Thousands of condoms clog Games village drains
Saturday, October 9, 2010
အချစ်ကြမ်းလို့ ရေပိုက်ပိတ်ဆို့ ရသည့်ဓနသဟာယအားကစားပွဲ...
ဒီအိုလံပစ်လို့ တောင် နာမည်ပေးရမလိုဖြစ်နေပြီ...
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ တွင်ကျင်းပလျှက်ရှိသော ဓနသဟာယနိုင်ငံများအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်
ပြိုင်မည့် အားကစားသမားများနေထိုင်သည့်အားကစားရွာမှ ရေဆိုးထုတ်စနစ်ပိုက်လိုင်းများသည် အားက
စားသမားများ အသုံးပြုပြီး စွန့် ပစ်သည့် ကွန်ဒွန်များကြောင့် ပိတ်ဆို့ တော့ မည့် အခြေအနေနှင့် ကြုံတွေ့ 
နေရသဖြင့် အဆိုပါအားကစားရွာ အဆောက်အဦးများတွင် ယခင်ကကြုံတွေ့ ခဲ့ ရသည့် ပူပူနွေးနွေးပြဿနာ
များဖြစ်သည့် မြွေများအားတွေ့ ရှိရခြင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်း စသည့် ပြဿနာများအပြင်
နောက်ထပ် ပြဿနာတစ်ခုထပ်တိုးလာခဲ့ ခြင်းဖြစ်ပါတယ်...
အားကစားပြိုင်ပွဲကြီးအမှီ အဆင်သင့် ဖြစ်စေရန် ပြီးစီးအောင် အဆောက်အဦးများကိုအချိန်လုပြီး အပူတ
ပြင်းဆောက်လုပ်ခဲ့ ရသည့် ပြိုင်ပွဲစီမံခန့် ခွဲသူများအနေဖြင့် ယခုအခါမှာတော့ ပွဲစတင်ပြီးတစ်ပါတ်အတွင်း
မှာပင် အလွယ်တစ်ကူမဆွေးမြေ့ နိုင်သည့် ရာဘာဖြင့် ပြုလုပ်ထားသော ကွန်ဒွန်အစွပ်ပေါင်းထောင်သောင်း
ချီကာ အသုံးပြုပြီးစွန့် ပစ်ခဲ့ ခြင်းကြောင့် ပိတ်ဆို့ နေသည့် ရေပိုက်၊ မိလ္လာပိုက်များကိုရှင်းပစ်ဖို့ ကြိုးပမ်းနေ
ကြရပြန်ပါတယ်...
အခုလိုဖြစ်တာကတော့အားကစားသမားတွေအနေနှင့် ကွန်ဒွန်တွေကိုအသုံးပြုခဲ့ တယ်ဆိုတာဖော်ပြနေလို့ 
သူတို့ ကိုယ်သူတို့ ( လိင်ကြောင့် ဖြစ်သည့် ကူးစက်ရောဂါများမှ ) တာဝန်ယူတဲ့ အသိစိတ်ဓါတ်၇ှိတယ်ဆို
တာဖော်ပြနေပါတယ် လို့ ဓနသဟာယ အားကစားအဖွဲ့ ချူပ်ဥက္ကဌ မိုက်ဖန်နဲလဲလ် ကလွန်ခဲ့ တဲ့ ကြာသပ
တေးနေ့ ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ ပါတယ်...
" ပိုမိုစိတ်ချလုံခြုံတဲ့ လိင်ဆက်ဆံမှုပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ခြင်းဟာ အလွန်အရေးကြီးတဲ့ ကိစ္စတစ်
ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိကြပြီးဖြစ်ပါတယ်..." လို့ လည်း၎င်းကဆိုပါတယ်...
အားကစားပြိုင်ပွဲ စီစဉ်သူများဟာ အားကစားရွာအတွင်း ကွန်ဒွန်ပေါင်း ၈၀၀၀ ကိုအခမဲ့ ဝေငှပေးခဲ့ ပြီး အ
သုံးပြုတွေရဲ့ လိုအပ်ချက်တွေမြင့် မားခဲ့ ပါတယ်...
ကွန်ဒွန်ပေါင်း ၄၀၀၀ ကျော်ကိုအားကစားသမားတွေက အလျင်အမြန်ဆိုသလိုပဲ အသုံးပြုခဲ့ ကြတယ်လို့ တာ
ဝန်ရှိသူများက ယနေ့ သတင်းလွှာ သတင်းစာကို ကြာသပတေးနေ့ ကပြောကြားခဲ့ ပါတယ်...
အန္တရယ်အတွက်စိုးရိမ်ပူပန်ရမှုများ၊ လုံခြုံရေးအတွက် စိုးရိမ်ရမှုများကြောင့် အားကစားအသင်းများစွာဟာ
ပြိုင်ပွဲမစခင် အားကစားရွာကို လာရောက်တည်းခိုနေထိုင်ကြဖို့ နှောင့် နေးရွေ့ ဆိုင်းခဲ့ ကြပါတယ်...
သို့ သော်လည်းယခုနောက်ဆုံးဖြစ်ပေါ်လာတဲ့ ( ရေပိုက်ပိတ်ဆို့ မှု ) ပြဿနာကတော့ အားကစားသမား
တွေကြောင့် သက်သက်သာဖြစ်ပါတယ်...
လွန်ခဲ့ သည့် ၁၉၉၂ ခုနှစ်က ဘာစီလိုနာ အိုလံပစ် ကစပြီးအားကစားသမားများကို ကွန်ဒွန်များအခမဲ့ ဝေ
ဖို့ ဆုံးဖြတ်ချက်ချ အကောင်အထည်ဖော်ခဲ့ တာဟာ အခုဆိုယင်တော့ အစဉ်အလာတစ်ခုပင်ဖြစ်နေခဲ့ တာ
ဖြစ်ပါတယ်...
၂၀၀၀ ခုနှစ် ဆစ်ဒနီ အိုလံပစ်မှာတော့ အားကစားသမားတွေဟာ အခမဲ့ ဝေငှတဲ့ ကွန်ဒွန်ပေါင်း ၇ သောင်း
ကျော် ကိုကုန်အောင်သုံးစွဲခဲ့ ကြလို့ ပြိုင်ပွဲစီစဉ်သူများအနေနှင့် နောက်ထပ် ကွန်ဒွန် ၂ သောင်းထပ်မံဝေငှ
ပေးခဲ့ ရပါသေးတယ်....
၂၀၀၄ ခုနှစ် အေသင် အားကစားပြိုင်ပွဲမှာတော့  ကွန်ဒွန်ဝေငှသုံးစွဲမှုဟာ နှစ်ဆနီးပါးတိုးပြီး တစ်သိန်းသုံး
သောင်းကျော်ရှိခဲ့ ပါတယ်...
၂၀၀၈ ဘေကျင်း အိုလံပစ် နှင့် လွန်ခဲ့ သည့် ဖေဖော်ဝါရီလကပြုလုပ်ခဲ့ သည့် ဗန်ကူဗာ ဆောင်းရာသီ အိုလံ
ပစ်ပွဲတော်များမှာတော့ အားကစားသမားများကို ကွန်ဒွန်ပေါင်း ၁ သိန်းကျော်ဝေငှခဲ့ ပါတယ်...
သြော်...
သူတို့ ကိုအားကစားပွဲမှာယှဉ်ပြိုင်ဖို့ ခေါ်တာ ချစ်တင်းနှောဖို့ ခေါ်သလားမှတ်နေကြသလားမသိပါဘူး...
အားကစားသမားသာဆိုတယ်...မအားလည်းတော်တော်ကစားကြတဲ့ သူတွေပါပဲလား...
NEW DELHI, Oct 7 (Reuters) - Thousands of flushed condoms threaten to choke the Commonwealth Games village's drainage system, media reports said, in the latest problem to hit the venue from hidden snakes to outbreaks of dengue.
Games organisers, who won a race against time to ready the village, are now battling to clear clogged drains after thousands of non-biodegradeable contraceptives were flushed down toilets in the first week of the event.
"If that is happening, it shows that there is use of condoms and I think that is a very positive story. Athletes are being responsible," Commonwealth Games Federation President Mike Fennell told a news conference on Thursday.
"We all know that encouraging safe sex is a very important thing to do."
Games organisers had provided 8,000 free condoms in the village, and the provision appears to be in high demand. One official told the Mail Today newspaper on Thursday that over 4,000 had already been snapped up by eager athletes.
Shoddy construction work, fears over an outbreak of dengue fever and worries about security had meant many teams delayed their move into the village before the Games began. However, blame for the latest problem lies firmly with the athletes.
Following a decision to provide free condoms at the 1992 Olympics in Barcelona, it has become something of a tradition.
At the Sydney Olympic Games in 2000, athletes quickly used up the 70,000 free condoms provided, forcing organisers to supply another 20,000, while at the 2004 Games in Athens, the provision was doubled to 130,000.
At both the Beijing Games in 2008, and the Vancouver Winter Olympics in February, 100,000 condoms were provided for athletes.
2 comments:
ကိုကိုးအိမ်(မန္တလေး) said...
အားကစားသမားတွေအများစုကတော့ အဲလိုပါပဲအကိုေ၇ အားလည်းကစား မအားလည်းကစား ဟဟ နောက်မှ ယားလို့ကုတ်ကြမဲ့သူတွေလေ
ရွှေရတုမှတ်တမ်း said...
ကစားရတာ ဝါသနာကို ပါတာ....ကစားဖေါ်ကတော့ ဘယ်လိုရသလဲ ရေးပါဦး..