Angry spirits blamed for schoolgirls fainting

Friday, October 29, 2010

နတ်ကိုင်ယင် ဓါတ်တိုင်တက်ရသလို မူးမေ့ လဲတတ်တယ်...


ကမ္ဘောဒီးယားနိုင်ငံကျေးလက်ဒေသမှ ကျောင်းတစ်ကျောင်းတွင် ဆယ်ကျော်သက်အရွယ်ကျောင်းသူ ၁၀ ဦး
ဟာ တစ်ယောက်ပြီးတစ်ယောက် မူးမေ့ လဲကျသွားခဲ့ ရမှုအပေါ် နတ်များက စိတ်ဆိုးဒေါသထွက်သဖြင့် ဖမ်း
စားခဲ့၊ နတ်ကိုင်ခဲ့ တာဖြစ်တယ်လို့ အဆိုပါကျောင်းသူလေးများ၏ ဆရာ/ ဆရာမများက ပြောဆိုခဲ့ ကြပါ
တယ်....
အသက် ၁၄ နှစ်မှ ၁၈ နှစ်အတွင်းရှိ ဆယ်ကျော်သက်အရွယ်မိန်းကလေးများကို ဆေးရုံတွင်ကုသပေးခဲ့ ကြ
ပေမယ့် ဆရာဝန်များအနေဖြင့်တော့ အဘယ်ကြောင့် ယခုကဲ့ သို့ ရောဂါဝေဒနာခံစားခဲ့ ကြရသည်ဆိုတာ
ကိုတော့ မသိရှိနိုင်ခဲ့ ကြပါဘူးလို့ ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်း ပနော့ ဗ်ဒေသမှ အထက်တန်းကျောင်းရဲ့ 
ကျောင်းအုပ် ရို့ စ်လင်မ်ချီ ကပြောကြားခဲ့ ပါတယ်...
အားလုံးသောကျောင်းသူလေးများဟာ အစာအဆိပ်သင့် ခြင်းလက္ခဏာများမရှိပဲ ကျန်းမာသန်စွမ်းနေကြပုံ
ရှိနေကြပြီး နှစ်ယောက်သောမိန်းကလေးများကတော့ ဂလူးကို့ စ်ဓါတ်အနည်းငယ် နည်းနေတာပဲရှိပါတယ်
လို့ အဆိုပါကျောင်းအုပ်က ပြောကြားခဲ့ ပါတယ်...
" ကျွန်တော်တို့ တော့ နတ်ကိုင်ခံခဲ့ ကြရပြီ ( နတ်တွေကြိမ်စာတိုက်တာခံရပြီ ) လို့ စိုးရိမ်နေခဲ့ ကြပါတယ်...
ဘာဖြစ်လို့ လည်းဆိုတော့ ဒီနစ်ကျောင်းဖွင့် ချိန်မှာ ခါတိုင်းလို နတ်များကို သီချင်းတွေ၊ အကတွေနဲ့ ကန္နား
ပေးပြီးမချော့ ခဲ့ မိကြလို့ ပဲညဖစ်ပါတယ်...
အဲဒီအစား ကျွန်တော်တို့ ဟာ အသီးအနှံတွေ၊ ကြက်သားဟင်းနဲ့ ဝိုင်အရက်တွေကိုပဲ ဒီနေ့ တော့ နတ်တွေ
ကိုပူဇော်ပသခဲ့ ကြပါတယ်... ဒါဆိုနတ်တွေကျေနပ်ပြီး စောင့် ရှောက်ကာကလေးတွေလည်းနေကောင်းလာ
လိမ့် မယ် လို့ ယုံကြည်ပါတယ်..." လို့ သူကဆက်ပြီးပြောပြခဲ့ ပါတယ်...

အရှင်ကြီး၊ အရှင်လေးတွေကို ဒီလိုမချော့ ၊ ကန္နားမပေးလို့ ကိုင်ထည့် လိုက်တာ အားလုံးမူးမေ့ လဲကုန်တယ်
ဆိုပဲ...


လွန်ခဲ့ သည့် ကြာသပတေးနေ့ ကဖြစ်ခဲ့ သည့် အဖြစ်အပျက်ကို မျက်မြင်ကိုယ်တိုင်တွေ့ ခဲ့ သည့် ကျောင်းဆ
ရာ မီလ်ခင် ကလည်း ၎င်းရဲ့ ကျောင်းသူတစ်ဦးဟာ နံနက်အစောပိုင်းကတည်းက ရင်ဘတ်အောင့် တယ်လို့ 
ပြောဆိုညည်းတွားခဲ့ ပြီး အော့ အံကာ သတိလစ်မေ့ လဲကျသွားခဲ့ တာပါလို့ ပြောပြခဲ့ ပါတယ်...
" အခုလို အလွန်ထူးဆန်းတဲ့ အဖြစ်အပျက်ဟာ နာရီအနည်းငယ်အတွင်းမှာပဲ ၇ တန်းကျောင်းသူ ၈ ယောက်
၈ တန်းနဲ့  ၉ တန်းကျောင်းသူ ၂ ယောက် တို့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်မူးမေ့ လဲကျသွားခဲ့ 
ကြတာပါပဲ..." လို့ သူကဆိုခဲ့ ပါတယ်...
ကမ္ဘောဒီးယားနိုင်ငံ၊ ကျေးလက်ဒေသတွေမှာ မမြင်ရတဲ့ နတ်၊တစ္ဆေ များကို အကြွင်းမဲ့ ယုံကြည်လေ့ ရှိကြ
ပါတယ်...
" ဆရာဝန်တွေရော၊ ဆရာ/ ဆရာမများနဲ့ ရဲတွေကပါ ကျောင်းသူတွေအနေနဲ့ အစာအဆိပ်ဖြစ်တာ၊ သာမန်
အားနည်းတာမျိုးတောင် မတွေ့ ခဲ့ ကြတာမို့ ကျွန်တော်တို့ ကတော့ နတ်တွေစိတ်ဆိုးပြီး ပြုစားတာ လို့ ပဲယုံ
ကြည်နေကြပါတယ်..." လို့ ခရိုင်ဒေသအုပ်ချူပ်ရေးမှူး ပက်ဆိုဖီးယာ ကပြောကြားခဲ့ ပါတယ်...

လောကကြီးဟာ ဆန်းကျယ် ဆိုသလိုပါပဲ...တစ်ခါတစ်လေတော့ လည်း ရှင်းပြလို့ မရနိုင်တာတွေဖြစ်တတ်
ပါတယ်...
သို့ သော်လည်း နတ်တွေအနေနဲ့ လူတိုင်းကိုကြီးပွားချမ်းသာအောင်၊ ဒုက္ခဖြစ်အောင်မလုပ်နိုင်တာတော့ သေ
ချာပါတယ်...
အဖြစ်အပျက်တစ်ခု ဖြစ်ဖို့ ဆိုတာအကြောင်းအရာပေါင်းများစွာတိုက်ဆိုင်မှဖြစ်တတ်ပါတယ်...
ဥပမာ...
တောင်ပိုင်နတ်စောင့် ရှောက်တယ်လို့ ယုံကြည်ကြတဲ့ သာမညတောင်မှာ ဆရာတော်ကြီးရုပ်ကလာပ်ကို
လက်နက်ကိုင်တွေ လုယူသွားတော့ အဲဒီနတ်အနေနဲ့ ဘာမှမတတ်နိုင်ပဲ ဒီအတိုင်းကြည့် နေခဲ့ ရပုံပေါ်ပါ
တယ်...
ဆရာတော်ကြီးအသက်ထင်ရှားရှိစဉ်ကတော့ လာသမျှလူတွေကို ထမင်းအလကားကြိုက်သလောက်စားနိုင်
အောင် ကူညီနိုင်ခဲ့ တဲ့ နတ်ခမျာလည်း အခုလိုအကြမ်းဖက်သူတွေနဲ့ တွေ့ တော့ လက်မှိုင်ချခဲ့ ရပုံပါပဲ...
နို့ မို့ ဆိုအဲဒီလူတွေအသေဆိုးနဲ့ သေတာတို့ ၊ မချိမဆန့် ဝေဒနာခံစားရတာတွေရှိခဲ့ ယင် လူတွေသိမှာအမှန်
ပါပဲ...
ဘယ်အရာမဆို အစွန်းရောက်တဲ့ အထိ မယုံမိဖို့ အဓိကပါပဲ....


Teachers of 10 teenage girls who collapsed one after another at their rural Cambodian school blamed the mysterious ailment on angry spirits on Saturday. The girls, aged between 14 and 18, were treated in hospital after fainting but doctors could not ascertain why the youngsters were struck down, said Ruos Lim Chhee, head of the high school in Pnov, northern Cambodia.
He said that all of the girls were found to be healthy, with no signs of food poisoning, although two were a little low on glucose. "We are afraid we are under a spell because we didn't offer any traditional dancing and music to the spirits on the opening day this year," he said. "But we have just offered fruits, boiled chickens and wine to the spirits today, and we hope the students will get better and the spirits will take care of us."

Mil Khim, a teacher who witnessed the string of incidents on Thursday, said one of his students started to complain of chest pains early in the morning and then suffered convulsions before falling unconscious. "The strange phenomenon lasted only a few hours, as eight seventh graders and two from eighth and ninth grade fainted subsequently," he said.
Cambodians in rural areas often believe supernatural forces are behind unexplained events. "We think that perhaps the spirits are angry because the doctors, teachers and even police found no trace of poison or physical weakness," said district governor, Pech Sophea.

2 comments:

သိင်္ဂါကျော် said...

အင်း.. အောက်က အကြောင်းအရာက စဉ်းစားစရာပဲနော်..

ချော(အစိမ်းရောင်လွင်ပြင်) said...

နတ်တွေလည်း သေနတ်ကြောက်ပုံရတယ်...
နတ်က လက်နက်မဲ့ ဖြစ်နေတာကိုး နော်