Indian village bans single girls from using mobile phones over forbidden marriage fears

Thursday, November 25, 2010


သတိ !!! အပျိုမှန်လျှင် ဖုံးမကိုင်ရ...

လက်ခ်ျမီးနော်...ယောကျာင်္းရှိတယ်....ဖုံးပြောလို့ ရတယ်....
Married women can use mobiles - but not singles in Lank (not shown in picture)

အိန္ဒိယနိုင်ငံမှ ရွာတစ်ရွာတွင် အိမ်ထောင်မကျသေးသည့် မိန်းမပျိုများအား အမျိုးဇတ်ကြောင့် သဘော
မတူသူများနှင့် ခိုးရာလိုက်ပြီး လက်ထပ်နိုင်ရန် ချိန်းဆိုစီစဉ်ခြင်းမှတားဆီးနိုင်ရန် အပျိုမိန်းကလေးများအား
မိုလ်ဘိုင်းဖုံးများ အသုံးပြုခွင့် မပေးတော့ ဟုဆိုပါတယ်...
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ လန့် ခ်ကျေးရွာကောင်စီမှ လူပျိုများကိုတော့ မိဘအုပ်ထိမ်းသူများရဲ့ ကြီးကြပ်မှု
ဖြင့် မိုလ်ဘိုင်းဖုံးများအသုံးပြုနိုင်မှာဖြစ်ပေမယ့် အပျိုလေးများကတော့ လုံးဝအသုံးပြုခွင့် မရနိုင်ဘူးလို့ ဆုံး
ဖြတ်ခဲ့ ပါတယ်...
ယခုသတ်မှတ်လိုက်တဲ့ စည်းကမ်းဟာ ခေတ်နောက်ပြန်ဆွဲပြီး တရားမျှတာမှုမရှိဘူးလို့ ဒေသခံအမျိုးသမီး
အခွင့်အရေးအဖွဲ့ ကဝေဖန်ပြောကြားလိုက်ပါတယ်...
အိန္ဒိယနိုင်ငံမြောက်ပိုင်းရဲ့ အချို့ သောဒေသများမှာ ဟိန္ဒူဓလေ့ ထုံးတမ်းစဉ်လာ အရမိသားစုမျိုးနွယ်တစ်
ခုထဲမှ အမျိုးသားနှင့် အမျိုးသမီးများ ( လူပျို၊ အပျို အချင်းချင်းလက်ထပ်ခြင်း ) ကိုတားမြစ်ထားပြီး ၎င်းတို့ 
ရဲ့ အိမ်ထောင်ရေးကိစ္စများကို မိဘဆွေမျိုးများက စီစဉ်ပေးနေကျဖြစ်ပါတယ်....
ရှေးရိုးဆန်သည့် ကျေးလက်ဒေသများမှာ ထိုအစဉ်အလာကို ဆန့် ကျင်ပြီးလက်ထပ်သူများကို မိသားစုဂုဏ်
သိက္ခာကိုထိမ်းသိမ်းသောအားဖြင့်သတ်ဖြတ်အပြစ်ပေးခြင်းဟုဆိုသည့် အကြောင်းပြချက်ဖြင့် သတ်ဖြတ်ကာ
ဒါဏ်ခတ်လေ့ ရှိပါတယ်...

အားကို!!!...ဒါနောက်ဆုံးပဲနော်...အဘတို့ ကနောက်ဆို ဖုံးပေးမကိုင်တော့ ဘူးတဲ့ ...
နောက်ဆို ညောင်ညိုပင်အောက်ကောက်ရိုးပုံမှာချိန်းတွေ့ ကြမယ်...ဘိုင်းဘိုင်...

တစ်ချို့ ဖြစ်ရပ်များမှာ ထိုကျေးရွာကောင်စီလူကြီးများကိုယ်တိုင် ထိုပြစ်ဒါဏ်ကိုချမှတ်ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့ 
အနေနဲ့ မကြာခဏ၀င်ရောက် တားမြစ်ခဲ့ ကြရတယ်လို့ ဆိုပါတယ်...
လူငယ်ကာလသားများနှင့် ရွာသူမိန်းမပျိုလေးများဟာ တားမြစ်ကန့် ကွက်ထားသည့် ကြားမှ မိုလ်ဘိုင်းဖုံး
ဖြင့်အချင်းချင်း ဆက်သွယ်ချိန်းဆိုကာ ခိုးပြေးကြမည်ကို ရွာလူကြီးများက စိုးရိမ်နေခဲ့ ကြပါတယ်...

လွန်ခဲ့ သည့် လမှာပင် လန့် ခ်ကျေးရွာ ပါဝင်သည့် အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ ရှ်ပြည်နယ်မှ မူဇက်ဖာနဂါ
နယ်မြေဒေသအတွင်း စုံတွဲပေါင်း ၃၄ တွဲ ခိုးရာလိုက်ပြေးခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ ကဆိုပါတယ်...
ထိုသို့ ချစ်၍ခေါ်ရာလိုက်ခဲ့ ပါသည့် စုံတွဲများထဲမှ ၈ ဦးကတော့မိသားစုဂုဏ်သိက္ခာ ကျစေတဲ့ အတွက်ဆိုပြီး
သတ်ဖြတ်ခံ ခဲ့ ရတယ်လို့ လည်း ရဲတပ်ဖွဲ့ ကဆိုပါတယ်...
မျိုးနွယ်တူ ( ဆွေမျိုးနီးစပ် ) ကောင်လေးများနှင့်ခိုးရာလိုက်ပြေးသွားခဲ့ တဲ့ မိန်းကလေး ၃ ယောက် ကို ၎င်း
တို့ မိသားစုမှ ( ဖခင်၊ ဦးကြီး၊ ဦးလေး၊ အစ်ကို ) အမျိုးသားများက ခေါင်းဖြတ်သတ်လိုက်ကြတယ်လို့  ပြည်
နယ်ဒုတိယရဲအကြီးအကဲ ဘရစ်ဂ်ျလဲယ်လ် ကပြည်နယ်မြို့ တော် လပ်ခနောင်းမှာ ပြောကြားခဲ့ ပါတယ်...

ပန်ချယတ် လို့ ခေါ်တဲ့ ကျေးရွာအုပ်ချူပ်ရေးကောင်စီကို ရွာထဲမှလူထုက ရွေးချယ်တင်မြှောက်တဲ့ သက်ကြီး
ရွယ်အိုများ (အသက်အရွယ်ကြီးသူများ ) ဖြင့် ဖွဲ့ စည်းထားလေ့ ရှိပြီး ၎င်းတို့ ရဲ့ ဆုံးဖြတ်ချက်များဟာ ဥပဒေ
ကဲ့ သို့ လိုက်နာရမည့် အရာမျိုးမဟုတ်ပေမယ့် ရွာလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုတာဖြစ်တယ်လို့ လက်ခံကြ
ပြီး ထိုဆုံးဖြတ်ချက်၊ စည်းကမ်းများကို ချိုးဖောက်သူများကိုတော့ ရွာလူထုက ၀ိုင်းကြဉ်လေ့ ရှိပါတယ်...
ဥတ္တာပရာဒေ့ ရှ်ပြည်နယ်မှာတော့ ပန်ချယတ်များ ( ရွာကောင်စီလူကြီးများ ) ဟာသြဇာအာဏာအရှိန်အ၀ါ
ကြီးမားကြပြီး မျိုးနွယ်စုတစ်ခုထဲကမွေးဖွားလာကြတဲ့ ယောကျာင်္းလေးများနဲ့ မိန်းကလေးများဟာ မောင်နှမ
အရင်းတွေပဲ လို့ ယူဆကြရမယ်လို့ ပြောဆိုကြေငြာထားခဲ့ ကြပါတယ်...

ယခုကဲ့ သို့ အိမ်ထောင်မပြုရသေးသည့် အမျိုးသမီးများ ( မိန်းမပျိုလေးများ ) အား မိုလ်ဘိုင်းဖုံးအသုံးပြုခြင်း
မှ တားမြစ်တာဟာ ထိုပြည်နယ်အနောက်ပိုင်းရှိ ၃သန်းမျှသော လူဦးရေရှိသည့် ဒေသအတွင်း မျိုးနွယ်စုအ
တွင်း အချင်းချင်းပြန်လည် ချစ်ကြိုက်လက်ထပ်ပေါင်းသင်းခြင်းကို ဟန့် တားထိန်းချူပ်နိုင်ဖို့ ကြိုးပမ်းမှု တစ်
စိတ်တစ်ဒေသ ဖြစ်ပါတယ်....

သြော်....
အမျိုးချစ်တဲ့ ပုဂ္ဂိုလ်လေးတွေရဲ့ ဖိတ်ချင်းဖိတ်ကိုယ့် အိတ်ထဲဖိတ်တာကိုများ လူကြီးတွေက ဘာကြောင့် ကန့် 
ကွက်နေကြသလဲမသိပါဘူးဗျာ...
အရင်းအချာတွေ၊ နီးစပ်တဲ့ ဝမ်းကွဲတွေ မဟုတ်ယင်ပြီးတာပဲမဟုတ်ပါလား...

အင်္ဂလိပ်လိုသတင်းလေးပါ....
Single women have been banned from using mobile phones in an Indian village - to stop them arranging forbidden marriages that are often punishable by death.
Lank village council, in northern India, decided that unmarried men can use mobile phones, but only under parental supervision, while women were forbidden outright.

Local women’s rights group criticized the measure as backward and unfair.

Marriages between members of the same clan are forbidden under Hindu custom in some parts of north India, where unions are traditionally arranged by families.

In conservative rural areas, families sometimes mete out extreme punishments, including so-called honour killings, for those who violate marriage taboos.

In some cases, village councils themselves have ordered the punishments, though police often intervene to stop them.

The Lank village council feared young men and women were secretly calling one another to arrange forbidden elopements.

Last month, 34 couples eloped in Muzaffarnagar district, where Lank is located in the state of Uttar Pradesh, police said.

Among the couples who eloped, eight honour killings have been reported in the last month, police said.

‘Three girls were beheaded by the male members of their family after they eloped’ with boys from their same clan, said police assistant director general Brij Lal in the state capital of Lucknow.

Rulings by village councils - called panchayats and comprised of village elders selected by the community - are not legally binding in India, but are seen as the will of the local community, and those who flout them risk being ostracized.

In Uttar Pradesh, panchayats are particularly powerful and have declared that boys and girls of the same clan are essentially siblings.

The mobile phone ban for unmarried women is part of a wider, regional effort to curb intraclan marriage among the 3million population of western Uttar Pradesh.

3 comments:

မိုးယံ said...

စိတ်ပျက်စရာ အယူအဆ အတွေးအခေါ်တွေလို့ပဲ မြင်ပါတယ်။ အဲဒီ ဒေသကြီးမှာ မြတ်ဗုဒ္ဓ တရားတွေက ကွယ်ခဲ့တာ ကြာခဲ့ပြီကိုး.....

hninhnin said...

Once upon a time, they had married even half bro or half sis.Some still get merried to 1st coursin nowadays.It's up to the regional elders.

Unknown said...

ဓါတ်ပုံကိုကြည့်ပြီးဘာသာပြန်ထားတဲ့ စာသားလေးကို
အရမ်းသဘောကျတယ် အားကိုရာ...။