ဟန်မူရာဘီ၏ ကိုဓ ဥပဒေလေလား....

Tuesday, December 29, 2009
ကိုယ့် မကောင်းဒါဏ် ... ကိုယ်ပြန်ခံ....

Eye-for-an-eye: Pakistani brothers to have ears and nose chopped off for doing the same to woman who rejected one






               
 ရက်စက်တဲ့ ညီအစ်ကိုနှစ်ဦး....

လက်ထပ်ဖို့ ငြင်းဆန်ခဲ့ တဲ့ မိန်းကလေးတစ်ယောက်ရဲ့ နားနှင့် နှာခေါင်းကို ဖြတ်ပစ်ခဲ့ တဲ့ ပါကစ္စ
တန်နိုင်ငံသား ညီအစ်ကိုနှစ်ယောက်ကို သူတို့ ရဲ့ နားနှင့် နှာခေါင်းများကို ဖြတ်ပစ်ပြီးအပြစ်ပေးဖို့ 
ပါကစ္စတန် နိုင်ငံရဲ့  တရားရုံးတစ်ခုက အမိန့် ချမှတ်ခဲ့ တယ်လို့ ဆိုပါတယ်...


Sher နှင့်  Amanat Mohammad  တို့ ညီအစ်ကိုနှစ်ယောက်ဟာ အသက် နှစ်ဆယ်အရွယ်ရှိ
သူတို့ ရဲ့ နှမ တစ်ဝမ်းကွဲဖြစ်သူ Fazeelat Bibi  ရဲ့ မိဘတွေက သူမနဲ့  Sher  ကိုလက်ထပ်ပေး
စားဖို့ ငြင်းဆိုခဲ့ တာမို့  သူမရဲ့ လည်ပင်းကို ကြိုးနဲ့ ချည်ပြီး နှာခေါင်းနဲ့ နားတွေကို ဓါးနဲ့ လှီးပြီး
ဖြတ်ခဲ့ တာဖြစ်ပါတယ်...

အဆိုပါညီအစ်ကိုနှစ်ဦးကို ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ ကတရားရုံး ကနေ လွန်ခဲ့ တဲ့ တစ်ပတ်က
အခုလို အပြစ်ဒါဏ်ချမှတ်လိုက်တာဖြစ်ပါတယ်...

တရားရုံး ဥပဒေပညာရှင်တွေက အခုလို သူတို့ ရဲ့ မျက်နှာပြင်အစိတ်အပိုင်းတွေကိုဖြတ်ပစ်ပြီး
အပြစ်ပေးတာဟာ အစ္စလာမ်ဘာသာဆိုင်ရာ အခြေခံ စည်းမျဉ်းဖြစ်တဲ့  ရန်ကိုရန်ချင်းတုန့် နှင်း
ရမယ် ( မျက်လုံးတစ်လုံးအဖောက်ခံရယင်၊ အစားထိုးတစ်လုံးပြန်ဖောက်ပစ်ရမယ် ) လို့ ဆိုတဲ့ 
အဆိုအမိန့် နဲ့ အညီပဲ ဖြစ်ပါတယ်လို့ ဆိုကြပါတယ်...
Sher Mohammad နဲ့  Amanat Ali တို့ ညီအစ်ကိုနှစ်ဦးဟာ လွန်ခဲ့ တဲ့ စက်တင်ဘာလတုံးက
သူတို့ ရဲ့ ဝမ်းကွဲ ညီမဖြစ်သူ Fazeelat Bibi  ကို သေနတ်နဲ့ ခြိမ်းခြောက်ပြီးပြန်ပေးဆွဲခဲ့ တာဖြစ်
ပါတယ်....ဘာဖြစ်လို့ လည်းဆိုတော့ သူမရဲ့ ဖခင်ဖြစ်သူက Sher  ကို သူမနဲ့ လက်ထပ်ပေးဖို့ 
ငြင်းဆန်ခဲ့ လို့ ဖြစ်ပါတယ်....( သူတို့ တွေက အမျိုးချစ်တွေနဲ့ တူပါရဲ့ ...ကိုယ့် ညီမ ကိုယ်ပြန်
ယူကြပုံရတယ်.....)

သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ နှာခေါင်းနဲ့ နားတွေပြန်ပြီးအဖြတ်ခံရမယ့် အပြင် ထောင်ဒါဏ်
လာည်း အနှစ် ၇၀ ကျော် ကျခံကြရဦးမှာ ဖြစ်ပါတယ်...


အခုလို သူတို့ ရဲ့ နား၊ နှာခေါင်းတွေကို ဖြတ်ပြစ်ဖို့ အပြစ်ပေးတဲ့ ဆုံးဖြတ်ချက်ဟာ အစ္စလာမ်ဘာ
သာရေးဥပဒေ Qisas အရ ဖြစ်ပြီး အခုလို အပြစ်ပေးတာမျိုးအလွန်ရှားပါတယ်...
ဤဥပဒေဖြင့် အပြစ်ပေးခြင်းကို ဗိုလ်ချူပ်ကြီး ဇီယာအူလ်ဟတ် ၏ စစ်အစိုးရလက်ထက်က၁၉၇၉
ခုနှစ်တွင်ပြဌာန်းခဲ့ ပေမယ့် ပါကစ္စတန်တရားရုံးများကတော့  ထိုဥပဒေအရ အပြစ်ဒါဏ်ချမှတ်တဲ့ 
ဆုံးဖြတ်ချက်များကို ပယ်ဖျက်ပေးလေ့ ရှိခဲ့ ပါတယ်...


Bibi ကို လွန်ခဲ့ တဲ့ စက်တင်ဘာလက သူမ အလုပ်လုပ်ရာ အုတ်စက်ရုံမှပြန်လာစဉ် မိုဟာမက်တို့ 
ညီအစ်ကိုနှစ်ယောက်နှင့်  ကြံရာပါ အပေါင်းအပါများက ပြန်ပေးဆွဲခဲ့ ခြင်းဖြစ်ပါတယ်...
ရဲတပ်ဖွဲ့ ကတော့ လွတ်မြောက်နေဆဲ ဖြစ်တဲ့ သူတို့ ရဲ့ အပေါင်းအဖော် သုံးယောက်ကို ဆက်လက်
ရှာဖွေ နေဆဲဖြစ်ပါတယ်...

အစိုးရ၏ ဥပဒေအရာရှိအကြီးအကဲ Chaudray Mohammed Jahangir  က ထိုညီအစ်ကိုနှစ်ဦး
က ( ကျန်တဲ့ အမျိုးသမီးများကိုလည်း ) နမူနာအနေနဲ့ ဖြစ်စေရန် ကောင်မလေးကို မျက်နှာအင်္ဂါ
အစိတ်အကပိုင်းတွေ ဖြတ်ပြစ်ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်...

သြော်...
ကိုယ့် လူတွေက ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲပဲ ဖိတ်ရမယ်ဆိုတဲ့ သဘောပေါ့ ....

ဆေးပညာသုတေသနပြုချက်များအရတော့  ထိုကဲ့ သို့ သွေးချင်းအလွန်နီးသည့် ဆွေမျိုး
နီးစပ်များအိမ်ထောင်ပြုလျှင် မွေးဖွားလာသော သားသမီးများတွင် မျိုးရိုးဗီဇ ဆိုင်ရာချွတ်
ယွင်းချက်များ ဖြစ်ပွားရန် ပိုမိုအခွင့် အလမ်းများသည်ဟု ဆိုပါတယ်...




မူရင်းအင်္ဂလိပ်လိုသတင်းပါ....

Two brothers will have their noses and ears cut off in Pakistan as punishment for doing the same to a woman over a rejected marriage proposal.
Sher and Amanat Mohammad put a noose round the neck of 20-year-old Fazeelat Bibi, their cousin, and cut off her nose and ears because her parents refused to let her marry Sher.
The brothers were sentenced by a court in Lahore this week, where prosecutors said the removal of their facial features was in line with the Islamic principle of 'an eye for an eye'.
The two brothers, Sher Mohammad and Amanat Ali, abducted their 22-year-old cousin, Fazeelat Bibi, at gunpoint in September after her father refused to let her marry Mohammad (file picture)
Sher and Amanat will also be jailed for more than 70 years.
The removal of their noses and ears was ordered under the rarely used Islamic law of Qisas. Punishments under Qisas have previously always been revoked by Pakistani courts on appeal after General Mohammad Zia ul Haq's military regime introduced the law in 1979.
The Mohammad brothers and three accomplices abducted Miss Bibi as she returned home from work at a brick kiln in Lahore before the attack in September. Police are still searching for the three other men.

The removal of their noses and ears was ordered under the rarely used Islamic law of Qisas. Punishments under Qisas have previously always been revoked by Pakistani courts on appeal after General Mohammad Zia ul Haq's military regime introduced the law in 1979.
The Mohammad brothers and three accomplices abducted Miss Bibi as she returned home from work at a brick kiln in Lahore before the attack in September. Police are still searching for the three other men.
Chief prosecutor Chaudray Mohammed Jahangir said the brothers mutilated the woman 'to set an example'.
The three accomplices are still being sought by police.

1 comments:

Beauty Studio USA Branded Store said...

အတော်ရုတ်မာတဲ့ ညီအကိုပဲဗျာ။ထိုက်သင့်တဲ့ အပြစ်ဒဏ်ရသွားတယ်လို့ပဲ ယူဆပါတယ်။