The curious case of shrinking genitalia in India

Saturday, November 13, 2010

အလိုဗျာ...တိုနာတဲ့ လေး...!!!


အိန္ဒိယနိုင်ငံ၊ ဂိုရီဂွန်း နယ်၊ အာရေးကိုလိုနီဒေသအနီးမှာတည်ရှိသည့် အလုပ်သမားစခန်းမှာနေထိုင်ကြ
သည့် အလုပ်သမားတစ်ချို့ ဟာ ၎င်းတို့ ရဲ့ ဖွားဖက်တော် လိင်အင်္ဂါများ တဖြည်းဖြည်းသေးငယ်ပြီး ဗိုက်ထဲ
ပြန်ရှုံ့ ဝင်သွားနေတာသိရှိ၊ တွေ့ မိခဲ့ ကြလို့ ညပေါင်းများစွာ မအိပ်နိုင်ပဲ သောကပွားနေခဲ့ ကြရပါတယ်....
ကြောက်ရွံ့ ထိတ်လန့် နေကြတဲ့ သူတွေဟာရေချိုးကန်တွေမှာ ထိုင်နေ၊ ရေစိမ်နေကြရပြီး မိသားစုဝင်တွေ
က ၎င်းတို့ ရောဂါသက်သာစေရန် ရေများလောင်းပေးကြရပါတယ်...

အဆိုပါရောဂါရှင်များရဲ့ ဆွေမျိုးများကတော့ အလုပ်သမားများဟာ ကိုရို လို့ ခေါ်တဲ့ တိုနာ ရောဂါတစ်မျိုး
ကို လွန်ခဲ့ သည့် စနေနေ့ ကတည်းကစပြီး ခံစားနေခဲ့ ကြရတာဖြစ်တယ်လို့ ဆိုကြပါတယ်...
ကိုရိုရောဂါခံစားခဲ့ ရသူတစ်ဦးဖြစ်သည့်  ဂိုဗင်ရိုင်း ဆိုသူက " လွန်ခဲ့ တဲ့ တနင်္ဂနွေနေ့ ညက ကျွန်တော့် တစ်
ကိုယ်လုံး အရမ်းပူလာတာ ခံစားခဲ့ ရပါတယ်...ကျွန်တော့် အင်္ဂါလည်း ရှုံ့ လာခဲ့ လို့ အရမ်းပဲ စိုးရိမ်ခဲ့ ရပါ
တယ်....နောက်တော့ ကျွန်တော့် သူငယ်ချင်းတွေအကြံပေးတဲ့ အတိုင်း ရေခဲထည့်ထားတဲ့ ရေချိုးကန်၊ရေ စည်ပိုင်းထဲကို ဆင်းပြီး ၃ နာရီ ၄ နာရီကြာအောင်ထိုင်နေခဲ့ ရပါတယ်..." လို့ သူကဆိုခဲ့ ပါတယ်...
 အဲဒီလိုလုပ်လိုက်မှပဲ သေလောက်တဲ့ ရောဂါကနေ သက်သာရာရခဲ့ တယ်လို့ ရိုင်းကထပ်ပြီးပြောပြခဲ့ ပါ
တယ်....
ထပ်မံစုံစမ်းစစ်ဆေးချက်များအရ အဆိုပါရောဂါမျိုးခံစားနေရသူပေါင်း အနည်းဆုံး ၂၅ ယောက်ရှိနေခဲ့ 
တယ်လို့ သိရှိရပါတယ်...
" ကျွန်တော်တို့ အားလုံးဟာ အောရစ်ဆ၊ ဘင်ဂေါ၊ ကိုလ်ကတ္တား နယ်များကဖြစ်ကြပါတယ်...ဒါပေမယ့် 
အောရစ်ဆ နဲ့ ဘင်ဂေါ နယ်က အမျိုးသားတွေသာ အမျိုးဆုံးထိုရောဂါခံစားကြရတာဖြစ်ပါတယ်..." လို့ 
ရိုင်းက ဆိုပါတယ်...
" လွန်ခဲ့ တဲ့ ညက ကျွန်တော်တို့ ဆရာဝန်ကိုအကြောင်းကြားပြီးခေါ်ပေးပါတယ်...ဒါပေမယ့် သူလည်း ဘာ
ကြောင့် အခုလိုရောဂါခံစားကြရတယ်ဆိုတာ မသိနိုင်ခဲ့ ပါဘူး.." လုပ်ငန်းခွင်မန်နေဂျာကဆိုပါတယ်...

ကိုရိုရောဂါ ခံစားရသူတစ်ဦးကလည်း " ကျွန်တော့် မှာ ရေခဲရေကြောင့် အေးလွန်းလို့ တုန်နေခဲ့ ရသလို ရော
ဂါကြောင့် ခန္ဓာကိုယ်မှ အပူရှိန်တွေလည်း တစ်ချိန်ထဲမှာ တက်နေရပါတယ်...ဒါပေမယ့် ရေထဲမှာပဲ ထိုင်နေ
ရတာပါပဲ...ဘာကြောင့် ဒီလိုရောဂါခံစားရသလဲဆိုတာလည်းမသိပါဘူး... အာသံက ဆွေမျိုးတွေက ဒီရော
ဂါနဲ့ ပါတ်သက်ပြီး အကြံပေးကြလို့ အဲဒီအတိုင်းလိုက်လုပ်လို့ အခုတော့သက်သာနေပါပြီ " လို့ ဆိုခဲ့ ပါတယ်..


ဟိုဟာ တိုလာနေသမို့ ...အလိုဗျာ...ကယ်တော်မူပါဗျို့ !!!...

ထိုဒေသမှ ရဲတပ်ဖွဲ့ ဝင်များလည်း အလုပ်သမားတန်းလျားကိုရောက်ရှိလာခဲ့ ပြီး အလုပ်သမားများကို စတင်
မေးမြန်းစစ်ဆေးနေခဲ့ ကြပါတယ်...
၎င်းတို့ ဟာ ဝေဒနာခံစားခဲ့ ရသူများနဲ့ တန်းလျားက တစ်ခြားအလုပ်သမားတွေဆီကပါ ထွက်ဆိုချက်တွေယူ
သွားခဲ့ ပါတယ်...
" ကျွန်တော်တို့ ဟာ ရောဂါခံစားခဲ့ ရသူတွေရဲ့ ပြောကြားချက်ကို မှတ်တမ်းတင်ထားမှာဖြစ်ပေမယ့်  တစ်
ကယ်တော့ ဒီကိစ္စဟာ ရဲအရေးပိုင်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး..." လို့ ရဲစုံထောက်အရာရှိ ဂီရစ်ရှ် အာဗန်ကာ
ကပြောကြားခဲ့ ပါတယ်...
ရောဂါဖြစ်ပွားစေနိုင်သည်ဟု သံသယရှိဖွယ်ဖြစ်သည့် ဓါတုဗေဒပစ္စည်းများ၊ ကြေးချွတ်ဆေးများ ထိုတန်း
လျားအနီးတစ်ဝိုက်မှာ မတွေ့ ရတာကြောင့် အဆိုပါရောဂါဟာ ကူးစက်ပျံ့ ပွားတာမဖြစ်နိုင်ဘူးလို့ ရှေးဦး
လေ့ လာစုံစမ်းစစ်ဆေးမှုများကတွေ့ ရှိထားခဲ့ ပါတယ်...
ကိုရို တိုနာရောဂါဟာ စင်္ကာပူမှာလည်း ၁၉၆၇ ခုနှစ်က ၁၀ရောက် ဖြစ်ပွားခဲ့ ပါသေးတယ်...
အစပထမပိုင်းတော့ ကာကွယ်ဆေးထိုးထားသည့်ဝက်များ၏ အသားကိုစားမိသူများ ထိုရောဂါဖြစ်ပွားခဲ့ 
တယ်လို့ သတင်းစာများက စောပိုင်းမှာဖော်ပြခဲ့ ပါတယ်...
ကာကွယ်ဆေးထိုးထားသည့် ဝက်တစ်ကာင် လိင်အင်္ဂါပြန်ရှုံ့ ဝင်ပြီးသေဆုံးခဲ့ တယ်လို့ သတင်းပေါ်ထွက်ခဲ့ 
ပြီးနောက် ၀က်သားစားသူများ ကိုရို တိုနာ ဖြစ်တယ်လို့ ကောလဟလများပျံ့ ပွားခဲ့ ပါတယ်...
ဆေးရုံတစ်ရုံထဲမှာပင် တစ်ရက်အတွင်း ထိုရောဂါဖြစ်ပွားကြောင်း ၉၇ ယောက်ရှိ ခဲ့ တယ်လို့ ဆိုခဲ့ ကြပါ
တယ်....

အနောက်အာဖရိကနိုင်ငံများမှာလည်း ယခုကဲ့ သို့ အမျိုးသားလိင်အင်္ဂါများ သေးငယ်ရှုံ့ တွသွားခဲ့ သည့် အ
ဖြစ်အပျက်ရောဂါ အနည်းငယ်ဖြစ်ပွားခဲ့ တယ်လို့ လည်း သတင်းများထွက်ပေါ်ခဲ့ ပါသေးတယ်...
ထိုအာဖရိကမှ ရေဂါရှင်များကတော့ထိုသို့ ခံစားရခြင်းကို ၎င်းတို့ နှင့် ထိတွေ့ ဆက်ဆံခဲ့ သူများက ၎င်းတို့ ရဲ့ 
လိင်အင်္ဂါများနှင့် စိတ်စွမ်းအားများပါ ခိုးယူခဲ့ တယ်လို့ လွဲမှားစွာ အဓိပ္ပါယ်ဖွင့် ဆို နားလည်ခဲ့ ကြပါတယ်....

ကျွန်တော်တို့ နိုင်ငံမှာလည်း ထိုရောဂါမျိုးဖြစ်တတ်ကြောင်း အရပ်ထဲမှာ အမျိုးသမီးကြီးတွေ ပြောကြတာ
ငယ်စဉ်က ကြားဖူးပါတယ်...
ပိုထူးဆန်းတာက ထိုရောဂါဟာအမျိုးသာများတင်သာမက အမျိုးသမီးများပါဖြစ်တတ်တယ်လို့ ဆိုတာပါပဲ...
ထိုရောဂါဖြစ်တဲ့ သူကိုအချိန်မီမကုယင်သေတယ်လို့ တောင်ဆိုကြပြီး သူတို့ ပြောတဲ့ရိုးရာအရပ်သုံးဆေး
နည်းကတော့ ( ပြောပါရစေတော့ဗျာ....)အမျိုးသားဖြစ်ယင် အမျိုးသမီးရဲ့ ဟိုနေရာက ကေသာအမွှေးကို
မီးရှို့ ပြီး အနံ့ ကိုရှူစေတယ်လို့ ဆိုပြီး အမျိုးသမီးဖြစ်ယင်တော့ ပြောင်းပြန်အနေနဲ့ အမျိုးသားရဲ့ တန်ခိုးထွား
တဲ့ နေရာက အမွှေးကို မီးရှို့ ပြီး အနံ့ ရှူရတယ်လို့ လည်း ပါးစပ်ပြောဆေးနည်း ရှိလေရဲ့ ....
ဒါကြောင့် အရေးပေါ်အခြေအနေမှာ လူ့ အသက်တစ်ချောင်းကယ်ကောင်းတဲ့ အနေနဲ့  စေတနာကောင်းနဲ့ 
အပြောင်မရှင်းထားဖို့ ပြောရမလို ဖြစ်နေပါတယ်....
ဖြစ်ဖို့ ကြောက်စရာကောင်းလှတဲ့ လူသိမခံဝံ့ တဲ့ ရောဂါတစ်မျိုးပါပဲ...


အင်္ဂလိပ်လိုသတင်းလေးပါ...
Several labourers living in a work camp near Aarey Colony in Goregaon have been spending sleepless nights after they found that the size of their genitals have been gradually reducing and getting inside the lower abdomen (Koro). The panicked sit in a bathtub and family members pour water on them to cure them. The relatives of the afflicted saidthat the workers have been suffering from Koro since Saturday. Govind Rai, a recent victim of Koro, said, "On Sunday night I experienced extreme heat emanating from my body. My genitalia were retracting and I was really worried. Later, on my friends' advice, I jumped into a tub of iced water and sat there for three to four hours."
Rai added that the treatment worked and he was cured of the deadly. Further investigations revealed that at least 25 people were suffering from the same ailment. "We all are from Orissa, Bengal, Kolkata, but I have noticed that men from Orissa and Bengal are suffering the most," said Rai. The construction site manager said, "We called the doctor last night but he, too, was unaware of the reason for the ailment." One of the victims of Koro said, "I am shivering because of the cold and the heat that is emanating from my body. But, I will sit in the water only. I am unaware why I am suffering from this disorder. My relatives in Assam guided me on the disease and now I am feeling better."

Police officials from Aarey Colony came to the labour camp and started questioning the labourers. They also took down the statements of the victims and other camp workers. Inspector Girish Ahvankar said, "We will record the statement of the victims. However, this is not a police case." Initial enquiry ruled out infection to be the cause of the epidemic, as no chemicals or detergents were present at the site
A koro epidemic struck Singapore in October 1967 for about 10 days. Newspapers initially reported that some people developed koro after eating the meat of pigs inoculated with anti-swine-flu vaccine. Rumours relating eating pork and Koro spread after a further report of an inoculated pig dying from penile retraction. The cases reported amounted to 97 at a single hospital unit within one day. A small-scale epidemic of genital shrinking was reported in West African nations. Victims in the African outbreaks often interpreted the experience as genital theft, accusing some one with whom they had contact of 'stealing' the organ and the spiritual essence.

3 comments:

ကိုဇော် said...

ဟုတ်တယ်...အဲဒါ ဆေးနည်း အမှန်ပဲ..
အဲဒီလိုပဲ ကြားဖူးထားတယ်။

မှတ်ချက်။ ။ ကိုယ်တိုင် လုံးဝ မဖြစ်ဖူးပါ :P

ရွှေရတုမှတ်တမ်း said...

ငယ်ငယ်က တွေ့ဖူး၏
post တပုဒ်
်ရေးဖို့ကြံနေသည်

Myint Ko said...

1998-ခုနှစ်က ထိုကဲ့သို့သော လူနာကို ကိုယ်တိုင်တွေ့ဖူး၏။ ဘာအမွှေးနှင့် အစားထိုး၍ ကုလို့ မရပါ။ သူ့ဟာနှင့် သူမှ အဆင်ပြေသွား၏။ ထူးဆန်းပါပေ့။