ပိုင်ပြီဟုတော့ ဖြင့် မတွက်လေနှင့် ....

Sunday, November 1, 2009


Device retrieves secret texts years after being deleted





တိတ်တိတ်ကလေး ခိုးစားထားတာတွေ ပေါ်ကုန်တော့ မည်...




သစ္စာမရှိသူ၊ မိမိချစ်သူ၊ဇနီး၊ခင်ပွန်း၊မိတ်ဆွေသူငယ်ချင်းများကို လိမ်ညာလှည့် ဖြားခဲ့ သူများ
အကြီးအကျယ်ဒုက္ခရောက်စေမယ့်  နည်းပညာတစ်ခု အောင်မြင်စွာတီထွင်ထုတ်လုပ် နိုင်ခဲ့ 
လေပြီ....
လွန်ခဲ့ သော ငါးနှစ်ခန့် ကမှစပြီး delete လုပ်ပြီးဖျက်ပြစ်ခဲ့ တဲ့ မိုဘိုင်းဖုံးများထဲက စာသား
တွေကိုပြန်လည် ရယူဖော်ထုတ်ပေးနိုင်တယ့် နည်းပညာ ကိရိယာပေါ်ပေါက်လာတာပါပဲ...

ရေခဲပြင်ဟော်ကီကစားရာတွင် ဘောလုံးအစားသုံးသောရာဘာဒိုးပြား ပုံသဏ္ဍာန်ရှိသည့် အဆို
ပါပစ္စည်းလေးဟာ  ကာလကြာမြင့် စွာကတည်းက မိမိရဲ့ မိုဘိုင်းလ်ဖုံးတွေထဲကနေ ဖယ်ရှား
ဖျက်ပစ်ထားခဲ့ တဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို SIM ကဒ်တွေဆီကနေ
ပြန်လည်ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်...

အဆိုပါသိပ္ပံပစ္စည်း ကိရိယာကိုထုတ်လုပ်သည့်  Khor Will & amp အဖွဲ့ အစည်း အနေဖြင့် 
သြစတေးလျနိုင်ငံရဲတပ်ဖွဲ့ ၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီများနှင့်  ခြေလှမ်းမှားနေသည့် မိမိတို့ ၏ဇနီး၊
ခင်ပွန်းများကို သံသယရှိနေသူများရဲ့ စစ်ဆေးစေလိုသည့် မိုဘိုင်းလ်ဖုံး များကို စမ်းသပ်စစ်
ဆေးခြေရာခံ ပေးနပါတယ်...
အဆိုပါကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး Kim Khor က ကုန်လွန်ခဲ့ တဲ့ နှစ်များက စာသားအဖြစ်ရိုက်
နှိပ် ပို့ လွှတ်ထားတဲ့  သတင်းအချက်အလက်၊စာသားတွေကို အလွယ်တစ်ကူပဲပြန်ပြီး ရှာဖွေ
တွေ့ ရှိနိုင်ပါတယ် လို့ ဆိုပါတယ်...

Mr Khor နဲ့ လုပ်ဖော်ကိုင်ဖက် Mr Gary Coulthart  တို့ ဟာ laptop ကွန်ပြူတာနဲ့ scan
ဖတ်စစ်ဆေးတဲ့  စက်ပစ္စည်းကိရိယာတွေပါဝင်တဲ့  ခရီးသွားသေတ္တာလေးနဲ့  သြစတေးလျ
နိုင်ငံအနှံ့ အပြားသွားရောက်ကြကာ မိုဘိုင်းလ်ဖုံးတွေထဲက ဖျက်ပစ်ခဲ့ တဲ့ စာသားတွေကို
မိနစ်ပိုင်းအတွင်း ပြန်ရှာပေးနေကြပါတယ်တဲ့ ခင်ဗျား....

ကဲ....
ဆရာတို့ ၊ ဆရာမတို့ ရေ....
ပိုင်လှပြီလို့ တော့ မတွက်နဲ့ တော့ နော်...
အခုအချိန်ကစပြီး SIM ကဒ်ကိုသာအစတုံးဖျောက်ပစ်ဖို့ သာစဉ်းစားတော့ ...
နို့ မို့ ဆိုယင်တော့ ခေါင်းကိုဆင်နင်းတာ၊ကွန်တိန်နာကားကြိတ်တာကမှတော်ဦးမယ်...
ကတိတွေအခါခါအထပ်ထပ်ပေးပြီးကာမှ၊ အဲဒီစက်နဲ့ စစ်ဆေးလိုက်တော့ မှ text message
တွေပို့ ပြီး ကြူထားတာတွေ၊ လိမ်ထားတာတွေ အားလုံးအကုန်ပေါ်လာလိမ့် မယ်နော်...

မူရင်းကတော့ ဒီလိုပါ...

It's a technological breakthrough that will worry cheating partners - secret text messages can now be retrieved from mobilephones five years after they were deleted.
Shaped like an ice hockey puck, the XRY forensic device mines old SIM cards for long-erased nuggets of personal information.

Kim Khor is director of Khor Wills & Associates - which handles mobile forensics for Australian police, private companies and suspicious individuals keen to catch wayward spouses. He says old text messages can be easily found.

Mr Khor and associate Gary Coulthart - armed with a suitcase of gadgetry including laptops and scanning devices - travel around Australia to retrieve private information from mobile phones in minutes.

3 comments:

သားကြီး said...

ဟိုက်!!!!!
ကတ်အသစ်ဝယ်သုံးဦးမှပဲ

စိမ်း... said...

ရဲတွေအမှုလိုက်ရတာ အထောက်အကူရတာပေါ့...

amk said...

တောက်! ဒီကောင်တွေတော့ ကွိုင်ပဲ မြွေဖမ်းတော့မှာပဲ