ကဒါဖီရဲ့ စည်းရုံးသိမ်းသွင်းရေးနည်းစနစ်သစ်.....
Tuesday, November 17, 2009
'Give me 500 beautiful Italian girls': Colonel Gaddafi hires escort agency women during Rome summit and then tries to convert them to Islam
လက်ဆောင်တွေပွေ့ ပိုက်ပြီး ကားပေါ်ကိုအတက်.....
Clutching their gifts, the women board a bus waiting for them after the event in Rome last night
ကမ္ဘာ့ နိုင်ငံရေးလောကမှာ ထူးထူးဆန်းဆန်းနေထိုင်ပြောဆို ကျင့် ကြံမှုတွေကြောင့် နာမည်
ကျော်ကြားလှတဲ့ လစ်ဗျားခေါင်းဆောင် အာဏာရှင် ဗိုလ်မှူးကြီး ကဒါဖီဟာ အီတလီနိုင်ငံကို
ရောက်ရှိနေခဲ့ စဉ် အခကြေးငွေပေးပြီးပျော်ပါးရတဲ့ အမျိုးသမီးများ စီစဉ်ပေးတဲ့ အေဂျင်စီတစ်
ခုကို ငယ်ရွယ်လှပသော အီတလီသူ အမျိုးသမီးအယောက် ၅၀၀ လောက် သူစီစဉ်တဲ့ ညနေ
ပိုင်း ဧည့် ခံပွဲတစ်ခုကို စေလွှတ်ပေးဖို့ တောင်းဆိုမှာကြားခဲ့ ပြီး အဆိုပါအကျင့် စာရိတ္တပျက်
ပြားနေတဲ့ ( ခန္ဓာကိုယ်နဲ့ ရင်းပြီးစီးပွားရှာနေတဲ့  ) မိန်းကလေးတွေ ကို အစ္စလာမ်ဘာသာထဲ
အသက် ၆၇ နှစ်ရှိခေါင်းဆောင်ကြီးဟာ သူမှာကြားခဲ့ တဲ့ မိန်းကလေးတွေဟာ အသက် ၁၈ နှစ်
ကနေ ၃၅ နှစ်အတွင်း ရှိရမယ်၊ စကတ်တိုနံ့ နံ့ လေးတွေမ၀တ်ဆင်ရဘူး၊ အင်္ကျီဆိုယင်လည်း
လည်ပင်းသိပ်မဟိုက် စေရပါဘူးတဲ့ ...ဒါပေမယ်. ဒေါက်မြင့် ဖိနပ်တွေတော့ ဝတ်ဆင်နိုင်ပါတယ်
လို့် သူ့ ရဲ့ စည်းကမ်းချက်တွေကို ပြောခဲ့ ပါတယ်...
အီတလီနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာထိပ်သီးညီလာခံကိုတက်ရောက်
တဲ့  ကဒါဖီဟာ သားနားသပ်ယပ်စွာဝတ်စားထားတဲ့ အဆိုပါအမျိုးသမီးများကို ရောမမြို့ လယ်
က တည်းခိုခန်းတစ်ခုမှာ စုရုံးစေခဲ့ ပြီး အဲဒီကမှတဆင့် အီတလီနိုင်ငံဆိုင်ရာ လစ်ဗျားသံအမတ်
ကြီးရဲ့ နေအိမ်ဆီကို ခေါ်ဆောင်သွားခဲ့ တာဖြစ်ပါတယ်...
ရွှေဝါရောင်ဆံပင်၊ ပိတုံးရောင်ဆံပင်တွေနဲ့ ဒေါက်မြင့် ဖိနပ်တွေစီး၊ ပေါင်အထိရောက်တဲ့ ခြေ
အိတ်အရှည်ကြီးတွေဝတ်ကာ၊ ကိုယ်ခန္ဓာရဲ့ လေးပုံသုံးပုံအထိရှည်တဲ့ ကုတ်အင်္ကျီတွေဝတ်ဆင်
ထားတဲ့ မိန်းကလေးတွေဟာ လုံခြုံရေးတွေရဲ့ စစ်ဆေးမှုကိုခံယူဖို့ တန်းစီနေခဲ့ ကြတာကိုတွေ့ 
ရှိခဲ့ ရပါတယ်...
လာရောက်တဲ့ အထဲကတစ်ချို့ မိန်းကလေးများကိုတော့ သူတို့ ဝတ်စားထားတာ မသင့် တော်၊
သို့ မဟုတ် သူတို့ ဟာ အရပ်ပုလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လွှတ်လိုက်ပါတယ်....
( ခေါင်းဆောင်ကြီးက ဆံပင်ရှည်အရပ်မြင့် မြင့် ကိုမှ သဘောကျပုံရတယ်နော်....)
သူတို့ အားလုံး သံအမတ်ကြီးအိမ်မှာလူစုံပြီဆိုမှ ကဒါဖီဟာ တစ်နာရီလောက်နောက်ကျပြီး မှ
ခန့် ငြားထည်ဝါလှတဲ့ ကားဖြူကြီးနဲ့ ရောက်ရှိလာပြီး မိန်းကလေးများကို အစ္စလာမ်ဘာသာရဲ့ 
ကြီးကျယ်မြင့် မြတ်ပုံများကို ဟောပြောခဲ့ ပါတယ်တဲ့ ....
သူဟာ မိန်းကလေးတွေအားလုံးကို အစ္စလာမ်ဘာသာရဲ့ အထွတ်အမြတ် ကိုရမ်ကျမ်းမြတ်
အကြောင်းလည်းဟောပြောပြီး သူတို့ ကို ကိုရမ်ကျမ်းစာအုပ်တစ်အုပ်နဲ့  သူ ၁၉၇၅ ခုနှစ်က
ရေးခဲ့ တဲ့  ဒီမိုကရေစီနဲ့ နိုင်ငံရေးသဘောတရားများဆိုတဲ့ အစိမ်းရောင်စာအုပ်တစ်အုပ်စီ
ကို လက်ဆောင်ပေးခဲ့ ပါတယ် .....( မော်စီတုံးကတော့ စာအုပ်နီပေါ့ ဗျာ....သူကတော့ 
စာအုပ်စိမ်း ပေါ့ ....ထွင်တာ...ထွင်တာ ....ဒါပေမယ့် သူကတော့ စည်းရုံးရေးဆင်းတာပြည့် 
တန်ဆာမလေး၊ ချောချောလေးတွေကို....)
အသီးသီးရတဲ့ လက်ဆောင်တွေနဲ့ အတူ.....
 Gaddafi girls: Women recruited to attend a reception held by the Libyan leader leave with copies of the Koran
အခုလို မိန်းကလေးတွေချည်းပဲပါဝင်တဲ့ အခမ်းအနားဟာ စားနပ်ရိက္ခာဖူလုံရေးအစည်းအဝေး
လာတက်တဲ့ တစ်ခြားနိုင်ငံခေါင်းဆောင်တွေရဲ့ ဇနီးများဟာလည်း အီဂျစ်သမ္မတ ဟူစနီမူဘာရက်
ရဲ့ ဇနီး စူဆန်မူဘာရက် ခေါင်းဆောင်ကျင်းပတဲ့ အစားအစာချို့ တဲ့ ဆင်းရဲမွဲတေမှုဆိုင်ရာညီလာ
ခံနှီးနှောဖလှယ်ပွဲ ကျင်းပနေချိန်မှာပြုလုပ်ခဲ့ တာဖြစ်ပါတယ်....
အဆိုပါ စားနပ်ရိက္ခာညီလာခံကို ကမ္ဘာ့ ခေါင်းဆောင်တွေတော်တော်များများ တက်ရောက်ခဲ့ ကြ
ပါတယ်....
ဒါပေမယ့် ဗြိတိန်၊ အမေရိကန်၊ ရုရှားနဲ့ တစ်ခြားစီးပွားရေးအင်အားကြီးနိုင်ငံများကတော့ ကမ္ဘာ့ 
အစားအစာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ ကြီးက ကြီးမှူးပြီးသုံးရက်ကြာကျင်းပခဲ့ တဲ့ အဆိုပါညီ
လာခံကို မတက်ရောက်ခဲ့ ကြပါဘူး.... ( အခုလိုမျိုး ကဒါဖီ ပါယင် ကြောင်တောင်တောင်တွေ
လုပ်မှာကြိုသိလို့ လားမသိဘူး....)
အီတာလျှံဘာသာနဲ့ ရေးထားတဲ့ ကိုရမ်ကျမ်းနဲ့ ကဒါဖီရဲ့ 
သဘောတရားရေးရာအဆိုအမိန့် များ စာအုပ်စိမ်း....
Bizarre: One of the models displays the Koran and Green Book given to her by Colonel Gaddafi
ကဒါဖီဟာ နိုင်ငံရပ်ခြားကို ခရီးထွက်ခွာတိုင်း ခပ်ကြောင်ကြောင်၊ ခပ်ဆန်းဆန်း တွေတောင်း
ဆိုတတ်ပါတယ်...အများအားဖြင့် တော့ သူနေထိုင်တည်းခိုဖို့  ရှေးတုံးကအာရပ်ခရီးသွားတွေ
အသုံးပြုနေထိုင်ကြတဲ့ ရွက်ဖျင်တဲကြီးကို ရောက်ရာနိုင်ငံရဲ့ ပန်းခြံတွေမှာ ထိုးပေးနိုင်ဖို့ တောင်း
ဆိုစီစဉ်လေ့ ရှိတာပါပဲ....
ယခုနှစ်အစောပိုင်းက အီတလီနိုင်ငံ၊ ရောမမြို့ ကိုလာရောက်လည်ပတ်ခဲ့ စဉ်တုံးကလည်း အမျိုး
သမီးစီးပွားရေးစွမ်းဆောင်ရှင်များကို တွေ့ ဆုံပြီးမိန့် ခွန်းပြောဖို့ တောင်းဆိုခဲ့ ပါသေးတယ်....
( အမျိုးသားငနဲများကတော့ သူရွှီးသမျှ ယုံမှာမဟုတ်ဘူးဆိုတာ သူသိပုံရတယ်.... )
အချောအလှလေးတွေပဲရွေးခေါ်တဲ့ ပွဲ....
Glamorous: The women were told not to wear mini skirts to the gala - but the dictator insisted 'heels are OK'
ကောင်မလေးတွေဆိုရှေ့ ကိုတိုး.....ဆိုတဲ့ ခေါင်းဆောင်ကြီး....
မည်သို့ ပင်ဆိုစေ၊ အခုတစ်ခေါက်သူစီစဉ်တဲ့ တွေ့ ဆုံဟောပြောပွဲကိုတော့ တက်ရောက်ခဲ့ ကြတဲ့ 
မိန်းကလေးတွေ တော်တော်များများက သဘောမကျကြပါဘူး... ဒါတောင် လာတဲ့ မိန်းကလေး
တိုင်းကို အပိုဆုကြေးငွေ ပေါင်စတာလင် ၅၀ ( ဒေါ်လာ ၈၃ )  ပေးခဲ့ သေးတာပါ....
ပွဲကိုတက်ရောက်ခဲ့ တဲ့ မိန်းကလေးအများစုက သူတို့ အနေနဲ့ သူတို့ ကိုးကွယ်ယုံကြည်တဲ့ ဘာ
သာကိုရော၊ သူတို့ ကိုပါ စော်ကားတယ်လို့ ခံစားခဲ့ ရတယ်လို့ ဆိုပါတယ်....
အမည်မဖော်လိုသူ ရွှေဝါရောင်ဆံပင်နဲ့ အမျိုးသမီးတစ်ဦးကတော့ ”  သူဟာ ကျွန်မတို့ ယုံကြည်
တဲ့ ခရစ်တော် ဟာအားလုံးအတွက် အနစ်နာခံပြီး လက်ဝါးကပ်တိုင်မှာအသက်စွန့် ပြီးတော့ လူ
သားတွေရဲ့ အပြစ်ကိုသူ့ သွေးနဲ့ ဆေးကြောသန့် စင်ပေးသွားတယ်ဆိုတာကိုမယုံကြည် ပါဘူးတဲ့ ....
ခရစ်တော်ဆိုတာ သူ နဲ့ ရုပ်ချင်းဆင်တူသူတာဖြစ်ပါတယ်...သူ့ ကိုလည်းထာဝရဘုရားသခင်က
စောင့် ရှောက်ကယ်တင်ခဲ့ တာပါ....”  လို့ ဆိုခဲ့ တယ်လို့် ပြောခဲ့ ပါတယ်....
တစ်ခြားမိန်းကလေးတစ်ယောက်ကတော့ ...” ကျွန်မထင်တာက ကျွန်မတို့ ဟာ ပါတီပွဲတစ်ခုကို
သွားကြရမယ်ထင်နေတာ....အခုတော့ ရေတစ်ခွက်တောင်မတိုက်၊ မုန့် လေးတစ်ချပ်တောင်မ
ကျွေးပါဘူး....”  လို့ ပြောပြခဲ့ ပါတယ်...
ဒါပေမယ့် ရောမမြို့ အခြေစိုက် မိန်းကလေးပေါင်း ၆၅၀၀၀ အရံသင့် စာရင်းရှိတဲ့ ဥရောပရဲ့ အကြီး
ဆုံးအခကြေးငွေပေးပြီးပျော်ပါးရတဲ့ အမျိုးသမီးများရှာဖွေစီစဉ်ပေးတဲ့  Hostessweb ကုမ္ပဏီ က
Alessandero  ကတော့ ....” အဲဒီပွဲဟာ တစ်ကယ့် ကိုပျော်စရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ ပါတယ်...
ကောင်မလေးတွေဟာ အဲဒီညနေချမ်းရဲ့ ပျော်ရွှင်ကြည်နူးမှုကိုတော်တော်နဲ့ မေ့ နိုင်မှာတောင်မ
ဟုတ်ပါဘူး....”  လို့ ပြောခဲ့ ပါတယ်...
ကောင်မလေးတွေကို ဒီကားကြီးမျိုးနဲ့ ကို သံအမတ်ကြီးနေအိမ်ကိုပို့ ပေးခဲ့ တာတဲ့ ....
” သူတို့ အထဲကတစ်ချို့ ဟာ လစ်ဗျားကို ကိုယ်တိုင်သွားပြီးနေရာ၊ရှုခင်းတွေကြည့် ချင်ပြီး ကဒါဖီ နဲ့ 
ပါ ကိုယ်တိုင်စကားပြောပြီး အစ္စလာမ်ဘာသာကို ကူးပြောင်းဖို့ စိတ်ကူးရှိကာ ကျွန်တော့် ကိုဆက်
သွာလာခဲ့ ကြပါတယ်...”
” သူက ( ကဒါဖီ ) ကောင်မလေးတွေကို အီတလီဘာသာနဲ့ ရေးသားပြန်ဆိုထားတဲ့ ကိုရမ်ကျမ်းစာ
နဲ့ သူ့ ရဲ့ နိုင်ငံရေးအာဘော် စာအုပ်တွေပေးပြီး သူအနေနဲ့ ကောင်မလေးတွေ အဲဒီစာအုပ်တွေကို
ဖတ်ဖြစ်တာသေချာသလားဆိုတာသူတို့ ကို ဆက်သွယ်စုံစမ်းနေမယ်လို့ ပြောခဲ့ ပါတယ်....”
” ကျွန်တော်အလေးအနက်ထားပြီးပြောချင်တာတစ်ချက်ကတော့  ဘယ်ကောင်မလေးတစ်
ယောက်မှ အဲဒီမှာ ( သံအမတ်ကြီးအိမ်တော်မှာ ) ညမအိပ်ခဲ့ ပါဘူး....သူတို့ အ၀င်အထွက်
လူဦးရေစာရင်းကို ကျွန်တော်သေသေချာချာရေတွက်ထားခဲ့ ပါတယ်...
တွေ့ ဆုံးဆွေးနွေးပြောဆိုတာကလွဲလို့  တစ်ခြားဘာမှ မသင့် တော်၊ မလျော်ကန်တာတစ်ခုမှ
မဖြစ်ခဲ့ ပါဘူး....”  လို့ ပြည့် တန်ဆာအကျိုးဆောင်လုပ်ငန်းမှ ပုဂ္ဂိုလ် ကပြောကြားခဲ့ ပါတယ်....
သူကဆက်ပြီး အခုလိုမျိုး ( မိန်းကလေးတွေကို အစ္စလာမ်ဘာသာကို ဆွဲဆောင်သိမ်းသွင်းဟော
ပြောမယ့် ) ပွဲကို ယနေ့ ညနဲ့ မနက်ဖြန်ညတွေမှာလည်း ဆက်လက်ပြုလုပ်သွားဖို့  စီစဉ်ထားခဲ့ 
ပြီးပါပြီ လို့ ဆိုပါတယ်....
” ဘာနေရာမှာ၊ ဘယ်လိုပြုလုပ်မယ်ဆိုတာတော့ မသိဘူးပေါ့ လေ....ကျွန်တော်သိတာကတော့ 
ကောင်မလေးတွေနဲ့ ကျွန်တော်တို့ ဟာ ကုမ္ပဏီ ရုံးအပြင်ကနေစောင့် နေကြမယ်...ကားတွေနဲ့ 
ကောင်မလေးတွေကိုလာကြိုပြီးခေါ်ဆောင်သွားမယ်ဆိုတာပါပဲ... ” လို့ သူက ထပ်ပြောပြပါတယ်...
ယနေ့ ကျင်းပတဲ့ ထိပ်သီးညီလာခံမတိုင်မီမှာပဲ အခုလိုငွေပေးပျော်ပါးရတဲ့ အမျိုးသမီးတွေကို
သူ့ ရဲ့ အိမ်တော်ကိုခေါ်သွင်းမိလို့ ကျော်မကောင်းကြားမကောင်းဖြစ်နေတဲ့ အီတလီဝန်ကြီးချူပ်
ဆီဗီယို ဘာလူစကိုနီဟာ သူ့ မိတ်ဆွေ ကဒါဖီင်္ကို ပွေ့ ဖက်ပြီးကြိုဆိုနှုတ်ဆက်ခဲ့ ပါသေးတယ်...
(သူတော်ချင်းချင်း၊ သတင်းမွေ့ မွေ့ ပေါ့ ဗျာ...)
 အကြိုက်ချင်းတူသူ၊ မိတ်ဆွေကြီးတွေလေ....
မျက်နှာကြီးကိုက.....
'Friends': Silvio Berlusconi reviews one of Gaddafi's female guards during a visit by the leader (left) in June
ကဒါဖီကလည်း ဘာလူစကိုနီ ကို သူ့ ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ အဖြစ်ပြောဆိုခဲ့ ပါတယ်...
မာရသွန်မိန့် ခွန်းရှည်ကြီးတွေ ( လေးငါးခြောက်နာရီကြာ) ပြောတတ်တဲ့ သူ့ မိတ်ဆွေ
လစ်ဗျားခေါ့င်းဆောင်ကဒါဖီကိုတော့ အီတလီဝန်ကြီးချူပ် က ဒီတစ်ခါတော့ မိန့် ခွန်းကို
ဖြစ်ပေမယ့် အကြာကြီးတော့ နားမထောင်ပါရစေနဲ့ လို့ တောင်းပန်ခဲ့ ပါတယ်တဲ့ ....
အံ့ အားသင့် စရာပဲ၊ လျှာရှည်တဲ့ ကဒါဖီတစ်ယောက် မိန့် ခွန်းကို ဆယ်မိနစ်ပဲကြာအောင်ပြော
သွားခဲ့ ပါတယ်...
သူက ယခင်ထိပ်သီးညီလာခံတွေက ကတိတွေအားလုံးဟာ သဲထဲရေသွန်သလို ဘယ်ဟာမှအ
ကောင်အထည်မပေါ်ခဲ့ ကြောင်း ပြောဆိုခဲ့ ပြီး အီတလီနိုင်ငံကိုတော့ စားနပ်ရိက္ခာဖူလုံရေးအတွက်
ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုမှာ အရေးကြီးတဲ့ ၊ သိသာထင်ရှားတဲ့ အခန်းကဏ္ဍ ကနေပါဝင်ခဲ့ တယ်
လို့ ချီးကျူးသွားပါတယ်....
အီတလီနိုင်ငံဆိုင် လစ်ဗျားသံအမတ်ကြီး Haffed Gadur ကတော့ ”  ကျွန်တော်တို့ ဗိုလ်မှူးကြီးက
အစ္စလာမ်ဘာသာဟာ အမျိုးသမီးတွေကို ဖိနှိပ်ချူပ်ချယ်တာမဟုတ်ပါဘူးဆိုတာ ကောင်မလေး
တွေကိုပြောပြချင်လို့  တွေ့ ဆုံတာသက်သက်ပါပဲ....”  လို့ ပြောကြားခဲ့ ပါတယ်....
 ဒါနဲ့ တစ်ဆက်တည်းပဲ ယူကျူ မှာတွေ့ မိတဲ့ ပညာရှင်များရဲ့ သုတေသနပြုလုပ်ချက်ဗီဒီယိုကလစ်
လေးလည်းကြည့် ကြပါဦး....
အသေအချာကြည့် ယင်တော့ ရင်လေးစရာပေပဲ....
စစ်ဆင်ရေးတစ်ရပ်လို ရည်မှန်းချက်တစ်ရပ်အနေဖြင့် ဆိုယင်တော့ မကောင်းတာကို
မကောင်းဘူးဟု ရိုးရိုးသားသားပင်ဆိုရမည်ဖြစ်ပါကြောင်း.....
အမျိုးဘာသာ၊ သာသနာအတွက်အတွေးတစ်စရမည် ဆိုလျှင် ဘာသာပြန်တင်ပြရကျိုးနပ်ပါပြီ....
ဆင်ခြင်တွေးတောနိုင်ပါစေသတည်း.....
မူရင်းကတော့ ဒီလိုပါ.....
Libyan dictator Colonel Gaddafi asked an escort agency to supply 500 ‘beautiful Italian girls’ for a gala evening at which he tried to convert them to Islam, it emerged today.
The 67-year-old leader also requested that they ‘were aged between 18 and 35 years old, did not wear mini skirts or have plunging necklines but high heels were OK.’
The women, all glamorously dressed, were told to meet at a hotel in the centre of Rome, where Gaddafi is attending a summit on world food security, before being taken to the Libyan ambassador’s residence in the city.
The girls, a mixture of blondes and brunettes dressed in heels, stockings and three-quarter length coats, were seen queuing up to go through security checks.
Several of them were turned away after being told they were inappropriately dressed or they were too short.
Once inside - and after an hour’s delay - Gaddafi arrived in a white limousine to lecture the girls on the superiority of Islam.
He also gave a talk on the Muslim Koran and gave all the girls a copy as a gift as well as a signed version of his Green Book on democracy and political philosophy, written in 1975.
The all-female event took place at the same time as other leaders’ wives were attending a forum to discuss food poverty, led by Suzanne Mubarak, wife of Egyptian President Hosni Mubarak.
The event in Rome has attracted several world leaders.
But Britain, the United States, Russia and other economic powerhouses are absent from the three-day summit being held by the Food and Agriculture Organisation.
Gaddafi has a habit of making bizarre requests when travelling abroad - usually it is for a Bedouin tent to be pitched in the grounds of a park.
And on an earlier visit to Rome this year he asked to speak to an audience of businesswomen.
However, this time, his lecture did not go down well with many of the girls, who were also given a €50 cash tip.
Many of them complained they ‘felt offended as women and for their religion’.
One blonde woman who did not give her name said: ‘I was particularly offended when he said we believed that Christ had been crucified but he hadn’t, instead it was someone who looked like him and that God had saved Christ.’
While another girl said: ‘I thought we were going to a party - we didn’t even get a glass of water or some salty snacks.’
But Alessandro Londero, of Rome-based Hostessweb, who claims his agency is ‘one of the biggest in Europe with more than 65,000 girls’ on its books, insisted: ‘It was a very enjoyable experience and the girls were captivated by the evening.
‘Some of them have already been in touch with me to express an interest in going to Libya and seeing the place for themselves and speaking further with Gaddafi about converting to Islam.
‘He gave the girls Italian translations of the Koran and of his Green Book and he said he would be in touch with them to test them and make sure they had read them.
‘One thing I do want to stress is that none of the girls spent the night there - I counted them all in and I counted them all out. There was nothing untoward it was simply an interesting evening of discussion.’
Mr Londero said that a similar event had been organised for tonight and tomorrow night.
He added: ‘I don’t know where or what will happen. All I know is that we have to be outside the office and coaches will pick the girls up.’
Before the summit today Italian Prime Minister Silvio Berlusconi, who has been involved in a sleaze scandal after escorts were invited to parties at his official residences, embraced Gaddafi.
Gaddafi described Berlusconi as his 'close friend'. In return he told the Libyan dictator, who is famous for his long speeches: 'Just five minutes please, although we live in hope.'
Surprisingly, Gaddafi did manage to keep his speech to just ten minutes.
He said that 'all promises at previous summits had been in vain' but he praised Italy for 'playing a significant role in fighting food security'.
Haffed Gadur, Libya’s ambassador to Italy, said: ‘The colonel wanted to meet the Italian girls to simply tell them that Islam was not against women.
1 comments:
Myo Win Zaw said...
ကောင်းတယ်ဗျာအလွန်စဉ်းစားသင့်တဲ့အချက်ဘဲ ကျွန်တော်တို့နိုင်ငံရော ဘယ်လိုလဲဆိုတာ တွက်ချက်ထားသင့်ပြီ