Boy of three who weighs 10 STONE is banned from nursery for being a 'health hazard'

Thursday, October 14, 2010
ဝလွန်းလို့ မူကြိုကတောင်လက်မခံရဲတဲ့ ပေါင် ၁၄၀ ရှိ ၃ နှစ်သား...

တရုတ်နိုင်ငံမှဤကလေးငယ်ကတော့ သူနှင့် အသက်တူ ၃ နှစ်သားကလေးငယ်များထက် ခန္ဓာကိုယ်အ
လေးချိန် ငါးဆမျှပိုလေးကာ ပေါင် ၁၄၀ နီးပါး ( ၁၀ စတုံ ) အထိဝဖြိုးနေပါတယ်...
ဝတုတ်ကလေး ရှောင်ဟောင် ရဲ့ ကိုယ်ခန္ဓာကြီးဟာ တစ်ခြားကစားဖော်အတန်းဖော်တွေအတွက်အန္တရယ်
ဖြစ်နိုင်လို့ သူ့ ကို မူကြိုကျောင်းတော်တော်များများက လက်မခံပဲငြင်းပယ်ခဲ့ ကြပါတယ်...
                                                                                         
အမှန်အကန်ကိုဝတာပါ...ဘာမလုပ်ပဲတက်ဖိတာနဲ့ တင် ကစားဖော်တွေအသက်ထွက်နိုင်တယ်...
Growing lad: Xiao Hao larks about with friends but was banned from his previous nursery after being branded a health hazard for weighing 10 stone
အခုတော့ သူကလေးကို တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ကျိုးပြည်နယ်က မူကြိုကျောင်းတစ်ကျောင်းက လက်
ခံခဲ့ ပါတယ်...ဒါပေမယ့် သူ့ ရဲ့ မိခင်ကတော့ သူမရဲ့ သားကလေး ကိုယ်အလေးချိန်လျော့ ကျစေဖို့ ဆရာဝန်
တွေအနေနဲ့ ကူညီပေးကြဖို့ တောင်းပန်ပြောဆိုခဲ့ ပါတယ်....

တစ်ဦးတည်းသော ကလေးမို့ မိသားစု၊ ဆွေမျိုးတွေက အလိုလိုက်ပြီး အကြိုက်ဆောင်လို့ ဒီလို
ဝ လာတာများလား...
Big problem: The three-year-old may have a hormonal problem, or could have been overfed by doting relatives

" သူဟာ ဘယ်သူ့ ကိုမှ အန္တရယ်မပြုပါဘူး...တစ်ခြားကလေးတွေလိုပဲ ကစားခုန်စားချင်ရှာပါတယ်...ကျွန်မ
သူ့ ကို ရေကူးလေ့ ကျင့် ခန်းလုပ်ဖို့ ကလေးရေကူးကန်ကိုခေါ်သွားပြန်တော့ လည်း ကန်က သူ့ ခန္ဓာကိုယ်နဲ့ 
အဆင်မပြေပါဘူး...အသက်ကယ်ဘောကွင်းကလည်း သူ့ အတွက် အရမ်းကိုသေးနေပါတယ်..." လို့ မိခင်
ဖြစ်သူကဆိုပါတယ်...

ကျွန်တော့် ပန်းကန်လုံး ကုန်ပါပြီ...မ၀သေးဘူး...ထပ်ထည့် ပေးပါဦး...
My bowl's empty: The toddler is watched by schoolmates during their lunchbreak

ဆေးပညာဆိုင်ရာဝန်ထမ်းတွေကတော့ သူကလေးဟာ ကြီးထွားဖွံ့ ဖြိုးမှုဟော်မုန်းတွေ ဖောက်ပြန်လို့ ယခု
ကဲ့သို့ လူကြီးတစ်ယောက်နီးပါး အလွန်အမင်းဝဖြိုးလာတာဖြစ်တယ်လို့ ယုံကြည်ယူဆနေကြပါတယ်...
တစ်ချို့ ကတော့ တရုတ်အစိုးရရဲ့ မိသားစုတစ်စု ကလေးတစ်ဦးမူဝါဒကြောင့် မိဘဆွေမျိုးသားချင်းများရဲ့ မင်း
ဧကရာဇ်ကလေးတစ်ပါးလို အလိုလိုက်ကာ ယုယမှုတွေကြောင့် ကလေးငယ်ဟာ ယခုကဲ့သို့ ဖြစ်နေရတယ်
လို့ ဆိုပါတယ်...
" သူကလေးဟာ အ၀လွန်ရုံသက်သက်ဖြစ်နေတာမဟုတ်ပါဘူး...အရပ်အမောင်းလည်း ရှည်လာနေတာမို့ 
ဟော်မုန်းဓါတ်မညီမျှမှုကြောင့် သက်သက်ဆိုယင်တော့ ကျွန်တော်တို့ ကုသပေးနိုင်မှာဖြစ်ပါတယ်..
ဒါပေမယ့် သူဟာ ယခုလိုတော့ ဝမနေနိုင်ရပါဘူး...နို့ မို့ ဆို သူ့ နှလုံးက ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး..." လို့ 
ဂွမ်တုံ ကလေးဆေးရုံကြီးမှ ဒေါက်တာ လုဟုန် ကပြောကြားခဲ့ ပါတယ်...

သြော်...
ဝ တို့ ကတော့ ခပ် ၀၀ ပဲ လို့ ဆိုနေသလိုပါပဲလား...

အင်္ဂလိပ်လိုသတင်းလေးပါ....
This Chinese boy tips the scales at a massive ten stone - five times the average weight of the three-year-olds in his class.
Such is the concern over his size that Xiao Hao was banned from several pre-schools because staff believed his size posed a risk to classmates.

He has now found a nursery in Guangzhou, southern China, which is happy to accommodate him but his mother Xiao Lin has asked doctors to help him lose weight.
'He means no harm he is just big and likes to play. I take him swimming for exercise but it is hard finding trunks to fit him and even the rubber rings are too small,' she said.
Medical staff believe he may have ballooned to the weight of a small adult as the result of a growth hormone disorder.
Others say he is a victim of China's 'Little Emperor' syndrome where the families are allowed only one child - who is then spoiled rotten by doting relatives.

'He is not just overweight but very tall as well so we may be able to treat him if it really is hormonal.
'But he cannot remain like this or his heart will never stand the strain,' said Dr Lu Hong from the Guangdong childen's hospital.

1 comments:

ရွှေရတုမှတ်တမ်း said...

တားတား ကိုချီပါ...ဦးဦး ပီတာ