Vietnam Gem Mine Owner Aims to Carve World's Biggest Jade Buddha

Tuesday, January 19, 2010
 
 




ဗီယက်နမ်နိုင်ငံမှ ကျောက်မျက်သူဌေးက မြန်မာ့ ကျောက်စိမ်းတုံးကြီးဖြင့် ကမ္ဘာ့ အကြီးဆုံး
ဗုဒ္ဓဆင်းတု၊ရုပ်ပွား ထုလုပ်ရန်စီစဉ်.....


 သွားပြီ....မရှိတော့ ဘူး  ဆိုတဲ့ သီချင်းထဲကလို...
ကိုယ့် နိုင်ငံက ဂုဏ်ယူရမယ့် ရတနာ သူများနိုင်ငံဆီရောက်ခဲ့ ရပြီ....




 ဗီယက်နမ်နိုင်ငံမှ နာမည်ကြီး ခေတ်သစ်ကျောက်မျက်သူဌေးတစ်ဦးဟာ ကမ္ဘာ့ အကြီးဆုံးကျောက်
စိမ်းဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ ထုလုပ်ကိုးကွယ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ လွန်ခဲ့ တဲ့ တနင်္လာ
နေ့ က ကြေငြာခဲ့ ပါတယ်...
ဗီယက်နမ်နိုင်ငံရဲ့ ကျောက်မျက်တွင်းပိုင်ရှင်သူဌေးတစ်ဦးဖြစ်တဲ့  Dao Trong Cuong ဟာ
ကျွန်တော်တို့ ရဲ့ ရွှေပြည်ကြီးက နာမည်ကျော် ၃၅ တန်အလေးချိန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို
အမေရိကန် ဒေါ်လာ နှစ်သန်းနဲ့ ဝယ်ယူခဲ့ ပြီး လွန်ခဲ့ တဲ့ အောက်တိုဘာလ ကဗီယက်နိုင်ငံကိုတင်
ဆောင်သွားခဲ့ ပါတယ်...
အဲဒီအချိန်ကတည်းက ကျောက်ဆစ်အနုပညာရှင် ၅၀ က စတင်ထွင်းထုနေခဲ့ ပါတယ်...
ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးထုဆစ်ပြီးပါက တန်ချိန် ၂၀ မျှရှိနေဦးမှာဖြစ်တယ်လို့ မျှော်လင့် ထား
ကြပါတယ်...

” ကျွန်တော်တို့ ကတော့ ကမ္ဘာ့ စံချိန်မှတ်တမ်းများစာအုပ်မှာ မှတ်တမ်းဝင်နိုင်ဖို့ မျှော်လင့် ယုံ
ကြည်နေကြပါတယ်...” လို့  Cuong  က လူပေါင်း နှစ်ထောင်နီးပါးတက်ရောက်တဲ့ အမြင့် ၁၀ ပေ
အလား ၆.၅ ပေ ရှိတဲ့ အဆိုပါ ကျောက်စိမ်းတုံးကြီး အားဖွင့် လှစ်ပြသသည့် အခမ်းအနားတွင်ပြော
ကြားခဲ့ ပါတယ်...


အဆိုပါ ဖွင့် ပွဲအခမ်းအနားသို့ ကျောက်မျက်သူဌေး၏မိတ်ဆွေ ဖြစ်သူ ဗီယက်နမ်နိုင်ငံ သမ္မတကြီး
Nguyen Minh Triet  အပါအ၀င် ထိပ်သီးနိုင်ငံခေါင်းဆောင်များလည်းတက်ရောက်ခဲ့ ကြပြီး ဗီယက်
နမ် ရဟန်းတော် ၂၅၀ ပါးခန့် က ရွတ်ဖတ်သရ္ဇာယ်ခဲ့ ကြပြီး ခေါင်းလောင်းများတီးခတ်ပူဇော်ခဲ့ ကြ
ပါတယ်...
” ဒီကျောက်စိမ်းရုပ်ပွားတော်ရဲ့ ထူးခြားဆန်းကြယ်တဲ့ လက်ရာမြောက်မှုလက်မှုအနုပညာဖန်တီး
မှုဟာ နောင်လာနောက်သားမျိုးဆက်ပေါင်းများစွာအထိလက်ဆင့် ကမ်းထိန်းသိမ်းစောင့် ရှောက်
သွားမှာဖြစ်ပါတယ်...”  လို့ သမ္မတကြီးက ဆိုခဲ့ ပါတယ်...





ဗီယက်နမ်နိုင်ငံ သမ္မတ ကိုယ်တိုင်တက်ရောက်ဖွင့် လှစ်ပေးခဲ့ တယ်...




လောလောဆယ်ကျောက်တုံးကြီးမှာ ပုဒုမ္မကြာပွင့် ပေါ်မှာစံပယ်နေတဲ့ ဗုဒ္ဓရုပ်ပွားတော် ပန်းချီးပုံနဲ့ 
တန်းဆာဆင်ထားတဲ့ အဆိုပါကျောက်စိမ်းတုံးကြီးကို သမ္မတကြီးကိုယ်တိုင် လိုက်ကာဖွင့် ပြီးအခမ်း
အနားကိုဖွင့် ပေးခဲ့ ပါတယ်...
ဗုဒ္ဓရုပ်ပွားတော်ထုလုပ်ပြီးစီးဖို့ အချိန်နှစ် နှစ်လောက်ကြာမြင့် မယ်လို့ ဆိုပါတယ်...

လောလောဆယ်တော့ ကမ္ဘာ့ မှတ်တမ်းစံချိန်မှာတော့ အကြီးဆုံးကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ဆို
တာတော့ မှတ်တမ်းတင်ထားခြင်းမရှိသေးပေမယ့် ဗီယက်နမ်သတင်းများရဲ့ ဖော်ပြချက်အရလက်
ရှိအကြီးဆုံးကျောက်စိမ်းဆင်းတုတော်ကြီးကတော့  အမြင့်  ၉ ပေ နှင့် အလေးချိန် ၄ တန် ရှိပြီး
မနှစ်ကပဲ ဗီယက်နမ်နဲ့ သြစတေးလျ နိုင်ငံဘုန်းကြီးကျောင်းများဆီသို့ ဒေသစာရီကြွရောက်အပူ
ဇော်ခံခရီးလှည့် လည်ခဲ့ ပါတယ်...



လူဦးရေ ၈၆ သန်းရှိတဲ့ ဗီယက်နမ်နိုင်ငံမှာတော့ ကွန်မြူနစ်အစိုးရက ဘာသာရေး အဖွဲ့ အစည်း
များကို တင်းကြပ်စွာထိန်းချူပ်ထားပြီး အများစုကတော့  ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြပါ
တယ်....

ဗီယက်နုမ်ဗုဒ္ဓဘာသာ ဂိုဏ်းများအနေဖြင့် အစိုးရအာဏာပိုင်များနှင့်  ထိပ်တိုက်ရင်ဆိုင်မှုများရှိခဲ့ 
ပေမယ့် လွန်ခဲ့ တဲ့ တနင်္လာနေ့ ကကျင်းပခဲ့ တဲ့ ပွဲကို တက်ရောက်ခဲ့ တဲ့ ဘုန်းတော်ကြီးများကတော့ 
အစိုးရက ပိတ်ပင်ထားတဲ့  ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗုဒ္ဓဘာသာကျောင်းတော်များ ဂိုဏ်းကဖြစ်ပါတယ်...


တရုတ်နိုင်ငံကဲ့ သို့ ပင် ယင်း၏မြောက်ပိုင်းအိမ်နီးချင်း ကွန်မြူနစ်အစိုးရအုပ်ချူပ်သော ဗီယက်နမ်
နိုင်ငံတွင် လွန်ခဲ့ သောနှစ်များအတွင်းက ဈေးကွက်ပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန်ဖြင့် စီစဉ်
ဆောင်ရွက်ခဲ့ သဖြင့်  ပျမ်းမျှ နှစ်စဉ် ဖွံ့ ဖြိုးတိုးတက်မှုနှုံး  ၈ ရာခိုင်နှုံးခန့် ဖြင့် ၁၀ နှစ်ဆက်တိုက်
တိုးတက်လာခဲ့ သည့် အတွက် တစ်ချိန်က ကွန်မြူနစ်တော်လှန်ရေး၏ ရှုံ့ ချဝေဖန်ခံခဲ့ ရသော သန်း
ကြွယ်သူဌေးများသည်လည်း ယခုအခါမှာတော့ အများစုအတွက်တော့ စံပြပုဂ္ဂိုလ် များအဖြစ်အလေး
ထားခံရကာ အလုပ်အကိုင်များဖန်တီးပေးနိုင်ပြီး၊ နိုင်ငံကိုလည်းဖွံ့ ဖြိုးတိုးတက်စေခဲ့ လေသည်...

Cuong ဟာ ၁၉၈၀ ခုနှစ်နှောင်းများမှာ ဗီယက်နမ်နိုင်ငံရဲ့ ကျောက်မျက်တွင်းများခေတ်ထ ချိန်မှာ
ချမ်းသာကြွယ်ဝလာတာဖြစ်ပါတယ်...
သူရဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းများထဲမှာ ပတ္တမြားနဲ့ မြ ကျောက်မျက် အစလေးများနဲ့ ပုံရိပ်
ကားချပ်မှာ အနုပညာမြောက်စွာ ပြုလုပ်တဲ့ လုပ်ငန်းလည်းပါဝင်ပါတယ်...

သူဟာ ထိုပညာနဲ့ ဗီယက်နမ်နိုင်ငံရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး ဟိုချီမင်း၊ အမေ၇ိကန်သမ္မ
တဟောင်း ဂျော့ ခ်ျ ဘုရှ် နဲ့ ဘီလီယံနာ ဘီလ်ဂိတ် တို့ ရဲ့ ရုပ်ပုံကားချပ်များကို ဖန်တီးခဲ့ ပါတယ်...
အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့  သူဌေး Cuong ဟာသူ့ ရဲ့ ချမ်းသာကြွယ်ဝမှုကိုလည်း လျှို့ ဝှက်သို
သိပ်ခြင်းမရှိပါဘူး...
သူဟာ ဒေါ်လာ သုံးသိန်းကျော် ပေးရတဲ့ အမေရိကန်လုပ် ဟန်းမားကား ကိုပထမဦးဆုံး ဗီယက်
နမ်နိုင်ငံကို တင်သွင်းပြီးအသုံးပြုတဲ့ နိုင်ငံသားတစ်ဦးဖြစ်ပါတယ်...

အင်း...
ပိုက်ဆံများသာရမယ် ( ဒေါ်လာများသာရမယ် ) ဆိုလို့ ကတော့  ဘာမှမချန်ပဲ အကုန်ရောင်းမယ့် 
သဘော ပါပဲ....


မူရင်းသတင်းပါ....
-- One of the flamboyant entrepreneurs making it big in booming Vietnam unveiled a massive precious stone on Monday that he plans to transform into the world's largest jade Buddha.
Dao Trong Cuong, the owner of a Vietnamese gem mine, purchased the 35-tonne stone in Myanmar last year for $2 million and imported it to Vietnam in October. By the time a team of 50 artists and sculptors finishes chipping away at it, the finished Buddha is expected to weigh nearly 20 tonnes.
"We hope to get it into the Guinness Book of World Records," Cuong told a crowd of nearly 2,000 people during a ceremony unveiling the stone, which is 10 feet (3 metres) tall, 6.5 feet wide, and 6.5 feet deep.Cuong counts some of Vietnam's most powerful political figures among his friends, including President Nguyen Minh Triet, who spoke at Monday's ceremony after about 250 monks in saffron robes chanted and rang bells. "This unique artistic work will be passed on to many generations," said Triet. Triet pulled back a curtain covering the massive hunk of jade, which has been temporarily adorned with a painting of a tranquil Buddha sitting in the lotus position.
Cuong said it will take two years to complete the statue.
A search of the Guinness Book Web site showed no entries for the world's largest jade Buddha. But according to Vietnamese media reports, the world's biggest existing jade Buddha weighs 4 tons and stands 9 feet tall. It was taken on a tour of Buddhist temples in Vietnam and Australia last year.
Buddhism is the largest religious faith in Vietnam, a nation of 86 million where the government strictly controls religious organisations. While some Buddhist sects have been involved in highprofile conflicts with the government, the monks at Monday's ceremony belonged to the officially sanctioned Buddhist Church of Vietnam. Like China, its massive northern neighbour, communist Vietnam has implemented market reforms in recent years that have unleashed rapid economic growth, which has averaged nearly 8 percent for the last decade.
Once reviled by communist revolutionaries, millionaire businessmen are now seen as role models, creating jobs and developing the country.
Cuong struck it rich in Vietnam's late 1980s gemstone rush. Among his business ventures is a studio that makes artworks out of crushed gemstones, such as rubies and emeralds. He has made portraits of Vietnam's revolutionary hero Ho Chi Minh, former President George W. Bush and Bill Gates.
Cuong, 54, is not shy about displays of wealth.
He was among the first Vietnamese to purchase a Hummer, which cost him $300,000 to import from the United States.

2 comments:

Anonymous said...

ဒါမျိုးကျောက်စိမ်းတုံးတွေမြန်မာ့မြေမှာတပုံကြီး၊ဆီကိုရေချိုး ဆေးရိုးမီးလှုံ
ှိှုှုံစပါးရွှေဝါ တောင်လိုပုံတဲ့၊
ဘဘကြီးရေ...မီးမီးပြောလိုက်ပြီနော် :D

သွယ်လင်းဆက် said...

အလွန့် အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ်။