အစွဲအလမ်းကြီးလွန်းသူ.....
Wednesday, December 9, 2009
Man Slept Next To Dead Wife for 5 Years
vietnamwife1.jpg Man Slept Next To Dead Wife for 5 Years picture
အစွဲအလမ်းကြီးလွန်းသူ.....
ဗီယက်နိုင်ငံသားတစ်ယောက်ဟာ သေဆုံးသွားခဲ့ သူ ချစ်ဇနီးရဲ့ ရုပ်အလောင်းကို တူးယူကာ
ရွှံ့ နဲ့ မံပြီး ရွှံ့ ရုပ်လုပ်ကာ သူအိပ်ယာထဲမှာထားပြီး ညစဉ်ပွေ့ ဖက်ပြီးအိပ်စက်ခဲ့ တာ လွန်ခဲ့ တဲ့ 
ငါးနှစ်၊ သူ့ ဇနီးသေဆုံးသွားခဲ့ ချိန်ကစပြီး ယနေ့ အထိတိုင်ပါပဲတဲ့ ....
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသ Quang Nam ပြည်နယ်  Ha Lam အရပ်က   Le Van
အမည်ရှိ အသက် ၅၅ နှစ်အရွယ် အမျိုးသားကို သူ့ ရဲ့ သားဖြစ်သူနဲ့ အတူ ၊ သူ့ ဇနီးရဲ့ ရုပ်
အလောင်းနဲ့ ပါမြင် တွေ့ ရမှာဖြစ်ပါတယ်...
vietnamwife2.jpg Man Slept Next To Dead Wife for 5 Years picture
သားဖြစ်သူကလည်း မိခင်ဖြစ်သူအလောင်းကို
ညစဉ်ပွေ့ ဖက်နှုတ်ဆက်ပြီးမှအိပ်လေ့ ရှိပါတယ်တဲ့ ....
သတင်းများတွင်ဖော်ပြထားချက်များအရ၊ Van ဟာ သူ့ ရဲ့ ချစ်ဇနီးဖြစ်သူသေဆုံးသွားခဲ့ တဲ့ 
၂၀၀၃ ခုနှစ်ကတည်း က သူ့ ဇနီးကိုမြုပ်နှံထားခဲ့ တဲ့ အုတ်ဂူအပေါ်မှာ ညစဉ်သွားအိပ်ခဲ့
တစ်နှစ်ခွဲလောက်အကြာမှာတော့ မိုးဒါဏ်၊ လေဒါဏ်မှကာကွယ်နိုင်ရန်ဆိုပြီး သူ့ ဇနီးရဲ့ အုတ်
ဒါပေမယ့် သူဒီလို ညစဉ် အလောင်းနဲ့ အတူသွားအိပ်နေခဲ့ တာကို အိမ်နီးချင်းများနဲ့ ရပ်ကွက်
အာဏာပိုင်တွေသိရှိသွားပြီးနောက် သူ့ ကိုဒီလိုဆက်မလုပ်ဖို့  တားမြစ်ပြောဆို၊ ဖျောင်းဖြခဲ့ 
ကြပါတယ်...
ဒါပေမယ့်  ဇနီးအပေါ်စွဲလမ်းလွန်းတဲ့  Van ဟာ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ မှာတော့ အုတ်
ဂူရှိရာကို ပြန်လည်သွားရောက်ခဲ့ ပြီး၊ သူ့ ဇနီးရဲ့ အလောင်းကို တူးယူပြီးအိမ်ကို ပြန်လည်
သယ်ဆောင်ခဲ့ တာ ယနေ့ အထိပါပဲ....
vietnamwife.jpg Man Slept Next To Dead Wife for 5 Years picture
 အစွဲအလမ်းကြီးသူ သားအဖ နဲ့  ကွယ်လွန်သူ  အမျိုးသမီး အလောင်း....
Van ရဲ့ သားဖြစ်သူ ( ဓါတ်ပုံထဲမှာ သူ့ မိခင်ရဲ့ အလောင်းနဲ့ တွဲလျက်ဖော်ပြထားသည် ) ဟာ
လည်း ညစဉ်အိပ်ယာဝင်တိုင်း သူ့ မိခင်ရဲ့ အလောင်းကို ထွေးပွေ့ နှုတ်ဆက်ပြီးမှ အိပ်လေ့ 
ရှိပါတယ်တဲ့ ....
သူရဲ့ ဖခင် ( Van ရဲ့ ဖခင် ) ဖြစ်သူက Lao Dong သတင်းစာကိုပြောပြခဲ့ ရာမှာ အစပိုင်းတော့ 
အိမ်နီးချင်းတွေဟာ နှစ်အတန်ကြာအောင် Van ရဲ့ အိမ်ကိုသွား မလည်ရဲကြပါဘူး....ဒါပေမယ့်
အခုနောက်ပိုင်းမှာတော့  တဖြည်းဖြည်းနဲ့ ကြောက်စိတ်ပျယ်သွားကြပြီဖြစ်လို့  သူ့ ဆီကိုမကြာ
ခဏသွားရောက် လည်ပတ်ကြပါတော့ တယ် လို့ ဆိုခဲ့ ပါတယ်...
” ကျွန်တော်က သူများနဲ့ မတူ တစ်မူထူးခြားတဲ့ သူဖြစ်ပါတယ်...သူတစ်ကာနဲ့ ကိုမတူတာတွေ
ပဲလုပ်နေမိတတ်တာပါ....”
” ကျွန်တော့် ဇနီးဟာ ခန္ဓာကိုယ်ကသာ သေဆုံးကွယ်လွန်သွားခဲ့ ပေမယ့်  သူ့ ရဲ့ ဝိဥာဉ်က
တော့ ကျွန်တော်တို့ သားအဖ တွေနဲ့ အတူရှိနေတုံးပါပဲ....ဒါကြောင့် သူမရဲ့ ရုပ်အလောင်း
နဲ့ အတူတူ အိပ်နေခဲ့ ပေမယ့် ကျွန်တော့် မှာကြောက်စိတ်ဆိုတာ လုံးဝကို ဖြစ်မလာခဲ့ တာ
ပါ....”  လို့ သူကပြောခဲ့ ပါတယ်...
ဒေသဆိုင်ရာအာဏာပိုင်များကတော့ အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးကြတော့ မှာဖြစ်ပါတယ်...
ဘာဖြစ်လို့ လည်းဆိုတော့ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေအရ ကွယ်လွန်သေဆုံးသွားသူများကို
မီးရှို့ လို့ ပဲဖြစ်ဖြစ် မြေမြုပ်လို့ ပဲဖြစ်ဖြစ် သဂြိုလ်ရမှာဖြစ်ပြီး၊ မည်သူမဆို ခွင့် ပြုချက်မရှိပဲ နဲ့ 
မိမိတို့ ရဲ့ အိမ်ယာ၊ ခြံဝန်းအတွင်းမှာ မမြုပ်နှံ၊ မသဂြိုလ် နိုင်တော့ တာဖြစ်လို့ ပါပဲ....
အခုခေတ်သစ် ကိုသစ္စာများကိုလည်း ၄င်းတို့ ရဲ့ ချစ်သူရည်းစားများက အဲဒီသတင်းထဲက
ပုဂ္ဂိုလ်လိုပဲ သေပြီးသွားတာတောင်မှ အိမ်ပေါ်မှာပဲ ထားပြီး အတူတူအိပ်နိုင်ပါ့ မလား
လို့ မေးဖို့ ကောင်းတယ်နော်....
ဆရာတွေဘယ်လိုများဖြေကြမလဲမသိဘူး....
ဟဲဟဲ....
အချွန်နဲ့ တစ်ကွ မ လိုက်ပါပြီ....
မူရင်းသတင်းကတော့ ဒီိလိုဆိုထားတာပေါ့ ဗျာ....
A Vietnamese man dug up his wife’s body, molded it with clay into a female figure and put it in his bed so he could hug it every night for the past five years.
The man, 55-year-old Le Van from Ha Lam in the central Quang Nam province, is seen below with his wife’s remains and his son.
According to reports, Van began by sleeping upon his wife’s grave after she died in 2003. He said that a year and a half later he decided to dig a tunnel next to his wife’s grave so he could sleep beside her away from the rain and wind.
However, neighbors and local authorities found out about the practice and persuaded Van to stop. Subsequently in November 2004 Van returned to the grave, dug up his wife’s corpse and brought it home, where it remains today.
Van’s son, photographed below with his mother’s corpse, is said to hug her body before going to bed each night.
His father told the Lao Dong newspaper that his neighbours dared not visit him for years, but have since grown more accustomed to the idea and will now pay him a visit from time to time.
“I’m a person that does things differently. I’m not like normal people,” he was quoted as saying. “My wife’s body only passed away but her spirit still accompanies us. I have no fear when it comes to sleeping with her at all.”
Local authorities are said to be planning an inspection of the case because of new sanitation laws that rule a body must be cremated or buried, and that burials cannot be carried out in residential gardens without approval.
3 comments:
မြစ်ကျိုးအင်း said...
ချစ်တော့ချစ်တယ်အကိုရယ် ဒီလိုမလုပ်နဲ့း)
ချစ်တာပေါ့ဗျာ ဒါပေမယ့်လည်း ဘယ်လိုပြောရမလဲပေါ့နော်....
တရားနဲ့ အညီနေထိုင်တာပဲကောင်းပါတယ်လေ
သွယ်လင်းဆက် said...
သဘာဝကိုဆန့်ကျင်တဲ့လူတွေလို့မြင်တယ် ကိုပီတာကြီးရေ။
သွယ်လင်းဆက် said...
သဘာဝကိုဆန့်ကျင်တဲ့လူတွေလို့မြင်တယ် ကိုပီတာကြီးရေ။