Monk beats follower to death

Monday, June 20, 2011

ထိုင်ဝမ်က မဟာယာနဘုန်းဘုန်းရဲ့ မေတ္တာ....

Da Guan temple
Da Guan temple
စိတ်ချမ်းမြေ့ ဖွယ် ကျောင်းမှာမှ စိတ်မချမ်းမြေ့ ဖွယ် အဖြစ်အပျက်က ဖြစ်ပွားခဲ့ ရပါတယ်...
ဘာသာရေးခေါင်းဆောင်တစ်ဦးအနေနဲ့ အပြောနဲ့ အလုပ် တစ်ထပ်ထဲကျဖို့ လည်း အရေးကြီးပါတယ်...

ထိုင်ဝမ်နိုင်ငံမှ မဟာယာနဘုန်းတော်ကြီးတစ်ပါးဟာ ၎င်းရဲ့ နောက်လိုက်တပည့် တစ်ဦးကို ဘုန်းကြီးကျောင်း
ရဲ့ ပရ၀ိုဏ်အပြင်တွင် အသက်သေသည်အထိထိုးကြိတ်ရိုက်နှက်ခဲ့ ပါတယ်...
မျိုးနွယ်စုအမည် ချိုင် ဟု ခေါ်သည့် ဆရာတော်ရင်ရု ကို ရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့ ပါတယ်...၎င်းမှာယခင်ကာလ
များကလည်း လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ပါဝင်ပါတ်သက်ခဲ့ ကြောင်း မှုခင်းမှတ်တမ်းများအရ
တွေ့ ရှိရပါတယ်...
အခင်းဖြစ်ပွားပုံမှာ လွန်ခဲ့ သည့် ရက်သတ္တပါတ်က ချိုင် ဘုန်းကြီးဟာ ကောင်းရှန်း အရပ်၊ ဒါဂွမ်း ကျောင်းမှ
ဆရာတော် ရှင်းကောင် ထံသွားရောက်လည်ပါတ်ခဲ့ ရာမှစခဲ့ ပါတယ်...

ချိုင် ကိုယ်တော်က တပည့် တပန်းများနှင့် ထိုကျောင်း၏လေသာဆောင်တွင် ညနေပိုင်း လက်ဘက်ရည်ဝိုင်း
ဖွဲ့ ၍သောက်နေစဉ် ၎င်းတို့ အထဲမှ အသက် ၃၂ နှစ်အရွယ်ရှိ ပန်ရှီဝေ ဆိုသူက " ဆရာတော်ဟာ ဘုန်းကြီး
ဖြစ်နေလျှက်နဲ့ ဘာကြောင့် စကားပြောတိုင်း ယုတ်မာညစ်ညမ်းတဲ့ စကားလုံးများ အသုံးပြုပြောနေရတာပါ
လည်း " ဟုမေးမြန်းခဲ့ပါတယ်...
ထိုအခါ ဘုန်းကြီးမှ စိတ်ဆိုးဒေါသထွက်ပြီး ပန် ကိုကြိမ်းမောင်းငေါက်ငန်း၊ ဆူပူပြောဆိုခဲ့ လို့ ၎င်းတို့ နှစ်ဦး
စကားများရန်ဖြစ်ကြပါတော့  တယ်...
လေသာဆောင်ကိုပြေးလာသည့် ဆရာတော် ရှင်းကောင် ဟာ ချိုင် ဘုန်းကြီးကို တပည့် အားမရိုက်နှက်၊ မ
ထိုးကြိတ်ရန် အော်ဟစ်တားဆီးခဲ့ ပါတယ်...
သို့ သော်လည်း ပန် ကတော့ ထိုအချိန်တွင် မြေပေါ်တွင် မလှုပ်မရှက် လဲကျငြိမ်သက်နေခဲ့ ပြီဖြစ်ပါတယ်...
အနီးအနားမှဆေးရုံသို့ အရောက်မှာတော့ ၎င်းဟာ အသက်မရှိတော့ ပါဘူးလို့ (ဆေးရုံမှ တာဝန်ရှိသူများက)
ပြောကြားခဲ့ ပါတယ်....

လူတွေကို လောဘ၊ဒေါသ၊မောဟနည်းအောင် နည်းပေးလမ်းပြ ဆိုဆုံးမရမယ့် ဆရာသမားကိုယ်တိုင်က
ဒေါသများပြီး ကိုယ့် စိတ်ကိုယ်တောင် မထိန်းချူပ်နိုင်မှာတော့ ဘယ်လာကောင်းနိုင်ပါတော့ မလဲ...
ဘယ်လိုအယူဝါဒကိုပဲသက်ဝင်ယုံကြည်ပါစေ ခေါင်းဆောင်၊ ဆရာကပိုပြီးအရေးကြီးပါတယ်...

A monk assaulted one of his followers and killed him outside a temple in Taiwan.
Police arrested 'Master Yin Ru' whose surname is Cai. He was found to have previous criminal records for involvement in gambling and drugs.
The incident happened after Cai visited another monk called Master Xin Kong at Da Guan temple in Kaohsiung last week.

While Cai had tea with several followers at a gazebo of the temple in the evening, one of them Pan Shi Wei, 32, asked:  "Being a monk, why do you always use vulgar words when you speak?"
The monk got angry and scolded Pan, resulting in a fight between the two of them.

Master Xin Kong, who rushed to the gazebo upon shouted at Cai and told him to stop hitting the follower. But by then Pan was already lying motionless on the ground.

He was pronounced dead upon arrival at a nearby hospital.
Source: Apple Daily

2 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ
နည်းပေးလမ်းပြဆရာသမားတွေဒေါသကြီးတာကိုတပည့်
တွေခံရတာကတော့ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီး
တွေမှာလည်းရှိပါတယ်ဗျာ-ဖြစ်ချင်တာတစ်ခုဘဲသိတယ်-
ဖြစ်နိုင်၏မဖြစ်နိုင်၏မစဉ်းစားဘူး-စေတနာဒေါသလို့ပြော
တာဘဲလေ-

aggawan said...

ဟုတ်ပါတယ် ... သူများတွေကိုကျတော့ ကိလေသာနည်းအောင် ကျမ်းဂန်အထောက်ထားတွေနဲ့ ဟောပြောပြီး ကိုယ်တိုင်ကျတော့ ကြိန်တုတ်တစ်ချောင်းနဲ့ ဆဲဆို ငေါက်ငန်းနေတဲ့ ဆရာတော်တွေ အနေနဲ့ အများကြီး သတိထားသင့်ပါတယ် ... အဲဒီလိုမျိုး ခေါင်းဆောင်တွေကို ဆပ်ပြခွက်လို့ ခေါ်ပါတယ် .. သူ့ထဲမှာ ရှိတဲ့ ဆပ်ပြာက သူတပါးခန္ဓာကိုယ်ကို သန့်ရှင်စေတယ် သူကိုယ်တိုင်ကျတော့ ညစ်ပေနေတယ် ...