ဝက်တုပ်ကွေးမကူးစက်မပျံ့ ပွားသည့် ပရိတ်ရေဖျန်းစက်
Saturday, November 14, 2009
 'Holy water' machine aims to stem swine flu'
အကြံကောင်းလျှင်တစ်ချက်...
အီတလီနိုင်ငံမှ တီထွင်သူတစ်ဦးဟာ ယုံကြည်ကိုးကွယ်မှုနှင့် တီထွင်ဖန်တီးနိုင်မှု တို့ ကိုပေါင်းစပ်ပြီး ( ဘာသာရေးနဲ့ သိပ္ပံ ပညာ ) ခရစ်ယာန်ဘုရားရှိခိုးကျောင်းများရဲ့ အစဉ်အလာကိုဆက်လက်
ထိန်းသိမ်းစေနိုင်ဖို့ အတွက် ပရိတ်ရေ များအတူတစ်ကွပက်ဖြန်းသုံးစွဲခြင်းဖြင့် ဝက်တုပ်ကွေးရော
ဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် လျှပ်စစ်ရေသန့် ဖြန်းပေးနိုင်တဲ့ စက်ကိုတီထွင်ခဲ့ ပါတယ်....
အီတလီနိုင်ငံမြောက်ပိုင်း၊ Fornaci di Briosco မြို့ မှာ သုံးစွဲနေပြီဖြစ်တဲ့ အဆိုပါ ပရိတ်ရေသန့် 
စက်ဟာ အများပြည်သူသုံး သန့် စင်ခန်းများမျာ တပ်ဆင်ထားတဲ့ ဆပ်ပြာရည်ညှစ်ပေးတဲ့  စက်
ကဲ့ သို့ ပင် ဘုရားရှိခိုးကျောင်းကိုလာရောက်သူများက ၎င်းတို့ ရဲ့ လက်ကို စက်အောက်သို့ ပြ
လိုက်ရုံမျှဖြင့်  သန့် ရှင်းစင်ကြယ်သော ပရိတ်ရေများအလိုအလျောက်ထွက်ကျလာမှာဖြစ်ပါတယ်...
” ဒါကတော့ အနည်းငယ်ဆန်းသစ်တီထွင်ထားတာပါ...ပထမတော့ ဒီလိုနည်းပညာပိုင်းဆိုင်ရာ
တီထွင်ဆန်းသစ်မှုကို ( ဘာသာရေးနဲ့ လိုက်လျောညီထွေ ရှိပါ့ မလားလို့ ) လူတွေက စိုးရိမ်
ပူပန်ခဲ့ ကြပါသေးတယ်...
အခုတော့ သူတို့ တွေ ကျေကျေနပ်နပ်၊ ပျော်ပျော်ရွှင်ရွှင်ကြီးကိုသုံးစွဲနေကြပါပြီ.... သုံးနေ
ကျဖြစ်လို့ လည်း ကျင့် သားရသွားကြပါပြီ....”  လို  ဖာသာ Pierangelo Motta ကပြောပါတယ်.....
ဝတ်ပြုဆုတောင်းဖို့ ဘုရားရှိခိုးကျောင်းကိုလာရောက်သူတွေရော၊ ပြီးဆုံးလို့ ပြန်လည်ထွက်ခွာ
သူတွေပါ သူတို့ ရဲ့ လက်တွေကို ဘုန်းတော်ကြီးတွေ ရွတ်ဖတ်သရ္ဇျာယ်ထားတဲ့ ပရိတ်ရေထည့် 
ထားတဲ့ ဇလုံတွေ၊ ကန်ငယ်တွေထဲမှာ နှစ်ပြီး သူတို့ ရဲ့ ကိုယ်မှာ ကြက်ခြေခတ်၊ လက်ဝါးကပ်တိုင်
ပုံပြုလုပ်ကြရပါတယ်...
ဒါပေမယ့်  လူ ၁၅ ဦး ၀က်တုပ်ကွေးရောဂါကြောင့် သေဆုံးသွားခဲ့ ရပြီးနောက် လူတွေဟာ အဆို
ဇလုံတွေမှာ လက်တွေကို ရေမနှစ်ကြတော့ ပါဘူး...
” အခုလိုလုပ်လိုက်တာ အတော့် ကိုကောင်းပါတယ်...”  လို့  ဘုရားကျောင်းကိုလာရောက်ဝတ်
ပြုဆုတောင်းသူ  Marta Caimm   က  ကျောင်းဝင်းထဲကိုဝင်အလာမှာ ပြောပြပါတယ်...ဒီလို
စီစဉ်ထားတော့ ဝက်တုပ်ကွေးရောဂါ ကူးစက်ပျံ့ ပွားမှာ မစိုးရိမ်ရတော့ ပါဘူး...ဒါဟာအခြေအ
နေနဲ့ အချိန်အခါကိုလိုက်ပြီး အဆင်ပြေအောင်လုပ်လိုက်တာပါပဲ...လို့ သူမကပြောပြခဲ့ ပါတယ်...
ဝက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှာစိုးရိမ်တာနဲ့  ရိုးရာအစဉ်အလာတွေတိမ်ကော ပပျောက်
ပျက်စီးသွားမှာစိုးလို့  အခုလို အလိုအလျောက် ပရိတ်ရေသန့် စက်( ရေဖြန်းစက် ) ကိုတီထွင်
ခဲ့ တာဖြစ်ကြောင်း အဆိုပါစက်ကို တီထွင်သူ Luciano Marabese  ကရှင်းပြခဲ့ ပါတယ်...
စိတ်ကူးကောင်းတဲ့ သူ့ အတွက်အခုတော့ ငွေတွေဝင်လာမစဲ တစ်သဲသဲဖြစ်နေပါပြီ....
ဝက်တုပ်ကွေးရောဂါကူးစက်ပျံ့ ပွားမှာစိုးလို့  မီလန်မြို့ က ကက်သီဒရယ်ကျောင်းတော်ကြီးက
စလို့  လက်ဆေးကန်ထဲမှာ အတူတစ်ကွ လက်ရေနှစ်ခြင်းကိုတားမြစ်လိုက်တဲ့ သတင်းပေါ်
ထွက်လာပြီးနောက် သူ့ ရဲ့ အလိုအလျောက်ပရိတ်ရေဖြန်းစက်အတွက် (၀ယ်ယူဖို့ )အမှာစာ
တွေဟာ တစ်ဟုန်ထိုးတိုးတက် များပြားလာပါတော့ တယ်...
” အခုတော့ တစ်ကမ္ဘာလုံးကနေကို မှာကြားလာနေပါတော့ တယ်....”  လို့ သူကပြောပြ
ခဲ့ပါတယ်....
ဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါတယ်...
မူရင်းကတော့ ဒီလိုပါ....
An Italian inventor has combined faith and ingenuity to come up with a way to keep church traditions alive for the faithful without the fear of contracting swine flu -- an electronic holy water dispenser.
The terracotta dispenser, used in the northern town of Fornaci di Briosco, functions like an automatic soap dispenser in public washrooms - a churchgoer waves his or her hand under a sensor and the machine spurts out holy water.
"It has been a bit of a novelty. People initially were a bit shocked by this technological innovation but then they welcomed it with great enthusiasm and joy. The members of this parish have got used to it," said Father Pierangelo Motta.
Catholics entering and leaving churches usually dip their hands into fonts full of holy water - which has been blessed by a priest - and make the sign of the cross. But fear of contracting the H1N1 virus has led many in Italy - where some 15 people have died of swine flu - not to dip their hands in the communal water font.
"It's great," said worshipper Marta Caimm as she entered the church. "Thanks to this we are not worried about catching swine flu. It is the right thing for the times," she said.
Luciano Marabese, who invented the dispenser, said he did so out of concern that fear of swine flu was eroding traditions.
And he is now blessing himself all the way to the bank.
"After all the news that some churches, like Milan's cathedral, were suspending the use of holy water fonts as a measure against swine flu, demands for my invention shot to the stars. I have received orders from all over the world," he said.
4 comments:
Angel Shaper said...
ကိုယ့်နိုင်ငံမှာလဲ အဲလို ဖျန်းစက်လေး လိုချင်လိုက်တာ။ ၀ယ်သွားဦးမှပဲ။ ဟဲဟဲ
ဒဏ္ဍာရီ said...
အော် စီးပွားရေး သမားတွေကတော့ ဒီလိုပဲနော် အကို...။
ခင်မင်လေးစားလျှက်
စည်သူ said...
အတွေးတစ်ခု ရသွားတယ် ကိုပီတာရေ့..
ခင်မင်စွာဖြင့်
စည်သူ
စည်သူ said...
အတွေးတစ်ခု ရသွားတယ် ကိုပီတာရေ့..
ခင်မင်စွာဖြင့်
စည်သူ