အသက်ကလေးရယ်တဲ့ ရှည်စေလို .....
Tuesday, December 8, 2009
Staring at women boobs good for men
မိတ်ဆွေ...အသက်ရှည်ချင်ယင် ဒါမျိုးလေးတွေ ကို နေ့ စဉ်ဆယ်မိနစ်လောက်
စူးစိုက်သုံးသပ်ကြည့် ရှုပါလေ....
အင်း....
ဒီတစ်ခါတော့ လေဒီများရဲ့ မေတ္တာပို့ ခြင်းခံရမယ့် သတင်းလေးပြန်ဆိုတင်ပြလိုက်ပါတယ်...
အမျိုးသမီးများရဲ့ ရင်သားကိုနေ့ စဉ် ဆယ်မိနစ်လောက် စူးစိုက်ကြည့် ရုံမျှဖြင့် သင့် အနေနဲ့ 
အသက်ငါးနှစ်မျှပိုမိုသက်တမ်းရှည်လာနိုင်ကြောင်း မကြာခင်ကမှထပ်မံပြုလုပ်ခဲ့ တဲ့ သုတေသန
ပြုချက်များအရ သိရှိရကြောင်းဆိုပါတယ်...
ဂျာမနီနိုင်ငံရဲ့ သုတေသနပြုလုပ်တွေ့ ရှိချက်များကိုပုံနှိပ်ဖော်ပြခဲ့ တဲ့ ဆေးပညာဆိုင်ရာ New
England ဂျာနယ်မှာတင်ပြထားချက်အရ အဆိုပါ (တဏှာရူးများအတွက်)အကြောင်းပြကောင်း
စေတဲ့ တွေ့ ရှိချက်ကိုသိရှိရခြင်းဖြစ်ပါတယ်...
နဲ့ လေဒီများရဲ့ ရွှေရင်အစုံကို ဆယ်မိနစ်လောက် ရင်သားကသိုဏ်း စူးစိုက်ကြည့် ရှုခြင်းဟာ
အားကစားရုံမှာ မိနစ် သုံးဆယ်လောက် အပင်ပန်းခံပြီးလေ့ ကျင့် ခန်းလုပ်လို့ ရတဲ့ အကျိုး
ရလာဒ်နဲ့ အတူတူပါပဲတဲ့ ....
အခုလိုတွေ့ ရှိချက်ဟာလည်းပေါ့ သေးသေးနယ်နယ်ရရမဟုတ်ပဲ အမျိုးသားပေါင်းနှစ်ရာကို
နှစ်ပေါင်း ငါးနှစ်အတွင်း လေ့ လာသုတေသနပြုချက်များရဲ့ ရလာဒ်အသီးအပွင့် များပဲဖြစ်
ကြောင်း တရုတ်နိုင်ငံထုတ်သတင်းများနဲ့ Sin Chew Daily ( ဟောင်ကောင် သို့ မဟုတ်
စင်ကာပူ နိုင်ငံထုတ်၊ တရုတ်ဘာသာသတင်းစာ ) တို့ မှာသတင်းပေးပို့ ဖော်ပြထားရှိခဲ့ ပါတယ်...
အခုလို မျက်စေ့ အစာကျွေးခြင်းအားဖြင့် ကြည့် ရှုလေ့ ရှိတဲ့ အမျိုးကောင်းသားများအနေဖြင့် 
သွေးတိုးအားတွေကျဆင်းစေနိုင်ပါတယ်...( သွေးတိုးရောဂါဖြစ်မှုလျော့ နည်းတယ်ပေါ့ ဗျာ...)
နှလုံးရောဂါဖြစ်ဖို့ လည်းအလားအလာလျော့ နည်းစေပါတယ်၊ ပြီးတော့ နှလုံးခုံနှုန်းလည်းနှေး
စေပါတယ် လို့ Star Online သတင်းစာမှာလည်းဖော်ပြထားပါသေးတယ်...( အမယ်လေး...
သတင်းစာပေါင်းကို စုံနေတော့ တာပါပဲဗျာ....သတင်းထူး၊ သတင်းဦးမို့ နဲ့ တူတယ်...)
အသက်ကြီးရင့် မှုနဲ့ သက်ကြီးရွယ်အိုများဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်ကြီး Dr Karen
Weatherby  က အခုလိုကြည့် ရှုသုံးသပ်လို့  အချစ်ရာဂ ဆန္ဒများ ရှိနေခြင်းဖြင့် သွေး
လည်ပတ်မှုအားကောင်းစေပြီး၊ ကျန်းမာရေးကိုအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်လို့ 
ရှင်းပြခဲ့ ကြောင်းပါဗျာ....
အာဂဆရာဝန်ကြီးပေပဲ....သုတေသနပြု၊လေ့ လာတွေ့ ရှိသူတွေနဲ့ အဆိုပါဆရာဝန်ကြီး
တို့ ကိုတော့  ရာစုနှစ်ရဲ့ ဆေးပညာနိုဗယ်ဆုတောင်ချီးမြှင့် သင့် တယ်လို့ မထင်ဘူးလား
ဆရာတို့ ရေ....
လေဒီများလည်း သတ္တ၀ါတွေကို အသက်ရှည်စေချင်တဲ့ မေတ္တာတရားများများထားချင်
ယင် တွေ့ မြင်လိုသူအပေါင်းစိတ်ချမ်းသာအောင်လည်ဟိုက်များများဝတ်ဆင်ကြပေါ့ ဗျာ....
ကြည့် ရှုသူအပေါင်း အသက်ရာကျော်ရှည်ကြပါစေဗျာ...
ပေါက်တတ်ကရလူတွေပြောတာကိုတော့ အဟုတ်ကြီးထင်မနေကြပါနဲ့ နော်...
ရွှေပြည်ကြီးနဲ့ ဒူဘိုင်းလို အာရပ်နိုင်ငံဒေသတွေမှာတော့ နိပ်ပြီဟ ဆိုပြီးသွားကြည့် မိယင်
ပါးရိုက်ခံရကိန်း၊ ရဲဖမ်းခံရကိန်းရှိပါတယ်...
ဒီသတင်းနဲ့ ဆက်စပ်တဲ့ သတင်းကိုလည်း လူထုအသံ အွန်လိုင်းဂျာနယ်မှာဖတ်ရှုနိုင်ပါ
သေးတယ်...
တော်ကြာ ကိုပီတာကြီး မဟုတ်ကဟုတ်ကတွေလျှောက်ရေးနေတယ်ထင်မှာစိုးလို့ ပါ...
ကျွန်တော်တင်မဟုတ်၊ သူတို့ လည်းရေးတယ်နော်...
နောက်ပြီး သီတဂူဆရာတော်ကြီးရဲ့ ဘ၀တန်ဖိုး တရားတော်ထဲ က သီလ၊သမာဓိ၊ ပညာ
မပါပဲ အနှစ်တစ်ရာ အသက်ရှည်ရစေကာမူ သီလ အစရှိတဲ့ သူတော်ကောင်းတရားတို့ 
ဖြင့် ပြည့် စုံပြီး၊ တစ်ရက်မျှအသက်ရှင်ရတာလောက် မမြင့် မြတ်၊ အကျိုးမရှိဘူးဆိုတဲ့ 
စကားတော်ကို သတိရစေချင်ပါတယ်...
ကဲ ....ထုံးစံအတိုင်းမူရင်းသတင်းလေးပါ....
Stare at women's breasts for 10 minutes a day and increase your life span by five years, that's the conclusion of a new Study.
According to a German research published in the New England Journal of Medicine, men who stare at women’s breasts for 10 minutes a day live five years longer.
The study claims that 10 minutes of ogling is equivalent to a 30-minute gym workout.
The finding has been made after an assessment of 200 men over a period of five years, reports Sin Chew Daily and China Press.
The men who stare at women’s breasts have lower blood pressure, suffer less cardiovascular disease and have slower heart beat, the Star Online reports.
Gerontologist Dr Karen Weatherby explains that sexual desire leads to better blood circulation meaning improved health.
4 comments:
kiki said...
လေဒီတွေ အသက်ရှည်ချင်ရင်ရော...
ဘယ်လို လုပ်ရ မတုံးးးးးး
Beauty Studio USA Branded Store said...
မန်းတောင်ရိပ်ခိုပေါ့ဗျာ။
ဝေလင်း said...
အဟဲ..လက်တွေ့စမ်းကြည့်ရအောင်ကလည်း ဆောင်းဝင်သွားပြီဗျာ။ အစ်ကိုကလည်း ပြောတာနောက်ကျတာ။...နွေကျမှပဲ.. :)
ပျော်လို့ နောက်သွားတာ..
amk said...
ဟ အသက် ၁၂၀+၂၀ ရှည်တော့မှာပဲ သူငယ်ချင်းတွေကို အသက်ရှည်ဆေးလေးပြေးပြောလိုက်အုံးမှ ကျေးဇူးကိုပီတာ