် ၁၁ နှစ်ရှိ ကိုက်တလင်း၊ အသက် ၁၀နှစ်ရှိ ဘရစ်တနီ၊ အသက် ၉
နှစ်ရှိ ဖယ်ဘီယန်၊ အသက် ၈ နှစ်ရှိ ချာလီ၊ အသက် ၇ နှစ်ရှိလီလီနဲ့ အာနာ၊ အသက် ၆ နှစ်ရှိ နာရီလီနဲ့ 
ဂျိတ်ဒ်၊ အသက် ၄ နှစ်ရှိ အာမနီ၊ အသက် ၃ နှစ်ရှိ တာလူလာ၊ နဲ့ ၂၂ လသမီး အင်ဒီယားနာ တို့ ကိုရွတ်ပြ
တော့ ကရိတ်တစ်ယောက် မှတ်မိဖို့ ကြိုးစားရမှာနဲ့ တင်ချွေးပြန်လောက်ပါတယ်...
ဒါတောင် ဂျိုအန်းရဲ့ စတုတ္တမြောက်ကလေး သြဂတ်စတင်းဟာ လမစေ့ ပဲမွေးဖွားခဲ့ ပြီး နာရီ ၂၀အကြာမှာ
သေဆုံးသွားခဲ့ ပါသေးတယ်...
ပြီးတော့ နာတာရှာမှာ အသက် ၅ နှစ်အရွယ်သားတစ်ယောက်ရှိပြီး ရှနိုက်စ် ရဲ့ သားလေးကလည်း ၁၄ လ
သားအရွယ်ရောက်နေပါပြီ...
ဒါကြောင့် ကရိတ်ကအနေနဲ့ မရွယ်ပဲ ထိုကလေးတွေရဲ့ ပထွေးဘိုးဘိုးကြီးလည်းဖြစ်နေပါလိမ့် ဦးမယ်...
အင်း ....အာဂသတ္တရှင် သူရဲကောင်းကြီး ကရိတ်အတွက် ကြိုတင်စိတ်ကူးမယဉ်ခဲ့ တာသေချာတဲ့ အခြေ
အနေပါပဲ....

" လွန်ခဲ့ တဲ့ ၁၅ နှစ် သူမနှင့် ကျွန်တော်အိမ်နီးချင်းတွေဖြစ်ခဲ့ စဉ်က ဂျိုအန်းကိုပထမဦးဆုံးစတင်တွေ့ တုံးက
သူမဟာဘယ်လောက်ကြည့် ကောင်းပြီး ကိုယ်နေဟန်ဘယ်လောက်အချိုးကျသလဲလို့ အမြဲပဲတွေးနေခဲ့ မိ
ပါတယ်..." လို့ ကရိတ်ကပြောပြခဲ့ ပါတယ်...
" အဲဒီနောက်ဒီနှစ်မှာတော့ သူမဟာ ကျွန်တော်အလုပ်လုပ်တဲ့ အပန်းဖြေဌာနကိုလာရောက်လေ့ ရှိတာမို့ 
သူမကို နှုတ်ဆက်စကားဆိုခဲ့ မိပါတယ်... သူမအနေနဲ့ အရွယ်တင်နုပျိုနေဆဲ၊ ကြည့် ကောင်းနေဆဲမို့ စိတ်
လှုပ်ရှားခဲ့ ရပါတော့ တယ်... တစ်ညနေတော့  ကျွန်တော်ကားမောင်းပြီးအိမ်ပြန်မလို့ လုပ်နေတုံး သူမက
ကားကိုတားကာ တစ်ယောက်ယောက်နဲ့ များဘာညာဘာညာရှိနေလားလို့ ကျွန်တော့ ကိုမေးလာပါတယ်...
ဟင့် အင်းလို့ ကျွန်တော်ကပြောတော့  ဒါဆို တို့ များကို အအေးလေးဘာလေးတိုက်ဖို့ စိတ်ကူးမရှိဘူးလား
လို့ သူမက ဆိုလာခဲ့ ပါတယ်...
အဲဒီနောက်သူမရဲ့ ဖုံးနံပါတ်ကို ကျွန်တော်ယူထားလိုက်ပြီးနောက်နေ့ မှာပဲ ဖုံးနဲ့ စာရိုက်ပို့ ခဲ့ တာပါပဲ...
ကျွန်တော်ကတော့ သူမကို အမြဲတမ်းချစ်စရာကောင်းနေတယ်လို့ ပဲ မြင်နေမိတယ်...သူမမှာ ကလေးတွေ
အများကြီးရှိတာကိုလည်းသိပါတယ်... သူမအကြောင်းတွေကိုသတင်းစာတွေထဲမှာလည်းဖတ်မိပါတယ်...
ပြီးတော့ သူမယောကျာင်္းနဲ့ ကွာရှင်းပြတ်စဲခဲ့ တယ်ဆိုတာလည်း ကြားခဲ့ မိပါတယ်...
အရိုးသားဆုံးဝန်ခံရယင်တော့ ပထမအစမှာ သူမကိုအလေးအနက်မထားပဲ အပျော်သဘောနဲ့ တွဲခဲ့ ၊ ချိန်း
တွေ့ ခဲ့ တာပါ...ဒါပေမယ့် တွေ့ ပြီး သုံးပါတ်အကြာမှာ သူမက ကိုယ်ဝန်ရှိနေပြီလို့ ပြောလိုက်လို့ တော်တော်
ကိုအံ့ သြတုန်လှုပ်သွားခဲ့ ရပါတယ်...
အစတော့တော်တော်လေးလည်းရှက်သွားမိပြီး လူတွေတော့ ပြောတော့ မှာပဲလို့ လည်းပူပန်မိပါတယ်...
ဒါပေမယ့် အခုတော့ လည်းစိတ်ပြောင်းသွားခဲ့ ရပါပြီ....ဂျိုအန်းဟာ ချစ်စရာကောင်းသူပါ...မိခင်ကောင်း
တစ်ယောက်လည်းဖြစ်ပါတယ်...ကျွန်တော်က ငယ်စဉ်ကတည်းက မိခင်နဲ့ အနေမနီးခဲ့ သူမို့ ကလေးဘဝ
ဟာ ပျော်ရွှင်ဖွယ်မဖြစ်ခဲ့ ရပါဘူး...ဒါကြောင့် အဲဒီအချက်ကလည်းအရေးကြီးပါတယ်...
ငါသာပျော်ရွှင်နေမယ်ဆိုယင် တစ်ခြားသူတွေဘယ်လိုထင်ထင်အရေးမကြီးပါဘူးလို့ လည်းကျွန်တော်စဉ်း
စားမိခဲ့ တာဖြစ်ပါတယ်...
ကျွန်တော်တို့ တွေ့ ဆုံခဲ့ တာဘာမှမကြာသေးပေမယ့် သူမကိုတစ်ကယ်ပဲ အရမ်းချစ်ပါတယ်.... အခုတော့ 
သူမ မရှိတဲ့ ဘ၀ဆိုတာ စဉ်းတောင်မစဉ်းစာရဲတော့ ပါဘူး...ရင်ထဲမှာတစ်ကယ်ပဲခံစားရပါတယ်.." လို့ သူ
ကပြောပြခဲ့ ပါတယ်...
ကရိတ်ဟာ ယခုကအစောပိုင်းကပဲ သူမရဲ့ ကွာရှင်းပြတ်စဲမှုကိစ္စအ၀၀ပြီးပြတ်လို့ သုံးရက်အကြာမှာ စိန့် ပီ
တာဆိပ်ကမ်းရဲ့ သံတိုင်တွေမှာတွဲခိုပြီး အကယ်၍သူမအနေနဲ့ သူ့ ရဲ့ တောင်းဆိုချက်ကို လက်မခံ၊ မလိုက်
လျောယင် သူမကိုရေထဲပစ်ချမယ်ဆိုပြီး ကျည်စယ်ကာဂျိုအန်းကိုလက်ထပ်ဖို့ တောင်းဆိုခဲ့ တာဖြစ်ပါတယ်..
ဒါကြောင့် သူဟာ တစ်ကယ့် ကိုအလေးအနက်ထားနေတာအမှန်ပါပဲ...
" ကျွန်တော်က ကလေးတွေရဲ့ ပထွေးဖြစ်ရတော့ မှာအတွက်စိတ်လှုပ်ရှားနေမိတာအမှန်ပါပဲ...သူတို့ လေး
တွေဟာလည်းတစ်ကယ့် ကို တော်ကြပါတယ်...ကျွန်တော်ကသူတို့ ဖခင်နေရာကိုအစားယူမှာမဟုတ်ပါဘူး။
သူတို့ မှာ ဖခင်အရင်းဆိုတာရှိပြီးသားမို့  သူငယ်ချင်းမိတ်ဆွေဆိုတာလောက်ပဲ မျှော်လင့် ပါတယ်..." လို့ သူ
ကပြောကြားခဲ့ ပါတယ်...

So in love: Craig is about to become a step-grandfather
ချစ်မိလေသောအခါ...
ကြွက်ပြင်းလို့ ပဲဆိုဆို...ဘာကိုမှမမြင်နိုင်တော့ ဘူးပေါ့ ...
So in love: Craig is about to become a step-grandfather

ဥဿဖယားနဲ့ စိန်တွေကွပ်ထားတဲ့ စေ့ စပ်လက်စပ်ကိုပြပြီး ဂျိုအန်းကတော့  လွန်ခဲ့ တဲ့ နှစ်တွေတုံးက ကျွန်
မတို့ အိမ်ဘေးမှာ ကရိတ်နေခဲ့ စဉ်ကတည်းက သူဟာ လူတော်လူကောင်းတစ်ယောက်လို့ ကျွန်မ တွေးထင်
ခဲ့ တာဟာအခု ချစ်သူတွေဖြစ်တော့ မှ သူကျွန်မကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ တာ ကြောင့် ပိုမှန်
ခဲ့ ပါတယ်...သူဟာကြင်နာသနားတတ်သူဖြစ်ပြီး သူနဲ့ တန်းတူကိုဆက်ဆံပါတယ်လို့ လည်း ကြွားခဲ့ ပါသေး
တယ်....
" ကျွန်မသူ့ ကိုအပန်းဖြေဌာနမှာပြန်တွေ့ တော့ သူဟာသိပ်ပြီး ချစ်စရာကောင်းတာပဲလို့ တွေးမိပါတယ်...
ဒါကြောင့် သူ့ ကိုကားရပ်နားရာနေရာမှာတွေ့ မိတော့အလိုလိုပဲ သူ့ ဆီပြေးသွားပြီး စကားစမိခဲ့တာပါပဲ...
အဲဒီကနေ အခုအခြေအနေအထိဖြစ်လာလိမ့် မယ်လို့ တော့ လုံးလုံးမထင်ခဲ့ တာအမှန်ပါပဲ...
မရည်ရွယ်ပဲ ကိုယ်ဝန်ရှိသွားခဲ့ တော့ တော်တော်တုန်လှုပ်သွားခဲ့ မိပါတယ်...
လွန်ခဲ့ တဲ့ ဖေဖော်ဝါရီလကပဲ ခွဲစိတ်မှုလေးလုပ်ခဲ့ လို့ ကျွန်မဖြင့် အခုလိုလွယ်လွယ်နဲ့ ကိုယ်ဝန်ရလိမ့် မယ်
လို့ မထင်ခဲ့ ပါဘူး...ဒါပေယ့် ကိုယ်ဝန်ရှိရှိခြင်းကိုပဲသိလိုက်ပါတယ်...အရိပ်နိမိတ်တွေအရမ်းမပြခင်ကတည်း
ကပေါ့ ....
ကျွန်မက ကိုယ်ဝန်ရှိယင် နှာခေါင်းမှာ အစက်အပြောက်ကလေးတွေပေါ်လာတတ်တယ်လေ...ဒါကြောင့် 
သေချာပြီဆိုတာသိလို့ ကရိတ်ဆီကို ဖုံးဆက်ပြီးပြောတော့ သူကကျွန်မကို ရူးနေပြီလားလို့ တောင်ပြောခဲ့ ပါ
သေးတယ်...
ဒါပေမယ့် ကျွန်မသိနေပါတယ်...( သူကျွန်မဆီလာမယ်ဆိုတာ...)
နောက်ရက်အနည်းငယ်အကြာမှာတော့ သူဟာ ကိုယ်ဝန်ရှိမရှိစမ်းသပ်တဲ့ ကိရိယာနဲ့အတူ ရောက်လာခဲ့ ပါ
တော့ တယ်...ပြီးတော့ ကျွန်မတို့ သေချာအောင်စမ်းသပ်ခဲ့ ကြပါတယ်..." လို့ သူမကဆိုခဲ့ ပါတယ်...
" ကျွန်တော် ဖြင့် အံ့ သြထိတ်လန့် လွန်းလို့ နှလုံးတောင်တုန်မိပါတယ်...အခြေအနေဟာ အလွန်ကိုပဲစိန်ခေါ်
မှုတစ်ရပ်ဖြစ်လို့ အဖြစ်မှန်ကိုလက်ခံဖို့ အချိန်ယူခဲ့ ရပါတယ်...
လူတွေပြောစရာဖြစ်မှာမို့ ကျွန်တော်တို့ နှစ်ယောက်ဇတ်လမ်းကိုအဆုံးသတ်လိုက်ယင်ကောင်းမယ်လို့ ဂျို
အန်းကိုပြောခဲ့ ပါသေးတယ်...သူမက ကျွန်တော်သာဆန္ဒရှိမယ်ဆိုယင်ကိုယ်ဝန်ဖျက်ချဖို့ သဘောတူခဲ့ ပါ
တယ်...
ဒါပေမယ့်  နောက်တော့ ကျွန်တော့် စိတ်တွေပြန်လည်လာပါတော့ တယ်...သူမကိုလည်းကိုယ်ဝန်ဖျက်ချဖို့ 
ကျွန်တော်မလိုလာတာမို့ သဘောမတူခဲ့ ပါဘူး...ကျွန်တော်ဟာဂျိုအန်းနဲ့ သားသမီးတစ်ယောက်လောက်
ရချင်နေတယ်ဆိုတာ သဘောပေါက်ခဲ့ ပါတော့ တယ်...

တစ်ကယ်တော့ လည်းသူမသာ ကလေးထပ်မယူချင်တော့ ဘူးလို့ ဆိုခဲ့ ယင် ကျွန်တော်သူမကိုထားခဲ့ ဖြစ်
မှာပါ...
အခုတော့ အားလုံးအိုကေနေတာပါပဲ...ဒါပေမယ့် ဂျိုအန်းရဲ့ ကလေးတွေအတွက်တော့စဉ်းစားရပါလိမ့် ဦး
မယ်....သူတို့ အမေဟာ အခုပဲလူလွတ်ဖြစ်ပြီး နောက်ချက်ခြင်းဆိုသလိုပဲရည်းစားရရုံတင်မက ကိုယ်ဝန်ပါရှိ
နေခဲ့ပြီး ဘ၀နောက်ကြောင်းမအေးခဲ့ တဲ့ လူတစ်ယောက်ကိုသူတို့ လေးတွေရဲ့ ဘ၀ထဲကိုပါဆွဲခေါ်လာခဲ့ တာ
လေ..." လို့ ကရိတ်ကပြောပြခဲ့ ပါတယ်...
သူငယ်စဉ်က နှိပ်စက်တဲ့ ကွယ်လွန်သူမိခင် အီလိန်းကြောင့် သူဟာမူးယစ်ဆေးစွဲခဲ့ ရပါသေးတယ်လို့ လည်း
ကရိတ် ကပြောပြခဲ့ ပါသေးတယ်...
သူငယ်ရွယ်စဉ်ဆယ်ကျော်သက်ဘ၀က မူးယစ်ဆေးဝါးလက်ဝယ်ရှိမှုနဲ့ ခိုးမှု ထောင်နှစ်ခါကျခဲ့ပါသေးတယ်..
ဒါပေမယ့် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ကုသပေးတဲ့ ခရစ်ယာန်အဖွဲ့ အ
စည်းတစ်ခုဖြစ်တဲ့ မီးပြတိုက်ကူညီကယ်ဆယ်ရေးဖောင်ဒေးရှင်းဆီမှာ ဆေးဖြတ်သင်တန်းတက်ပြီးကတည်း
က သူဟာမူးယစ်ဆေးဝါးကို လက်ဖျားနဲ့ တောင်မထိတော့ ပါဘူးလို့ လည်း သူကဆိုပါတယ်...

သူဘ၀ဟာ လုံးဝကိုပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်လို့ သူကဆိုပါတယ်...
ကရိတ်ဟာ အတိတ်ကအကြောင်းတွေပေါ်မှာပဲ တစ်ဝဲလည်လည်ဖြစ်နေရတာကိုမကြိုက်ပါဘူး...ဒါပေမယ့်
သူ့ ရဲ့ အစ်ကိုကတော့ သူတို့ ရဲ့ မိခင်ဖြစ်သူကို တာဝန်ဝတ္တရားပျက်ကွက်မှုနဲ့ ၂၀၀၇ ခုနှစ်မှာ သတ်ဖြတ်ခဲ့ ပြီး
အပြစ်ပေးခံခဲ့ ရတာ လူသိထင်ရှားဖြစ်ခဲ့ ရပါတယ်...
တရားရုံးတော်ကတော့ အသက် ၄၉ နှစ်ရှိတဲ့ မိခင်ဖြစ်ဖြစ်သူကို လည်ပင်းညှစ်ပြီးသတ်ခဲ့ချိန်မှာ ထိုသူဟာ
မိခင်ဖြစ်သူနှိပ်စက်တဲ့ ဒါဏ်ကြောင့် စိတ်ရောဂါတောင်ရနေခဲ့ ပါတယ်လို့ တရားရုံးမှာလျှောက်ထားထွက်ဆို
ခဲ့ ပါတယ်...
ထိုအကြောင်းတွေအားလုံးကို ဂျိုအန်းအနေနဲ့ သိရှိပြီးဖြစ်ပေမယ့် ကရိတ်အနေနဲ့ ပထွေးတစ်ယေက်အနေ
နဲ့ သူမရဲ့ မိသားစုအပေါ်မှာ ပြဿနာတစ်စုံတစ်ရာရှိလိမ့် မယ်လို့ သံသယ လုံးဝမရှိခဲ့ ပါဘူး....
" လူတိုင်းမှာ အတိတ်ဇတ်ကြောင်းဆိုတာရှိစမြဲပါပဲ...ဘယ်သူမှပြီးပြည့် စုံအောင်အပြစ်ကင်းတာမရှိပါဘူး...
ကျွန်မတို့ အားလုံးဟာ ခြောက်ပြစ်ကင်းသဲလဲစင်တွေမဟုတ်ကြပါဘူး..." လို့ ဂျိုအန်းကပြောဆိုခဲ့ ပါတယ်...

ကရိတ်ဟာ ကြင်နာသနားတတ်တဲ့ ပြဿနာအခက်အခဲတွေကိုကျော်လွှားဖြေရှင်းနိုင်တဲ့ လူကြီးလူကောင်း
တစ်ဦးဖြစ်ပါတယ်...
ကျွန်မသိသလောက်ကတော့ သူဟာကျွန်မကိုလေးလေးစားစားဆက်ဆံတယ်၊ ရယ်စရာမောစရာလည်းပြော
ပြီးကလေးတွေအပေါ်မှာလည်း သိပ်ကောင်းပါတယ်...
သူဟာ ကျွန်မအိမ်ထောင်ရေးပြိုကွဲပြီးနောက်အိမ်ကို ပထမဦးဆုံးခေါ်လာနဲ့ တဲ့ အမျိုးသားဖြစ်ပြီး ကလေး
တွေကလည်းသူ့ ကိုတစ်ကယ်သဘောကျကြပြီး အဆင်ပြေကြပါတယ်...သူဟာသူတို့ ရဲ့ ဖခင်မဟုတ်သလို
အဲဒီနေရာကိုလည်းယူမယ့် သူမဟုတ်ပါဘူး...
ကျွန်မသမီး မာရီယာဆို သူ့ ကိုပထမဦးဆုံးတွေ့ တာနဲ့ တင်ပဲ သူမရဲ့ လက်ပ်တော့ကွန်ပြူတာကိုကြည့်နေ
ရာကနေ ကျွန်မကို သူမမြင်အောင်ထောက်ခံတဲ့ အမူအယာကိုလုပ်ပြတော့ တာပါပဲ...
ကလေးတွေကလည်း ဘယ်သူမှ သူ့ ကိုမကြိုက်ဘူးလို့ မပြောကြပါဘူး...တစ်ကယ်ဆို ကျွန်မတို့ စကားပြော
နေတုံး ကြေးစားလက်ဝှေ့ သမားဖြစ်တဲ့ သားအကြီးဆုံး ဘရက်ဒလေ တစ်ယောက် ၀င်လာခဲ့ ပါသေးတယ်..
သူလည်း ပထွေးတော်ရမယ့် သူနဲ့ အေးအေးဆေးဆေးပါပဲ...
အမေစိတ်ချမ်းသာယင် ကျွန်တော်လည်းပျော်ပါတယ်....ကရိတ်ကြည့် ရတာလူကောင်းတစ်ယောက်ပါ လို့ 
လည်းသူကဆိုခဲ့ ပါတယ်...
အခုရက်ပိုင်းတွေမှာတော့ ဂျိုအန်းနဲ့ သူမရဲ့ ယခင်ယောကျာင်္း ဂျွန်တို့ ဟာ ကလေးတွေအတွက်နဲ့ ပုံမှန်ဆက်
ဆံနေခဲ့ ကြပါတယ်...ဒါပေမယ့် သူမအနေနဲ့ သူနှင့် ကွာရှင်းခဲ့ တဲ့ အပေါ် စိတ်ဆိုးဒေါသထွက်နေခဲ့ ပါတယ်..
မကြာသေးခင်ကပဲ သူမနဲ့ ကရိတ်တို့ ဟာ ဂျွန်နဲ့ ၎င်းရဲ့ ချစ်သူမိန်းကလေးအသစ်တို့ ကိုတွေ့ ဆုံခဲ့ ပြီး စိတ်
ဆိုးနေခဲ့ ကြပေမယ့် စကားမများရန်မဖြစ်ပဲအေးအေးချမ်းချမ်းနဲ့ တွေ့ ဆုံပွဲလေးပြီးသွားခဲ့ ပါတယ်...
" ကျွန်မတို့ မကွာရှင်းခင်အထိ ဂျွန်ဟာ ပြေရာပြေကြောင်းကြိုးစားပြီး ကလေးတစ်ယောက်တောင်ထပ်ယူ
ဖို့ ဖြောင်းဖျပါသေးတယ်...အတိတ်ကိုပြန်တွေးကြည့် ယင်တော့ ကျွန်မအနေနဲ့ ဂျွန်အတွက် ကလေးတွေယူ
ခဲ့ တာဟာ ကျွန်မတို့ နှစ်ယောက်ပိုမိုသံယောဇဉ်ဖြစ်ပြီး အိမ်ထောင်ရေးမပြိုကွဲအောင်လို့ ကြိုးစားခဲ့ တာပါ
လားဆိုတာသိခဲ့ ရပါတယ်..." လို့ အချိန်ပြည့် အိမ်ထောင်ရှင်မ မိခင်ဖြစ်နေတဲ့ ဂျိုအန်ကပြောပါတယ်... " ဒါပေမယ့် လည်း အခုလိုဖြစ်လာရတာ တော့ ကျွန်မအတွက်ပျော်စရာပါပဲ...ကျွန်မက ကိုယ်ဝန်ဆောင်ရ
တာနဲ့ သားသမီးတွေမွေးရတာ ပျော်ပါတယ်..." လို့ လည်း သူမကဆိုပါတယ်...
ဂျွန်က ၎င်းအနေနဲ့ မိသားစု တစ်စည်းတစ်လုံးတည်းရှိနေဖို့ အိမ်ထောင်ရေးမပြိုကွဲအောင်အသည်းအသန်
ကြိုးစားခဲ့ ပြီး ဇနီးဖြစ်သူက ကရိတ်နဲ့ ကိုယ်ဝန်မရခင် ကွာရှင်းပြတ်စဲခဲ့ တော့ အလွန်ပဲစိတ်ဆိုးဒေါသထွက်ခဲ့ 
တယ်လို့ ဆိုပါတယ်...
" ကျွန်တော်တို့ ဟာနှစ်ပေါင်း ၂၂ နှစ်ကြာအောင်ပေါင်းသင်းခဲ့ ကြပြီး ကျွန်တော်ဆိုယင်လည်း ချစ်တဲ့ မိန်းမ
နဲ့ ကလေးတွေစားဝတ်နေရေးအတွက် တစ်ပါတ်မှာတစ်ရက်မှမနားပဲအလုပ်လုပ်ခဲ့ ရတာပါ...
ဂျိုအန်းဟာ တစ်ကယ့် ကိုရှာမှရှားတဲ့ အိမ်ထောင်ရှင်မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်...ဒါပေမယ့် 
လည်း အချိန်တွေကြာလာတော့ လည်း အချစ်တွေပြယ်သွားခဲ့ ကြရတာပါပဲ...
ကျွန်တော်က ပြန်ပြီးအိမ်ထောင်ရေးကိုအဖတ်ဆယ်နိုင်၊ ပြန်တည်ဆောက်နိုင်မယ်လို့ ထင်ထားတာ...ဒါပေ
မယ့်သူမက မကြိုးစားခဲ့ ပါဘူး...
သူမကိုယ်ဝန်ရှိနေပြန်ပြီလို့ သိရတော့ ကျွန်တော်စိတ်ထိခိုက်ခံစားခဲ့ ရပါတယ်...ဘာဖြစ်လို့ လည်းဆိုတော့ 
ကျွန်တော်ကသူ့ ကိုချစ်နေတုံးပဲလို့ ခံစားနေရပြီး ကလေးဟာလည်းကျွန်တော့ ရင်သွေးလေးဖြစ်သင့် တယ်
လို့ ခံစားမိပါတယ်....အခုတော့ လည်းနေသားတစ်ကျဖြစ်သွားပါပြီ...အခုကျွန်တော်လည်း အတွဲအသစ်ရနေ
ပြီး ဘ၀ကတော့ ဆက်လက်ရှင်သန်နေတာပါပဲ...
ကရိတ်ကလည်းလူကောင်းသူကောင်းပုံပေါက်ပါတယ်...ဂျိုအန်းကလည်းသူ့ ကိုချစ်တယ် ဆိုတာကျွန်တော်
သိပါတယ်...သူတို့ သာတစ်ကယ်လို့ လက်ထပ်ကြယင်တော့ ဒီလောက်ကြီးမားတဲ့ မိသားစုကြီးကို တာဝန်ယူ
ရုန်းကန်နိုင်တဲ့ ဒီမောင်ကို အလေးပြုမိမှာပါပဲ... လွန်ခဲ့ တဲ့ တနင်္ဂနွေနေ့ က အဲဒီအိမ်ကိုရောက်သွားတော့ ကလေးတွေက သူ့ အပေါ်ဝိုင်းတက်နေပြီးရယ်မော
ပျော်ရွှင်နေကြတာ့ ကျွန်တော့် ဖြင့် စိတ်တောင်တိုသွားမိတယ်...ဒါပေမယ့်လည်း ကလေးတွေအနေဲ့ သူနဲ့ 
စိတ်ညစ်နေမယ့် အစား ပျော်နေတာကပဲကောင်းပါတယ်လို့ ပဲသဘောပိုက်လိုက်ပါတယ်...
ဂျိုအန်းနဲ့ ကရိတ်တို့ လည်းပျော်ရွင်နေနိုင်ပါစေလို့ မျှော်လင့် ဆုတောင်းပါတယ်...ဒါပေမယ့် ကျွန်တော်က
တော့ကလေးတွေရဲ့ ဖခင်ပါပဲ...ဒါကတော့ ဘယ်တော့ မှပြောင်းလဲလို့ မရပါဘူး..." လို့ ဂျွန်ကဆိုခဲ့ ပါတယ်..

ဒါကြောင့် အခုကလေးသာမွေးခဲ့ ယင်တော့ ကရိတ်အတွက် ပထမဦးဆုံး သားဦး၊သမီးဦးဖြစ်ပြီး ဂျိုအန်းအ
တွက်ကတော့ ၁၆ ယောက်မြောက်ဖြစ်ပါတယ်...
သူမကတော့ ဘ၀မှာဘယ်လိုရှေ့ ဆက်သွားဖို့ သိပါတယ်...သူကတော့ သိပါ့ ဦးမလား...
ဘာပဲပြောပြော သူကတော့ တစ်ကယ့် ကို အာဂသတ္တရှင်တစ်ဦးပါပဲ...


အင်္ဂလိပ်လိုသတင်းပါ....
To look at Joanne Watson, you would never guess she was almost five months ­pregnant with her 16th child.
She totters around in her high-heeled boots and size 4 skinny jeans, her make-up just so and not a hair out of place.
She pulls up her chiffon blouse to reveal a very neat little bump and a brown expanse of taut skin with not a hint of a stretch mark.
She looks at me as if I am slightly mad when I ask why she isn't a bit more, well, ragged round the edges.
'I don't feel any different when I'm pregnant,' says a bemused Joanne, 39, sitting in her neat-as-a-pin four-bedroomed home in Guernsey.
'I just get on with it. It's no big deal. I just bounce back. I really enjoy pregnancy and have loads of energy. I'm never tired.'
Besides, as Joanne explains, she never puts on more than a stone when she's expecting a baby and simply pings back to her normal 7st weight after the birth — a bit like all those celebrity yummy mummies.
Joanne, however, manages to do this on a diet liberally sprinkled with crisps and chocolate and without the help of a personal trainer or so much as seeing the inside of a gym.
How on earth does she juggle looking so ­effortlessly glamorous with the exhausting demands of such a large brood — the youngest of whom are just four, three and 22 months old?
She gives me another rather ­disconcerting 'what are you talking about?' looks. Thirty-five packed lunches a week? So what. Fifty-six ­laundry washes a month? No problem. Endless nappies? Used to them. Squabbling children? Yes. And? 'I'm very organised,' she says.
Only this time, her 16th pregnancy is rather different. For starters, all her children are blonde and she is expecting this one to be dark-haired when he or she is born in March next year. You see, it turns out there has been a dramatic change of personnel on the domestic front.
For Joanne split from her husband, John, 45, two years ago when she was seven months' pregnant with their youngest child, Indianna. She'd spent almost half of their 22-year ­marriage pregnant and regularly appeared in the papers, under the title Supermum, posing with a proud John and their ­strikingly ­attractive children.
But, behind the veneer of their seemingly happy family life, all was not well and there were bitter rows.
John worked all hours as a haulier and both of them felt increasingly neglected by the other. She claims he started drinking too much as their marriage unravelled - an ­accusation he denies.When their relationship finally­ ­collapsed in 2008, Joanne thought baby Indianna would be her last and resigned herself to life as a rather busy single parent and grandparent to her ­eldest daughters' two sons.
Then, in June, she started a ­relationship with leisure centre events co-ordinator Craig Le ­Sauvage, 34, who was her next-door neighbour 15 years ago when she was the young mother of a mere four children.
It was only meant to be a casual ­summer romance.
Well, that's what he thought, ­anyway. But three weeks after their first date, Joanne was - to her ­surprise and his stunned shock - pregnant again.
Today, they are engaged and Craig is not only ­looking forward to ­becoming a father for the first time, but facing the ­daunting prospect of becoming stepdad to Joanne's ­enormous brood.
So who could blame Craig for ­having the look of a ­rabbit trapped in the headlights as he sits down next to his future wife to talk for the first time of this momentous turn in his fortunes?
Few men, no matter how much in love, would relish the thought of a £1,340 monthly family food bill when used to catering for just the one.
Or, indeed, be willing to take on so many children whose loyalties may remain with their father. But Craig insists he is up to the ­challenge. This, despite the fact he is not yet living with Joanne and has absolutely no idea what he is ­letting himself in for.
A born-again Christian, Craig is not intending to move in with Joanne — and the 11 children still living at home — until they are married. ­
Hopefully, the wedding will be before the birth, because he wants their child to be born in wedlock.
It's quite some learning curve and he listens very intently as Joanne ­rattles off the names of her children. There's Natasha, 21, Bradley, 20, and Shanice, 18, who have now left home.
Then there's Mariah, 15, Georgia, 13, Caitlin, 11, Brittany, 10, Febrianne, nine, Charlie, eight, Lilly-Arna, seven, Nerilly-Jade, six, Armani, four, ­Tallulah, three, and Indianna, 22 months. Joanne's fourth child ­Augustina was born prematurely and died 20 hours after her birth.
And did we mention that Natasha has a five-year-old son, while ­Shanice's son is 14 months old? Craig will become step-grandfather to them, too. Quite an undertaking and not one Craig ever envisaged.

'When I first met Joanne 15 years ago, when she lived next door to me, I used to think how good-looking she was and what a lovely figure she had,' says Craig.
'Then, this year, when she started to come to the leisure centre where I work, I'd stop and say hello. I was struck by how good she still looked. One evening she flagged me down in the car park as I was about to drive home and blurted out: “Are you with anyone?' When I said “no', she replied: “Well, when are you going to ask me out for a drink?' I took her phone number and texted her the next day.

'I'd always found her attractive. I knew she had lots of kids because I'd read about her and I'd heard she had split up from her husband.
'To be honest, in the beginning, I thought it would just be a casual ­relationship, nothing serious, so it came as a complete shock when she told me she was pregnant after just three weeks.
'At first, I was a bit embarrassed and worried about what people would say. But I've come round to the idea now. Joanne's a lovely person and a very good mother, which is important to me because I had an unhappy childhood and was never close to my mum.

'I just thought: “If I'm happy, what does it matter what other people think?'
'We haven't been together long, but I do love her very much. Now, I can't imagine life without her. I feel ­something special with her.'
Craig proposed to Joanne earlier this month, three days after her divorce was finalised, by dangling her over the harbour railings at St Peter Port and jokingly threatening to drop her in the sea unless she said yes.
So he must be pretty serious.
'Of course, I'm nervous about ­becoming a stepfather to so many ­children, but they are great kids and I am not trying to replace their father. They already have a dad, so I am just ­looking for acceptance and ­friendship,' he says.
Joanne, flashing a sapphire and ­diamond engagement ring, adds: 'When Craig lived next door all those years ago, I always thought what a nice person he was and how well he treated his girlfriend. He was very kind, ­treating her as an equal.
'When I saw him again at the leisure centre, I thought: “He's cute.' So when I spotted him in the car park I acted on impulse, running over and flagging him down. I never thought it would lead to this. I was shocked when I got ­pregnant because it wasn't planned. I'd had an operation in February to remove fibroids and thought I wouldn't be able to conceive so easily again, but I knew the minute I was, even though I wasn't yet late with my period.
'I developed a spot on my nose and I only ever get spots when I'm ­pregnant. When I phoned Craig to tell him, he said: “Are you mad?' But I knew. A few days later, he came round with a pregnancy test and after a nice meal we went upstairs together to find out for certain.'
Craig continues: 'My heart lurched with shock. I did find it all a bit daunting and it took me a while to accept the situation.
'I told Joanne I thought it would be best if we split up because of how people talk and Joanne offered to have a ­termination, if that was what I wanted. But, after a while, I came around. I didn't want her to have an abortion, as I don't agree with it. I ­realised I wanted to have a baby with Joanne and for us to be a ­couple.
'In fact, if she'd told me she didn't want any more children, I probably would have dropped her.'
All well and good, but what of Joanne's children? One minute their mother was single, the next she not only had a new boyfriend but was expecting his baby. She is also ­bringing into their lives a man who admits he's had a ­troubled past.

Craig says his ­abusive childhood, at the hands of his late mother Elaine, led him in the past to dabble with drugs. He spent two terms in prison ­during his youth for drugs ­possession and theft, but says he's not touched drugs since ­undergoing ­rehabilitation six years ago with the Lighthouse Foundation, a Christian charity which helps drug abusers.
He says he has completely turned his life around. Craig doesn't like to dwell on the past, but it's been widely reported that his older brother was convicted in 2007 for the manslaughter of their mother Elaine on the grounds of ­diminished responsibility.
The court heard he was suffering from mental illness when he ­strangled the 49-year-old; like Craig, he claimed she was abusive.

Joanne knows all this but appears to have absolutely no concerns about Craig's suitability as a step-parent.
'Everyone has a past, ­no one's ­perfect, we all have skeletons in the cupboard,' she says blithely.
'Craig is a kind, gentle person who has overcome whatever ­problems he has had. What I do know is he treats me with respect, makes me laugh and is wonderful with my children.
'He is the first man I have ever brought home since my marriage ended and my kids really like and get on well with him. He is not their dad; they already have a dad and Craig would never want to replace him.'

'The first time my daughter Mariah met him, she looked up from her ­laptop and gave me a thumbs up when Craig wasn't ­looking. Not one of my children has said they don't like him.'
Indeed, as we are talking, Joanne's eldest son Bradley, a professional boxer, wanders in and appears to have a relaxed, amiable ­relationship with his stepfather-to-be.
'I'm happy if my mum's happy,' he says, before adding: 'Craig's OK.'
These days Joanne and her ­ex-­husband John try to remain ­amicable for the sake of the ­children, but she accepts he was desperately upset and angry when she ended the ­marriage.
Recently, she and Craig met up with John and his new ­girlfriend and the event passed without argument, despite obvious tension.

'Right up until our divorce, John was trying to get back with me, to persuade me to have another baby,' says Joanne, who is, unsurprisingly, a full-time mother. 'Looking back, I think for John having babies was his way of trying to bring us closer and paper over the cracks in our relationship.
'I was happy to go along with it because I love being pregnant and having children.'
John last night told the Mail he desperately wanted his marriage to work so that they could remain a family and was initially devastated and furious when his wife ended the relationship, before then becoming pregnant by Craig.
'We were together for 22 years and I worked 24/7 to support my family because I loved my wife and kids. Joanne is one-in-a-million and a ­brilliant mother, but over time ­something happened to cause our love to break down.

'I thought it could be repaired, but she didn't,' he says.
'When I found out she was ­pregnant again, I felt so hurt because deep down I still loved her and felt the baby should be mine. Now, I have come to terms with it. I have a new partner and life has moved on.
'Craig seems a nice guy and I know Joanne loves him. If they get ­married, I'll take my hat off to him for taking on such a large family.
'When I went round there last ­Sunday and saw all my kids ­climbing over him and laughing I did feel upset, but it's better they are happy with him than not.
'I hope Joanne and Craig will be happy together and I wish them well, but I am my children's father and I will always be.'
So, a new baby. Number one for Craig, but number 16 for Joanne.
She knows what to expect, but does he?

1 comments:

Anonymous said...

အရင်ယောင်္ကျားကထောက်ပံကြေးမပေးဘူးလား...ကရိတ်အမေအကြောင်းလေးလည်းရှာတွေ့ ရင်တင်ပေးအုံး..ဘာလို့သူသားသမီးတွေပေါ်မှာဒီလိုလုပ်တာလဲဆိုတာကို