ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ မှ အခမဲ့ ပေးမယ့် ဝန်ဆောင်မှု....
Sunday, December 13, 2009
Copenhagen mayor pleads with climate change delegates not to use prostitutes... as sex workers offer their service free
ဝါသနာကိုမတားနဲ့ ရှင်.....
Prostitutes in the Danish capital have vowed to give conference delegates free sex
ခက်ဖွယ်ရယ်ကြုံ၊ ရှိသမျှ အကုန်လှူမယ်ရယ်လို့ 
ခြိမ်းခြောက်ကာသူတို့ ပြောတော့ ...
Copenhagen's Ritt Bjerregaard said: 'I think it's deplorable that you can buy a woman for sex'
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ တော်တွင်ကျင်းပနေဆဲဖြစ်သည့် ကမ္ဘာရာသီဥတုပြောင်းလဲခြင်း
ဆိုင်ရာ နိုင်ငံတကာထိပ်သီးညီလာခံကြီးသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်တော် ၅၀၀ ကို
မပျော်ပါးစေလိုကြောင်း တောင်းပန်တိုက်တွန်းသည့် စာများကို မြို့ တော်ဝန်ကြီးမှ စာရေးသား
ဆက်သွင်း အကြောင်းကြားခဲ့ ကြောင်းသိရှိရပါတယ်...
မြို့ တော်ဝန် Ms Ritt Bjerregaard ဟာ သူမနဲ့ အဆင့် တူကမ္ဘာ့ မြို့ တော်ဝန်များနှင့် ပါ ကမ္ဘာ့ 
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစည်းအဝေးများလက်ခံကျင်းပပြုလုပ်မှာဖြစ်ပြီး၊ သူမက
” မြို့ တော်ဝန်တစ်ယောက်အနေနဲ့ ကမ္ဘာ့ ခေါင်းဆောင်များတက်ရောက်ဆွေးနွေးမယ့် ထိပ်သီး
ညီလာခံကျင်းပမယ့် ကျွန်မရဲ့ မြို့ တော်အနေနဲ့ ဘယ်လိုအနေအထားနဲ့ ထင်ဟပ်ပေါ်လွင်နေမ
လဲဆိုတာ ကြိုးပမ်းစီစဉ်ဆောင်ရွက်ဖို့ ကျွန်မမှာတာဝန်ရှိပါတယ်...အဲဒီလိုအခြေအနေမှာ ကိုပင်
ဟေဂင်မြို့ ကအမျိုးသမီးတွေဟာ ပိုက်ဆံပေးယင် ပျော်ပါးလို့ ရတယ်ဆိုယင် အင်မတန်မှစိတ်
မကောင်းစရာ၊ ၀မ်းနည်းစရာဖြစ်မှာပါ....” လို့ သူမက ပြောကြားခဲ့ ပါတယ်....
အခုလိုမြို့ တော်ဝန်က နိုင်ငံနဲ့ မြို့ တော်ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းမြှင့် တင်ဖို့ ကြိုးပမ်းနေချိန်
မှာ မြို့ တော်အခြေစိုက် ပြည့် ဆန်ဆာ၊အပျော်မယ်အစည်းအရုံးကတော့ သူတို့ အဖွဲ့ ဝင် လိင်
အလုပ်သမ တွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲခြင်းညီလာခံကို တက်ရောက်လာ
သူတိုင်းကို အခမဲ့ လိင်ဆက်ဆံပျော်ပါးခွင့် ပေးဖို့ တိုက်တွင်းပြောဆိုပြီးတုံ့ ပြန်လိုက်ပါတယ်....
( သြော် ....သဘောကောင်းလိုက်ပုံများက ....ရွှေပြည်ကြီးက ဘဘများလည်းအဲဒီညီလာခံ
တက်လေဦးမလားမသိ....ဒီသတင်းလေးများကြားယင်၊ အားကြီးစိတ်ဆိုးမှာပဲ....)
ကိုပင်ဟေဂင်မြို့ တော်ကောင်စီကတော့ မြို့ တော်ရှိ ဟိုတယ်ပေါင်း ၁၆၀ ကို ညီလာခံတက်
ရောက်လာတဲ့ ကိုယ်စားလှယ်တော်များအတွက် ပျော်တော်ဆက်ဇိမ်မယ်များ ဆက်သွယ်စီစဉ်
ဆောင်ကျဉ်းပေးခြင်းမပြုဖို့  ဆက်သွယ်ပြောကြားခဲ့ ပါတယ်...
Wonderful Copenhagen  တို့ နဲ့ ပူးပေါင်းပြီး မြို့ တော်ကောင်စီဟာ ” သတိတရားနဲ့ ထိန်းသိမ်
ကြပါ....အပျော်မယ်များနဲ့ မပျော်ပါးကြစို့ ...” လို့ စာသားများရိုက်နှိပ်ထားတဲ့ ပို့ စကဒ်များကို
ဧည့် သည်တော်များတည်းခိုမည့်  ဟိုတယ်များကို ဖြန့် ဝေပေးခဲ့ ပါတယ်...
လိင်အလုပ်သမများအခွင့် အရေးဆိုင်ရာအဖွဲ့ ကြီး SIO ကတော့ အခုလို အဆင့် မြင့် အရာရှိ၊
ခေါင်းဆောင်ကြီးတွေပါဝင်တဲ့ ထိပ်သီးညီလာခံမျိုးကျင်းပနေချိန်အတွင်းမှာ သူတို့ ရဲ့ လိင်မှုဆိုင်
ရာဈေးကွက် သိသိသာသာတိုးမြင့် လေ့ ရှိပါတယ်လို့ ထောက်ပြပြောဆိုခဲ့ ပါတယ်...
အဆိုပါ အခွင့် အရေးအဖွဲ့ ရဲ့ ပြောရေးဆိုခွင့် ရှိသူအမျိုးသမီး Susanne Moller က ” အခုလို
ကျွန်မတို့် ဈေးကွက်ကိုဖျက်လိုဖျက်ဆီးလုပ်တာဟာ သက်သက်မဲ့ လူမျိုးရေး၊ အုပ်စုရေးအရ
နှိမ့် ချစော်ကားတာဖြစ်ပါတယ်...မြို့ တော်ဝန်အမျိုးသမီးဟာသူ့ ရဲ့ ရာထူးအရှိန်အ၀ါကိုသုံးပြီး
ကျွန်မတို့ ရဲ့ တရားအလုပ်လုပ်ခွင့် ၊ ၀န်ဆောင်မှုပေးနိုင်တဲ့ အခွင့် အရေးကို တားဆီးပိတ်ပင်
ခဲ့ တာဖြစ်ပါတယ်...”  လို့ ပြောကြားခဲ့ ပါတယ်....
” သူမအနေနဲ့  ( မြို့ တော်ဝန်ကြီး ) ဧည့် သည်တွေကိုဘယ်လိုလုပ်ပြီး အခုလိုဆက်သွယ်တိုက်
တွန်းခွင့် ရခဲ့ သလဲဆိုတာနားမလည်နိုင်အောင်ပါပဲ...ကျွန်မတို့ ရဲ့ အခွင့် အရေး၊လုပ်ပိုင်ခွင့် တွေ
ကိုကာကွယ်ထိန်းသိမ်းရမှာဖြစ်ပါတယ်....”  လို့ အဆိုပါအမျိုးသမီးကဆက်ပြောခဲ့ ပါတယ်...
( မြို့ တော်ဝန်ရဲ့ လုပ်ရပ်ကိုတုံ့ ပြန်တဲ့ အနေနဲ့ .) သူတို့ အုပ်စုကတော့ ညီလာခံကျင်းပနေသည့် 
ရက်သတ္တပါတ်နှစ်ပါတ်အတွင်း အဆိုပါ ပြည့် တန်ဆာဆန့် ကျင်ရေးပို့ စကဒ် နဲ့ ညီလာခံတက်
ရောက်ခွင့် ကဒ်ပြား ပြနိုင်သူမည်သူမဆို ဇိမ်မယ်များနဲ့ အခမဲ့ ချစ်တင်းနှောခွင့် ၊ ၀န်ဆောင်မှု
ပေးဖို့ ဆုံးဖြတ်ခဲ့ ပါတယ်တဲ့ ခင်ဗျာ....
သူတို့ လက်စားချေတာကလည်း ကိုယ်မကျေနပ်တဲ့ သူကို မစင်ကိုငုံပြီးထွေးသလို ပါပဲလား....
သူတို့ အတွက်ကတော့ ပုံမှန်လုပ်နေကျအလုပ်မို့ ပိုက်ဆံရတာနဲ့ မရတာပဲကွာမယ်နဲ့ တူပါရဲ့ ....
ကမ္ဘာကြီးရာသီဥတုပြောင်းမယ်မပြောင်းမယ်ကတော့ မသေချာသေးဘူး၊ လောလောဆယ်
ကိုပင်ဟေဂင်မြို့ မှာတော့  အပူလှိုင်းတွေပြင်းထန်မှာကတော့ အသေအချာပါပဲ....
အင်္ဂလိပ်လိုသတင်းပါ....
Copenhagen's Lord Mayor has written to all 500 climate change delegates pleading with them to abstain from using services of the city's 'unsustainable' prostitutes.
Ritt Bjerregaard, who is hosting her own climate conference for mayors, said: 'As mayor I have a duty over which image of Copenhagen will be shown during the summit and I think it’s deplorable that you can buy a woman for sex.'
A sex workers organisation has responded by urging its members to offer free sex to anyone attending the meeting .
The city council contacted 160 hotels asking them not to arrange prostitutes for guests attending the conference.
Together with the anti-trafficking organisation, The Nest International, and tourism group Wonderful Copenhagen, it issued postcards featuring the slogan, ‘Be sustainable – don’t buy sex’, which been distributed to hotels.A sex workers interest organisation, SIO, has hit out at claims that sex tourism increases during high-level summits.
SIO spokeswoman Susanne Møller said: 'It’s completely discriminatory. Ritt Bjerregaard is abusing her position when she uses her power to prevent us from carrying out our legal work.
'I don't understand how she can be allowed to contact people in this way - we have to defend ourselves.'
The group has now decided to offer a free service to people who present one of the council’s anti-prostitution postcards, along with their official summit ID during the two-week conference.
2 comments:
Unknown said...
အစ်ကိုရေ..တစ်ခုလောက်ပြောပါရစေ..။ ဘယ်ဘက်side bar က ဘုရားပုံတော်နဲ့..။ ညာဘက်ကပုံနဲ့ သိပ်ပြီးတော့ အမြင်မသင့်သလိုများဖြစ်နေသလားလို့ပါ...။ စိတ်ဝင်စားဖွယ်သတင်းအတွက်တော့ ကျေးဇူးပါ..
သွယ်လင်းဆက် said...
ဒီဘက်ကမြို့တော်ဝင်ကလည်းလုပ်သင့်တာ
လုပ်တာ။ ဟိုဘက်အဖွဲ့အစည်းကအမျိုးသမီးက
လည်း သူတို့ထမင်းအိုးတုတ်နဲ့ထိုးလို့ ပြောသင့်
တာပြောတာ။ စကားမစပ်ကိုပီတာကြီးကျွန်တော်
တို့ကိုကျတော့မဖိတ်ဘူးနော်။