Dog prefers to walk on two legs

Saturday, October 23, 2010

မတ်တပ်ရပ်ပြီးလမ်းလျှောက်တတ်သည့် ခွေးကလေး...


၎င်း၏နောက်ခြေနှစ်ချောင်းဖြင့် သာ မတ်တပ်ရပ်လျှက်လမ်းလျှောက်သွားလာနေတတ်ခြင်းကိုနှစ်သက်နေ
သည့် တရုတ်နိုင်ငံမှ ခွေးတစ်ကောင်ဟာ ၎င်းနေထိုင်ရာအရပ်ဒေသမှာတော့ နာမည်ကျော်ကြားလျှက်ရှိပါ
တယ်....
တရုတ်နိုင်ငံ၊ ဟေနန်ပြည်နယ်၊ ကျူမာဒီယန်အရပ်မှ ၁၈ လသားအရါယ်ခွေးကလေး၏ပိုင်ရှင်ဖြစ်သူ ကျိုဂွမ်
ရှန် ကသူ၏ခွေးကို နောက်ခြေထောက်ဖြင့် သာလမ်းလျှောက်တတ်အောင် ရှေ့ လက်ကိုလိုက်မြှောက်ပြီးသင်
ပေးခဲ့ တယ်လို့ ဆိုပါတယ်...
 
 လူတွေလိုမတ်တပ်ရပ်လျှောက်ရတာ ပိုကောင်းပါတယ်...

" ခွေးကလေး လုလု ကို သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးခဲ့ တာဖြစ်ပြီး သူ့ ကိုမြင်မြင်ချင်းကျွန်
တော်တို့ ချစ်သွားကြပါတယ်...သူဟာလေးလသားကတည်းက နောက်ခြေနှစ်ချောင်းနဲ့ ပဲလမ်းလျှောက်ဖို့ 
လေ့ ကျင့် တတ်မြောက်ခဲ့ ပြီး အဲဒီကတည်းကစပြီး မရပ်မနားကို မတ်တပ်ရပ်ပြီးလျှောက်တော့ တာပါပဲ..."
လို့ ကျို ကပြောပြခဲ့ ပါတယ်...
အငြိမ်းစားကျောင်းဆ၇ာတစ်ဦးဖြစ်တဲ့ ကျို က အခုဆိုယင် လုလုဟာ တစ်ချိန်လုံးနီးပါး သူ့ ရဲ့ နောက်ခြေ
ထောက်ပေါ်မှာပဲ ထောက်ပြီး မတ်တပ်ရပ်နေတော့ တာပါပဲ လို့ ပြောကြားခဲ့ ပါတယ်...
ခွေးကလေးဟာ နားနေတာတောင်မှ သူ့ ရဲ့ နောက်ခြေနှစ်ချောင်းပေါ်မှာဆောင့် ကြောင့် ထိုင်ပြီး သူ့ ရဲ့ ခန္ဓာ
ကိုယ်ကို မတ်မတ်ထားကာ ရှေ့ ခြေနှစ်ချောင်းကို မြှောက်ထားတတ်ပါသေးတယ်...

 စောစောအိပ်လို့ စောစောထလို့ ...စောစောလမ်းလျှောက်ကြပါစို့ ....

နံနက်တိုင်း ကျို ဟာ ခွေးကလေးလုလုကို အနီးအနားမှ ရာစုနှစ် ပန်းခြံကို လမ်းလျှောက်သွားဖို့ ခေါ်သွား
လေ့ ရှိတာမို့  နံနက်ခင်းပန်းခြံကိုလမ်းလျှောက်လာသူများအကြားမှာ ရေပန်းစားနေပြီး တွေ့ မြင်သူတိုင်းက
သူ့ ကိုချစ်ကြပြီး ခွေးကလေးဖို့ စားစရာတွေယူလာတတ်ကြပါတယ်...
ထူးပါပေ့ ဆန်းပါပေ့ ဗျာ...

A pet dog has become a local celebrity in China because he prefers to walk upright on his back legs. Zhou Guanshun, the 18-month-old dog's owner, of Zhumadian, Henan Province, taught his pet to walk on two legs by holding one of its front paws.
"Lu Lu was given to us by a friend and we loved him instantly," he said. "He learnt to walk upright when he was just four months old, and hasn't stopped ever since then."
Zhou, a retired teacher, said that Lu Lu now spends most of his time standing upright on his back legs. Even when he rests, he prefers to squat on his back legs while keeping his body upright and his front legs off the ground.
Each morning, Zhou takes Lu Lu to the nearby Century Square for a walk, where Lu Lu is a celebrity among the morning exercisers who all love him and bring him snacks.

0 comments: