Pint-sized preacher: The toddling pastor wowing churchgoers in Mississippi

Wednesday, August 31, 2011

ကမ္ဘာ့ အသက်အငယ်ဆုံး၊ နာမည်အကြီးဆုံးတရားဟော
ဆရာလေး...


သူကလေးရဲ့ စကားပြောသွက်လက်ချက်ချာကာ၊ ဆွဲဆောင်မှုရှိပုံ၊ မမောနိုင်မပမ်းနိုင် ပြောဆိုဆိုတတွေက
တော့ ကျောင်းတော်သို့ လာရောက်ဝတ်ပြုဆုတောင်းသူများအား စိတ်ဓါတ်ခွန်အားများပေးစွမ်းနိုင်သလို
သန်းနှင့်ချီသည့် အင်တာနက်အွန်လိုင်းပေါ်မှ ယုံကြည်သူနောက်လိုက်နောက်ပါများအားလည်း အံ့ သြထူး
ဆန်း၊ အံ့ မခန်းဖြစ်စေခဲ့ သည်မို့ နာမည်ကျော်ကြား၊ထင်ရှားသည့် တရားဟောဓမ္မဆရာတစ်ဦးဖြစ်နေပါ
တော့ တယ်...
ဒါပေမယ့် သူ့ အသက်ကတော့ အခုမှ လေးနှစ်သာရှိသေးပြီး ငယ်ရွယ်နုနယ်ကာ ချစ်စဖွယ်လည်းကောင်း
လှပါတယ်...
သူကလေးရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွမ်းကျင်နိုင်နင်းစွာဖြင့် ဟောပြောမှုများကိုတော့ အင်တာနက်မှပင်
ကြည့် ရှုသူပေါင်း လေးသန်းကျော်ရှိတာမို့ ယူကျုလို့ ခေါ်သည့် အင်တာနက်ဗီဒီယိုစာမျက်နှာမှာတော့ အ
လွန်ထင်ရှား၊ လူကြိုက်များလှလို့ ကနွန်တစ်ပ်တန်လေးကို ကမ္ဘာ့ အသက်အငယ်ဆုံး တရားဟောဓမ္မဆရာ
လို့ လူအများကသိထားကြပါတယ်...


Adorable: Kanon has inspired millions of followers with his emphatic preaches
ဥပဓိရုပ်ကလေးကလည်းချစ်ခင်စရာကောင်းလှတာတဲ့ အပြင် အပြောအဟောကပါ
ပိုင်လေတာမို့ နောက်လိုက်နောက်ပါပေါင်းသန်းနဲ့ ချီပြီးရှိနေပါပြီ...

Adorable: Kanon has inspired millions of followers with his emphatic preaches

သူကလေးဟာအသက် ၁နှစ်နဲ့ ကိုးလအရွယ်၊ စကားကောင်းကောင်းပြောတတ်စမှာပင် ဘုရားရှိခိုးကျောင်း
တရားဟောဓမ္မဆရာများကဲ့ သို့ အတုယူကာ တရားဟောပြောပုံကို မိဘများက ( ဗီဒီယိုရိုက်ကူးကာ ) အွန်
လိုင်းပေါ်တွင်တင်ဆက်ခဲ့ ခြင်းကြောင်း နာမည်တဟုန်ထိုးကျော်ကြားလားခဲ့ တာဖြစ်ပါတယ်...
ဖခင်နှင့် အဘိုးဖြစ်သူများကိုယ်တိုင် မိုက်ကရိုဖုံးများကိုင်ကာဟောကြားခဲ့ သည့် ဧ၀ံဂေလိ ပန်တီကိုစ်တယ် 
ခရစ်ယာန်တရားဆရာ မိသားစုမှမွေးဖွားလာခဲ့ သည့် အံ့ သြစရာသူငယ်လေးဟာ ထိုစဉ်ကာလကတည်း
ကစပြီး တရားများဟောကြားလာခဲ့ တာဖြစ်ပါတယ်...
၎င်းတို့ အနေဖြင့် သားငယ်ကလေးကို ထိုကဲ့ သို့ ဟောပြောတင်ဆက်ရန်အတင်းအကြပ်မစေခိုင်းခဲ့ ပါဘူး
လို့ ကနွန်ကလေး၏မိဘနှစ်ပါးဖြစ်သည့် ဒမွန်နှင့် ကန်ဒီ တို့ ကအခိုင်အမာပြောဆိုကြပေမယ့်  သူကလေး
စိတ်ဆန္ဒရှိယင်တော့ ကနွန်ကလေးကို တရားဟောစင်မြင့် ပေါ်သို့ တက်ရောက်ဟောပြောရန်ခွင့် ပြုခဲ့ ကြ
ပါတယ်....
" ကျွန်တော့် စိတ်ထဲရောက်လာတဲ့ စကားလုံးကတော့ ဒါဟာ"သဘာဝဖြစ်စဉ်" ( သူ့ အလိုလိုဖြစ်လာသည့်
ဖြစ်ရပ် ) တစ်ခုလို့ ကိုယုံကြည်ပါတယ်..." လို့ ဒမွန် က MSNBC ရုပ်သံအစီအစဉ်ကိုပြောကြားခဲ့ ပါတယ်...
ဒါဟာတစ်ကယ့် ကိုသမားရိုးကျမဟုတ်ပဲထူးဆန်းအံ့ သြစရာပါ...ကျွန်တော့် ဖြင့် ဒီလိုမျိုးအယင်ကတစ်ခါမှ
မမြင်ခဲ့ ဖူးပါဘူးလို့ လည်းသူကဆိုခဲ့ ပါတယ်...

'And his name is Jesus': The congregation stand to attention မတ်တပ်ရပ်ကာ သြဘာပြုပြီးတော့ တောင်နားထောင်ရလောက်အောင် ဆွဲဆောင်နိုင်လွန်လှပါတယ်...

'And his name is Jesus': The congregation stand to attention 

Energetic: Kanon Tipton runs around the stage, stomping his message to the congregation
တ၇ားဟောစင်မြင့် ပေါ်မှာ တစ်ကယ့် ဧ၀ံဂေလိဆ၇ာများကဲ့ သို့ ပြေးလွှားကာ အင်တိုက်
အားတိုက်နှင့် ပရိတ်သတ်များကို မမောမပန်းနိုင်ပဲဟောပြောနေစဉ်

Energetic: Kanon Tipton runs around the stage, stomping his message to the congregation

သူ့ ရဲ့ ပထမဦးဆုံးဗီဒီယိုကလစ်ထဲမှာတော့ ကနွန်ကလေးဟာ တရားဟောဆရာတွေကဲ့ သို့ လက်ဟန်ခြေ
ဟန်တုပြီး မပီကလာအသံဖြင့် အသံနေအသံထားကိုတုပပြောဆိုခဲ့ တာပါ...
ယခုအခါအသက် ၄ နှစ်ရှိပြီဖြစ်ပြီး ဟောပြောဖိုအတွက်ကုတ်ဝတ်စုံနှင်လည်စည်းကိုအကျအနဆင်မြန်းကာ
လက်ကိုင်ပုဝါတစ်ထည်ဖြင့် ချွေးကလေးများသုတ်ကာသုတ်ကာယေရှုခရစ်တော်အကြောင်း၊ ရှင်သန်ထ
မြောက်မှုအကြောင်းကို စိတ်အားထက်သန်စွာဖြင့် အော်ဟစ်ဟောပြောတတ်ပါတယ်...
" ဒီညမှာတော့ ကိုယ်တော်ရှင်ကိုယ်တိုင်ကြွရောက်လာပါလိမ့် မယ်..သူကတော့ ယေရှုသခင်ပဲဖြစ်ပါတယ်"
" ဒီကမ္ဘာကြီးမှာ ထာဝရဘုရားသခင်ဆိုတာ တစ်ဆူတည်းသာရှိပါတယ်..." လို့ ဟောပြောနေတာကို ဗီဒီယို
ဖိုင်တစ်ခုမှာ ကြားနိုင်မှာဖြစ်ပါတယ်...

Precocious: Kanon has been preaching from before he could properly talk
လမ်းတောင်ကောင်းကောင်းမလျှောက်တတ်သေးဘူး တ၇ားတော့ ဟောတတ်နေခဲ့ ပါပြီ...
Precocious: Kanon has been preaching from before he could properly talk


" သူဟောပြောနေတာကိုက ပရိတ်သတ်ကို အမှန်တကယ်ပဲဖမ်းစားနိုင်တာဖြစ်ပါတယ်...ကလေးငယ်ငယ်
လေးတစ်ယောက်က ဒီလိုပြောဟောနိုင်တာကိုက ထူးခြားတယ်လို့ ဆိုနိုင်တာပါပဲ..."လို့ ဖခင်ဖြစ်သူကထပ်
ပြီးပြောပြခဲ့ ပါတယ်...
" သားကတော့ ဖေဖေလည်းတရားတွေဟောနေတာမြင်တွေ့ နေရလို့ အဲဒီလိုစင်ပေါ်မှာနေ၇တာကို ကျေ
နပ်နှစ်သက်ပါတယ်..." လို့ ကနွန်ကလေးကဆိုပါတယ်...


Proud: Kanon's parents Kandi and Damon
 သားလေးကို ဘယ်တုံးကမှ အတင်းအကြပ်မလုပ်ခိုင်းခဲ့ ပါဘူး...

Proud: Kanon's parents Kandi and Damon
 ဂုဏ်ယူနေတဲ့ ဖေဖေ
Proud: Kanon's parents Kandi and Damon say they have never forced their child to preach

All smiles: Kanon, who is known by some as the world's youngest preacher, is seen here relaxing on a day off at home with his parents
ဆရားကလေးရဲ့ အားလပ်ရက်တွေမှာတော့ မိဘများနဲ့ အတူ ရွှင်ပျော်ပျော်...

All smiles: Kanon, who is known by some as the world's youngest preacher, is seen here relaxing on a day off at home with his parents

ယခုကဲ့ သို့ သားငယ်လေးအနေနှင့် အမူအရာပြည့် စုံစွာဖြင့် ပြောနေနိုင်တာဟာ ( မိဘများ၊ ပါတ်ဝန်ကျင်
ထံမှ ) အတုယူခြင်းလား၊ ကောင်းကင်ဘုံဆိုင်ရာဆက်နွယ်မှုနှင့် ပင်ကိုယ်သဘာဝကြောင့် လားဟုမေးမြန်း
ခဲ့ ရာတွင် ၎င်းအနေနှင့် နှစ်မျိုးစလုံးအနည်းငယ်စီတော့ ပါဝင်နိုင်တယ်လို့ ထင်ပါကြောင်း ဒမွန်ကဖြေကြား
ခဲ့ ပါတယ်...
" ကလေးတွေကတော့ ဗျာ...သူတို့ ရှေ့ မှာမြင်တွေ့ ရသမျှကိုအတုယူတာပါပဲ...သူမှာကလည်းတစ်ချိန်လုံး
ဒီတရားဟောဓမ္မဆ၇ာအသိုင်းအ၀ိုင်းမှာပဲနေလာခဲ့ ၇တာပဲလေ...
သားလေးဟာ အတုယူကာလိုက်လုပ်နေတာလည်းဖြစ်ပါတယ်...ဒါပေမယ့် ကောင်းကင်ဘုံ၊ ထာဝရဘုရား
သခင်ကိုယ်တိုင်ကလည်း တစ်နည်းတစ်ဖုံအားဖြင့် ချီးမြှောက်ထားတယ်လို့ ခံစား၇ပါတယ်...လူတိုင်းမှာက
တော့ ကိုယ့် အယူအဆနဲ့ ကိုယ်စီရှိကြတာပါပဲ...
ကျမ်းစာကတော့ ကလေးကိုနည်းမှန်လမ်းမှန်လေ့ ကျင့် ပေးပါ...ဒါဆိုကြီးလာယင် လမ်းမမှားတော့ ဘူးပေါ့ 
လို့ ဆိုထားပါတယ် ...
သူကိုယ်တိုင်ကြီးပြင်းလာခဲ့ ရတဲ့ ပါတ်ဝန်းကျင်ကလည်း ဘုရားရှိခိုးကျောင်း၊ ဘာသာရေးပါတ်ဝန်းကျင်မို့ သူ
ဒီခံစားမှု၊ စိတ်ဆန္ဒတွေဖြစ်လာတာပါ...ကျွန်တော်တို့ ကသူ့ ကိုအတင်းတိုက်တွန်းနေခဲ့ တာမဟုတ်ပါဘူး...
ဒီလိုမျိုးဖြစ်လာစေဖို့ စိတ်ကူး၊ အစီအစဉ်လုံးလုံးမရှိခဲ့ ပါဘူး" လို့ ဖခင်ဖြစ်သူ ဒမွန်ကပြောကြားခဲ့ ပါတယ်...





0 comments: