Sunday, November 14, 2010

Indian doctor prepares to dissect his father's body


အိန္ဒိယနိုင်ငံမှ ဆေးပညာသင်ကြားရေးဆိုင်ရာ ဆရာဝန်တစ်ဦးဟာ ဆေးတက္ကသိုလ်တစ်ခုမှ ကျောင်းသူ၊
ကျောင်းသားများ ခန္ဓာဗေဒဘာသာရပ် သုတေသနပြုလေ့ လာရာတွင် ကူညီသင်ကြားပေးရန်အတွက် မ
ပုပ်မသိုးရန် ဆေးစိမ်ထားသည့် ၎င်း၏ဖခင်ရဲ့ ရုပ်အလောင်းကို ခွဲစိတ်ဖြတ်တောက်ပြသနိုင်ရန်အတွက် အား
တင်း ဆောင်ရွက်ခဲ့ ပါတယ်...
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတကာ ပြည်နယ်မှာ ပြုလုပ်ခဲ့ တဲ့ အဆိုပါ ခွဲစိတ်မှုလေ့ လာသင်ကြားရေးသ
ရုပ်ပြမှုဟာ ( ဆရာဝန် သားသမီးတစ်ဦးက မိဖအရင်းရဲ့ ရုပ်အလောင်းကိုခွဲစိတ်ဖြတ်တောက်မှု ) အိန္ဒိယနိုင်
ငံမှာတော့ ပထမဦးဆုံးဖြစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်...
၎င်းလုပ်ဆောင်ရမယ့် ကိစ္စတာဝန်ဟာ ခက်ခဲပြီး စိတ်ပင်ပန်းဖွယ်ရာဖြစ်ပေမယ့် လည်း သူ့ အနေနဲ့ တစ်ခြား
ရွေးချယ်စရာမရှိခဲ့ ပါဘူးလို့  ဒေါက်တာ မဟတ်တက်ရှ် ရာမန်နာဗာ ကပြောကြားခဲ့ ပါတယ်...
( ကွယ်လွန်သူ ) ၎င်းရဲ့ ဖခင်ဟာ ဗြိတိသျှကိုလိုနီ အုပ်ချူပ်မှု ကိုဆန့် ကျင်တိုက်ခိုက်ခဲ့ တဲ့ ထင်ရှားကျော်
ကြားတဲ့ တိုင်းရင်းဆေးဆရာ၊ အာယုဗေဒ ဆရာ တစ်ဦးဖြစ်ပြီါ် လွန်ခဲ့ တဲ့ ၂ နှစ် အသက် ၈၉ နှစ်အရွယ်မှာ
ကွယ်လွန်ခဲ့ တာဖြစ်ပါတယ်...
သူ့ ရဲ့ သေတမ်းစာမှာတော့ သူ့ ရဲ့ ရုပ်အလောင်းကို သားဖြစ်သူ ဆရာဝန်က ဆေးပညာဆိုင်ရာ သင်ကြားမှု
သုတေသန အတွက် ခွဲစိတ်ပေးရမယ်လို့ ရေးသားဖော်ပြထားခဲ့ ပါတယ်...


အသည်း၊ အဆုတ်နှလုံး၊ ခွဲထုတ်သုံးလို့ ....အဖေ့ ဆန္ဒပြည့် ဝစေရပါ့ မယ်....
လွယ်တော့ မလွယ်ဘူးနော်....


အသက် ၄၀ အရွယ်ရှိ ဒေါက်တာမဟန်တက်ရှ် ကတော့ ဖခင်ဖြစ်သူရဲ့ ဆန္ဒကို သူ့ ရဲ့ ကွယ်လွန်ခြင်း ၂ နှစ်
မြောက်တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ မှာ ဘန်ဂလိုမြို့ ရဲ့ မြောက်ဖက် ၃၄၂ မိုင်အကွာမှာရှိတဲ့ ဘယ်လ်ဂုန်းအ
ရပ်က ကန်ကန်ဝတီအာယုဗေဒ ဆေးကောလိပ်မှာ ဖြည့် ဆည်းပေးမှာ ( အလောင်းကို ခွဲစိတ်သင်ကြားပြသ
ပေးမှာ ) ဖြစ်ပါတယ်...
သူဟာ လူ့  သွေးလည်ပတ်မှုအကြောင်း သုတေသနပြုခဲ့ သူအင်္ဂလိပ်လူမျိုးသမားတော် ၀ီလံဟာဗေးကို စံန
မူနာထား အားကျ အတုယူခဲ့ ကြောင်းပြောကြားခဲ့ ပါတယ်...
မစ္စတာဟာဗေးဟာ သူ့ ရဲ့ ဆေးသိပ္ပံပညာဆိုင်ရာ သုတေသနအတွက် ညီမဖြစ်သူရဲ့ ရုပ်အလောင်းကို ခွဲစိတ်
ဖြတ်တောက်ကာ လေ့ လာကြည့် ရှု သုတေသနပြုခဲ့ တယ်လို့ ဆိုပါတယ်...
" ကျွန်တော်ကတော့ အခုလိုပြုလုပ်လိုက်ခြင်းအားဖြင့် တစ်ခြားသူတွေလည်း ကွယ်လွန်ခဲ့ ယင်ရုပ်အလောင်း
တွေ  ( သုတေသနပြု လေ့ ကျင့် သင်ကြားဖို့ ) လာရောက်လှူဒါန်းကြလိမ့် မယ်လို့ မျှော်လင့် ပါတယ်...
ဒါဟာ ကမ္ဘာကို ကျွန်တော်ပြောချင်တဲ့ သတင်းစကားပါပဲ..." လို့ ဒေါက်တာ မဟန်တက်ရှ် ကဆိုခဲ့ ပြီး ၎င်း
ရဲ့ ဆုံးဖြတ်ချက်နဲ့ ပါတ်သက်ပြီး မိခင်ဖြစ်သူနဲ့ မိသားစုဝင် ညီကိုမောင်နှမများကလည်း စိတ်မဆိုးခဲ့ ကြပါဘူး
လို့ ပြောကြားခဲ့ ပါတယ်...
" ကျွန်တော့ ရဲ့ မိသားစုက လုံးဝမကန့် ကွက်ခဲ့ ကြပါဘူး...သူတို့ က ကျွန်တော့ ကိုထောက်ခံအားပေးခဲ့ ကြ
ပါတယ်...တစ်ကယ်တော့ ဒါဟာလည်း ဖခင်ကြီးဆန္ဒရှိခဲ့ တာပါပဲ..." လို့ သူကဆိုခဲ့ ပါတယ်...

ပညာရှင်တစ်ယောက်ရဲ့ စေတနာနဲ့ ဝေဒနာ ပါပဲ...


A doctor in India is steadying his nerves to dissect his father's embalmed body to help anatomy students' research at a medical college. The operation in the southern state of Karnataka is said to be the first such case in India. Dr Mahantesh Ramannavar said that the task was challenging but he had no choice.
His father, who fought against British colonial rule, was a renowned ayurvedic (traditional medicine) doctor. He died two years ago, aged 89, and stipulated in his will that his corpse should be cut open by his doctor son for medical research.
Dr Mahantesh, 40, will fulfil his father's wishes at the Kankanwadi Ayurved medical college in Belgaum, 550km (342 miles) north of Bangalore, on the second anniversary of his death on 13 November. He said that he was inspired by the English physician William Harvey, famed for his research into the human circulatory system. Mr Harvey is credited with dissecting the body of his sister in his pursuit of better medical science.
"I hope my gesture will help others to donate bodies. This is a message I want to convey to the world," Dr Mahantesh said. His said that his decision had not upset his mother and family members. "There is no opposition from my family. They are supporting me. This is because this is what he willed," he said.

0 comments: