World's weirdest ever weddings
Tuesday, December 22, 2009
World's weirdest ever weddings
လူတိုင်းလူတိုင်းနီးပါးဟာ မိမိတို့ တစ်သက်မှာ တစ်ခါ ( တစ်ချို့ လည်းတစ်ခါမကပေါ့ )
လုပ်တဲ့ မင်္ဂလာပွဲကို အများနဲ့ မတူပဲ ထူးထူးခြားခြားတော့ အတတ်နိုင်ဆုံးပြုလုပ်တတ်
ကြပါတယ်...
လူတစ်ကိုယ်စိတ်တစ်မျိုးစီမို့ တစ်ဦးနဲ့ တစ်ဦးတော့ အကြိုက်ချင်းမတူလေတော့ မင်္ဂ
လာပွဲကျင်းပတဲ့ နေရာ၊ ကျင်းပပုံချင်းလဲမတူပေဘူးပေါ့ ...
နတ်ပြည်ကနေများ နတ်သက်ကြွေလာကြတာလား....
Falling for you ... a couple abseil as they wed
ဒီမင်္ဂလာမောင်နှံကတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကအထပ်မြင့် တိုက်တွေရဲ့ 
ပြတင်းမှန်သန့် ရှင်းရေးလုပ်သားတွေမို့ သူတို့ မင်္ဂလာပွဲကိုလည်း မှတ်မှတ်ရရဖြစ်
အောင် သတို့ သား ကျန်းဒေကျန်းအသက် ၂၇ နှစ် နဲ့  သတို့ သမီးတိုင်းဂွမ်ဂျူး ၂၆
နှစ်တို့ ဟာ သူတို့ အလုပ်လုပ်နေကျ အထပ်မြင့် တိုက်ရဲ့ အပေါ်အပြင်ပိုင်းကနေ
အောက်ကိုအသက်ကယ်လုံခြုံရေးကြိုးတွေသိုင်းပြီးတစ်ဖြေးဖြေးချင်းအောက်ကို
လျှောဆင်းလာတဲ့ ပုံက နတ်ပြည်ကနေနတ်သားနတ်သမီးလေးတွေ ဆင်းလာသ
လိုပါပဲပေါ့ ...
THESE newlyweds are joining the mile high club ... in front of all their family and friends.
Jiang Dezhang, 27, wed sweetheart Tie Guangju, 26, while abseiling from a building they both clean for a living in China's Yunnan province.
မရခင်တော့ ဖျာလိုလိပ်၊ထိပ်ပေါ်တင်....အဲလေ...ကျောပေါ်တင်....
Weird weddings ... the mini marathon
တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်က မင်္ဂလာသတို့ သားများကတော့ သူတို့ ရဲ့ ချစ်ဇနီး
သတို့ သမီးတွေကိုကျောပိုးပြီး ပြေးကြတဲ့ နှစ်သစ်ကူးမင်္ဂလာပွဲပါတဲ့ ...
၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ကပြုလုပ်ခဲ့ ကြတာပါ...
YOU often hear of grooms doing a runner ... but rarely with a bride on their back.
These snaps from January 2007 show grooms carrying their brides during a mini marathon celebrating the New Year in China's Hainan province.
အကြိုက်ဆုံးရုပ်ရှင်ထဲက မင်းသား၊ မင်းသမီးတွေအတိုင်း...
the Stars Wars fans
ဒီစုံတွဲကတော့  သူတို့ အကြိုက်ဆုံး စတားဝါး ဇတ်ကားထဲက ၀တ်စုံတွေဝတ်ပြီးသူ
တို့ စိတ်ကူးထဲက ဇတ်ကောင်တွေအတိုင်း ပုံဖော်ခဲ့ ကြပါတယ်...တက်ရောက်လာ
သူများကိုလည်း ဇတ်ကားထဲကသူတွေအတိုင်းဝတ်စား ထားလာစေခဲ့ ပါသေးတယ်...
MAY the force of true love be with you!
Tenille Kuhlman, 30, and Thomas Kuhlman, 39, exchanged vows at a San Diego comic convention in 2008.
The wedding ceremony, based on the language, costume and lore of a fictional Mandalorian race was attended by members of their close-knit Star Wars fan club.
အေးချမ်းသာယာမယ့် နမိတ်ပေါ့ ....
Weird weddings ... the ice chapel
စိတ်ကူးကောင်းတဲ့ သူတို့ အတွဲ...
ဒါကတော့ အေးချမ်းသာယာပါစေနိုင်ကြောင်း အတိတ်နမိတ်ကောင်းနဲ့  ဂျပန်နိုင်ငံ
က ရေခဲ့ နေတဲ့ ဘုရားရှိခိုးကျောင်းမှာပြုလုပ်ခဲ့ တဲ့ အချစ်ထူးသူနှစ်ဦးရဲ့ ထူးထူး
ခြားခြား မင်္ဂလာပွဲပါပဲ....
WHAT a n-ice couple!
A couple exchange their vows in a frozen chapel in Japan on 6 February, 2008.
ချစ်သူ ကိုအဆင့် မြင့် မြင့် လက်ထပ်ပေးတာ...
Weird weddings ... 40ft in the air
ဘယ်လ်ဂျီယံနိုင်ငံက ဝေယံထက်မှာ မင်္ဂလာပွဲဆင်နွဲချင်တဲ့ မောင်နှံကတော့  ယခင်
စစ်စခန်းဟောင်းတစ်ခုမှာ ကောင်းကင်ကနေ အမြင့် မီတာ ၄၀ က တွဲလောင်းကျနေ
တဲ့ စင်မြင့် ထက်မှာ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလက ကျင်းပခဲ့ တဲ့ မိုးမြင့် ပင်ယံ
ထက်က အချစ်လက်ထပ်ပွဲပါ....
THE sky's the limit for these lovebirds.
Belgium's Sandra Eens and Jeroen Kippers got married on a platform hanging 40m above the ground at a former military base in October 2008.
သူများနဲ့ မတူ ....ဇောက်ထိုးမိုးမျှော်...
Weird weddings ... the weightless one
ဒီပွဲကတော့  လေထုဖိအားမရှိတဲ့ လေဟာနယ်အဖြစ်ဖန်တီးထားတဲ့ ဘိုးအင်း ၇၂၇
လေယာဉ်ကြီးပေါ်မှာ ဦးစိုက်ပြောင်းပြန်လန်အောင် လွင့် မျောပြီးကျင်းပခဲ့ တဲ့ ကမ္ဘာ့ 
ပထမဦးဆုံး အလေးချိန်မဲ့  လေဟာနယ်ထဲက ချစ်ပုံပြင် လက်ထပ်ပွဲပါတဲ့ ...
သူတို့ မင်္ဂလာပွဲကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ က အမေရိကန်နိုင်ငံ၊ ဖလော်
ရီဒါပြည်နယ် ကနေ လေယာဉ်ပျံကြီးနဲ့ ပျံသန်းထွက်ခွာခဲ့  ပြီးကျင်းပခဲ့ ကြတာပါ...
NOBODY could say this wedding lacked atmosphere ... or could they?
New Yorkers Erin Finnegan and Noah Fulmor floated upside down during the world's first weightless wedding aboard a specially-equipped Boeing 727.
The pair flew over the Gulf of Mexico after taking off from Titusville, Florida on 20 June, 2009.
ပြန်မလာခင်....စိတ်မပြောင်းခင် ...လက်ဦးမှုရယူထားမှ....
သူမကတော့ ချစ်သူ ကိုကို အာကာသယာဉ်မှူး အာကာသထဲကပြန်ရောက်လာယင်
စိတ်ပြောင်းသွားမှာစိုးလို့ နဲ့ တူတယ်...
ဟိုမောင် အာကာသထဲမပြန်မရောက်ခင် သူ့ ခန္ဓာကိုယ်နဲ့ ရွယ်တူဖန်တီးပြုလုပ်၊ဖြတ်
ညှပ်ထားတဲ့  ပုံစံတူ အရုပ်နဲ့  ၂၀၀၃ ခုနှစ် သြဂုတ် လမှာမင်္ဂလာအခမ်းအနားပြုလုပ်
ခဲ့ တာဖြစ်ပါတယ်တဲ့ ....
သတို့ သား  Yuri Malenchenko  နဲ့  သတို့ သမီး Ekaterina Dmitriev တို့ ဟာ
တက္ကဆက်ပြည်နယ် က အမေရိကန်အာကာသသိပ္ပံအုပ်ချူပ်ရေးအဖွဲ့ ရဲ့ ဌာနချူပ်မှာ
သတို့ သားက လူကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့် အာကာသကနေ ဂြိုလ်တု
ဆက်သွယ်ရေးစနစ်အသုံးပြုပြီး မိသားစုနဲ့ စကားပြောနေကျအချိန်မှာပဲ၊ အချိန်ကိုက်
ပြီး ကတိသစ္စာပြုခဲ့ ကြပါတယ်...
THIS bride is no dummy ... but her groom is.
Ekaterina Dmitriev poses here with a life-size cut-out of her bridegroom, Yuri Malenchenko, following her satellite wedding to the orbiting space station Commander in August 2003.
The state of Texas allows weddings where one party is absent and the pair exchanged vows via satellite hook-up at NASA during weekly designated family teleconference time.
လူတွေဟာသူတို့ တင်စိတ်ကူးယဉ်လို့ အားမရနိုင်ကြပဲ သူတို့ ရဲ့ အချစ်တော် အိမ်
မွေးတိရိစ္ဆာန်လေးများကိုပါ  ကြံဖန်ပြီးမင်္ဂလာဆောင်ပေးတတ်ကြပါသေးတယ်...
အဲဒီလို ကြံကြံဖန်ဖန်မင်္ဂလာဆောင်ပေးတဲ့ အထဲမှာ ယုန် တို့ ကြက်တို့ လို တိရိစ္ဆာန်
တွေတောင်ပါသေးတယ်ဆိုပဲ....
ကျွန်တော်...ကျွန်မတို့ သည်...
Weird weddings ... passionate pooches
IT must be ruff
ခွေးပုစုတ်ဖွားလေးတွေဖြစ်တဲ့  ရမ်ဘို နဲ့  ဂျိုစီတို့  ဟာ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ
လပြုလုပ်ခဲ့ တဲ့ ချစ်သူများနေ့ အထိန်းအမှတ် သူတို့ ရဲ့ လက်ထပ်ပွဲကိုရောက်လာ
ကြပုံပါတဲ့ ....
Minature poodles Rambo and Josie attend their wedding ceremony to mark Valentine's Day in Bangkok on February 10, 2003.
Many 'newlywed' animals including rabbits, roosters and hens attended the event.
ရှေးရေစက်လေလား...
Cold blooded couple
အိန္ဒိယနိုင်ငံ၊ ကိုချာကန်ဒါ မှာ ၂၀၀၅ ခုနှစ်ကပြုလုပ်ခဲ့ တဲ့ ပန်းတွေနဲ့ ဝေနေတဲ့ ဖား
ပြုတ် ဇနီးမောင်နှံပါတဲ့ ...
ယနေ့ မှစ နှစ်တစ်ရာတိုင်ကွယ် လို့ များ မင်္ဂလာသီချင်းဆိုပြီးလက်ဖွဲ့ လေဦးမလားပဲ....
TOAD-AY is the first day of the rest of their lives together!
Indian villagers hold two toads decorated with flowers and vermilion during their 2005 wedding ceremony at Khochakandar in India.
Locals held the ceremony to please the rain gods and end a dry spell.
မျောက်တို့ ၏ မာယာ.....
Weird weddings ... monkey love
စိန်မျောက်မျောက်ရဲ့ မင်္ဂလာပွဲ...
တစ်ချက်လေးမှ ဂဏှာမငြိမ်အောင် စိတ်ကစားကာ ဆော့ ကစားတတ်တဲ့  စိန်
မျောက်မျောက်ကိုတော့  သူ့ ရဲ့ မျောက်ယောက္ခမလောင်းကြီးက သူတို့ သမီး
စိန်မျောက်မျောက် ၀ူခုန်း နဲ့  သူ့ ရဲ့ ချစ်သဲ ရှောင်ယ တို့ ဟာ တရုတ်နိုင်ငံZhejiang
ပြည်နယ်က Wenling မြို့ က တိရိစ္ဆာန်ရုံမှာ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်
နေ့ က အထူးမင်္ဂလာဧည့် ခံပွဲကို ဆင်ယင်ကျင်းပခဲ့ ကြပါသတဲ့ ....
တိရိစ္ဆာန်ရုံက တာဝန်ရှိသူတွေက ဦးစီးကျင်းပခဲ့ တဲ့ အဆိုပါပွဲကတော့ လာရောက်
ကြည့် ရှုသူတွေကို ပိုမိုဆွဲဆောင်နိုင်အောင်ဖြစ်ပါတယ်လို့ ဆိုပါတယ်...
အကျွေးအမွေးကတော့ စိန်မျောက်မျောက်တို့ မင်္ဂလာမောင်နှံအကြိုက်ဆုံးအစား
အစာ ငှက်ပျောသီး ဖြစ်ပါလိမ့် မယ်...
WE wonder if this nervous fella meets with his new mother-in-law's ape-roval.
Wukong wed his sweetheart Xiaoya during a special ceremony at a zoo in Wenling, Zhejiang province on September 4, 2008.
The zoo organised the bash to attract more visitors. They must be bananas!
ကမ္ဘာ့ စံချိန်ရှင်နှစ်ဦး...
Weird weddings ... the love bug
အသည်းယားစရာ ကင်းမြီးကောက်ချစ်သူ စုံတွဲရဲ့ မင်္ဂလာပွဲကလည်း တစ်မူထူးပေ
တယ်ပေါ့ ...
ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေ အနားယူရာမြို့ ဖြစ်တဲ့ ပတ္တရားမြို့ မှာ KanJana
Ketkaew  ၃၅ နှစ်နဲ့  Bunthawee Sengwong  ၂၉ နှစ်တို့ ဟာ မြင်သူတွေအသည်း
ယားလောက်တဲ့ သူတို့ အချစ်တော် ကင်းမြီးကောက်တွေကို တန်ဆာဆင်ပြီး လက်
ထပ်ခဲ့ ကြပါတယ်...
အမျိုးသမီးဖြစ်သူ Kanjana ကတော့  ကင်းမြီးကောက်ပေါင်း ၃၄၀၀ ကောင်နဲ့ ၃၂
ရက်တိုင်တိုင် လှောင်အိမ်ထဲမှာ နေပြခဲ့ ပြီးကမ္ဘာ့ စံချိန်တင်ခဲ့ သလို ခင်ပွန်းဖြစ်သူ
Bunthawee ကလည်း ကင်းခြေများပေါင်း အကောင် ၁၀၀၀ နဲ့ လှောင်အိမ်ထဲမှာ
၂၈ ရက်ကြာအောင်နေပြီး ကမ္ဘာ့ စံချိန်တင်ခဲ့ ပါတယ်...
THESE two have caught the love bug ... and a couple of other creepy crawlies to boot.
Kanjana Ketkaew, 35, with scorpions on her gown, wed Bunthawee Sengwong, 29, on Valentine's Day in the Thai resort town of Pattaya in 2006.
Kanjana holds a world record for staying in a plastic cage with 3,400 scorpions for 32 days. Her husband holds a world record for staying in a cage with 1,000 centipedes for 28 days.
သတို့ သားတော့ မသိ၊ ငတို့ များတော့ မြင်ရတာနဲ့ တင်
ရင်ခုန်တယ်ကွယ်...
Weird weddings ... the road to love
ငယ်ငယ်တုံးကကြည့် ခဲ့ ဖူးတဲ့  On the road  ဆိုတဲ့ ဂျပန် အချစ်ကားလေးကို
သတိရစရာပါပဲ....
၂၀၀၈ ခုနှစ်က ယူကရိန်း နိုင်ငံ ကိယက်ဗ် မြို့ မှာပြုလုပ်ခဲ့ တဲ့  သူတို့ ရဲ့ မင်္ဂလာပွဲ
ကို သတို့ သား Yevgeni Okayevich  နဲ့  သတို့ သမီး  Galina Grann တို့ ဟာ
သူတို့ ရဲ့ ဆိုင်ကယ် အသီးသီးကိုစီးပြီး လာရောက်ခဲ့ ကြပါတယ်တဲ့ ....
THIS is a wheel-y novel way to say I Do.
Yevgeni Okayevich and his bride Galina Grann ride their motorbikes during their wedding in central Kiev on 5 July, 2008.
ကဲ နောက်ဆုံးအနေနဲ့ ဆိုင်ကယ်မစီးပဲ ငှက်ကုလားအုပ်စီးကြတဲ့ သတို့ သားနဲ့ 
သတို့ သမီးတို့ ရဲ့ မင်္ဂလာပွဲလေး အမှတ်တရကြည့် လိုက်ပါဦး....
မကိကီ တို့ ရဲ့  ထိုင်ဝမ်ရွှေပြည်ကြီးက ဇနီးမောင်နှံအသစ်စက်စက်တို့ ဟာအဲ
ဒီလို ငှက်ကုလားအုတ်စီးပြီး တစ်သက်မခွဲတဲ့ မင်္ဂလာပွဲကိုကျင်းပနိုင်ဖို့ တစ်ခြား
သောပြိုင်ဘက်ပေါင်း ၄၂ ဦးကို အနိုင်ရခဲ့ ကြရပါတယ်တဲ့ ....
တစ်ကယ့် ကိုတစ်မူထူးတဲ့ သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့  ကမ္ဘာ့ ဂီးနစ်မှတ်
တမ်းမှာကို ဂုဏ်ပြုဖော်ပြခဲ့ ပါတယ်ဆိုပဲ....
ဗီဒီယိုကလစ်လေးပေါ့ ....
ကိုယ့် ဆရာတို့ / ဆရာမတို့ လည်း သူများနဲ့ မတူ၊ တစ်မူထူးအောင်စဉ်းစားထားနိုင်
ကြပါစေဗျာ....
4 comments:
သုခုမလေဒီ said...
အထူးအဆန်း မင်္ဂလာပွဲတွေပါလား။
တတ်လည်းတတ်နိုင်ကြတယ်နော်။ နာမည်ကြီးဖို့ဆိုရင် သူတို့နိုင်ငံသားတွေက အကုန်လုပ်တော့တာပဲ။ ဓါတ်ပုံတွေ မျှဝေတာကျေးဇူးပါ။ မြင်ဖူးသွားတာပေါ့း))
Anonymous said...
မင်္ဂလာဆောင်ဖို့များ အဆန်းထွင်ရတယ်လို့ဗျာ။
စိန်မျောက်မျောက်မင်္ဂလာဆောင်တော့ သဘောကျတယ်ဗျာ။
Ko Toe Gyi ( Multiply Boo Boo Gyi ) said...
ဆရာသမားရေ
လာဖတ်သွားတယ် ကိုယ့်အလှည့်က ဘယ်တော့ရောက်ပမလည်းမသိဘူး ဟဟဟ ကိုယ်လည်းစဉ်းစားရမယ် ဘယ်လိုဆောင်ရင်ကောင်းမလည်းဆိုပြီး
JulyDream said...
သတို့သမီးကို ဂုန်းပိုးပြေးရတဲ့ ဓလေ့က တရုတ်တွေမှာ ရှိပါတယ်။ အများအားဖြင့် ထိုင်ဝမ်ကျွန်းဘက်မှာပါ။ ၀ တဲ့ သတို့သမီးကို ရတဲ့ သတို့သားအတွက်တော့ စိုးရိမ်စရာပါပဲ။