Uganda school exam births shock

Tuesday, November 10, 2009

 


 စာမေးပွဲဖြေနေစဉ်မှာဗိုက်နာပြီးကလေးမွေးတဲ့ မူလတန်းကျောင်းသူ....




 


ယူဂန္ဓာနိုင်ငံတွင် မူလတန်းကျောင်းထွက်စာမေးပွဲဖြေဆိုနေသော မိန်းကလေးနှစ်ဦးဟာ တစ်
ရက်စီခြားပြီး စာမေးပွဲခန်းထဲမှာဗိုက်နာကာ ရင်သွေးငယ်များမွေးဖွားခဲ့ ကြပါတယ်...
လွန်ခဲ့ တဲ့ တနင်္လာနေ့ က ယူဂန္ဓာနိုင်ငံ Masindi ဒေသက Kiryandongo BCS  မူလတန်း
ကျောင်းက ကျောင်းသူတစ်ယောက်ဟာ စာမေးပွဲဖြေဆိုနေစဉ်အတွင်း မီးဖွားခဲ့ ပါတယ်...
သူမမွေးဖွားခဲ့ တဲ့ ကလေးက မိန်းကလေးဖြစ်ပါတယ်...
တစ်ခါ အင်္ဂါနေ့ မှာတော့  Kibaale  ဒေသ က Kabasara  မူလတန်းကျောင်းမှာ အသက် ၁၈နှစ်
အရွယ်ရှိ Annette Asaba  ဆိုသူမိန်းကလေးဟာလည်း စာမေးပွဲ ဖြေဆိုနေစဉ် မီးဖွားဖို့ အတွက်
ဗိုက်နာလာခဲ့ ပါတယ်တဲ့ ....
ကျောင်းစာမေးပွဲ ကြီးကြပ်စစ်ဆေးသူ Mr Vincete Ahimbisbwe က  Annette ဟာ စာမေးပွဲ
ဖြေဆိုနေစဉ် သူမရဲ့ လက်ကိုမြှောက်ပြီး အခန်းထဲကနေ အပြင်ကိုထွက်ဖို့ ခွင့် တောင်းခဲ့ ပါတယ်...
သူမကို အိမ်ကိုအမြန်ပြန်ပို့ လိုက်ရပြီး အိမ်မှာပဲ သားယောကျာင်္းလေးတစ်ဦးဖွားမြင်ခဲ့ ပါတယ်...
လို့ ပြောပြခဲ့ ပါတယ်...

ကျောင်းအုပ်ဆရာကြီး Leonard Birigwa  ကလည်း...Annette ဟာ မီးဖွားခဲ့ ရလို့ အားနည်းနေ
ပေမယ့်  အဲဒီနေ့ နေ့ လည်ပိုင်းမှာပဲ ကျောင်းကိုပြန်လာခဲ့ ပြီး ဖြေဆိုနေဆဲ  သိပ္ပံဘာသာကိုဆက်
လက်ဖြေဆိုသွာပါတယ်...လို့ ပြောခဲ့ ပါတယ်...

အခုအဖြစ်အပျက်များဟာ ယူဂန္ဓာနိုင်ငံမှာ ပညာနေရးဌာနအနေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲ
တွေရဲ့ ထင်သာမြင်သာနိုင်တဲ့ အချက်တွေထဲက တစ်ခုနှစ်ခုပါပဲတဲ့ ....
အထူးသဖြင့် ကျေးလက်တောရွာဒေသတွေမှာ အခုလို မိန်းကလေးများငယ်ငယ်ရွယ်ရွယ်နဲ့ 
ကိုယ်ဝန်ဆောင်မီးဖွားမှုတွေ ဖြစ်နေတာပါလို့  Mr Birigwa  ကဆိုခဲ့ ပါတယ်...

သူ့ ရဲ့ စာသင်ကျောင်းအပါအ၀င် ကျောင်းတွေတော်တော်များများမှာ ဆရာမအရေအတွက် အ
နည်းငယ်သာရှိတာမို့  ကျောင်းသူများအတွက် ကျန်းမာရေး၊လိင်မှုကိစ္စ ဗဟုသုတများဟောပြော
ပို့ ချနိုင်ရန် အခွင့် အလမ်းမရှိသလောက်ပင် ဖြစ်နေပါတယ်...

Annette ရဲ့ ကိုယ်ဝန်ဆောင်ကာလ ( ကိုယ်ဝန်ရှိ ခဲ့ တာဘယ်နှစ်လ ) ကို မသိရှိခဲ့ ရသည့် အ
တွက် အရေးပေါ်အခြေအနေအတွက် ၎င်းတို့ အနေနဲ့ မပြင်ဆင်ထားနိုင်ခဲ့ ကြောင်း Mr Birigwa
က ရှင်းပြပါတယ်....

ကျောင်းရဲ့ စီမံခန့် ခွဲမှုကော်မတီ ဥက္ကဌ John Kusaba ကတော့  Kibaale ဒေသဆိုင်ရာ ပညာ
ရေးဌာနကို သူတို့ ကျောင်းအတွက် အမျိုးသမီး ဒု-ကျောင်းအုပ်တစ်ဦးစေလွှတ်ပေးဖို့ တောင်းဆို
ထားပါတယ်...အဲဒါမှအခုလိုအရေးပေါ်ကိစ္စမျိုးဆိုယင် ပိုမိုကူညီဆောင်ရွက်နိုင်မှာဖြစ်ပါတယ်...

ထိုကိစ္စနဲ့ ပါတ်သက်လို့ ဒေသဆိုင်ရာခရိုင်ပညာရေးမှူး John Kyaboona  ကတော့ ဘာမှ သ
ဘောထားမှတ်ချက်မပေးသေးပါဘူး....

သြော်....
သူတို့ ဆီမှာ မူလတန်းကျောင်းသူကလည်း စာမေးပွဲဖြေယင်း ကလေးမွေးတယ်ဆိုပဲ....
တစ်တန်းကို ဘယ်နှစ်နှစ်များ ဖြေနေကြရတယ်မသိနိုင်ဘူး....

မူရင်းကတော့ ဒီလိုပါဗျာ....
Kibaale — Another pupil on Tuesday gave birth during the Primary Leaving Exams.
Annette Asaba, an 18-year-old girl from Kabasara Primary School in Kibaale District, was in the middle of her mathematics exam when her labor pains started.
On Monday, Fiona Bbale, a pupil of Kiryandongo BCS Primary School in Masindi, also gave birth to a baby girl during the exams.
Mr Vicente Ahimbisibwe, the invigilator monitoring exams at the school, says Annette raised her hand and asked to be excused from the exam room. She was then rushed home, where she gave birth to a baby boy.
The headmaster of the school, Mr Leonard Birigwa, says that although Annette was weak, she returned to school in the afternoon and sat for the science exam. The exams ended yesterday.
Mr Birigwa says the incident brought to the fore some of the glaring problems with the education system, particularly in rural areas.
He explains that many of the schools, his included, have few female teachers and so there is no one to counsel girls or to assess the unique complications related to their health.
Mr Birigwa says he didn't know how far along Annette Asaba's pregnancy was and so they couldn't prepare adequately for an emergency.
The chairman of the school management committee, John Kusaba, has asked the Kibaale District Education department to provide the school with a deputy headmistress who would coordinate problems like these.
The District Education Officer, John Kyaboona, had no comment on the incident.
Annette and her baby are reportedly recuperating well at home.

2 comments:

ဒဏ္ဍာရီ said...

သူတို့ဆီမှာလည်း ဒီလိုပညာပေးတွေ မရှိလို့ အခုလို အခက်အခဲမျိုးတွေ ဒီခေတ်ကြီးထဲမှ ရင်ဆိုင်ရေတာပဲနော်။

ခင်မင်လေးစားလျှက်

သားကြီး said...

ဟိုက်ရှာလပတ်ရည်
သားကြီးတို့ခေတ်နောက်ကောက်ကျနေပြီ
ပြဿနာပဲ