Cambodians Ride A Bamboo Train

Friday, October 29, 2010

ကမ္ဘောဒီးယားနိုင်ငံသားများဟာ ကိုယ့်အားကိုယ်ကိုးပြီး မီးရထားလမ်းပေါ်တွင် အသုံးပြုနိုင်သည့် ဒေသသုံး ၀ါးရထား...

အခေါ် လော်ရီဟု ဆိုရမည့် ရထားယဉ်ငယ်တစ်မျိုးကို ၀ါးဖြင့် တည်ဆောက်ကာ မြို့ တော်ဖနွမ်းပင်ရဲ့ အ
နောက်မြောက်ပိုင်းဒေသမှာအသုံးပြုနေကြပါတယ်...
ကမ္ဘောဒီယားအစိုးရဟာ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ပိုမိုတိုးမြှင့် နိုင်စေဖို့ အတွက်
ပြည်တွင်းစစ်ကာလအတွင်းက ပျက်စီးခဲ့ ရတဲ့ ရထားလမ်းပိုင်းကို ပြန်လည်ပြင်ဆင်ဖွင့် လှစ်ခဲ့ ပါတယ်...


ကမ္ဘောဒီးယားနိုင်ငံ မြို့ တော်ဖနွမ်းပင်နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ နှင့် 
၂၀၁၃ ခုနှစ်တွင်ဆက်သွယ်နိုင်မည့် ဒေါ်လာ၁၄၁ သန်းကုန်ကျမည့် ၆၅၀ ကီလိုမီတာ ( မိုင် ၄၀၀ )အရှည်
ရှိသည့် ရထားလမ်းစီမံကိန်းအတွက် အာရှဖွံ့ ဖြိုးရေးဘဏ်မှ ဒေါ်လာ ၈၄ သန်းထောက်ပံ့ ပေးမှာဖြစ်ပါတယ်။
လွန်ခဲ့ သည့် သောကြာနေ့ က အဆိုပါ စီမံကိန်းရဲ့ ပထမအဆင့် အဖြစ် ၁၂၀ ကီလိုမီတာ( ၇၅ မိုင် ) ရှည်ပြီး
မြို့ တော်ဖနွမ်းပင်နှင့် ဗီယက်နမ်နိုင်ငံနယ်စပ်မှ ကန်ပေါ့ ပြည်နယ်၊ တောက်မီးစ် မြို့ ကလေးတို့ သို့ ဆက်
သွယ်ထားသည့် လမ်းပိုင်း ကိုတရားဝင်ဖွင့် လှစ်ခဲ့ တာဖြစ်ပါတယ်...
အဘတို့ သာသိသွားယင်တော့ ဒီလိုမျိုးများလိုက်လုပ်ခိုင်းလေမလားပဲ...

 ကိုယ့် အားကိုယ်ကိုး ၀ါးရထား...

 မိသားစုတစ်စုတည်းလည်းကိုယ်ပိုင်သုံးလို့ ရတယ်ပေါ့ ...

 ကိုယ်ပိုင်အင်ဂျင်စက်နဲ့ ကိုယ်တိုင်မောင်းရတယ်...

ရထားမောင်းဖို့ အတွက်ဘာသင်တန်းကျောင်းမှ အောင်စရာမလိုဘူး... ၀ါးတုတ်နဲ့ ထောက်ပြီးမောင်းရုံပဲ...

Cambodians ride a bamboo train, known locally as a lorry, at new village train station in Pusat province 200 km (124 miles) northwest of Phnom Penh October 19, 2010. Cambodia has reopened a stretch of railway destroyed during the country's war and officials described it as a step towards boosting regional trade through rail links with neighbours. The Asian Development Bank is contributing $84 million to a $141 million project to repair 650 km (400 miles) of railway linking Cambodia's capital, Phnom Penh, to its borders with Thailand and Vietnam by 2013. The first section officially opened on Friday runs 120 km (75 miles) southwest from Phnom Penh to Touk Meas in Kampot province, near the border with Vietnam.  

2 comments:

ကိုဇော် said...

ဘာပဲ ပြောပြော ဒါမျိုးတွေကို ကြိုက်တယ်။

အင်္ဂါဟူး said...

အံ့ရော အံ့ရော ။ ဒီသတင်းကို ချွေ ပီကြီး က လူဂျီးတွေ များ ဖတ်မိလို့ သဘောခွေ့ ရင်တော့ ဖြင့် ....