ဒန့် ကျွဲပင် ပုခက်ဆင်လေပြီ....

Wednesday, November 4, 2009



ေ၇ှးလူကြီးတွေပြောသောစကားအခုတော့ တစ်ကယ်မှန်ခဲ့ လေပြီ....
ကောသလအိပ်မက် တစ်ဆယ့် ခြောက်ချက်ဟူသော (ထပ်မံဖတ်ရှုချင်သူများကလစ်လုပ်ရန်)
လွန်ခဲ့ သော နှစ်ပေါင်း နှစ်ထောင့် ငါးရာကျော်က ဗုဒ္ဓလက်ထက်ကဖြစ်ပွား ဟောကြားခဲ့ သော
အဖြစ်အပျက်အဆိုအမိန့် သည်လည်းအမှန်တစ်ကယ်ဖြစ်ခဲ့ လေပြီ....

ဘူဂေးရီးယားနိုင်ငံမှ အသက် ၁၁ နှစ်အရွယ် Kordeza အမည်ရှိ  မိန်းကလေးတစ်ဦးဟာ သူမရဲ့ 
လက်ထပ်မင်္ဂလာကျင်းပတဲ့ နေ့ မှာပဲ အလေးချိန် ၅ ပေါင်နဲ့  ၈အောင်စ ရှိတဲ့ သမီးမိန်းကလေး
တစ်ယောက်ကိုမွေးဖွားခဲ ပါတယ်တဲ့ ....




ဆယ့် တစ်နှစ်အရွယ် ကလေးက ကလေးမွေးသူလေး...

သူမဟာအသက် ဆယ့် ကိုးနှစ်အရွယ်သာရှိသေးတဲ့  သူမရဲ့ ခင်ပွန်းကို သူမကစားနေစဉ် တစ်ခြား
ကလေးများ အနိုင်ကျင့် နေတုံးမှာ ၀င်ရောက်ကယ်တင်ပေးခဲ့ ရာက စတင်သိကျွမ်းခဲ့တာပါတဲ့ ....




ဒန့် ကျွဲပင် ပုခက်ဆင်တော့ မယ့် ခေတ်ရောက်ချေပြီ....


Jeliazko Dimitrov လို့ အမည်ရှိတဲ့ ကောင်လေးကတော့ သူဟာ ကောင်မလေးကို အသက်
၁၅နှစ်ရှိပြီလို့ ထင်ခဲ့ မိလို့  ချစ်သူရည်းစားအဖြစ်နဲ့ တွဲသွားတွဲလာ ပြုလုပ်ခဲ့တာပါလို့ ဆိုပါတယ်...



ဘာတွေဖြစ်ကုန်ခဲ့တာလည်း ?

သူတို့ နှစ်ယောက်ဟာ သမီးရည်းစားအဖြစ်နဲ့ ချိန်းတွေ့ ကြအပြီး တစ်ပါတ်အကြာမှာ ကောင်မ
လေးမှာ ကိုယ်ဝန်ရှိခဲ့ တာဖြစ်ပါတယ်....( ခေတ်ကာလသားသမီးများတယ်လဲ သွက်ကြသကိုး...)
(ကိုပီတာတို့ သူတို့ အရွယ်တုံးက ဒါတွေဘာမှမသိ ...ဆော့ လို့ ကောင်းတုံးဗျာ...)


 

ခလေးမလေးမှာ ကိုယ်ဝန်ရှိပြီဆိုတာသိလိုက်ရတော့ ကောင်လေးဟာ သူ့ တာဝန်သူယူပြီး
ကောင်မလေးကို လက်ထပ်ပါ့ မယ်တဲ့ ...ဒါပေမယ့်  သကောင့် သားခမျာမှာတော့ အရွယ်မ
ရောက်သေးသူ မိန်းကလေးနဲ့ အတူနေဆက်ဆံမှုနဲ့ ထောင်ခြောက်နှစ်ကျခံ ရမှာပါတဲ့ ....




 ရှေ့ ဆက်ပြီး...ဘာဆက်လုပ်ကြမလဲ....


ကလေးအမေ ပူပူနွေးနွေးအသစ်စက်စက်ကလေးကောင်မလေးကတော့  ကျောင်းမနေတော့ 
ပါဘူးတဲ့ ...ဘာဖြစ်လို့ လည်းဆိုတော့  သားသည်အမေဖြစ်နေရပြီကိုး....




ကျွန်မငယ်သေးတယ်ဆိုတာသိပါတယ်...ဒါပေမယ့် ဘယ်တတ်နိုင်မှာလည်း...
ဖြစ်ပြီးသွားခဲ့ ပြီလေ....

ကောင်မလေးက သူဟာအခုတော့ အရုပ်တွေနဲ့ ဆော့ စရာမလိုတော့ ပါဘူးတဲ့ ....
ကစားစရာသက်ရှိအရုပ်လေးတစ်ခု ရထားပြီလေ...လို့ ပြောလိုက်ပါတယ်တဲ့ ...



ဟုတ်ကဲ့ ကျွန်တော်တော့ တွေးပြီးစိုးရိမ်ပူပန်မိပါတယ်...
ဒါပေမယ့် ဘာတတ်နိုင်မှာလည်း...ဖြစ်ပြီးခဲ့ ပြီ...
အချစ်မှာ အကန့် အသတ်မှရှိပါဘူး....( အလဲ့ ...တယ်ဆိုတဲ့ စာပဲ...)
(အခုတော့ ထောင်ထဲမှာ ခြောက်နှစ်လောက်နေလိုက်ပေဦးတော့ မောင်မင်းကြီးသားရေ...)

အခုတော့ ကလေးအဖေဖြစ်ရတာကို ဂုဏ်ယူဝင့် ကြွားနေတဲ့  ၁၉ နှစ်သားအရွယ် ခင်ပွန်းသည်
Jeliazko Dimitrov  ကိုဘေးမှာထားပြီး ” ကလေးတစ်ယောက်ရဲ့ အမေဖြစ်ရတာကိုက စိတ်ထဲ
မှာထူးထူးဆန်းဆန်းကြီးကို ခံစားရပါတယ်လို့ ...” Kordeza လေးကပြောဆိုခဲ့ ပါတယ်....



ကလေးတော့ နောက်ထပ် မလိုချင်တော့ ပါဘူး...တစ်ယောက်နဲ့ တင်လုံလောက်ပါပြီ...


ဘူဂေးရီးယားနိုင်ငံရဲ့  အဲဒီကောင်မလေးတွေနေတဲ့ နယ်မှာတော့ မိန်းကလေးတွေဟာ အသက်
၁၄ နှစ်ဆိုယင်အိမ်ထောင်ပြုကြပါပြီတဲ့ ....
ကောင်လေးကလည်း ၁၄ နှစ်အောက်မိန်းကလေးနဲ့  အတူပေါင်းသင်းဆက်ဆံလို့  တရားစွဲဆို
ထောင်ချ ခံရမှာဖြစ်ပါတယ်ဆိုပဲ...
ဒီလိုအဖြစ်အပျက်မျိုးကို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ကြိုတင်ပြီး အနာဂတံ
သ ဥာဏ်တော်ဖြင့် မြင်သိ ဟောကြားခဲ့ တဲ့ ဗုဒ္ဓ ကိုသာ ပိုလို့ ကြည်ညိုမိပါတော့ တယ်...

မူရင်းသတင်းအကျယ်ကတော့ ...ဒီမှာပါ...

အောက်ကတော့ အကျဉ်းချူပ်ပေါ့ ....


11 year-old Bulgarian girl had a daughter, and she gave birth in hospital where she was taken on the second day of the wedding ceremony.
She met her 19-year-old husband on the playground when he defended her from bullies.
The guy admitted that he thought she was fifteen years-old, that’s why he started going out with her.
Their child was conceived a week after they were dating. And when he learned that she was pregnant he had to marry her as it was his “duty”. Still, he is facing 6 years of prison for having sex with a minor.
The young mother won’t be attending the school anymore, because as she said she is “a mother now”. And here’s what she said: 'I'm not going to play with toys any more - I have a new toy now.'


With proud husband Jeliazko Dimitrov, 19, at her side, Kordeza admitted: "It feels strange to be a mum and have a baby. 

4 comments:

ဒဏ္ဍာရီ said...

အယ် ... မယုံနိုင်စရာပဲနော်။ ၉ နှစ်အရွယ်နဲ့ ကလေးအမေ ဘ၀ရောက်ရတယ်လို့။ အကိုပြောတာမှန်တယ်နော် .. ဘုရားလက်ထက်က ဟောခဲ့တဲ့ နမိတ်တွေ တကယ်ဖြစ်လာပြီပဲ။ ဒန့်ကျွဲပင် ပုခက်လွှဲတယ်ဆိုတာ ဒါမျိုးကိုပြောတာ ဖြစ်မယ်နော်။
ထူးဆန်းတဲ့ သတင်းလေးတွေအတွက် ကျေဇူးပါ အကို။

ခင်မင်လေးစားလျှက်

သားကြီး said...

ဒန့် ကျွဲပင် ပုခက်ဆင်တဲ့ခေတ်ရောက်ပြီဆိုတော့
မဝေးတော့ဘူးထင်ပါရဲ့ဗျာ :(

သားကြီး said...

ဟုတ်တာပေါ့
ကိုပီတာတို့အဲဒီအရွယ်ကဆို ပုဆိုးကွင်းသိုင်းပြီး ဂေါ်လီအလှိမ့်ကောင်းတုန်း
ဟုတ်??
အဟဲ.....ခင်လို့စတာနော် ချိတ်ချိုးနဲ့ :P

Anonymous said...

ဒန့်ကျွဲပင် ပုခက်လွှဲဆိုတာကို နားမလည်ဘူး ဘာဖြစ်လို့ ဒီလို နေရာမှာ သုံးရတာလဲဆိုတာ ရှင်းပြပေးပါလား...။ ကျေးဇူးကမ္ဘာ...။