ဆိုရေးရှိလို့ ဆိုရပါဦးမည်....

Sunday, January 3, 2010
ဆိုရေးရှိလို့ ဆိုရပါဦးမည်....
ကျွန်တော် သတင်းများ ဘာသာပြန်တင်နေခြင်းအပေါ် ကြိုက်သူရှိသလို မကြိုက်သူများလည်း
ရှိသည်ပင်....
အထူးသဖြင့် ဘာသာရေးနှင့် ပတ်သက်သော သတင်းများ....
ယခင်ကလည်းဆိုခဲ့ ဖူးပြီ....
အင်္ဂလိပ်စာဝါသနာ ပါသောကျွန်တော်...ဖတ်မိသမျှထဲမှ ထူးထူးဆန်းဆန်းလေးတွေကို
ကိုယ်လို ဗဟုသုတလိုလား သူများလည်း သိရှိဖတ်မိစေနိုင်ရန် ဘလော့ ဂ်တွင်တင်ဖြစ်သည်....
ကိုယ့် လိုပင် အင်္ဂလိပ်စာဝါသနာပါသူများလည်း အင်္ဂလိပ်စာဗဟုသုတအကျိုးရှိစေရန်၎င်း....
ထိုထိုသတင်းများကို ကိုယ်တိုင်လုပ်ကြံဖန်တီးထားသည်မဟုတ်....
သတင်းအင်တာနက်စာမျက်များတွင် တင်ထားသည်ကို တစ်ပြိုင်နက်တည်း ဖတ်ရှုနိုင်ရန်အ
တွက်မူရင်းသတင်း အင်္ဂလိပ်လိုများ ပါတွဲတင်ဖြစ်ခဲ့ သည်....

ဘာသာတရားတိုင်းတွင်ကောင်းမွန်သည့်  အချက်အလက်များ၊ သွန်သင်ဆုံးမမှုများပါဝင်သည်....
ကျွန်တော်ယုံကြည်သည်က လူတိုင်းမိမိယုံကြည်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ယုံကြည်
နိုင်ပါတယ်...

သို့ သော် ထိုထိုအနှစ်သာရများကို ခုတုံးလုပ်ကာ၊ မျက်ကွယ်ပြုကာ အယူအဆလွဲမှား နေတတ်
သည်များ၊ ဓလေ့ ထုံးတမ်းအယူသည်းမှုများကို ဖတ်ရသောအခါဗဟုသုတလိုလားသူများလည်း
သိစေရန်အလို့ ငှာ ဘာသာပြန်ကာတင်ပြခြင်းဖြစ်သည်...

ဆိုင်ရာဘာသာတရား၏ မူရင်းအနှစ်သာရ ( core value ) ကို တစ်လွဲချော်ကာအဓိပ္ပါယ် ဖွင့် 
ယူမှု ( misinterpretation ) များကို လူငယ်တွေအား open mind ဖြစ်စေရန် သက်သက်သာ
ရည်ရွယ်ပါသည်....တစ်ခြား ဘာသာများကိုနှိမ့် ချစော်ကားလိုစိတ်မရှိပေ....

မူရင်းသတင်းဖော်ပြသည့် နိုင်ငံများသည်လည်း ထိုဘာသာတရားများကို အဓိကကိုးကွယ်ယုံ
ကြည်သည့် နိုင်ငံများပင်....
သူတို့ တောင်ဖော်ပြသေးသည်ကို ကျွန်တော်ကဘာသာပြန်ပြီးတစ်ဆင့် တင်ပြသည်သာ....
တစ်ခြားရည်ရွယ်ချက်ဘာမျှမှမရှိ.....

အဓိက ရည်ရွယ်သည်ကားမူလအနှစ်သာရများကို ခုတုံးလုပ်ပြီင်္း၊ ကမောက်ကမဖြစ်စဉ်များကို
သိရှိစဉ်းစားနိုင်ရန်သာ....
Read between the line ဟု အင်္ဂလိပ်ဆိုရိုးစကားရှိသည်ပင်....
အပေါ်ယံကြည့် ရုံဖြင့် တော့ ရည်ရွယ်ချက်ကို နားလည်မည်မဟုတ်ပေ....
မည်သို့ ဆိုစေ....စေတနာသဘောရိုးဖြင့် စာဖတ်သူများဗဟုသုတအလို့ ငှာဆက်လက် ၍
ကောင်းနိုးရာရာစိတ်ဝင်စားဖွယ်၊ ပြုံးချင်စရာ သတင်းအကြောင်းအရာများ ရေးသားတင်ဆက်
သွားပါဦးမည်....

ဘာသာတရားများနှင့် ပါတ်သက်ပြီးဆွေးနွေးပြောဆိုလိုပါက ...

http://www.planet.com.mm/forums/index.cfm
http://myanmarcupid.net/community/home.php
http://www.padonma.com/forums/index.php

အစရှိသည့် ဖိုရမ်များသို့ သွားရောက်ပြီးလွတ်လပ်စွာမေးမြန်းဆွေးနွေးနိုင်ပါသည်...

ကျွန်တော့် ဘလော့ ဂ် သည် ဘာသာရေးအတွက်သီးသန့် ရည်ရွယ်သည်မဟုတ်...
အထွေထွေ ဗဟုသုတအတွက်သာရည်ရွယ်သည်မို့ comparative religion များအကြောင်း
သီးသန့် ဆောင်းပါးများရေးသားမည်မဟုတ်ပါ...

5 comments:

kiki said...

Good တယ်ထင်ရင် Do သာ Do ပါ ကိုပါတီကြီးရေ ..
အားပေးလျှက်ပါ ဗျိုးးးး

ဒူဝေဝေ နဲ့ ဝေလေလေ ခွဲခြား မသိသူများ ပြောချင်ရာပြောကြပါစေ ကွယ် ....

နှင်းနဲ့မာယာ said...

ကိုပီတာရေ
ခံယူချက်နဲ့ ရပ်တည်ချက် မှန်တဲ့ဘလော့တွေကို
စာသေသေချာချာ ဖတ်တဲ့သူတွေပဲသိပါတယ်....

မြန်မာစာကို စာလုံးပေါင်းပြီး ဖတ်တတ်ရုံနဲ့
စာဖတ်တတ်တယ်လို့ ပြောလို့မရပါဘူး...
စာရေးတဲ့သူကပေးတဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ဖတ်တတ်မှ စာဖတ်တတ်သူ ပီသတာပါ....

ကောင်းသောရည်ရွယ်ချက်နဲ့ ရေးနေမယ်ဆိုရင် ဘယ်လိုပို့စ်ပဲဖြစ်ဖြစ် လက်ခံပါတယ်...

သတင်းမှန်သမျှကို မူရင်းသတင်းနဲ့
တွဲပြီး တင်ပြနေတဲ့ ဒီဘလော့ထဲက ပို့စ်တွေမှာ ဘာသာရေး လူမှုရေး တိုက်ခိုက်မှုတွေမရှိခဲ့ဘူးဆိုတာကိုလဲ
စာဖတ်သူတိုင်းသိပါတယ်...

ခွေးဟောင်တိုင်းထကြည့်ရင်တော့ အိပ်ရေးပျက်မှာပေါ့နော်....
အိပ်ရေးပျက်မခံပါနဲ့...

နှင်း

JulyDream said...

စာကို သေချာ မဖတ်ပဲ မျက်ကန်းမျိုးချစ်တွေ လုပ်ပြနေတာ စိတ်ကုန်စရာပါပဲ။ ဘာသာရေးကို စော်ကားနေတာလား။ သတင်းကို သတင်းတစ်ခုအနေနဲ့ ဖော်ပြနေတာလား။ သေချာ ဖတ်ကြည့်ရင် မြင်နိုင်ရဲ့သားနဲ့ဗျာ။

ဘာသာရေးဆိုတာ ကောင်းစေချင်တဲ့ သဘော သဘာဝတွေ ရှိရဲ့သားနဲ့ ဘာဖြစ်လို့ ဘာသာတရားရဲ့ အဆုံးအမကို မနာခံချင်ပဲ တဇောက်ကန်း မိုက်တွင်း နက်ချင်နေကြသလဲ ဆိုရင် လူတစ်ဦးချင်းစီရဲ့ မပြည့်ဝတဲ့ အသိပညာ စိတ်ထားတွေကြောင့် ဖြစ်မယ် ထင်ပါတယ်။

အားလုံး ပျော်ပျော်ပါးပါးပေါ့ဗျာ။ ဘယ် ဘာသာ ကိုးကွယ် ကိုးကွယ်ကြပါစေ လူကို လူလို့ပဲ မြင်လိုက်ပါ။ အဲဒါဆို အိုခေသွားပြီပေါ့။ =)

team MTU said...

Ko Peter, dee 1 youk ko kyay zuu pyu pi block lote pay par , thay char tar ka tot ako blog dee htat po p peace fyit lar par lait mae .

Unknown said...

http://messengerforbuddhist.blogspot.com
Aကိုပီတာ အဲဒီဘလော့ကခင်ဗျားကြောင့်ဖြစ်လာတာဆိုတော့ ဒီလိုကြီးတော့ပါးစပ်ပိတ်မနေပါနဲ့ နဲနဲတော့သွားချေပပေးပါ