Naked rambler faces life in prison
Saturday, January 16, 2010
တိရိစ္ဆာန်နဲ့ တူတဲ့သူ....
သွားလာနေထိုင်ဖို့ ဆက်လက်ငြင်းဆန်နေမယ်ဆိုလျှင် တစ်သက်လုံးထောင်ထဲမှာပဲ နေရလိမ့် မယ်
လို့ သတိပေးပြောဆိုခြင်းခံလိုက်ရပါတယ်...
လွန်ခဲ့ တဲ့  ၂၀၀၃ ခုနှစ်က အင်္ဂလန်နိုင်ငံရဲ့  Land's End  ကနေ John O'Groats  အထိ အ၀တ်ဗ
လာ ကိုယ်တုံးလုံးနဲ့ လမ်းလျှောက်သွားခဲ့ လို့ နာမည်စကြီးခဲ့ တဲ့  ယခင်တော်ဝင်ရေတပ်သားဟောင်း
ဖြစ်ခဲ့ သူဟာ လွန်ခဲ့ တဲ့ ၇ နှစ်တာကလုံးနီးပါးဟာ အခုလိုပဲ ကိုယ်ဗလာကျင်းပြီး လျှောက်သွားခဲ့ မှု
နဲ့ ထောင်ထဲမှာပဲ နေခဲ့ ရတာပါ...
မနေ့ ကတော့ အ၀တ်အစားမပါပဲ အများအမြင်မတင့် တယ်စွာသွားလာမှုနဲ့ ထောင်ဒါဏ် ၁၂ လ
ကျခံအပြီး ထောင်ထဲကထွက်လာခဲ့ ရာမှာလည်း အ၀တ်အစားတစ်ခုမှ မ၀တ်ပဲ ကိုယ်လုံးတီး ထွက်
လာခဲ့ လို့ ထပ်မံပြီး အပြစ်ရှိကြောင်း တွေ့ ရှိဆုံးဖြတ်ခဲ့ တာပါ...
အခုလို့ မျိုးထပ်မံပြီးလျှောက်သွားတိုင်းလည်း ထောင်အကြိမ်ကြိမ် ကျခံရမှာဖြစ်တယ်လို့ သူ့ ကို တ
ရားရုံးကပြောဆိုလိုက်ပါတယ်...
သူ့ ရဲ့ အမှုကို သူကိုယ်တိုင်တရားရုံးမှာ အ၀တ်အစားလုံးဝမ၀တ်ပဲ လျှောက်လဲခဲ့ တဲ့  အသက် ၅၀
အရွယ်ရှိ လူ့ ငကြောင် Mr Gouhg ဟာ အ၀တ်အစားဝတ်ယင် အပြစ်ကနေ လွှတ်ပေးမယ်ဆိုတဲ့ 
ကမ်းလှမ်းချက်ကိုတောင် ငြင်းဆန်ခဲ့ ပါတယ်...
တိရိစ္ဆာလို နေချင်သူ....
အရှက်ကြောနဲ့ ချက်ကြော မှားပြီးဖြတ်ခဲ့ လေသလား...
တရားသူကြီးမ  Lindsay Foulis က  Gouhg  အနေနဲ့ အ၀တ်အစားဝတ်ပါ့ မယ်လို့ သဘောတူ
ခဲ့ ယင် သူမအနေနဲ့ သူ့ ကို Hampshire နယ်က Eastleigh အရပ် ကအိမ်ကိုပြန်ခွင့် ပေးမယ်လို့ 
ပြောကြားခဲ့ ပါတယ်...
ဒါပေမယ့် ယခင်က လော်ရီကားလည်းမောင်းခဲ့ ဘူးတဲ့  Gough က သဘောမတူပဲငြင်းဆန်ခဲ့ လို့ 
အချူပ်ထဲမှာပဲ ဆက်ပြီးနေခဲ့ ပါတယ်...
သူ့ ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေ စစ်ဆေးပြီးရုံးတော်ကိုတင်ပြဖို့ အမိန့် ပေးခဲ့ ပြီး
တရားသူကြီးမ က ” သင့် အနေနဲ့ လွတ်မြောက်ရမယ့် နေ့ ကိုရောက်လာပြီး အခုလိုပဲ ထပ်ပြုမူ
ယင်တော့ ထပ်ပြီးအဖမ်းခံရကာ တရားစွဲခံရပြီးထောင်ထပ်ကျဦးမှာဖြစ်တယ်..” လို့ ပြောကြားခဲ့ 
ပါတယ်...
Gough  က သူ့ အနေနဲ့ ထောင်ထဲမှာသာ တစ်သက်လုံးနေရမယ်ဆိုလည်း နေနိုင်ပါတယ်လို့ ဆို
ပြီး အခုလို ( အ၀တ်မပါပဲ နေထိုင်သွားလာတာဟာ ) လူသားတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့် ပဲဖြစ်
တယ် လို့ လည်း ပြောကြားခဲ့ ပါတယ်...
ကလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူ ဟာ Edinburgh  ကိုသွားတဲ့ လေယာဉ်ခရီးစဉ်မှာ အ၀တ်အစား
တွေချွတ်ပြီး ကိုယ်ဗလာနဲ့ နေခဲ့ ကတည်းကစပြီး စကော့ တလန် က ထောင်ထဲမှာ နေခဲ့ ရတာ လွန်
ခဲ့ တဲ့ ၇ နှစ်လုံးနီးပါးပါပဲ...
အဲဒီကစပြီး သူဟာ တရားရုံးရဲ့ တရားခွင်တွေမှာလည်း ထောင်ဝတ်စုံ ဒါမှမဟုတ် သာမာန်အ၀တ်အ
စားကိုတောင်ဝတ်ဆင်ပြီး ရုံးတော်ကိုတက်ရောက်အစစ်ခံဖို့ ငြင်းဆန်ခဲ့ လို့ တရားရုံးတော်ကို မထေ
မဲ့ မြင်ပြုမှုတွေနဲ့  ထောင်ဒါဏ်တွေထပ်တိုး၊ ထပ်ကျခဲ့ တာဖြစ်ပါတယ်...
သူဟာ ၂၀၀၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကို အ၀တ်အစားမ၀တ်ပဲ ကိုယ်လုံးတီးနဲ့ ဖြတ်သွားနိုင်ခဲ့ ပါတယ်..
ခရီးတစ်လျှောက် သူဟာ ၁၅ကြိမ် အဖမ်းခံခဲ့ ရပြီး၊ အချူပ်တွေထဲမှာ ညပေါင်း ၁၄၀ လောက်နေခဲ့ ရ
ပါတယ်...သူအချူပ်ကျခဲ့ တာကတော့ အခုလို အ၀တ်အစားမ၀တ်ပဲ ကိုယ်လုံးတီးနဲ့ အများပြည်သူ
မြင်ကွင်းမှာ နေထိုင်သွားလာတာကို အင်္ဂလန်နဲ့ ဝေလ နယ်တွေထက် ပိုမိုတင်းကြပ်တဲ့ စည်းကမ်း
တွေနဲ့ ထိန်းချူပ်တဲ့ စကော့ တလန်နယ်မှာ ပိုပြီး အဖမ်းခံခဲ့ ရတာပါ...
ယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀ိုင်းမှာတော့ ဒါမျိုးလက်မခံပါ...
စိတ်တူသဘောတူ ...တိရိစ္ဆာန်နဲ့ တူတဲ့ ချစ်သူနှစ်ဦး...
Stephen Gough on his naked ramble from Land's End to John O'Groats with his then girlfriend Melanie Roberts
နောက်သုံးနှစ်အကြာမှာတော့ အဲဒီတုံးက သူ့ ရဲ့ အတူနေရည်းစားဖြစ်သူ Melanie Roberts နဲ့  နှစ်
ယောက်အတူတိရိစ္ဆာန်များလို့  ကိုယ်လုံးတီးနဲ့ လျှောက်သွားခဲ့ ကြပါသေးတယ်တဲ့ ...
( မသူတော်ချင်းချင်း၊ သီတင်းလွေ့ လွေ့ ပေါင်းဖော်မွေ့ တယ်ဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်...)
လူ့ လောကမှာနေယင်တော့ လူမှုထုံးစံတွေကိုလေးစာလိုက်နာရမှာ ဓမ္မတာပါ...
အဲဒီလိုမလိုက်နာနိုင်ပဲ ကိုယ့် ဘာသာကိုယ်လွတ်လွတ်လပ်လပ်နေချင်ယင်တော့ လူတွေနဲ့ ရောမနေ
ပဲ သီးခြားနေရပါလိမ့် မယ်...
မူရင်းအင်္ဂလိပ်လိုသတင်းပါ...
The naked rambler, Stephen Gough, has been told he will spend the rest of his life behind bars if he continues refusing to wear clothes in public. The former Royal Marine, who became notorious for his naked hike from Land's End to John O'Groats in 2003, has spent much of the past seven years in prison for repeatedly appearing nude in public.He was yesterday found guilty of breaching the peace when he walked naked from Perth prison in December after finishing a 12 month sentence for the same offence. Mr Gough was warned he will continue to be jailed every time he steps out of prison without any clothes on.The 50-year-old, who conducted his own defence while appearing in court completely naked, turned down an offer to walk free yesterday on the condition that he got dressed.Sheriff Lindsay Foulis told Gough she would consider granting him bail to go home to his "warmer" house in Eastleigh, Hampshire, if he agreed to put some clothes on. The former lorry driver refused the offer and was remanded in custody.Ordering psychological and psychiatric reports, the Sheriff said: "When the day comes for you to be released, you will be apprehended and the same process gone through again.” Mr Gough said he accepted he could "potentially" remain in jail forever and added: "This is about individual freedom."
The father of two has spent most of the past seven years in Scottish jails after stripping off on a flight to Edinburgh. Since then he has declined to wear prison uniform or to appear clothed in court, resulting in further custodial sentences for contempt. Mr Gough completed his first naked ramble across Britain in 2003. He was arrested 15 times during the journey and spent 140 nights in jail, mainly in Scotland where the authorities take a stricter approach to public nudity than in England and Wales. He finished his second hike with his then girlfriend Melanie Roberts three years later.
3 comments:
ရွှေရတုမှတ်တမ်း said...
အိုက်လို့ပါ ကိုပီတာရယ်..ကမ္ဘာကြီးကပူနွေးလာပြီလေ
kiki said...
ခမျာ အဝတ်အစား အလာဂျီ ရှိလို့ များလား မသိ ...
BLACK HOLE said...
ခင်ဗျားကိုယ်ခင်ဗျားကော ယဉ်ကျေးလှပြီလို့ ထင်နေလားကိုပီတာ.. သူတို့ဟာသူ့တို့ သူ့တို့ဘဝ သူတို့ကြိုက်နေတာ ဘယ်သူ့ကိုမှ ဒုက္ခပေးတာ မဟုတ်ပါဘူး.. ဒါကို အခြောက်တိုက် မသူတော်လို့ ပြောလား တိရိစ္ဆန်နဲ့ နှိုင်းလား သွားလုပ်နေတဲ့ ခင်ဗျားကသာ လူ့ယဉ်ကျေးမှုကင်းမဲ့နေတယ်ဆိုတာ သိပါသလား