သေကံမရောက်၊ သက်မပျောက်သည့် ကလေး...

Wednesday, January 6, 2010

'Lucky' 14-month-old boy survives after chopstick pierces his brain through his nostril




Impaled: Chao Chao, pictured here with his parents, fell over onto a chopstick which pierced his brain through his nostril

ကံကောင်းလို့ မသေတယ်....

Dangerous: Li Jingchao, pictured here with his parents, fell over onto a chopstick which pierced his brain through his nostril



ကလေးတို့ သဘာဝ ဆော့ ကစားရင်း နှာခေါင်းပေါက်ထဲကနေတစ်ဆင့် ဦးနှောက်ထဲအထိ စား
သောက်ရာမှာ သုံးစွဲတဲ့ တူတစ်ချောင်း ထုတ်ချင်းပေါက်ဝင်ရောက်သွားခဲ့ တာကို အောင်မြင်စွာ
ခွဲစိတ်ကုသပေးနိုင်ခဲ့ တဲ့ ဆရာဝန်များကို မိမိတို့ ၏ရင်သွေးရဲ့ အသက်ကို ပြန်လည်ရှင်သန်အောင်
လုပ်ပေးနိုင်ခဲ့ လို့  အသက် တစ်နှစ်နဲ့ လေးလသာရှိသေးတဲ့  ကလေးငယ်ရဲ့ မိဘများက ကျေးဇူး
တင်ကြောင်း ဆရာဝန်များသာ သူတို့ ရင်သွေးကိုတစ်ဖန်အသက်ပြန်လည်ရှင်သန်စေခဲ့ တာပါ
လို့ ဆိုခဲ့ ကြပါတယ်...

 
တရုတ်နိုင်ငံ အရှေ့ ပိုင်းဒေသ ရှန်တုံပြည်နယ်က လီကျင်းချောင် ကလေးဟာ ဆော့ ကစားနေစဉ်

မတော်တဆ ချော်လဲကျခဲ့ ပြီး တူတစ်ချောင်းက သူလေးရဲ့ နှာခေါင်းကတစ်ဆင့် ဦးခေါင်းထဲကို ထိုး
ဖောက်ဝင်ရောက်သွားပါတယ်...
အဲဒီအချိန်မှာ သူ့ ရဲ့ မိခင် ကျောက်ဂွေလူ ဟာ မီးဖိုချောင်ထဲမှာ ပန်းကန်တွေဆေးကြောနေရာက
သားလေးရဲ့ အလွန်နာကြင်စွာ အော်ဟစ်ငိုယိုသံကိုကြားလိုက်ရပါတယ်...


” ကျွန်မပြေးထွက်လာတဲ့ အချိန်မှာ ကလေးဟာကြမ်းပြင်ပေါ်မှာ လဲလျောင်းနေပြီး နှာခေါင်းပေါက်
ကနေ တူတစ်ချောင်း စိုက်ဝင်နေတာတွေ့ ရပြီး မရပ်မနား ငိုနေတာကို တွေ့ လိုက်ရတာပါပဲ...” လို့ 
မိခင်ဖြစ်သူကပြောပြပါတယ်...
မိဘနှစ်ပါးစလုံး ကလေးငယ်ကိုနီးစပ်ရာ ခွဲစိတ်ဆေးရုံကိုခေါ်ဆောင်သွားပေမယ့် ထိုဆေးရုံက ဆရာ
ဝန်များက ခေါင်းထဲအထိစိုက်ဝင်နေတဲ့ တူကို ခွဲထုတ်လိုက်ယင် ကလေး အသက်အန္တရာယ်ဖြစ်မှာ
စိုးရိမ်ခဲ့ ကြပါတယ်...
ဒါကြောင့် သူတို့ မိသားစုရဲ့ ဆွေမျိုးတော်သူတစ်ယောက်က သူတို့ သားအမိ၊သားအဖ သုံးယောက်
စလုံးကို အဲဒီကနေ မိုင် ၉၃၀ ကွာဝေးတဲ့ ဘေဂျင်းမြို့ တော်ရဲ့ ဦးခေါင်းထိခိုက်ဒါဏ်ရာများခွဲစိတ်ကုသ
ရာမှာ အောင်မြင်ကျော်ကြားတဲ့  ဘောင်းအိ ဆေးရုံကို ကားမောင်းပြီးလိုက်ပို့ ပေးခဲ့ ပါတယ်...
ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ လီဂွမ်လိုင်း ကတော့ ကားနဲ့ ဆေးရုံကိုလာခဲ့ စဉ်တစ်လျှောက်လုံး သူ့ အ
နေနဲ့  သားငယ်ဖြစ်သူသေဆုံးသွားမှာကို အလွန်ပဲ စိုးရိမ်ပူပန်ခဲ့ ရတယ်လို့ ဆိုပါတယ်...
” ဆယ်နာရီကြာတဲ့ ခရီးစဉ်တစ်လျှောက်လုံး ကျွန်တော်ဖြင့် စိတ်တွေ တုန်လှုပ်ခြောက်ခြားခဲ့ ရပါ
တယ်...အသက်တောင်ရှူဖို့ မေ့ နေခဲ့ မိတယ်...သားလေးကိုကြည့် နေယင်းနဲ့ သူ့ ရဲ့ ညာဘက်ခြမ်း
က ခံစားမှု ကင်းမဲ့ ပြီး လုံးဝကိုမလှုပ်ရှားနိုင်တော့ တာပါ...”  လို့ သူက ပြောပြပါတယ်...



သူတို့ မိသားစု ဘေဂျင်းက ဆေးရုံကိုရောက်ရောက်ချင်းပဲ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ကုသမှု
ဆရာဝန်တွေဟာကလေးငယ်ကို ခွဲခန်းထဲကို အလျင်အမြန်ပို့ ဆောင်ပြီး ဦးနှောက်ထဲကိုထိုးဖောက်
ဝင်ရောက်နေတဲ့  တူ ကိုဖယ်ရှားဖို့ ကြိုးစားခွဲစိတ်ကြပါတော့ တယ်...



 

Delicate: Doctors operate on 14 month old Li Jingchao
 နောက်ဆုံးတော့  ဦးနှောက်ထဲအထိစိုက်ဝင်နေတဲ့ တူကို အောင်မြင်စွာဖယ်ရှားနိုင်ခဲ့ တယ်...
Delicate: Doctors operate on 14-month-old Li Jingchao


စိုက်ဝင်နေတဲ့ တူကို ဖယ်ရှားလိုက်ယင် သွေးကြောမတစ်ခုကို ပေါက်ပြဲစေနိုင်တယ်လို့ ခန့် မှန်း
စိုးရိမ်ခဲ့ ကြပေမယ့်  အထိအခိုက်မရှိပဲ အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ ပါတယ်...
အကယ်၍သာ တူ ဟာ ဦးနှောက်ရဲ့ ဘေး၊ဘယ်ညာ သို့ မဟုတ် ရှေ့ တည့် တည့် ကို မီလီမီတာအ
နည်းငယ်မျှ ( နည်းနည်းလေး ) သာ နေရာရွေ့ ခဲ့ မယ်ဆိုယင် ကလေးဟာ တစ်သက်လုံး ခန္ဓာကိုယ်
မသန်မစွမ်းသော်လည်းကောင်း၊ အသက်သော်လည်းကောင်း ဆုံးရှုံး သွားနိုင်တယ်လို့ ဆရာဝန်တွေ
ကဆိုပါတယ်...
” ဦးခေါင်းထဲကို စိုက်ဝင်နေတဲ့ တူဟာ ဦးနှောက်ထဲအထိပါ ရောက်ရှိသွားခဲ့ တာပါ...ခေါင်းထဲကို 
လေးစင်တီမီတာအထိ ထိုးဖောက်ခဲ့ တာပါ...ကလေးငယ်ဟာ အလွန်ကို ကံကောင်းလွန်းလို့ တူ
ဟာ ရှေ့ ၊ ဘေးဘယ်ညာ ဆက်မတိုးပဲ အဲဒီနေရာအထိသာရောက်ခဲ့ လို့ အသက်ရှင်ခဲ့ ရတာပါ...”
လို့ ခွဲစိတ်ကုသသည့်  ဆရာဝန် ဒေါက်တာ ဆွန်းဝေ က စီအန်အန် ရုပ်သံသတင်းကိုပြောပြခဲ့ ပါတယ်...




ကလေးငယ်ရဲ့ ဖခင်ကတော့  သူ့ အနေနဲ့ ပထမတော့ ခွဲစိတ်ကုသမှုဟာ အောင်မြင်မှာမဟုတ်ပါ
ဘူးလို့ တောင်ထင်ခဲ့ မိတာပါ...အခုတော့ သူတို့ သားကလေးဟာ ဆေးရုံကပေးတဲ့ အသက်ပဲ ရှိ
ပါတော့ တယ် လို့ ဆိုပါတယ်...
ဒါပေမယ့်  ဒေါက်တာဆွန်းဝေ ကတော့ နောက်ထပ် သုံးလေးငါးရက် ဟာ ကလေးငယ်အတွက် အ
လွန် အရေးကြီးတဲ့ အချိန်တွေဖြစ်ပါတယ်..ဘာဖြစ်လို့ လည်းဆိုတော့ ခွဲစိတ်ပြီး ရောဂါပိုးတွေ ၀င်
တတ်လို့ ပါပဲ....ပြီးတော့ ကလေးငယ်အနေနဲ့ အခုလိုမျိုး ဦးနှောက်ကို ထိခိုက်ခဲ့ တဲ့ အဖြစ်အပျက်
ကြောင့် နောင်ကာလတွေမှာ ခဏခဏ တက်တတ်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ လာနိုင်ပါတယ်
လို့ ဆိုခဲ့ ပါတယ်...


သြော်....
တစ်ကယ့် ကို သေကံမရောက်ခဲ့ တဲ့ ကလေးပါပဲ....


The family of a 14-month-old boy who survived after falling on a chopstick which pierced his brain through his nostril have credited doctors for giving him a 'second life'.Li Jingchao, from the Shandong province in Eastern China, had been playing when he accidentally fell over, impaling himself on the chopstick which then lodged itself inside his skull.
His mother Zhao Guilu was in the kitchen washing dishes when she heard her son cry out in pain.

Zhao Guilu said: 'I rushed in and saw him lying on the ground. He couldn't stop crying and I noticed a chopstick stuck in his nose.'

The family took the little boy to a nearby surgery for medical attention, but doctors there feared pulling the eating utensil out would cause mortal damage.
Instead, a relative offered to drive Li Jingchao, Zhao Guilu and father Li Guanglai 930 miles to the Boai Hospital in Beijing, a medical facility renowned for its treatment of head injuries.

Li Guanglai said he could barely contain himself during the drive, adding: 'I thought at that time, it is all over, my boy will die.

'During the 10 hours of driving, I felt depressed, I could barely breathe. I looked at my boy and his right side was numb, he was paralysed.'
As soon as the family arrived the the Beijing hospital, neurosurgeons rushed Li Jingchao into the operating room, where they attempted to remove the chopstick from his brain.Despite fears the utensil would rupture an artery when it was removed, it came out easily. However, experts explained if the chopstick had lodged itself just millimetres to either side, or further in his brain, it could have caused permanent paralysis or death.

Doctor Sun Wei explained to CNN: 'It touched upon the deep area of his brain, four centimeters of the chopstick was inside his skull. The position of the chopstick was very, very lucky for him.'

Father Li Guanglai added: 'I never thought it would be this successful. This hospital gave him a second life.'

Doctor Sun Wei warned the next three to five days will be critical as Li Jingchao could contract an infection following the surgery.

He also said there is a chance the 14-month-old could develop epilepsy in the future as a result of the accident.

1 comments:

ဒဏ္ဍာရီ said...

ကလေးတွေက ဖြူစင်တော့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တယ်ဆိုတာ ဒါမျိုးဖြစ်မယ်နော်။ ကံကောင်းလို့သာပေါ့။

ခင်မင်လေးစားလျှက်