Cat 'stationmaster' gets promoted to executive post at railway company

Wednesday, January 6, 2010

မီးရထားကုမ္ပဏီ အမှုဆောင်အရာရှိအဖြစ်ရာထူးတိုးတဲ့ ကြောင်...


 


ရထားတွေ အချိန်မမှန်ပါဘူးရုံပိုင်ကြီး !!!....


ဂျပန်နိုင်ငံမှ မီးရထားဘူတာရုံ၊ ရုံပိုင်အဖြစ် ခန့် အပ်ခြင်းခံခဲ့ ရတဲ့ ကြောင်တစ်ကောင်ဟာ ထပ်မံ
ပြီး အဆိုပါ မီး၇ထားကုမ္ပဏီရဲ့  အမှုဆောင်အရာရှိ အဖြစ် ရာထူးတိုးမြှင့် ခန့် အပ်ခြင်းခံခဲ့ ရတယ်
လို့  Wakayama  လျှပ်စစ်မီးရထား ကုမ္ပဏီ ကကြေငြာခဲ့ ပါတယ်...

အသက် ၁၀ နှစ်ရှိ ကြောင်မကြီး Tama  ရဲ့ ရထားစီးခရီးသည်များ တိုးပွားများပြားလာအောင် စွမ်း
ဆောင်ရာမှာ ပါဝင်ကြိုးပမ်းမှုကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အနေဲ့ လက်ရှိ မီး၇တားဘူတာရုံပိုင်
အဆင့် ကနေ စီမံခန့် ခွဲရေး အမှုဆောင်အရာရှိအဖြစ် တိုးမြှင့် ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်...

ဒါဟာ ကမ္ဘာပေါ်မှာ ကြောင်တစ်ကောင်ကို မီးရထားကုမ္ပဏီ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ အမှူဆောင်
အရာရှိအဖြစ် ခန့် အပ်ခဲ့ တဲ့ ပထမဦးဆုံးဖြစ်ရပ် ဖြစ်တယ်လို့ လည်း အဆိုပါကုမ္ပဏီရဲ့ တာဝန်ရှိသူက
ပြောကြားခဲ့ ပါတယ်....
ကြောင်မကြီး Tama အသစ်ခန့် အပ်လိုက်တဲ့ ရာထူးအပြင် လက်ရှိ မီး၇ထားရုံပိုင်အဖြစ်ပါ ပူးတွဲထမ်း
ဆောင်သွားမှာဖြစ်ပါတယ်...
သူမ ( ကြောင်မ ) ကို မီးရထားရုံပိုင်အဖြစ် ၂၀၀၇ ခုနှစ်မှာ ခန့် အပ်ခံရပြီးကတည်းက ရာထူးတွေ
အလျင်အမြန် တိုးမြှင့် ခြင်းခံခဲ့ ၇တာဖြစ်ပါတယ်တဲ့ ...



 ရာထူးတိုးမြှင့် ခန့် အပ်ပွဲနေ့ ကတွေ့ ရသည့် ကြောင်မကြီး...
Tama, a cat stationmaster of Kishikawa Line's Kishi Station, is pictured at its appointment ceremony as an executive of Wakayama Electric Railway Co. on Sunday. (Mainichi)


နောက်နှစ် ( ၂၀၀၈ ပေါ့  ) မှာ တော့ သူမဟာ ရုံပိုင်ချူပ်ဖြစ်နေခဲ့ ပြီး စတင်အလုပ်ဝင်ပြီး သုံးနှစ်အ
ကြာမှာတော့  အမှုဆောင်အရာရှိ အဖြစ်ကို ရောက်ရှိခဲ့ ခြင်းဖြစ်ပါတယ်...

သူမစတင် တာဝန်ထမ်းဆောင်ပြီး အဆိုပါ မီးရထားကုမ္ပဏီရဲ့ သူမတာဝန်ကျရာ လမ်းကြောင်းမှာ
ရထားစီးခရီးသည်တွေဟာ နှစ်စဉ် သုံးသိန်းကျော် ရှိနေခဲ့ ရာကနေ နှစ်သန်းကျော်အထိ တိုးတက်
များပြားလာတယ်လို့ ဆိုပါတယ်...

ဒါကြောင့် မို့  အခုလို ခရီးသည်ဦးရေ တိုးတက်များပြားလာတာဟာ ကြောင်မကြီး ရဲ့ စွမ်းဆောင်မှု
တွေကြောင့် ဖြစ်တာမို့ အခုလို ရာထူးတွေတိုးမြှင့် ပေးခြင်းဖြစ်ပါတယ်တဲ့ ဗျာ...

အင်း....
မော်ဒန်ကဗျာဆရာလေသံနဲ့ ပြောရယင်တော့ ....

ကိုယ်ဟာကြောင်တစ်ကောင်လောက်တောင်မှ...
အဖြစ်မရှိခဲ့ သူပါ...
ချစ်သူရယ်....

 

မူရင်းအင်္ဂလိပ်လိုသတင်းပါ....
The cat stationmaster of a railroad station in Japan has been appointed as a corporate executive of the Wakayama Electric Railway Co., the company has announced.The train operator has promoted 10-year-old female cat Tama, currently a stationmaster of Kishi Station on the Kishikawa Line, to the post of operating officer in recognition of her contribution to expanding the customer base.

This is the first time in the world for a cat to become an executive of a railroad corporation, a company official said. Tama will continue to serve as the stationmaster while assuming the new role.

The cat has climbed the ladder of success swiftly since she was first appointed as the stationmaster in January 2007. Tama was promoted to "Super Stationmaster" the following year and to corporate executive in a mere three years since her first appointment.

0 comments: