How Iraqi politicians get paid $1,000 a minute, don't make laws and live it up for free at Baghdad's finest hotel

Wednesday, November 3, 2010

အီရတ်က အံ့ ဖွယ်လွှတ်တော်အမတ်မင်းများ.....

အထဲကိုရောက်ဖို့ အရေးကြီးတယ်....ဘယ်အပေါက်ကပဲ ၀င်ရ၊ ၀င်ရ....
ရောက်သွားယင်ပွဲပြီးပြီ.... ( ကိုယ့် အတွက်ပြောတာ...)

အီရတ်နိုင်ငံမှ ပါလီမန်အမတ်နိုင်ငံရေးသမားများဟာ ယခုနှစ်အတွင်း တစ်မိနစ်ကို ဒေါ်လာ ၁ ထောင်နှုံး
ဖြင့် ( တစ်နှစ်လုံးတွင်မှ ) မိနစ် ၂၀ မျှသာအလုပ်လုပ်ပြီး လစာငွေကြေးများရရှိထုတ်ယူခဲ့ ကြပါတယ်...
၎င်းတို့ ဟာ ဆုကြေး ဒေါ်လာ ၉ သောင်းနှင့် လစဉ် လစာငွေ ဒေါ်လာ ၂၂၅၀၀ စီကို ဘာအလုပ်မျှ မယ်မယ်
ရရ မလုပ်ပဲ ရယူကြသည့် အပြင် မြို့ တော်ဘဂ္ဂဒက်၏ အကောင်းဆုံးဟိုတယ်တွင်လည်း အခမဲ့ တည်းခိုနေ
ထိုင်ခဲ့ ကြပါသေးတယ်....
လွန်ခဲ့ သည့် မတ် လတွင်တစ်ကြိမ် လွှတ်တော်အစည်းအဝေးကျင်းပခဲ့ ပြီးနောက် ဒုတိယမြောက်အကြိမ်အ
ဖြစ် ဥပဒေပြုအမတ်မင်း ၃၂၅ ယောက်တို့ လွှတ်တော်အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်နေစဉ်ယခုကဲ့ သို့ 
၎င်းတို့ ၏ စည်းစိမ်ယစ်မူးမှုများနှင့် အဆမတန်များပြားသည့် လစာငွေများအကြောင်းပေါ်ထွက်လာခဲ့ ခြင်း
ဖြစ်ပါတယ်...

Hard work: Iraqi MPs debating in parliament. They get $22,500 a month and perks at Baghdad's finest hotel
ရိုးသား၊ ကြိုးစား တစ်လ ဒေါ်လာ ၂၂၅၀၀ လုပ်အားဖြင့် အကောင်းဆုံးဟိုတယ်မှာနေထိုင်ပြီး
နိုင်ငံတော်သစ်ကိုချီတက်ကြမယ်....
Hard work: Iraqi MPs debating in parliament. They get $22,500 a month and perks at Baghdad's finest hotel

ယခုအခါမှာတော့ နေ့ စဉ်စားလောက်ရုံမျှသာ ၀င်ငွေရအောင်ရုန်းကန်နေကြရသည့် သာမာန်အီရတ်ပြည်
သူများအနေဖြင့် နိုင်ငံရေးသမားများအဆင့် အတန်းမြင့် စွာ စည်းစိမ်ယစ်ကာအခွင့် ထူးခံနေကြ
သည့် အပေါ်စိတ်ဆိုးဒေါသထွက်ကာ နောင်တရလျှက
်ရှိလာနေကြပါတယ်...
အလယ်အလတ်အဆင့် ရှိ အစိုးရ၀န်ထမ်းတစ်ဦးဟာ လစဉ်လခငွေ ဒေါ်လာ ၆၀၀ လောက်သာရပြီး သာမန်
ပြည်သူများကတော့ သောက်သုံးရေနှင့် တစ်ကွ လျှပ်စစ်မီးများပါ ပြတ်လပ်လျှက်ရှိနေကြရပါတယ်....
( အာဏာရ ပါတီရဲ့ ဥပဒေပြုအမတ် ) နိုင်ငံရေးသမားတစ်ယောက် ရဲ့ အခြေခံလစာကတော့ ဒေါ်လာ
၁၀၀၀၀ ဖြစ်ပြီး သာမန်အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တစ်ယောက်ရဲ့ လစာထက် ဒေါ်လာ
၄၅၀၀ သာလျော့ နည်းတာဖြစ်ပါတယ်...

၎င်းအပြင် အမတ်တစ်ဦးဟာ နေအိမ်နှင့် လုံခြုံရေးရေးဆိုင်ရာထပ်ဆောင်းခွင့် ပြုငွေ ဒေါ်လာ ၁၂၅၀၀  လ
စဉ်ရရှိနေသေးတာမို့ ထိုနှစ်ခုပေါင်းကပင် လစဉ် ဒေါ်လာ ၂၂၅၀၀ ကျော်ရရှိနေပြီဖြစ်ပါတယ်...
ထို့ အပြင်၎င်းတို့ ဟာ လွှတ်တော်အစည်းအဝေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုံခြုံရေးအရ ပိုမိုစိတ်ချရ
တဲ့ ဘဂ္ဂဒက်မြို့ တော်ရဲ့  ရာရှစ် ဟိုတည်မှာလည်း အခမဲ့ ညအိပ်နေထိုင်တည်းခိုခွင့် ရကြပါသေးတယ်...
နိုင်ငံအတွင်းနှင့် ပြည်ပခရီးများထွက်ခွာသွားလာခဲ့ လျှင်လည်း နေ့ စဉ်အသုံးစားရိတ် ဒေါ်လာ ၆၀၀ ထုတ်ယူ
ရရှိနိုင်ပြန်ပါသေးတယ်....
တာဝန်မှ အနားယူပြီးသည့် တိုင် မူလ၊ လစာရဲ့ ၈၀ ရာခိုင်နှုံးကိုလည်း တစ်သက်တာလုံးအငြိမ်းစားလစာအ
ဖြစ်ခံစားရရှိမည့် အပြင် ( အထူးအခွင့် အရေးများရသည့် ) ၎င်းတို့ ကိုယ်တိုင်နှင့် မိသားစုဝင်များပါသံတ
မန်နိုင်ငံကူးလက်မှတ် ကို ၈ နှစ်ကြာထပ်မံကိုင်ဆောင်ထားနိုင်မှာဖြစ်ပါတယ်....

သွားလေသူ ကမ္ဘာကျော် ဆက်ဒမ်ဟူစိန်....

၂၀၀၃ ခုနှစ် ဆက်ဒမ်ဟူစိန် အာဏာရှင်အစိုးရပြုတ်ကျပြီးကတည်းက ဒုတိယအကြိမ်မြောက် ရွေးချယ်တင်
မြောက်ခြင်းခံရတဲ့ ပြည်သူ့ လွှတ်တော်အနေဖြင့် လွန်ခဲ့သည့် ဇွန်လ က မိနစ် ၂၀ ကြာမျှ အစည်းအဝေးပြု
လုပ်ပြီးက တည်းကစပြီးယခုအချိန်အထိ ထပ်မံအစည်းအဝေးပြုလုပ်ရန် ပျက်ကွက်ခဲ့ ပါတယ်...
နိုင်ငံရေးပါတီအစုအဖွဲ့ အများအကြား သဘောထားအယူအဆပြင်းထန်စွာ ကွဲပြားမှုကြောင့် အစိုးရအသစ်
မဖွဲ့ စည်းနိုင်သေးသည့် အပြင် ဥပဒေအသစ်တစ်ခု အတည်ပြုဖို့ နေနေသာသာ ထိုအကြောင်းအရာအတွက်
ပင် မဆွေးနွေးနိုင်ပဲရှိနေခဲ့ ကြပါတယ်...
သို့ သော်လည်း အမတ်မင်းများအနေနှင့် နောင်လာမည့် ၎ နှစ်အထိ အသုံးစားရိတ် ဒေါ်လာ ၉၀၀၀၀ ထုတ်
ယူရရှိနိုင်မည့် အခွင့် အလမ်းရရှိနိုင်မည့် လွှတ်တော်ကိုတော့ ဆက်လက်တည်ရှိနေဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။
ဗလီဝတ်ကျောင်းတစ်ခုမှာပြုလုပ်တဲ့ ဟောပြောချက်တစ်ခုမှာ အီရတ်နိုင်ငံရဲ့ ထိပ်တန်း ရှီးအိုက် ဘာသာရေး
ခေါင်းဆောင်တစ်ဦးရဲ့ လက်ထောက်က ယခုလာမည့် အစည်းအဝေးတွင် ပါလီမန်လွှတ်တော်အမတ်များအ
နေဖြင့် ၎င်းတို့ ၏ လစာများ လျော့ ချဖို့ တိုက်တွန်းခဲ့ ပါတယ်...

" အမတ်မင်းများရဲ့ လစာငွေကြေးများဟာ အာဏာမူးယစ်ဇိမ်ခံနိုင်တဲ့ အခြေအနေမျိုးမရောက်အောင်အ
ကြံပြုတောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော် သဘာဝကျပါတယ်...." လို့  အာမက်အယ်လ်ဆဖမီ ကဆို
ခဲ့ ပါတယ်...
" ဒါဟာ တစ်ကယ့် ကိုအရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်...သူတို့ တစ်တွေဘာကြောင့် မသိချင်ယောင်
ဆောင်နေကြသလဲဆိုတာတော့ မသိတော့ပါဘူး..." လို့ လည်းသူကဆိုပါတယ်...
အီရတ်ပြည်သူများအနေဖြင့် နှစ်ပေါင်းများစွာအာဏာရှင်ဆန်စွာအုပ်စိုးမှုပြီးဆုံးခဲ့ ပြီးနောက် ဒီမိုကရေစီအ
ရေးအတွက် မျှော်လင့် ချက်ကြီးစွာအင်တိုက်အားတိုက်မဲပေးခဲ့ ကြပေမယ့်  စစ်ပွဲများ၊ လူမျိုးရေး၊ ဘာသာ
ရေးအဓိကရုဏ်းများကြောင့် နိုင်ငံရေးသမားများဟာ ၎င်းတို့ ရဲ့ ကိုယ်ကျိုးစီးပွားကိုသာ အလေးပေးဆောင်
ရွက်ခဲ့ တယ်လို့ ယုံကြည်ပြီးနာကျည်းခဲ့ ကြပါတယ်....
" ( နိုင်ငံအကျိုးစီးပွားအတွက် ) စွမ်းစွမ်းတမံလုပ်ဆောင်ကြရမယ့် အစား သူတို့ ဟာ လစာများယူပြီးအပန်း
ဖြေနေကြတာပါပဲ..." လို့ တောင်ပိုင်းမြို့ တော် ဘာဆရာ မှ အုပ်ချူပ်မှုကောင်စီအဖွဲ့ ရဲ့ အငြိမ်းစားရုံးစာရေး
ဝန်ထမ်း ဂျလယ်မိုဟာမက် ကပြောကြားခဲ့ ပါတယ်...
" ကျွန်တော်ကတော့ လွှတ်တော်အမတ်တွေကို နိုင်ငံအတွက် တစ်စုံတစ်ရာကောင်းကျိုးဆောင်ရွက်နိုင်မှ
လစာ၊ ဆုကြေးပေးသင့် တယ်လို့ ထင်ပါတယ်..." လို့ သူကဆိုခဲ့ ပါတယ်...

အမတ်မင်းများကတော့ နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်များမှာ ပါဝင်ဆောင်ရွက်နေခဲ့ ကြတဲ့ ၎င်းတို့ ရဲ့ ဘ၀တွေဟာ
အသက်အိုးအိမ်စည်းစိမ်များ စွန့် လွှတ်အနစ်နာခံခဲ့ ရတဲ့ အတွက် ထိုသို့ များပြားတဲ့ လစာများ၊ အခွင့် အရေး
များ ရရှိခံစားတာ တရားမျှတပါတယ်လို့ ဆင်ခြေပေးကြပါတယ်...
" ကျွန်တော်တို့ ဟာကိုယ့် အိမ်မှာ၊ ကိုယ့် လမ်းမှာ၊ နောက်ဆုံးလွှတ်တော်ထဲမှာတောင် အကြမ်းဖက်မှုတွေ
နဲ့ ရင်ဆိုင်ခံနိုင်ရတာဖြစ်ပါတယ်..." လို့  ၀န်ကြီးချူပ်ရဲ့ နိုင်ငံတော်တရားဥပဒေစိုးမိုးရေးပါတီရဲ့ ဘာဆရာမြို့ 
နယ် ကိုယ်စားလှည်အမတ် ရှိတ်ဟိုက်ဒါ အယ်လ်ဂျိုရနီ ကဆိုခဲ့ ပါတယ်...

သို့ ကလိုအခြေအနေများဖြစ်မလာဘူးလို့ မည်သူများပြောနိုင်ပါမည်နည်း...
ထို့ အတွက်ကြောင့် အမတ်မင်းများဖြစ်လိုသူများက ဘယ်သူတွေဘာပဲပြောပြော ၀င်ရယင်ပြီးရောဆိုပြီး အ
ပြောချိုချို ( တစ်ချို့ များတော့ တင်အတုတောင်တတ်သေးတယ်ဆိုပဲ...အမြင်ကောင်းအောင်ပေါ့ လေ..)
သီချင်းချိုချိုတွေဆိုပြီး  မဲဆွယ်တာတွေဖြစ်နေတာပေါ့ ဗျာ....

မူရင်းအင်္ဂလိပ်လိုသတင်းလေးပါ....
Politicians in Iraq have raked in more than $1,000 a minute for working just TWENTY minutes this year.
They picked up a fee of $90,000 and a monthly salary of  $22,500 a month for doing next to nothing and staying free in Baghdad's finest hotel.
Their lavish perks and salaries emerged as the 325 lawmakers prepared to hold second parliamentary session since the election last March.
But there is growing resentment among  ordinary Iraqis struggling to make ends meet  that politicians are living the high life.
A mid-level government employee makes around $600 a month and ordinary people lack basic services like water and electricity.
A politician's basic monthly salary is $10,000 - just $4,500 short of that of rank-and-file members of the U.S. Congress.

In addition, an MP gets a $12,500 monthly allowance for housing and security arrangements, for a combined total of $22,500.

They also get to spend nights free at Baghdad's Rasheed Hotel in the relatively safe environment of the Green Zone, regardless of whether parliament is in session. And they collect a $600 per day when traveling inside or out of Iraq.
Once out of office, they get 80 percent of their salary monthly for life, and for eight years they can keep the diplomatic passports that they - and often their families - are issued.
Since June, when the lawmakers first met for 20 minutes, Iraq's second elected parliament since the 2003 overthrow of Saddam Hussein's regime has failed to convene.
Sharp divisions among political blocs have prevented the formation of a new government, and not a single law has been debated, much less passed.
But it did decide to leave the session open which allowed MPs to pick up a $90,00 fee to cover their expenses over the next four years.
In a mosque sermon, an aide to Iraq's top Shiite cleric urged parliament to lower their salaries when they next meet.
'It's reasonable to request the lawmakers' salaries do not reach a lavish level,' Ahmed al-Safi said.
'This is a very important issue ... I do not know why they keep turning a blind eye to it.'
Meanwhile, Iraqis who voted in large numbers in hope of strengthening their democracy after years of authoritarian rule, war and sectarian violence have grown bitter at the politicians they chose to represent their interests.
'Instead of working hard and doing a good job, they are enjoying a paid vacation,' said Jalal Mohammed, a retired clerk for the administrative council in the southern city of Basra.
'I think the parliament members should only be paid if they do something useful for their country.'
Lawmakers justify high salaries and benefits saying they risk their lives participating in the political process.
'We are exposed to violent incidents in our houses, on the streets, and even in the parliament,' said Sheik Haidar al-Jorani, a Basra lawmaker with the prime minister's State of Law party

0 comments: