Woman Dies at 99, Leaves Behind 1,400 Descendents

Sunday, November 15, 2009


တို့ ရဲ့ ဘွားဘွား...







” ကောင်းမွန်စွာထွန်ယက်စိုက်ပျိုး၍တိုးပွားလော့ ....”  ဟူသော ပညတ်တော်မှာကြားချက်ကို
Krishevsky  မိသားစုက တိတိကျကျ တစ်သွေမတိမ်း လိုက်နာခဲ့ သည်ဟုဆိုလျှင် လွန်အံ့ မထင်
မိပါပေ...

လွန်ခဲ့ သည့် စနေ နေ့ က ၎င်းမိသားစု၏ ဘွားဘွားကြီး Rachel Krishevsky  ဟာအသက် ၉၉
နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ ပါတယ်...
ဘွားဘွားကြီးကွယ်လွန်ချိန်မှာ သား၊သမီး၊မြေး၊မြစ်၊တီ၊တွတ် အပါအ၀င် မျိုးဆက်သစ်အားလုံး
စုစုပေါင်း ၁၄၀၀ မျှသောအရေအတွက်ရှိ မိသားစုကြီးကိုချန်ထားရစ်ခဲ့ လေသည်....

ဘွားဘွား Krishevsky  ဟာ အသက် ၁၉ နှစ်အရွယ်မှာပဲ ၀မ်းကွဲအစ်ကိုတစ်ဦးဖြစ်သူ Yitzhak
နဲ့ လက်ထပ်ခဲ့ တာပါ...
သူတို့ နှစ်ဦးကနေ သားခုနှစ်ယောက်၊ သမီးလေးယောက် လူ့ လောကကို ခေါ်ဆောင်လာခဲ့ ပါ
တယ်...သူတို့ ရဲ့ အစဉ်အဆက်လက်ခံကျင့် သုံးလာခဲ့ တဲ့  ဓလေ့ ထုံးတမ်းအရဘွားဘွား Krishevsky
ဟာ သူမရဲ့ သားသမီးတွေကို ရင်သွေးဟူက ရှုမ၀၊ သားသမီးဆိုတာ ရတနာ ဟု သဘောထား
ရန်သွန်သင်ခဲ့ သဖြင့်  သူမ၏သားသမီးများက ထပ်မံ၍ သားသမီးပေါင်း ၁၅၀ ဦး ထပ်မံမွေးဖွား
ခဲ့ကြပါတယ်....

ထို ၁၅၀ မျှ သော သာသမီး( မြေး ) များကလည်း အသေအချာပင် ထွန်ယက်စိုက်ပျိုးပြီး တိုးပွား
လာခဲ့ ရာ မျိုးဆက်သစ်ပေါင်း ၁၀၀၀ ထက်မနည်း ပေါ်ထွန်းမွေးဖွားလာခဲ့ သည် ဟူသတတ်....
ဤသို့် ဖြင့် ဘွားဘွား Krishevsky ၏ မိသားစုအသိုက်အမြုံကြီးတိုးပွားခဲ့ ရာ သူမ မကွယ်လွန်
ခင်အထိ သူမတွင်မြေးများကမွေးသောမြစ်များပင် ရာနှင့် ချီပြီးရှိလာခဲ့ လေသည်....

သို့ ဖြင့်  သူမချစ်ခင်မြတ်နိုးသည့်  သားသမီး၊မြေးမြစ်များ ၀ိုင်းရံလျှက်ပင် ဘွားဘွားကြီး  Krishevsky
တစ်ယောက် လူ့ လောကမှအပြီးအပိုင်ထွက်ခွာသွားခဲ့ ရှာလေသည်...
မွေးဖွားခဲ့သော မျိုးဆက်သစ်များမှာ များပြားလွန်းလှသဖြင့် ဘယ်သူက ဘယ်နှစ်ယောက် စသည်
ဖြင့် အတိအကျပင်ရေတွက်ခြင်းငှာ မစွမ်းနိုင်တော့ ပေ...
အကြမ်းအားဖြင့် သာ အယောက် ၁၄၀၀ ခန့် ရှိမည်ဟုခန့် မှန်းရကြောင်း ဘွားဘွားကြီးရဲ့ မြေး
တစ်ဦးက ပြောခဲ့ ပါတယ်...
ဘွားဘွားအနေနဲ့ သက်တမ်းပြည့် ( တစ်ကယ်တော့ ကျော်တယ်လို့ တောင်ဆိုနိုင်ပါတယ်...)
အသက်ရှင်နေထိုင်သွားခဲ့ ရပေမယ့်  မိသားစုကြီးကတော့ အဘွားကို နှမြော တသ ကြေကွဲ
နေကြပါတယ်...
အဘွားဟာ သူမရဲ့ ဘ၀တစ်လျှောက်လုံးနီးပါး ဂျေရုဆလင်မြို့ က Mahane Yehuda လေဟာ
ပြင်ဈေးကြီးနားမှာ နေထိုင်ခဲ့ တာဖြစ်ပါတယ်....

” အဘွားဟာ ဘုရားသခင်ကို အလွန်ပျပ်ဝပ်ကြည်ညိုခဲ့ တာ  သူ့ ဘ၀တစ်လျှောက်လုံးပါပဲ...
သူမရဲ့ အိမ်တံခါး ကို အိမ်ခြေယာခြေမဲ့ သူများနဲ့ ဈေးအနီးက ဆင်းရဲချို့ တဲ့ သူများအတွက် လာ
ရောက်စားသောက်နိုင်ဖို့ အတွက် အမြဲပဲတံခါးဖွင့် ထားခဲ့ တာပါ....”  လို့ အဘွားရဲ့ မြေးတစ်ဦးက
ပြောပြပါတယ်....

” အဘွားစာ သမ္မာကျမ်းစာရဲ့  ဆာလံ အခန်းကို အလွတ်ရပြီး မိသားစုကြီးရဲ့ သာရေး၊ နာရေး
အခန်းအနားတွေအားလုံးမှာ မပျက်မကွက်ပါဝင်ခဲ့ တာ လွန်ခဲ့ တဲ့ နှစ်နှစ်အထိပါပဲ....သူမရဲ့ 
သားသမီး၊ မြေးမြစ်တွေအားလုံး ကိုလည်းမှတ်မိ သိရှိနေပါသေးတယ်...
သူမရဲ့ ဘ၀ဟာစွမ်းဆောင်မှုများနဲ့ ဖြောင့် မတ်မှန်ကန်တည်ကြည်မှု၊ မေတ္တာ၊ဂရုဏာ တရားတွေ
ပြည့် ဝမှုတို့ အတွက် ဂုဏ်ယူရပါတယ် ....”   လို့ မြေးများကဆိုပါတယ်...

ယခုလို သားသမီးမြေးမြစ်တွေ အမြောက်အများမွေးထုတ်နိုင်ခဲ့ တာတောင်မှ အဘွားထက်စံ
ချိန်ချိုးနိုင်တဲ့ သူရှိနေပါသေးတယ်တဲ့ .....
အဘွားထက်ပိုပြီး မြေးမြစ်၊ တီ၊ တွတ်၊ ကျွတ် အထိရှိတဲ့  အသက်ရှင်နေဆဲ ဘိုး၊ ဘွား သက်ရှည်
မိသားစုနှစ်ခု အခုအထိရှိနေပါသေးတယ်...
တစ်စုကတော့  ဂျေရုဆလင်မြို့ ရဲ့  Mea Shearim  အရပ်မှာနေတဲ့  Hassidic  မိသားစုပါ...
နောက်မိသားစုကတော့  လစ်သူယေးနီးယား ဂျူးအနွယ်တစ်ခုရဲ့ ခေါင်းဆောင် ရဟူဒီဘုန်းတော်
ကြီး Yosef Shalom Elyashiv  ရဲ့ မိသားစုပဲဖြစ်ပါတယ်တဲ့ ....
အဲဒီမိသားစုတွေရဲ့ လူဦးရေဘယ်လောက်လဲဆိုတာတော့ ဖော်မပြထားတဲ့ အတွက်အတိအကျ
မသိရပေမယ့် ....၁၄၀၀ လောက်ရှိတဲ့ မိသားစုအနွယ်ထက်ပိုများတယ်ဆိုတော့ ....
အောင်မယ်လေး....လို့ သာ တ လိုက်မိချင်ပါတော့ တယ်...

ကဲ....
သမီးကြီး အိန်ဂျယ်ရေ....
ကောင်းစွာထွန်ယက်စိုက်ပျိုး၍ တိုးပွားလော့ ....တဲ့ ..
တို့ ပြောတာမဟုတ်ဘူးနော်....
ပညတ်တော်ထဲမှာ ပါတာတဲ့ ....



မူရင်းလေးကဒီလိုပါ....

JERUSALEM, Israel — The commandment to “be fruitful and multiply” the Krishevsky family follows quite closely. Last Saturday, the great grandmother, Rachel Krishevsky passed away at the age of 99, leaving behind no less than 1,400 children, grandchildren, great-grandchildren, and even great-great-grandchildren.

Krishevsky got married to her cousin, Yitzhak, just before turning 19. The couple brought seven sons and four daughters into the world. In accordance with haredi custom, Krishevsky brought up her children to see children as a great joy. Her children subsequently adopted her outlook and produced 150 children of their own.

These 150 children continued the commitment to be fruitful and multiply and themselves had no less than 1,000 children. From here, the lineage continued even further, and Rachel Krishevsky was blessed with a few hundred great-great-grandchildren.

Rachel Krishevsky died on Saturday surrounded by loving descendants.
Due to their great numbers, the family is not quite clear on precisely how many descendents there are. “The estimate in the family is that we are about 1,400 people since almost all of those from the family line were blessed with many children,” said one of the grandchildren Wednesday.

Though she lived a full and long life, the family is saddened by Rachel's passing. Krishevsky lived nearly her whole live next to Jerusalem's Mahane Yehuda open-air market.

“Grandma was a God-fearing woman her whole life, and her door was always open to the homeless and poor near the market who were looking for a place to eat,” added the grandchild.

“She knew the entire book of Psalms by heart, and participated in all the family events, happy and sad, up until two years ago. She knew all of her descendents. We are sad about her death, but proud of what she achieved in her life and her righteousness and compassion.”

Though Krishevsky certainly produced many offspring, she did was not a record-breaker. In the haredi sector, there are two well-known cases of living people having great-great-great-grandchildren. One such case is in a Hassidic family living in the Jerusalem neighborhood of Mea Shearim. Another such family is that of Rabbi Yosef Shalom Elyashiv, the leader of the Lithuanian branch of haredi Judaism. A few months ago, his great-great-grandson had his first child.

2 comments:

စည်သူ said...

အင်း..

“ကောင်းစွာထွန်ယက်စိုက်ပျိုး၍ တိုးပွားလော့” ဆိုလို့ ဘာများ ထွန်ယက်စိုက်ပျိုးမလဲလို့ လာပြောကြည့်တာ..

ကိုကလည်း စိုက်ပျိုးရေးဆို ဝါသနာပါတာကိုးဗျ အိမ်မှာဆို စိုက်ထားတာ မျက်စိတောင်နှောင့်တယ်..

အဖွားကြီးရဲ့ ဘာသာတရားလေးစားမှု မေတ္တာစေတနာထားမှု တွေက လောကကြီးမှာ သူ့ကို အသက်ရှည်စေတဲ့ အကြောင်းတစ်ရပ်ထဲ ပါမယ်လိုထင်တယ်..

အဲလိုဆွေမျိုး မောင်နှမ မြေး မြစ် တီ တွတ်တွေနဲ့ဆို တော်တော်ကို ပျော်ဖို့ကောင်းမှာပဲ..

ဟေဟေးးးးးး
ပြေားမှာသာပြောတာပါ
ချက်..ချက်တောင် ချက်ဒယ်..းP

ခင်မင်စွာဖြင့်
စည်သူ။

မငုံ said...

အဲဒီလောက်ထိ အသက်ရှည်ပါ့မလား မသိပါဘူး။ :)) ၉၉နှစ်တောင် နေပျော်တယ်။ ရတနာကြီးတော့ များလှချည်းလား။။