ဘော်စတွန်မြို့ မှတိဗက်လားမားဘုန်းတော်ကြီးဝင်စားသူလေး...

Wednesday, November 11, 2009

Boston schoolboy named Buddhist high priest 






 တိဗက်လားမားဘုန်းတော်ကြီးဝင်စားသူပါတဲ့ ...


အမေရိကန်နိုင်ငံဘော်စတွန်မြို့ မှ အသက် ၁၁ နှစ်အရွယ်ရှိ Jigme Wangchuk  အမည်ရှိကောင်
လေးရဲ့ သူငယ်ချင်းတွေ အတွက်တော့ သူလေးဟာ သာမာန် ကျောင်းနေဘက်တစ်ယောက်ပါပဲ...
ဒါပေမယ့်  အိန္ဒိယ နိုင်ငံရဲ့ တိဗက်အနွယ် မဟာယာန ဗုဒ္ဓဘာဝင်တွေအတွက် ကတော့ သူလေး
ဟာသူတို့ မဟာယာနဂိုဏ်းရဲ့ အကြည်ညိုဆုံးတွေထဲကတစ်ပါးဖြစ်တဲ့  လားမားဘုန်းတော်ကြီး
တစ်ဖန်ပြန်လည်ဝင်စားတာလို့  ယုံကြည်ကြလို့  ထောင်ပေါင်းများစွာသော မဟာယာနဘာသာ
ဝင်တွေ ကြည်ညို ဦးခိုက်နေကြရပါတယ်...

အခုတော့ သူဟာ အမေရိကန်က သူ့ ရဲ့ ကျောင်းသားဘ၀ ကိုစွန့် လွှတ်ပြီး ဟိမ၀န္တာတောင်တန်း
တွေနဲ့ နီးတဲ့ အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့ က တိဗက်မဟာယာနဘုန်းကြီးကျောင်းတစ်ခုမှာ မဟာယာ
နဗုဒ္ဓဘာသာခေါင်းဆောင်အဖြစ်နဲ့ နေထိုင်စေဖို့ ဖန်တီးလာတဲ့ ကံကြမ္မာအတိုင်းပဲ ဘူတန်နိုင်ငံ၊
နီပေါနိုင်ငံနဲ့  အိန္ဒိယနိုင်ငံရဲ့ ဟိမ၀န္တာတောင်တန်းများနဲ့ နီးစပ်တဲ့ ပြည်နယ်များက သူ့ ရဲ့ နောက်
လိုက်နောက်ပါများနဲ့ အတူ နေထိုင်လျှက်ရှိနေပါတယ်...

To his old classmates in Boston, Jigme Wangchuk is a normal 11-year-old schoolboy - but in India he is worshipped by thousands of Buddhists who consider him the reincarnation of one the faith's holiest figures. He has traded his American life for a monastery in the Himalayan hill town Darjeeling to fulfil his "destiny" as a spiritual leader and live among his followers throughout Bhutan, Nepal and India's Himalayan states.

သူ့ ရဲ့ မိဘနှစ်ပါးဟာလည်းသူနဲ့ အတူနီးနီးကပ်ကပ်ရှိနေချင်ကြတာမို့  အမေရိကန်နိုင်ငံက သူတို့ 
ရဲ့ စားသောက်ဆိုင်လုပ်ငန်းကို စွန့် လွှတ်ပြီးသူတို့ ရဲ့ သား လူဝင်စားကောင်လေးနေထိုင်ရာ Drukpa
Sangag Choeling Monastery  ရှိရာအိန္ဒိယနိုင်ငံကို လိုက်ပါလာခဲ့ ကြပါတယ်....

သူတို့ ရဲ့ သားလေးဟာလွန်ခဲ့ တဲ့ နှစ် နှစ် လောက်ကစတင်ပြီးတော့ သူ့ ရဲ့ ယခင်ဘ၀ အကြောင်း
စပြီးပြောနေကတည်းက တစ်ခြားကလေးတွေနဲ့ မတူတော့ ဘူးဆိုတာ သိခဲ့ ကြရပါတယ်...
ပထမတော့ သူတို့ ဟာ ကလေးသူငယ်တို့ သဘာဝစိတ်ကူးယဉ်ပြီးထင်ရာမြင်၇ာပြောနေတာ
ပါလို့ ထင်ပြီးဂရုမစိုက်ခဲ့ ကြပါဘူး...
ဒါပေမယ့် သူတို့ မိသားစု အိန္ဒိယနိုင်ငံတောင်ပိုင်း၊ မိုင်ဆိုးမြို့ ရဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို
သွားရောက်ခဲ့ ကြပြီးနောက်တော့  သူတို့ ရဲ့ သားလေးပြောတာတွေကို အလေးအနက်ထားလာရ
ပါတော့ တယ်...

His parents have also given up their restaurant business to be near his Drukpa Sangag Choeling Monastery. They say they discovered their son was not like other children two years ago when he started talking about his "past life". At first, they dismissed it as a childish fantasy, but began taking it seriously during a trip to a monastery in Mysore, southern India.

” သားလေးဟာ သူ့ ရဲ့ အယင်ဘ၀အကြောင်းကို အမြဲပဲပြောပြလေ့ ရှိပါတယ်.... ဒါပေမယ့် ကျွန်
မတို့ က အလေးမထားခဲ့ ကြပါဘူး...ကလေးတို့ သဘာဝ စိတ်ကူးယဉ်ပြီးပြောတယ်လို့ ပဲမှတ်ထား
တာပါ...“ လို့  သူ့ ရဲ့ မိခင်ဖြစ်သူ Dechen ကဆိုပါတယ်...
တစ်ခါတော့ သူဟာ ကစားနေရာကရုတ်တစ်ရက်ရပ်လိုက်ပြီး သူဟာအရင်ဘ၀တုံးက တိဗက်
နိုင်ငံက ဒုတိယမြောက်အဆင့် အမြင့် ဆုံး လားမားဘုန်းကြီး ဂေါဝါ လိုရီပါ ဖြစ်တယ်....သူဟာ
သက္ကရာဇ် ၁၂၅၀ မှာ တိဗက်မှာပဲသေဆုံးခဲ့ တာဖြစ်တယ်လို့  အမျှင်မပြတ် အိပ်မက်မက်နေသူ
ပမာပြောပြခဲ့ ပါတယ်....

"He used to always talk of his past life but we did not take it seriously, dubbing it as a child's fantasies," said his mother Dechen. At one point she claims he stopped playing and went into a trance in which he recounted the story of his former life as "His Holiness the Second Galwa Lorepa" lama who died in 1250 in Tibet.

သူ့ ရဲ့ အိပ်မက်လိုအတွေးပုံရိပ်ထဲမှာ သူနေထိုင်ခဲ့ တဲ့ တိဗက်မဟာယာနဗုဒ္ဓဘာသာဘုန်းတော်
ကြီးကျောင်းရဲ့ ခန်းနားပုံကိုမြင်ယောင်ခဲ့ ရာမှာ ကျောင်းခေါင်မိုးပေါ်မှာ ၃၅ ပေရှိတဲ့ နဂါးပုံရုပ်
ထုနဲ့ တန်းဆာဆင်ထားပါတယ်တဲ့ ...
သူတစ်ခါမျှမရောက်ခဲ့ ဘူးတဲ့ ကျောင်းတော်ရဲ့ ပုံသဏ္ဍာန်ကိုပြောပြတာကြားခဲ့ ရပြီးနောက် တိ
ဗက်ဘုန်းတော်ကြီးတွေက သူဟာ တိဗက်မဟာယာနဗုဒ္ဓဘာသာ ဂိုဏ်းရဲ့ အဓိကကျောင်းတိုက်
ကြီးလေးခုထဲကတစ်ခုကို တည်ထောင်ခဲ့ တဲ့ လားမားဘုန်းတော်ကြီး Rinpoche တစ်ဖန်ပြန်
လည်ဝင်စားတာဖြစ်တယ်လို့  ယုံကြည်ပြောဆိုခဲ့ ကြပါတယ်...

While in a trance he described a celebrated Buddhist monastery with a 35ft dragon on the roof. After hearing his description of the temple he had not visited, the monks proclaimed he was the reincarnation of the 'Rinpoche' or high priest Galwa Lorepa, the founder of one of the four main schools of Tibetan Buddhism.

အခုတော့ သူဟာ နောက်ထပ်ဆယ်နှစ်လုံးလုံး ပြင်ပအဆက်အသွယ်အားလုံးနီးပါနဲ့ အဆက်ဖြတ်
ပြီးနေထိုင်ရတော့ မှာပါ....သူလုပ်နိုင်တာဆိုလို့ သူ့ ရဲ့ ( အမေရိကားက ) ကျောင်းနေဘက်သူ
ငယ်ချင်းဟောင်းများကို e-mail နဲ့ သာဆက်သွယ်နိုင်တော့ တာပါပဲ....
” လွန်ခဲ့ တဲ့ နှစ်နှစ်လောက်ကစပြီး ကျွန်မတို့ အတွက်အတော့် ကိုစိတ်ဒုက္ခရောက်ခဲ့ ကြရပါတယ်...
ကျွန်မဆိုယင် ငါးလလောက်ဆက်တိုက်နေ့ စဉ်ငိုခဲ့ ရပါတယ်...နောက်ဆုံးတော့ လည်း အခုလို
မျိုးအခြေအနေကို ကျင့် သားရသွားရတော့ တာပါပဲ....”  လို့ သူ့ ရဲ့ မိခင်ကပြောပြခဲ့ ပါတယ်...

Now he will spent the next ten years in virtual seclusion and only be able to communicate with his former school friends by email. "It has been a very difficult period for us over the past two years. I have been crying for the past five months, but have, at last, come to terms with it," said his mother Dechen.

” ကျွန်မတို့ မိသားစု ဒါဂျီလင်မြို့ ကိုလာခဲ့ တုံးက နယူးဒေလီမြို့ ကိုရောက်နေခိုက် ကျွန်မသူ့ ကို
မေးခဲ့ ပါတယ်....ဘော့ စတွန်မြို့ ကိုပြန်မသွားချင်ဘူးလားလို့ ....အဲဒီတော့ သူက သူ့ မှာ( အရင်
ဘ၀က ) သူ့ ရဲ့ နောက်လိုက်နောက်ပါတွေအတွက် ဖြည့် ဆည်းပေးရမယ့် တာဝန်ဝတ္တရားရှိနေ
ပါတယ်လို့ ဖြေပါတယ်.... သူ့ အတွက်တော့ နောင်တ ဆိုတာမှရှိပါဘူး....”  လို့ သူ့ မိခင်ကဆို
ပါတယ်...
”ကျွန်တော်ကျောင်းသားဘ၀ကိုတော့ လွမ်းပါတယ်....ဒါပေမယ့် အခုရောက်ရှိနေထိုင်ရတဲ့ ဘဝ
သစ်၊ နေရာသစ်မှာလည်းပျော်ပါတယ်...ဒီမှာနေရတာကိုနှစ်သက်ပါတယ်....” လို့ သူကပြော
ခဲ့ပါတယ်....

"When we were in New Delhi on our way to Darjeeling, I asked him whether he would like to go back to Boston. He said he has to fulfil his responsibilities to his people." But for 'His Holiness' Jigme, there's no regrets. "I will miss my school days but I am happy in my new role. I like it here," he said.


တစ်ကယ်တော့ လူဝင်စားဆိုတာကို ယနေ့ သိပ္ပံပညာရှင်များလည်း လက်တွေ့ မေးမြန်းစုံစမ်း၊
စမ်းသပ်ခဲ့ ပြီးကြလို့ လက်ခံသွားခဲ့ ကြရပါပြီ....

ကျွန်တော်တို့ ယုံကြည်တဲ့ ထေရ၀ါဒဗုဒ္ဓ ဘာသာကလည်းလူဝင်စားဆိုတာကိုယုံကြည်လက်ခံ
ပါတယ်...

ဒါပေမယ့် ကျွန်တော်တို့ ရဲ့ ထေရ၀ါဒက လူတစ်ယောက်ရဲ့ ယခင်ဘ၀ကအကြောင်းတွေထက်
ယခုလက်ရှိဘ၀မှာ သူနေထိုင်၊ ကျင့် ကြံပွားများအားထုတ်တဲ့  သီလ၊သမာဓိ၊ပညာတွေကို ပိုပြီး
အလေးထားကာယုံကြည်၊ ကြည်ညိုပါတယ်...

လူတစ်ယောက်ဟာယခင်ဘ၀က ဘယ်လောက်ပင်သီလသမာဓိနဲ့ ပြည့် စုံကျော်ကြားခဲ့ တယ်
လို့ ဆိုစေကာမူ့ ယခုဘ၀မှာတော့ သူဟာ လူအများရဲ့ ယုံကြည်ကြည်ညိုမှုကိုရဖို့ ထပ်မံကျင့် ကြံ
နေထိုင်ရပါတယ်...အဲဒီလိုဖြူစင်တဲ့ အကျင့် သီလရှိမှလည်းထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေကကြည်
ညိုကြပါတယ်...

လူဝင်စားသည်ဖြစ်စေ၊ မ၀င်စားသည်ဖြစ်စေ သူကျင့် ကြံနေထိုင်၊ဟောပြောသွန်သင်ဆုံးမသော
အချက်အလက်များကိုသာအလေးထားယုံကြည်ပါသည်...

နောက်တစ်ချက်က ထေရ၀ါဒဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘုရားရှင်နှင့် တစ်ကွသော၊ ရဟန္တာအရှင်မြတ်
များဟာကိလေသာကင်းစင်ကာဘ၀ဇတ်ချူပ်ငြိမ်းခဲ့ ပြီမို့ ဘ၀အသစ်တစ်ဖန်ပြန်မဖြစ်ကြတော့ 
ပါဘူး....

အနာဂါမ်အရိယာသူတော်စဉ်များဟာလည်းနောက်တစ်ဘ၀သာ ( ဗြဟ္မာ့ ဘုံမှာပဲရောက်ရှိကြ
ပါတယ်...)  ရှိတော့ တာမို့ လူ့ ပြည်မှာပြန်မ၀င်စား၊ ပြန်မဖြစ်ပါ.....
သကဒါဂါမ်၊ သောတာပန် အရိယာ သူတော်စဉ်များလည်း လူ့ ပြည်မှာလူအဖြစ်ပြန်ဝင်စားတယ်
လို့ တော့ အစဉ်အဆက်မှတ်တမ်းမရှိပါ....

ထို့ အတွက် လူဝင်စားသူဟူသရွေ့ ကတော့ ကိလေသာအာသဝေါတရားများမကုန်ခန်းသေး
လို့ သာ....

ကိလေသာ၊တဏှာမကုန်သေးသရွေ့  ၃၁ ဘုံမှာအဆုံးအစမရှိကျင်လည်ကြရဦးမည်
ဖြစ်ပါကြောင်း....

1 comments:

သားကြီး said...

ဟုတ်ကဲ့
ဒီလိုမှပေါ့
ဟိုတစ်ယောက်ကတော့တလွဲပြောနေတယ်