Annoyed with Old Pick-up Car, Nepal Minister Slaps Mandarin

Friday, November 13, 2009

မော်ဒယ်နိမ့် တဲ့ ကားနဲ့ ကြိုမိလို့ .....






 

နီပေါနိုင်ငံအစိုးရ၀န်ကြီးတစ်ဦးဟာ အဆင့် မြင့် အရပ်ဖက်ဝန်ထမ်းအကြီးအကဲတစ်ဦးကိုတာ
ဝန်ဖြင့် ခရီးထွက်ခွာလာသောသူမကိုကားအို၊ ကားဟောင်းဖြင့် လာရောက်ကြိုဆိုခဲ့ သည့် 
အတွက် သတိပေးဆုံးမရန်အတွက် ပါးရိုက်ခဲ့ ကြောင်းဝန်ခံပြောကြားခဲ့ ပါတယ်...

နီပေါနိုင်ငံ၊အစိုးရ လယ်ယာစိုက်ပျိုးရေး ဒုတိယ၀န်ကြီး ကာရီမာဘီဂမ် ကသူမဟာ အဆိုပါ
ဒေသဆိုင်ရာအစိုးရအရာရှိကိုကော်လာကနေဆွဲကိုင်ပြီး၊ မျက်နှာကိုဖြတ်ပြီးအကြိမ်များစွာရိုက်
ခဲ့ ကြောင်း၊ အဲဒီလိုလုပ်ရတာဟာလည်း အဆိုပါအရာရှိကြီးဟာ သူမ မှာကြားတောင်းဆိုထား
တဲ့ ကားနဲ့ လာကြိုဖို့ ပျက်ကွက်ခဲ့ တာကြောင့် ဖြစ်တာပါလို့ ပြောကြားခဲ့ ပါတယ်...

” ကျွန်မက အဲဒီခရိုင်ညွှန်ကြားရေးမှူးချူပ်ကို မှာထားတဲကားမလွှတ်ပဲ၊ကားအို၊ကားစုတ်ကို
လွှတ်ပြီးလာကြိုတာဟာကျွန်မရဲ့ အမိန့် ကိုမလိုက်နာပဲ၊ လျစ်လျူရှုတာမို့ ပါးရိုက်ခဲ့ တာပါ....” 
လို့  ဒုဝန်ကြီးအမျိုးသမီး ဘီဂမ်ကပြောခဲ့ ပါတယ်...

” ကျွန်မက မှာထားတဲ့ ကားအကြောင်းမေးတော့  သူကကျွန်မနဲ့ စကားအခြေအတင်ပြောပြီး၊ ကျွန်မကိုတောင် လက်ညှိုးနဲ့ ထိုးပြီးပြောပါသေးတယ်...အဲဒါနဲ့ သူ့ ကို သူ့ ရဲ့ တာဝန်ဝတ္တရား
တွေဟာဘာလဲဆိုတာနားလည်သွားအောင် ပါးကိုလေးချက်လောက်ဆင့် ပြီးရိုက်ပစ်လိုက်တာ
ပါပဲ....”  လို့ သူမကဆက်ပြောပါတယ်...

” အစိုးရအရာရှိဝန်ထမ်းတစ်ယောက်က ကျွန်မလို ၀န်ကြီးတစ်ယောက်ကိုဒီိလို အရှက်ခွဲလို့ 
ဘယ်ရမလဲ....” လို့ လည်းသူမကဆိုခဲ့ ပါတယ်...

အဆိုပါအမျိုးသမီးဝန်ကြီးဟာ အမျိုးသမီးဥပဒေပြုအမတ်များနဲ့ တွေ့ ဆုံဆွေးနွေးဖို့ နိုင်ငံ
တောင်ပိုင်းဒေသလေဆိပ်ကိုရောက်ရှိခဲ့ စဉ် လွန်ခဲ့ တဲ့ အင်္ဂါနေ့ ကအထက်ပါအဖြစ်အပျက်
ဖြစ်ပွားခဲ့ ခြင်းဖြစ်ပါတယ်...

သူမဟာဟာခရိုင်အရာရှိကြီးဖြစ်သူဟာ သူမကိုကြိုဆိုဖို့ သူ့ ရဲ့ အကောင်းဆုံးကားကိုမစေ
လွှတ်ပဲ မော်ဒယ်နိမ့် တဲ့ ကားကိုသာစေလွှတ်ခဲ့ လို့ အကြီးအကျယ်ဒေါသပုန်ထခဲ့ တာဖြစ်ပါတယ်...

” ၀န်ကြီးက စကော်ပီယံဂျစ်နဲ့ လာကြိုဖို့ တောင်းဆိုခဲ့ ပါတယ်... အဆင်မပြေချင်တော့ အဲဒီ
ကားက အဆင်သင့် မဖြစ်ခဲ့ ဘူးဗျာ...ဒါနဲ့ ကျွန်တော်က မစ်ဆူဘီရှီဂျစ် နဲ့ လွှတ်ပြီးကြိုခိုင်း
ခဲ့ ပါတယ်...အဲဒီကားကလည်းမကြာသေးခင်ကမှပြင်ထားတာဖြစ်ပြီးအခြေအနေတော်တော်
ကောင်းပါသေးတယ်ဗျာ...ဒါပေမယ့် ဝန်ကြီးကသဘောမတွေ့ ဘူးဗျ...”  လို့ အရာရှိကြီးဖြစ်သူ
မစ္စတာ ဘန်ဒါရီ ကပြောပြခဲ့ ပါတယ်...

- A Nepalese government minister on Wednesday admitted slapping a senior civil servant in the face to teach him a lesson after he sent an old car to pick her up during an official visit. Deputy Agriculture Minister Karima Begam said she grabbed the local government worker bythecollarandhithim repeatedly across the face after he failed to send the car she had requested. "I beat the CDO (chief district officer) because he ignored my orders by sending an old vehicle," Begam said.
"When I asked him about the vehicle, he tried to argue with me and even pointed fingers at me. I slapped him four times in order to make him more aware of his duties and responsibilities," she said. "How could a government employee humiliate the min ister?" Begam had flown to a provincial air port in the south of the country to attend a meeting of women law makers when the incident occurred on Tuesday. She was apparently angered by the fact that the functionary, Parsa Durga Prasad Bhandari, had not sent his best car to pick her up, instead dispatching an older model.
"The minister had asked for a Scorpio jeep which was not available at that time. I had sent a Mitsubishi jeep which was recently repaired and was in good condition but the minister did not like it," Bhandari said. -

2 comments:

naylin said...

ပါးရိုက် ဆုံးမ သင့်တာ ကိုးဗျ။ နဲတောင်နဲသေး

Angel Shaper said...

အပေါ်က တစ်ယောက်ပြောသလိုပဲ။ ဟိဟိ