Sticking out your tongue ruled illegal in Italy

Wednesday, December 30, 2009

လျှာမထုတ်နဲ့ ....ရှော့ ခ် ရှိတယ်...





မလုပ်နဲ့ နော်....
တရားစွဲခံရမယ်....



အီတလီနိုင်ငံရဲ့ အမြင့် ဆုံးတရားရုံးက လူတစ်ဦးတစ်ယောက်ကို လျှာထုတ်ပြီး ပြောင်ပြ၊ စော်
ကားတာဟာ ဥပဒေချိုးဖောက်တာ၊ ဥပဒေနဲ့ ဆန့် ကျင်ပါတယ်လို့ အတည်ပြု ပြဌာန်းခဲ့ ပါတယ်...
အဆိုပါဆုံးဖြတ် ဟာ လယ်သမားတစ်ဦးဖြစ်သူ ဟာ သူ့ ရဲ့ အိမ်နီးချင်းတွေနဲ့ အငြင်းအခုန်ဖြစ်
ရာမှာ လျှာထုတ်ပြီး ပြောင်ပြနေခဲ့ တာကို မိုဘိုင်းလ် ဖုံးနဲ့ ဓါတ်ပုံရိုက်ယူခဲ့ ပြီး တရားစွဲဆို အမှု
ဖြစ်ခဲ့ တာရဲ့ အကျိုးဆက်ဖြစ်ပါတယ်....
လျှာထုတ်ပြောင်ပြခဲ့ တဲ့  လယ်သမား Carlo  ကိုတော့ တရားရုံးက အိမ်နီးနားချင်းတွေကို
စော်ကားမှုနဲ့  အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ ကာ အပြစ်ဒါဏ်ချမှတ်ခဲ့ ပါတယ်....

တရားရုံးတော်ကတော့ သူ့ ကိုအပြစ်ရှိကြောင်း အတည်ပြုခဲ့ ပြီး သူ့ ရဲ့ အိမ်နီးချင်းတွေရဲ့ တရား
မှုအတွက် ကုန်ကျစားရိတ် ၁၈၆၃ ဒေါ်လာ ပေးဆောင်စေဖို့ အမိန့် ချမှတ်ခဲ့ ပါတယ်...
ဒါ့ အပြင် သူ့ အိမ်နီးချင်းတွေအတွက် ပျက်စီးဆုံးရှုံးစားရိတ်တွေကိုလည်း ပေးဆောင်ရမှာဖြစ်
ပါတယ်...အဲဒီအတွက်တော့ နောက်ထပ် ရုံးချိန်းတွေမှာ ထပ်မံကြားနာဆုံးဖြတ်မှာ ဖြစ်ပါတယ်...
အီင်္တလီနိုင်ငံမှာတော့  တရားရုံးများဟာ လူတွေကို တစ်စုံတစ်ဦးရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာ
စေမှု နဲ့ အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်လေ့ ရှိပါတယ်...

အင်း....
အီတလီများရောက်ခဲ့ ယင်တော့ ...
လျှာထုတ်ပြီးမပြောင်ပြမိဖို့ သတိထားပေတော့ ဗျာ....

အင်္ဂလိပ်လိုတော့  ဒီလိုဆိုထားလေရဲ့ ...
Italy's highest court of appeal affirmed the illegality of insulting someone by sticking your tongue out at them.
The case brought before the Cassation Court involved a farmer whose tongue gesture was captured by a cellphone camera held by the neighbour with whom he was arguing. The farmer, Carlo O., had been convicted by a justice of the peace of insulting the neighbour.
The Cassation Court let stand the conviction and ordered Carlo O. to pay his neighbour's court costs of $1,863.81. He will also have to pay damages, which will be set in a different trial.

Italian courts often find people guilty of offending someone's honour.

1 comments:

Beauty Studio USA Branded Store said...

=P ဒီလိုမလုပ်နဲ့လေ။
=)