Indonesia seeks jail for Muslim cleric who 'married' girl, 12

Saturday, October 23, 2010

ဆင်းရဲတွင်းထဲကသမီးကို ကယ်တင်တဲ့ အင်ဒိုနီးရှားက ဦးဦးဗလီဆရာ...

အင်ဒိုနီးရှားနိုင်ငံမှ တရားဥပဒေပညာရှင်များက အသက် ၁၂ နှစ်အရွယ်မျှသာရှိသေးသည့် မိန်းကလေးငယ်
တစ်ဦးအား တရားမ၀င်ဇနီးမယားအဖြစ် ယူထားသည့် ကြွယ်ဝချမ်းသာသော မွတ်ဆလင်ဘာသာတရား
ဟောဗလီဆရာတစ်ဦးကို အရွယ်မရောက်သေးသူကလေးသူငယ်အား လိင်မှုဆိုင်ရာမတော်မတရားနှိပ်စက်
အလွဲသုံးစားပြုမှုဖြင့် ဖမ်းဆီးကာ ထောင်ဒါဏ်ခြောက်နှစ်အပြစ်ပေးဖို့ လွန်ခဲ့ သည့် ကြာသပတေးနေ့ က
တောင်းဆိုခဲ့ ကြပါတယ်...
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားအလယ်ပိုင်းဒေသမှ ဆီမာရန်မြို့ ကလေးမှ အသက် ၄၅ နှစ်ရှိ ပူဂျီယိုနိုကယိုဝီဒီယန်
တို ဟာ ဆင်းရဲနွမ်းပါးရှာသည့် ကျေးတောသူလေး လုဖီယာနာအူလ်ဖာ ကိုလက်ထပ်ယူရန်ဆုံးဖြတ်ခဲ့ တဲ့ အ
တွက် နိုင်ငံအ၀ှမ်းတွင် အငြင်းပွားဖွယ်ရာဖြစ်စေခဲ့ ပါတယ်...
" ကျွန်မတို့ ကတော့ သူ့ ကို ထောင်ဒါဏ်ခြောက်နှစ်အပြစ်ပေးဖို့ တောင်းဆိုဆန္ဒပြုထားပါတယ်...သူဟာ
အမျိုးသမီးများ၊ အထူးသဖြင့် အသက်အရွယ်မရောက်သေးသည့် ယခုကလေးမကလေးကို လိင်မှုဆိုင်ရာ
မတော်မတရားပြုခဲ့ တယ်ဆိုတာ ဥပဒေကြောင်းအရ သက်သေပြပြီးဖြစ်နေခဲ့ ပါတယ်..." လို့ တရား
ရုံးဥပဒေပညာရှင် ( အစိုးရရှေ့ နေ ) ဆူနင်ဆီ ကပြောကြားခဲ့ ပါတယ်...
" ဘာသာရေးဆိုင်ရာကျောင်းတစ်ခုရဲ့ အကြီးအကဲ၊ အုပ်ချူပ်သူအနေနဲ့ သူဟာ စံပြ၊ နမူနာကောင်းတစ်ဦး
မဖြစ်ခဲ့ ပါဘူး..." လို့ လည်း သူမကပြောကြားခဲ့ ပါတယ်....

 ကြည့် ကျက်လည်းလုပ်ပါ ဆရာရယ်....

ရှိတ်ပူဂျီ လို့ လည်းအမည်ရှိတဲ့ ဝီဒီယန်တိုဟာ အူလ်ဖာ လေးကို ၂၀၀၈ ခုနှစ် သြဂုတ် လမှာလက်ထပ်ခဲ့ 
တာဖြစ်ပြီး မိန်းကလေးဟာ အရွယ်ရောက်နေခဲ့ ပါပြီလို့ ပြောကြားယင်းတရားမ၀င်ဖြစ်တဲ့ ၎င်း၏ ဒုတိယ
မြောက်ဇနီးမယားထပ်ယူခြင်းကို ကာကွယ်ချေပခဲ့ ပါတယ်...
၎င်း၏လုပ်ရပ်ဟာ အစ္စလာမ်ဘာသာအဆုံးအမအရ လက်ခံနိုင်ရမှာဖြစ်တယ်လို့ လည်း ၀ီဒီယန်တို က ယခင်
ကတည်းကပြောကြားခဲ့ ပေမယ့်  ၎င်းအနေနှင့် လက်ထပ်ထိမ်းမြားနိုင်သည့် အမျိုးသမီးဟာ အနည်းဆုံးအ
သက် ၁၆ နှစ်ပြည်ပြီးဖြစ်ရမည်ဟု ဆိုသည့် နိုင်ငံတော်ရဲ့ တရားဥပဒေကို လိုက်နာသင့် တယ်လို့ ဝေဖန်ကန့် 
ကွက်သူများက ပြောကြားခဲ့ ကြပါတယ်...
အရွယ်မရောက်သူများအား လိင်မှုဆိုင်ရာအကြမ်းဖက်ခြင်း၊ မတော်မတရားပြုမူခြင်းများအတွက် အင်ဒိုနီး
ရှားနိုင်ငံတွင် ပြင်းထန်စွာအပြစ်ပေးနိုင်သည့် ဥပဒေများပြဌာန်းထားသော်လည်း တရားဝင်မှတ်ပုံတင်ကာ
လက်ထပ်ခြင်းမဟုတ်ပဲ ရိုးရာဓလေ့ အရ လက်ထပ်သည့် အသက်အရွယ်ကြီးမားသည့် အမျိုးသားများနှင့် 
အရွယ်မရောက်သေးသူ မိန်းကလေးငယ်များ လက်ထပ်ထမ်းမြားခြင်းဟာ ကျေးလက်တောရွာဒေသများတွင်
မကြာခဏဖြစ်ပွားလေ့ ရှိပါတယ်....


Indonesian prosecutors on Thursday demanded a wealthy Muslim cleric who took a 12-year-old girl as his unofficial wife be convicted of sexually abusing a child and given six years in prison. Pujiono Cahyo Widiyanto, 45, from the Central Java city of Semarang, sparked nationwide controversy over his decision to marry poor village girl Lutfiana Ulfa.
"We recommend six years prison for him. He has been proven legally as being sexually abusive towards women, especially towards this underage person," prosecutor Suningsih, who goes by one name, said. "As the owner of a religious school he doesn't set a good example," she said.
Widiyanto, also known as Sheikh Puji, married Ulfa in August 2008. He had defended the unofficial marriage, his second, saying that the girl had reached puberty.
Widiyanto previously said his actions were acceptable under Islam but critics said he should abide by state law, which sets 16 as the minimum age for marriage. Indonesian law has harsh penalties for pedophilia, but unregistered and therefore unofficial marriages between older men and under-age girls are common in rural areas.

2 comments:

မိုးယံ said...

ဒါကတော့ နိုင်ငံရဲ့ ဥပဒေ အပေါ်မှာ မူတည်ပါတယ်။ အဲဒီ နိုင်ငံရဲ့ပြဌာန်းထားတဲ့ ဥပဒေကို မလိုက်နာနိုင်ရင် အဲဒီ သူလိုချင်တဲ့ ဥပဒေပြဌာန်းတဲ့ နိုင်ငံကို ပြောင်းရွှေ့သင့်ပါတယ် 14 နှစ်မပြည့်ရင် မုဒိမ်းမှုမြောက်တယ် ဆိုတာ တစ်ကမ္ဘာလုံး (လူတွေ) သိကြပေမယ့်။ 12 နှစ်အရွယ် သမီးကို ယူပြီး တရားဝင်တယ်တဲ့ လက်ခံယုံတဲ့ အသိဥာဏ်ရယ် ကိုယ်ချင်းစာတရားရယ် ကိုတော့ သြချလောက်ပါတယ်။
သိသလောက် ပြောရရင်တော့ အလိုတူတူ မတူတူ အသက် မပြည့်သေးတဲ့ အတွက် မုဒိမ်းမှုမြောက်တယ်လို့ ဖတ်ဖူးမှတ်ဖူးပါတယ်။ (မှားချင်လည်း မှားမှာပါ)

Unknown said...

အဲ့ဒါ မိုဟာမက်ရဲ့ ဘာသာ မွတ်စလင် ဘာသာရဲ့ ယုတ်ညံ့မှု့ တွေထဲက ယုတ်ညံ့မှု့ တစ်ခုပေါ့။ မိုဟာမက် ကိုယ်တိုင်က ရှစ်နှစ်သမီးကို ယူခဲ့သေးတာဘဲ။ သူ့ တပည့်တွေလည်း သူ့လိုဘဲဖြစ်အောင်နေထိုင်ပြီး သူတို့ မွတ်စလင် ဘာသာ အရ လက်ခံနိုင်ရမယ်လို့ ပြောတာမဆန်းပါဘူး။ အသိဥာဏ်ရှိတဲ့သူတိုင်း ဒီလို ယုတ်ညံ့တဲ့ အဆုံးအမ( ဘာသာ) ကို လက်ခံနိုင်စရာမရှိပါဘူး။