ကမ ၻာ.အခ်မ္းသာဆံုးတိရိစ ၦာန္မ်ား....
Sunday, January 31, 2010
ကမ ၻာ.အခ်မ္းသာဆံုးတိရိစ ၦာန္မ်ား....
သတ္တ၀ါတွေဟာ ကံ၊ ကံ၏အကျိုးပေးအတိုင်းပဲရှိနေကြရတယ် ဆိုတဲ့ စကားဟာ အ
ခုဆောင်းပါးဖတ်ပြီးတော့ မှပဲ ပိုပြီးတော့ သိသာထင်ရှားလာ၊ သဘောပေါက်လာရ
ပါတယ်...
အကုသိုလ်ကံကြောင့်  အဟိတိရိစ္ဆာန်ဖြစ်နေရပေမယ့်  ကံအကြောင်းတရားက ဖေး
မခဲ့ လေတော့  နေဖို့ စားဖို့ မပူရရုံတင်မက၊ ပိုင်ဆိုင်မှု၊ ချမ်းသာမှုကပါ ပြောမယုံ
ကြုံဖူးမှ သိကြမယ် ဆိုသလိုပါပဲ မယုံနိုင်လောက်အောင်ကို အံ့ မခန်းချမ်းသာကြပါ
တယ်တဲ့ ဗျာ...
အဲဒီတိရိစ္ဆာန်တွေကို ငွေတွေ ပေးထားခဲ့ ( သူတို့ နာမည်နဲ့ ဘဏ်မှာအပ်ထားခဲ့ တာ
ပေါ့ လေ...) တဲ့ လူချမ်းသာတွေကိုလည်း အံ့ သြမိပါရဲ့ ....
သူတို့ သေဆုံးသွားပြီးနောက် သူတို့ ရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုဘာမှ မသိနားမ
လည်တဲ့ တိရိစ္ဆာတွေနာမည်နဲ့ ဘဏ်တွေမှာ အပ်နှံခဲ့ မယ့် အစား တစ်ခြားအကျိုး
ရှိမဲ့ အဖွဲ့ အစည်းတွေ၊ လူမှုရေးလုပ်ငန်းတွေကိုလှူခဲ့ ယင် ပိုပြီးတော့ အကျိုးမရှိ
ပေဘူးလားဗျာ....
ကဲ....
ဘာပဲဖြစ်ဖြစ် ထားခဲ့ တဲ့ သူတွေကထားခဲ့ တော့ လဲ ထိုတိရိစ္ဆာန်တွေကတော့ အ
ချောင် သူဌေးတွေဖြစ်နေကြရတာကတော့  သာမာန်လူတွေအတွက်ကတော့ အား
ကျစရာပါပဲ...
£224m dog tops pet rich list ...တိရိစ္ဆာန်တွေ အားလုံးထဲမှာ အချမ်းသာဆုံးကတော့ ခွေးပါတဲ့    
အချမ်းသာဆုံးသုံးကောင်....
 ဘ၀ အကျိုးပေးက ကောင်းခဲ့ လေတော့....
မျိုးနဲ့ ရိုးနဲ့ ချမ်းသာတယ်ဆိုပဲ...
HERE'S a dog who's far from paw - Alsatian Gunther is worth 224million.
ကမ္ဘာ့ အချမ်းသာဆုံးခွေးကတော့ ပိုင်ဆိုင်မှုပေါင်း ပေါင်စတာလင် ၂၂၄ သန်း အမေရိကန်ဒေါ်လာ ( ၃၆၁ သန်း )  ဖြစ်ပြီး သူဟာ ပေါင်စတာလင် ၅၃ သန်း
( ဒေါ်လာ ၈၅သန်း ) ကြွယ်ဝတဲ့  ချင်ပန်ဇီမျောက်ဝံ ကာလူးနဲ့  ပေါင် သန်း ၃၀
( ဒေါ်လာ ၄၈ သန်း )  ကြွယ်ဝတဲ့ ခွေးကလေး တိုဘီ တို့ ကိုဖြတ်ကျော်ပြီး ထိပ်
ဆုံးဇယားကိုရောက်လာခဲ့ တာဖြစ်ပါတယ်...
နာမည်ကျော် ချမ်းသာကြွယ်ဝတဲ့ ခွေးတွေဟာ အာဖရိကနွယ်ဖွား အမေရိကန်မှ နာ
မည်ကျော်ရုပ်သံအစီအစဉ်တင်ဆက်သူ လူမည်းအမျီူးသမီး အော်ပရာဝင်းဖရေး နဲ့ 
အမေရိကန် Frasierရုပ်သံဇတ်လမ်းများမှာပါဝင်သရုပ်ဆောင်ခဲ့ တဲ့ ခွေး ဇတ်လိုက် 
အက်ဒီ  တို့ ပါဝင်ပါတယ်...
ဘဏ်ထဲမှာ ပေါင်စတာလင်ငွေ လေးသိန်း ( ဒေါ်လာ ၆.၄ သိန်း ) ကြွယ်ဝချမ်းသာ
တဲ့  ကြောင်Zeus လည်း တိရိစ္ဆာန်သူကြွယ်စာရင်းထဲမှာ ပါသေးသပေါ့ ...
လန်ဒန်မြို့ မှာပဲ နေထိုင်တဲ့  Csoki  အမည်ရှိတဲ့ ကြက်တူရွေးကတော့ ပေါင်စတာလင် 
ငါးသောင်း( ဒေါ်လာ ၈ သောင်း ) ချမ်းသာတယ် ဆိုပဲ...
အဆိုပါ တိရိစ္ဆာ သူကြွယ်များ စာရင်းကို လန်ဒန်မြို့ ရဲ့ တိရိစ္ဆာများ အာမခံကုမ္ပဏီ Petplan ကထုတ်ပြန်ခဲ့ တာမို့  အမှန်တစ်ကယ်ချမ်းသာတာဖြစ်နိုင်ပါတယ်....
The lucky mutt tops a new animal rich list, beating Kalu the 53m chimp and Toby the 30m poodle.
Famous pooches making the list include Oprah Winfrey's dogs and Eddie the TV dog from US series Frasier.
It also features fat cats like Zeus who has 400k in the bank.
And a parrot called Csoki who lives in a London mansion with 50,000.
Check out the full rich list below, as compiled by pet insurance firm PetPlan.
1. Gunther IV the dog - 224.6million 
ဒေါ်လာ ၃၆၁ သန်း ချမ်းသာတဲ့  Gunther IV  အမည်ရှိခွေးသူကြွယ်...
သူပိုင်ဆိုင်တဲ့ ငွေကြေး ဒေါ်လာ ၃၆၁ သန်းနဲ့ ဆိုယင် ခွေးသူဌေး Gunter တစ်ကောင် 
သူ့ စိတ်ကြိုက်အကောင်းဆုံးဆိုတဲ့ အရိုးတွေ ဘယ်နှစ်ချောင်းများဝယ် ကိုက်နိုင်မလည်း
ဆိုတာ ရေတွက်လို့ တောင်မရနိုင်ပါဘူး....
ဒီခွေးဟာ အဆိုတော်မက်ဒေါနား ယခင်ကပိုင်ဆိုင်ခဲ့ ဖူးတဲ့  မီယာမီအိမ်တော်ကိုလည်းပိုင်
ပါသတဲ့ ...
ပြီးတော့ သူလိုသမျှ အနားကနေ စိတ်ကြိုက်ဆောင်ရွက်ပေးမယ့် ဘတ်တလာ အစေခံ
ပါဝင်တဲ့ တိုက်ကြီးတစ်လုံးလည်း ဘဟားမား ( ဘားမားမဟုတ်ဘူးနော်...) မှာရှိသေး
တယ်ဆိုပဲ...
ဒီခွေးနေ့ စဉ်စားသုံးတာကတော့ ဈေးအကြီးဆုံး caviar ငါးဥနဲ့  အကောင်းစား အမဲသား 
ပါတဲ့ ...
အင်း ခွေးကောင်းစားတာ လူတောင် ဘယ်လိုမှလိုက်လို့ မမှီအောင်ပါပဲလားဗျာ....
Just think how many bones Gunther IV could buy with the 224million he inherited from his dad's super rich owner.
He owns several homes including Madonna's former Miami mansion. He also has a villa in the Bahamas complete with butler.
And you can forget Pedigree Chum - Gunther IV dines daily on caviar and steak.
2. Kalu the chimpanzee - 53million
သန်းကြွယ်သူဌေး ချင်ပန်ဇီမျောက်ဝံ ကာလူး... 
မျောက်ဝံကာလူးဟာ ယခုတော့ အာဖရိက ရဲ့ Cape Town မြို့ မှာ နေပါတယ်...
သူအခုလိုချမ်းသာလာရတာကတော့ သူ့ ရဲ့ ပိုင်ရှင်တွေဖြစ်တဲ့  နာမည်ကျော်ရေကူးသမား
Frank O'Neill  နှင့် ဇနီးဖြစ်သူ  Patricia တို့ ကွာရှင်းပြတ်စဲအပြီးမှာ အမွေအဖြစ်ဆက်ခံ
ရရှိခဲ့ တာဖြစ်ပါတယ်...
သူကတော့ ဘယ်သူနဲ့ လိုက်နေတယ်ဆိုတာမသိရပါဘူး...
Kalu now resides in his Cape Town estate in Africa.
He inherited his millions after the divorce of famous swimmer Frank O'Neill and wife Patricia.
3. Toby Rimes the dog - 30million (US 48 million )
ဒေါ်လာ ၄၈သန်း ချမ်းသာတဲ့ ခွေး တိုဘီရိုင်းမ်စ်
Ella Wendel  ဟာ သူမရဲ့ အမွေးစုတ်ဖွားခွေးကလေး တိုဘီကို ဒေါ်လာ ၂၄ သန်း 
(ပေါင် ၁၅ သန်း ) ၁၉၃၁ ခုနှစ်မှာ ထားခဲ့ ပါတယ်...
အဲဒီကတည်းက ခွေးတွေမျိုးရိုးစဉ်ဆက်ချမ်းသာလာလိုက်တာ အခုလက်ရှိ တိုဘီ လက်
ထကမှာတော့ ဒေါ်လာ ( ၄၈ သန်း ) ဖြစ်လာတယ်ပေါ့ ....
အိမ်ခြံမြေဈေးတွေတက်လို့ ၊ ဘဏ်အာမခံ အတိုးနှုံးတွေကြောင့် ပိုများလာတာဖြစ်မယ်
ထင်ပါတယ်...
Ella Wendel originally left her pet poodle Toby 15million in 1931.
Since then there have been a succession of pampered pooches, with the current heir being Toby Rimes.
4. Oprah Winfrey's dogs - 30million
ပေါင်စတာလင် ၃၀ သန်း ( ဒေါ်လာ ၄၈ သန်းကျော် ) ချမ်းသာတဲ့ အောပရာ ရဲ့ ခွေး...
အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် ရုပ်သံအစီအစဉ်ကြေငြာသူ အော်ပရာဝင်းဖရေးဟာ
တိရိစ္ဆာ္နန်တွေကို ချစ်တဲ့ နေရာမှာ ထင်ရှားကျော်ကြားပါတယ်...
ဒါကြောင့် သူမရဲ့ ပိုင်ဆိုင်သမျှတွေကို သူမရဲ့ အချစ်တော်ခွေးတွေကပဲ ရရှိမှာမို့  အမွေ
တန်ဖိုးက ဒေါ်လာ ၄၈ သန်း ( ပေါင်စတာလင် ၃၀ သန်း ) ပါတဲ့ ....
ခွေးတော့ မဖြစ်ချင်ကြနဲ့ နော်....
တိရိစ္ဆာန်ဆိုတာ လောကကြီးကို ဖီလာဆန့် ကျင်ပြုနေတဲ့သူတဲ့ ....
အမှန်အမှား ဘာမှနားမလည်သူပေါ့ ....
US talkshow queen Oprah Winfrey is famous for her love of pets and her dogs are set to inherit 30million from their famous owner.
5. Keiko the Killer Whale - 22.6million 
 ပေါင်စတာလင် ၂၂ သန်း ( ဒေါ်လာ ၃၆.၄ သန်း ) ချမ်းသာတဲ့  ဝေလငါးသူဌေး
Free Willy ရုပ်ရှင်ထဲက ဝေလငါးသရုပ်ဆောင်  Keiko ကလည်း ရုပ်ရှင်သရုပ်ဆောင်
လုပ်တဲ့ အတွက် ၀င်ငွေ ဒေါ်လာ ၃၆ သန်း ချမ်းသာပါသတဲ့ ...
သူ့ ကို အပန်းဖြေ ဥယျာဉ်တစ်ခုမှာ စတွေ့ ပြီး ရုပ်ရှင်ရိုက်ကူးရေးထုတ်လုပ်သူ တွေက
ရွေးချယ်ခဲ့ လို့ မထင်မရှားဘ၀ ကနေ ချမ်းသာလာတာပါ...
အင်း...
သူတို့ ဆီမှာကလည်း ပေါက်ပြီဟေ့ ၊ နာမည်ကြီးပြီဟေ့ ဆိုယင် တစ်သက် စားရော့ ပဲ...
နေကြတာပေါ့ ....
Free Willy star Keiko made 22million from the films.
Movie bosses plucked him from obscurity for the part after spotting him at a theme park in 1992.
6. Gigoo the Hen - 10million
ဒေါ်လာ ၁၆ သန်းချမ်းသာတဲ့ ကြက်မ Gigoo ( တိရိစ္ဆာန်ကြက် ပါ....)
ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းသူဌေးကြီး Biles Blackwell ဟာ သူ့ ရဲ့ ဇနီးဖြစ်သူ Briony
2000 ခုနှစ်မှာ ကွယ်လွန်ခဲ့ တော့  သူမွေးထားတဲ့ ကြက်မ Gigoo ကို အမွေ ဒေါ်လာ
၁၆ သန်း ပေးထားခဲ့ တာပါတဲ့ .....
အင်း.....
Publishing mogul Miles Blackwell left his feathered friend 10million in 2000 following the death of his wife Briony.
7. Blackie the cat - 9million
ဒေါ်လာ ၁၄.၅ သန်း ချမ်းသာတဲ့ ကြောင် မိုးမှောင်...
ကမ္ဘာ့ အချမ်းသာဆုံးကြောင် ဖြစ်တဲ့  Blackie  မိုးမှောင် ဟာလည်းသူ့ ရဲ့ အမွေတွေ
ကို သီးသီးသန့် သန့် တိတ်တိတ်ဆိတ်ဆိတ်နေလေ့ ရှိတဲ့ သခင်ဖြစ်သူ Ben Rea ထံမှ 
ရရှိခဲ့ တာဖြစ်ပါတယ်...
ကြောင်ကိုဘယ်သူခြူဆွဲပေးသလည်း မဟုတ်ပဲ  ငွေတွေ အစုလိုက်အပုံလိုက်ပေးခဲ့ ပါ
ပကော....
The richest cat in the world, Blackie inherited his money from rich recluse Ben Rea.
8. Trouble the dog - 7.2million
ဒေါ်လာ ၁၁.၆ သန်းချမ်းသာတဲ့  ပြဿနာကောင် ခွေးကောင် သူဌေး 
လူချစ်လူခင်ပေါများတဲ့  Leona Hemsley တစ်ယောက်ကွယ်လွန်တော့ သူမရဲ့ မိသားစု
ဝင်တွေဟာ သူမရဲ့ ခွေးဖြစ်သူက ဒေါ်လာ ၁၁ သန်း ( ပေါင်စတာလင် ၇ သန်း ) အမွေ
ရမှာကို တားဆီးဖို့  တရားရုံးတော်ကိုသွားရောက်လျှောက်ထားခဲ့ ကြပါတယ်...
သဘောတူခဲ့ ပေမယ့်  ဒေါ်လာသန်းနဲ့ ချီပြီးရခဲ့ သေးတာမို့ အခုတော့ ထို ခွေးသူဌေး ဟာ 
အမေရိကန်နိုင်ငံ နယူးယောက် မြို့ မှာ နေလေရဲ့ တဲ့ ဗျာ...
သေတမ်းစာကို အလေးအနက်ထားကာ တရားရုံးရဲ့ အဆုံးအဖြတ်ကိုလိုက်နာကြတဲ့ သူ
တို့ ဆီကဓလေ့ သာ ရွှေပြည်ကြီးမှာထွန်းကားယင်...
မိဘအမွေကိုမျှော်ကိုးနေတဲ့ သားသမီးတွေတော့ ...
ဘာအမွေမှမရပဲ ရင်ကွဲပက်လက်ဖြစ်မှာအသေအချာပါပဲ...
ရွှေပြည်ကြီးမှာက မိဘသေဆုံးခဲ့ ယင် ကျန်ရစ်တဲ့ ပိုင်ဆိုင်သမျှတွေက သားသမီးတွေ
ဆက်ခံရတာကိုး....သေတမ်းစာဆိုတာမရှိသလောက်ပါပဲ...
When socialite Leona Hemsley died her family went to court to stop her dog picking up 7m of her fortune.
The judge agreed a reduction but he still picked up several million and now lives the life of luxury in New York.
9. Flossie the dog - 3.6million
ဒေါ်လာ ၅.၈ သန်းချမ်းသာတဲ့ ခွေး Flossie 
ရုပ်ရှင်သရုပ်ဆောင်မင်းသမီး Drew Barrymore တစ်ယောက် သူမရဲ့ အချစ်တော်ခွေး
ကြီးကသူမအိမ်ကြီးမီးလောင်တော့ သူမ အသက်ကိုကယ်တင်ခဲ့ လို့  ကျေးဇူးတင်လွန်း
လို့  သူမသေယင် သူမအိမ်ကြီးကို အဲဒီခွေးကိုပေးခဲ့ဖို့ သေတမ်းစာရေးခဲ့ တယ်ဆိုပါ
တယ်....
ခွေးက သူ့ အရင်သေမှာ မသိလေရော့ သလား မင်းသမီးရယ်....
Actress Drew Barrymore was so grateful to her beloved Labrador Retriever for saving her life when her house was on fire that she has pledged her house to Flossie in her will.
10-12. Frankie the dog, Ani the cat and Pepe le Pew the cat - 3million each
ဒေါ်လာ ၄.၈ သန်းစီ ချမ်းသာတဲ့  ခွေး Frankie , ကြောင် Ani  နဲ့  Pepe le Pew
လျှို့ ဝှက်တဲ့ အမည်မဖေါ်လိုသူ ပိုင်ရှင်တစ်ဦးက သူမရဲ့ ခွေးကလေးနဲ့ ကြောင်ကလေးနှစ်
ကောင်ကို စောင့် ရှောက်ဖို့  အိမ်နီးချင်းဖြစ်သူ Lenise Patrick  ကို ပေါင်စတာလင် 
ကိုးသန်း ( ဒေါ်လာ 14.5 သန်း ) ထားခဲ့ ပါတယ်...
အဲဒီ ကံထူးသူ တိရိစ္ဆာန်သုံးကောင်ဟာ ဆန်ဒီယေဂို မြို့ က ဒေါ်လာ ၁၆ သန်းတန်အိမ်
ကြီးမှာနေပြီး တစ်နှစ်ကို ဒေါ်လာတစ်သိန်း ၀င်ငွေရှိတယ်ဆိုပဲ...
Lenise ကိုယ်တိုင် အဆိုပါတိုက်ဘေးကအိမ်မှာနေပြီး တိရိစ္ဆာန် သုံးကောင် အတွက်လို
လေသေးမရှိအောင် စီစဉ်ပေးနေပါတယ်တဲ့ ....
ငွေမျက်နှာများတယ်ကြီးပေတာကိုး.....
A mystery benefactor left her dog and two cats in the care of lucky neighbour Lenise Patrick with 9million.
They live happily together in a 10million home in San Diego and receive an annual trust fund of 100,000.
Lenise lives next door to make sure that they have everything they need.
13-14. Hellcat and Brownie the cats - 2million each
ဒေါ်လာ သုံးသန်းကျော်ကြွယ်ဝတဲ့  Hellcat နဲ့  Brownie  ကြောင်နှစ်ကောင်....
ဒေါက်တာဝီလီလျံဂရေယာတစ်ယောက်ကွယ်လွန်ခဲ့ တော့  သူ့ ရဲ့ သေတမ်းစာထဲမှာ
အချစ်တော်ကြောင်နှစ်ကောင်ကို တစ်ကောင်လျှင် ပေါင်စတာလင် ၄၁၅၀၀၀ ( ဒေါ်
လာ ခြောက်သိန်းကျော် ) ထားခဲ့ ပါတယ်...
အဲဒီကတည်းက ကြောင်အစဉ်အဆက်ဟာချမ်းသာလာတာ အခုလက်ရှိပေါက်နေ
တဲ့ ကြောင်တွေအထိပေါ့ ...
သူတို့ လည်း ဆန်ဒီယေဂိုမြို့ မှာနေကြပါတယ်တဲ့ ....
အတော်ချမ်းသာတဲ့ တိရိစ္ဆာန်တွေနေကြတဲ့ မြို့ ပဲ...
မျိုးနဲ့ ရိုးနဲ့ ချမ်းသာတဲ့ တိရိစ္ဆာန်တွေပဲဗျာ....
အကောင်တွေ အများကြီးမပေါက်အောင်တော့ အဲဒီတိရိစ္ဆာန်တွေကိုထိန်းတဲ့ သူတွေ
လုပ်ရမယ်ထင်တယ်....
Dr William Grier originally left his favourite felines 415,000 each in his will; their descendents of the same name still hold the majority of the estate in San Diego.
15. Moose the dog - 1.8million
ဒေါ်လာ ၂.၉ သန်း  ချမ်းသာတဲ့ ခွေး အက်ဒီ 
သူ့ ရဲ့ ပရိတ်သတ်တွေကတော့ သူ့ ကို အက်ဒီလို့ ပဲ ပိုသိကြတယ်.... သူ့ နာမည်အရင်းက
မော့ စ်  ပါတဲ့ ...
မြန်မာပြည်က လူရွှင်တော်မော့ စ် ကိုတော့ သနားတယ်...
သူပါဝင်တဲ့  Frasier ဆိုတဲ့ ရုပ်သံဇတ်လမ်းဟာ အတွဲဆယ်တွဲအထိတောင်ရိုက်ခဲ့ ရ၊ လူ
သိများကျော်ကြားခဲ့ ပါတယ်...
သူက ကိုယ့် အားကိုယ်ကိုးပြီး ရုပ်ရှင်ရိုက်ကာချမ်းသာလာတဲ့ခွေးဖြစ်ပါတယ်....
သူ့ ရဲ့ ဇတ်လမ်းတစ်ခါရိုက်ယင်သရုပ်ဆောင်ခ က ပေါင်စတာလင် ၆၀၀၀ ရပြီး ကြေငြာ
တွေကလည်း အပိုဝင်ငွေရလို့ အခုလိုကြွယ်ဝချမ်းသာနေတာပါတဲ့ .....
Better known as Eddie to his fans, Moose has been the canine star of TV show Frasier for its ten series.
As a self-made millionaire, Moose netted around 6,000 per episode and tops his earnings up with lucrative endorsement deals.
ကံများနှယ်ညံ့ ပါဘိ...
တိရိစ္ဆာန်လောက်တောင် မချမ်းသာပါလား...
ကုသိုလ်၊ အကုသိုလ် ၊ ဟိရိသြတ္တပ္ပတရားလေးတွေစဉ်းစားချင့် ချိန်နိုင်တဲ့ဥာဏ် ရှိနေပေလို့ သာပဲ...
3 comments:
ဒဏ္ဍာရီ said...
အော် ... ဘ၀အကျိုးပေးများနော် ကောင်းလိုက်ကျတာ။း)
ခင်မင်လေးစားလျှက်
ကာရံဆူး said...
အော် တိရစ္ဆာန်တွေကို လွှဲတော့ သူတို့ က ဘာလုပ်လို့ ရမှာတုံး...အင်း ကုသိုလ် ထူးလိုက်ကြတာနော်...
Anonymous said...
ကိုကြီး...ခွေးတွေကိုပြန်ပေးဆွဲမယ်၊ကြက်ကိုချက်စားမယ်၊ပူးပေါင်းမယ်ဆိုရင်ဘယ်သူမဆိုကြိုဆိုပါ၏:)