မနှစ်တုံးကတင်ခဲ့ တဲ့ ပို့ စ် အဟောင်းလေးပါ....
မဖတ်ရသေးသူတွေ ပြန်လည်ဖတ်ရှုကြည်ညိုနိုင်ရန်တင်ပေးလိုက်ပါတယ်....
မင်းကွန်းဆရာတော်ဘုရားကြီး နှင့်  မဟာစည်ဆရာတော်ဘုရားကြီး....
မြန်မာပြည်ဗုဒ္ဓသာသနာသမိုင်းတွင်သီလ၊သမာဓိ၊သိက္ခာပညာအားဖြင်.၄င်း၊
သာသနာပြုစွမ်းဆောင်ချက်များကြောင့် ၎င်းမသိသူမရှိသလောက်သာသနာ့ 
ဘုန်းကံကြီးမားပြီးထင်ရှားကျော်ကြားသည့် ဆရာတော်ဘုရားကြီးနှစ်ပါးရှိခဲ့ 
ဖူးပါသည်။ယနေ့ ခေတ်လူငယ်များမသိလောက်ပေမယ့် လူလတ်ပိုင်းများအ
တွက်တော့ ဆရာတော်ဘုရားကြီးများသက်တော်ထင်ရှားရှိခဲ့ သည့် အချိန်
ကိုဖြတ်သန်းခဲ့ ကြသည့် အတွက်သိရှိကြမှာပါ။ဆရာတော်ဘုရားကြီးများစံ
လွန်တော်မူခဲ့ ကြပေမယ့် သူတို.ပြုစုထမ်းဆောင်ခဲ့ တဲ့ သာသနာ့ တာဝန်များ
နဲ့  အကျိုးကျေးဇူးများကတော့ ယနေ့ အထိ သာသနာတော်မှာထွန်းလင်း
တောက်ပနေဆဲပါ။နောင်လဲနှစ်ပေါင်းများစွာဆက်လက်ထွန်းလင်းနေဦးမှာပါ။
ထိုဆရာတော်ဘုရားကြီးနှစ်ပါးကတော့ မဟာစည်ဆရာတော်ဘုရားကြီးနှင်.
တိပိဋကဓရမင်းကွန်းဆရာတော်ဘုရားကြီးတို့ ဖြစ်ပါတယ်။
မင်းကွန်းဆရာတော်ဘုရားကြီးကတော့ နအဖခေတ်မှာစံလွန်တော်မူခဲ့ လို့ 
သိရှိကြည်ညိုသူတွေပိုများပါတယ်။မဟာစည်ဆရာတော်ဘုရားကြီးက ၁၉၈၀ခုနှစ်
ကျော်လောက်ကစံလွန်ခဲ့ တာမို့ ယ္ခုခေတ်လူငယ်တွေသိပ်မသိကြပါဘူး။ဒါပေမယ့် 
ဆရာတော်ဘုရားကြီးနှစ်ပါးစလုံးဟာဆဌသံဃာယနာတင်ပွဲမှာအမေးအဖြေဆရာ
တော်များအဖြင့် အထင်ကရပါဝင်ခဲ့ ကြတာမို့ နိုင်ငံတကာဗုဒ္ဓဘာသာအသိုင်းအ၀ိုင်း
ကပါသိရှိထင်ရှားကြော်ကြားခဲ့ ပါတယ်။နှစ်ပါးစလုံးကလဲပရိယတ်၊ပဋိပတ်တာဝန်တွေ
ကိုအသီးသီးထမ်းဆောင်ခဲ့ ကြလို့ ပရိယတ်ဆိုလည်းမင်းကွန်းဆရာတော်ဘုရားကြီး
ရဲ့ ကျေးဇူးတော်ကြောင့် ပိဋကတ်သုံးပုံဆောင်သာသနာ့ အာဇာနည်ရဟန်းတော်တွေ
ပေါ်ပေါက်လာနိုင်ခဲ့ ပါပြီ။ပဋိပတ်၊ကမ္မဌာန်းပိုင်းဆိုယင်လည်းယနေ့ ပြည်ပသာသနာ
ပြုလုပ်ငန်းမှာဆရာကြီးဦးဂိုအင်ကာရဲ.ရိပ်သာများပြီးယင်မဟာစည်ရိပ်သာခွဲတွေဟာ
ပြည်ပမှာအများဆုံးပါ။ပြည်တွင်းမှာဆိုယင်တော.တစ်နိုင်ငံလုံးမဟာစည်ရိပ်သာပေါင်း
ရာနဲ.ချီပြီးရှိပါတယ်။
ဆရာတော်ဘုရားကြီးများသက်တော်ထင်ရှားရှိစဉ်တစ်နေ.မှာမဟာစည်ဆရာတော်
ဘုရားကြီးသီတင်းသုံးရာကုက္ကိုင်းဟာမစ်တစ်ရှိမဟာစည်သာသနာ.ရိပ်သာကိုမင်းကွန်း
ဆရာတော်ဘုရားကြီးကြွရောက်လာပါတယ်။မဟာစည်ဆရာတော်ဘုရားကြီးရဲ.စံကျောင်း
တော်ကိုသွားပြီးဆရာတော်ဘုရားကြီးနှစ်ပါးစကားပြောဆိုဆွေးနွေးနေကြပါတယ်။
သိက္ခာဝါကြီးမားတဲ့ ဆရာတော်ကြီးများမို.ထိုစဉ်ကအနားမှာဘယ်သူမှမနေရဲ၊ဆရာ
တော်ကြီးများရှိတဲ့ အခန်းထဲကိုမ၀င်ရဲကြပါဘူး။နောက်တော့ ဗုဒ္ဓသာသနနုဂ္ဂဟဥက္ကဌဖြစ်တဲ့ 
ဦးပွင်.ကောင်း(ရွှေပုဇွန်ကိတ်)ကအရေးကြီးတဲ့ ကိစ္စတစ်ခုလျှောက်ထားစရာရှိတာနဲ့ ဆရာ
တော်ကြီးရဲ့ အခန်းထဲကိုအရဲစွန့် ပြီးဝင်သွားပါတယ်။သူမြင်တွေ့ လိုက်ရတာကတော့ 
မဟာစည်ဆရာတော်ဘုရားကြီးကအခန်းထဲကကုလားထိုင်ပေါ်မှာခြေထောက်နှစ်ချောင်း
ကိုအောက်ချပြီးထိုင်နေပါတယ်။အဲဒီအချိန်မှာမင်းကွန်းဆရာတော်ဘုရားကြီးကအောက်က
ကြမ်းပြင်ပေါ်မှာထိုင်ပြီးမဟာစည်ဆရာတော်ဘုရားကြီးရဲ့ ပေါင်ပေါ်ကိုမေးတင်ပြီးစကားပြော
ဆိုလျှောက်ထားနေတာပါ။အစ်ကိုကြီးကိုညီငယ်လေးက၊ဖခင်ကိုသားငယ်ကနွဲ့ ပြီးတစ်ခုခု
လိုချင်လို့ ပူဆာနေတဲ့ ပုံလိုမျိုးပါ။နိုင်င်ငံတစ်ဝှမ်းလုံးရဲ့ ကြည်ညိုကိုးကွယ်နေတဲ့ သီလသိက္ခာ
ပညာကြီးမားတဲ.ဆရာတော်ဘုရားကြီးနှစ်ပါးရဲ့ ချစ်ခင်ရင်းနှီးတဲ့ သံယောဇဉ်ဟာမြင်ရတဲ့ သူကို
ရင်ထဲမှာကြည်နူးစေပါတယ်။
ဦးပွင်.ကောင်းကတော့ ထိုစဉ်ကဆရာတော်ဘုရားကြီးများဘာကိုပြောဆိုနေသလဲ
ဆိုတာမပြောခဲ့ ပါဘူး။ကျွန်တော်နဲ.ရင်းနှီးတဲ့ သာသနာ့ ရိပ်သာဆရာတော်တစ်ပါးကို
ထိုအကြောင်းလျှောက်ထားကြည့် တော.မဟာစည်ဆရာတော်ဘုရားကြီးကိုသုဓမ္မာဂိုဏ်း
ထဲ(မဟာစည်ဆရာတော်ဘုရားကြီးကထိုစဉ်ကရွှေကျင်ဂိုဏ်းကဖြစ်ပါတယ်)၀င်ဖို့ လျှောက်
နေတာဖြစ်နိုင်တယ်လို.ပြောပါတယ်။ဒါကတော့ သူ့ ရဲ့ ပုဂ္ဂလိကထင်မြင်ချက်ပါ။
နိုင်ငံကျော်ဆရာတော်ဘုရားကြီးနှစ်ပါးရဲ့ လူသိနည်းတဲ့ ကြည်ညိုကြည်နူးဖွယ်ရာအမှတ်
တရပုံရိပ်များပါပဲ။
မဟာစည်ဆရာတော်ဘုရားကြီးဟာယနေ.ထင်ရှားကြော်ကြားတဲ.ရွှေတောင်ကုန်းသာ
သနာ.ရိပ်သာဆရာတော်ကြီးဦးပဏ္ဍိတာဘိဝံသနဲ.ချမ်းမြေ.ရိပ်သာဆရာတော်ကြီးအရှင်
ဇနကာဘိဝံသ တို့ ရဲ.ဆရာရင်းဖြစ်ပါတယ်။
လူငယ်များသိရှိနိုင်ရန်အတွက်ဖြစ်ပါတယ်။
ပန်းချီကျွမ်းကျင်သူသာ စိတ်ကူးနဲ့ ဆရာတော်ဘုရားကြီးနှစ်ပါးထိုင်နေတော်မူပုံကိုသာရေးဆွဲ
ပြီးပို့ စ် မှာတင်နိုင်ယင်တော့ ပိုကောင်းမှာပါ....
ဦးပွင်.ကောင်းရေးသားသောကျွန်တော်နှင်.မဟာစည်သာသနာပြု ၃၃ နှစ်ခရီးစာအုပ်ကို
ဖတ်ရှုကိုးကားပါသည်။
ကိုယ့်အတွက်အား
5 years ago
2 comments:
ကျနော်ငယ်ငယ်ကတစ်ခေါက်ပဲမင်းကွန်းကို
ရောက်ဖူးတယ် ဆရာတော်ကိုမဖူးလိုက်ရပါဘူး
ပျံလွန်တော်မူသွားပြီလေ ကျနော်ကတော့ဘာသိမှာလဲ ပါလာတဲ့အဘိုးတို့လူကြီးအုပ်စုက အတော်လေးဝမ်းနည်းကြတယ်
အစားထိုးမရတဲ့ဆုံးရှုံးမှုတစ်ခုပဲတဲ့
နောက်မှတရားစာအုပ်တွေဖတ်ရင်းတဖြည်းဖြည်းနဲ့သိလာတာ
ဒီပိုစ်ထဲမှာလည်းကျနော်မသိခဲ့တဲ့ဆရာတော်အကြောင်းတွေအများကြီးပါပါတယ်
ကျေးဇူးပါခင်ဗျာ။
ထိုအရှင်နှစ်ပါးကြောင့်ပဲ သာသနာ့မော်ကွန်းဝင် ဆဌသံဃာယနာကို ကမ္ဘာအေးလိုဏ်ဂူတော်မှာ တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ဗျာ။ မဟာစည်ဆရာတော်ဘုရားက မေးတော်မူပြီး မင်းကွန်းဆရာတော်ဘုရားက ဖြေကြားတော်မူခဲ့ပါသည်။
Post a Comment