ကမ္ဘာ့ ကြောက်စရာ၊ စိတ်လှုပ်ရှားစရာအကောင်းဆုံးရေအိုင်...

Wednesday, January 13, 2010

Taking a swim in the Devil’s Pool


If you’re ever in Zambia, don’t miss the chance to take a swim in The Devil’s Pool, a small lagoon, enclosed by rocks, on the edge of one of the biggest, most beautiful waterfalls in the world, Victoria Falls , at a height of 103 meters, Devil’s Pool is definitely one of the most surreal locations on Earth.

ဇမ်ဘီယာနိုင်ငံ၊ ၀ိတိုရိယ ရေတံခွန်အပေါ်က  ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ရေကူးနိုင်
တဲ့ ရေအိုင်ဖြစ်ပါတယ်....
ကမ္ဘာပေါ်မှာ အကြီးမားဆုံးရေတံခွန်တွေထဲကတစ်ခုဖြစ်တဲ့  အဆိုပါရေတံခွန်ရဲ့ ထိပ်နားမှာကပ်
ပြီး မြေပြင်ကနေ အမြင့်  ၁၀၃ မီတာ ( ၃၃၇ ပေ ) မှာ တည်ရှိနေတဲ့  အိုင်ထဲမှာရေကူးတဲ့ သူတွေ
ရေတံခွန်ကနေစီးကျနေတဲ့ ရေတွေနဲ့ အတူ အောက်ကိုကျမသွားအောင် သဘာဝအလျောက်ဖြစ်
တည်နေတဲ့နေရာလေးကတော့ ကမ္ဘာပေါ်မှာ အရှားပါးဆုံး နေရာအထူးအဆန်းတစ်ခုပဲဖြစ်တယ်
ဆိုတာ ဖော်ပြထားတဲ့ ဓါတ်ပုံတွေကိုကြည့် ရုံနဲ မြင်နိုင်ပါတယ်...

အသည်းငယ်သူများတော့ မသွားသင့် ပါဘူး....
ကျွန်တော်တော့ ကြည့် ရုံနဲ့ တင် တော်တော်အသည်းယားတယ်ဗျာ...



a man swimming on the edge of Victoria Falls

 ဘုရား...ဘုရား...ပြုတ်များကျလိုက်ယင်....





taking a photo in Devil's Pool
 သတ္တိကောင်းသူ....ရေတံခွန်ချောက်နှုတ်ခမ်းပါးကနေ ဓါတ်ပုံရိုက်ရဲသူ...
အဲဒီလိုလူတွေကြောင့် လည်း ဒီလိုပုံတွေကြည့် ရတာပေါ့ ဗျာ...



couple relaxing in the Devil's Pool
 လေဒီကြီးလည်း သတ္တိကောင်းတယ်...




admiring the view of Victoria Falls
 သူတို့ မို့ လို့ မကြောက်မရွံ့ ....



father and son on the edge of Victoria Falls
 သားရေ....မကြောက်နဲ့ နော်....
အဲဒီလိုကြီးတော့ ကိုယ့် သားသမီးကို မကျီစားရဲပေါင်....



father and son posing in Devil's Pool
 မတော်ပြုတ်ကျသွားမှဖြင့် ကိုယ်ကျိုးနည်းရချေရဲ့ ....


woman screaming on top of Victoria Falls
 ရှင်ကျွန်မကို မချစ်ယင် အောက်ကို ရေကြောင်းနဲ့ အတူလိုက်ဆင်းသွားလိုက်မယ်....
ချစ်တဲ့ သူဆီက အဖြေတောင်းချင်ယင် အဲဒီလိုလုပ်ဗျာ...



Victoria Falls in Zimbabwe
 ရှုမောဖွယ်ရာ ရေတံခွန် အလှ....




 ဓါတ်ပုံလှလှ မရယင်နေ... အဲဒီလိုတော့ မလုပ်နိုင်ပေါင်...




 မင်းမရှိယင် အသက်မရှင်ချင်ဘူး...အချစ်ရယ်....
အဲဒီသီချင်းလေးများ မညည်းချင်ပါနဲ့ လေ...


 ဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါသေးတယ်ခင်ဗျာ...





လင့် ခ် ပေးပို့ ပေးသော မိတ်ဆွေကြီး ကိုမိုး အားကျေးဇူးတင်လျှက်...

2 comments:

Nge Naing said...

သိပ်ပြီး ထူးဆန်းတာပဲနော့်။ ဒီအပေါ်ကနေ အောက်ကို မကျနိုင်အောင် သဘာဝအလျောက် ကာကွယ်ထားတယ်ဆိုတာက ဘယ်လိုပါလိမ့်။ ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်။

Anonymous said...

သဘာဝအလျှောက် အတားအဆီးဖြစ်နေတာဖြစ်ပါလိမ့် မယ်ဗျာ...
ရေအိုင်ငယ်ပေါ့ ...