Indonesian minister says immorality causes disasters

Monday, December 21, 2009

လူတွေ....လူတွေ....ပြင်ဖို့ လိုပြီဆိုပဲ.....



 



ခင်ဗျားတို့ အကျင့် တွေပြင်ကြ....ကျူပ်ကတော့ မပြင်သေးဘူး....



အင်ဒိုနီးရှားနိုင်ငံတွင်မကြာခဏဖြစ်ပွားနေခဲ့ သော သဘာဝဘေးဒါဏ်အန္တရယ်များသည် အင်ဒို
နီးရှားပြည်သူများ၏ ကိုယ်ကျင့် တရားပျက်စီး၊ ဖောက်ပြန်မှုကြောင့် ဖြစ်ရသည်ဟု အစိုးရအဖွဲ့ ဝင်
ဝန်ကြီးတစ်ဦးက ပြည်သူများကိုအပြစ်တင်ဝေဖန်ပြောဆိုခဲ့ ပါတယ်...

ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးဝန်ကြီး Tifatul Sembiring က နိုင်ငံအတွင်းရှိ ထုတ်လွှင့် 
လျှက်ရှိသော ရုပ်သံလွှင့် လိုင်းများစွားဟာ ပြည်သူတွေရဲ့ အကျင့် စာရိတ္တကိုပျက်ပြားစေလျှက်ရှိ
တယ်လို့ လည်းဆိုခဲ့ ပါတယ်....

ဒါကြောင့်  မို့ သဘာဝဘေးအန္တရယ်တွေဟာဆက်လက်ပြီးတော့ ဖြစ်နေဦးမှာပါလို့ သူက ဆက်
ပြောခဲ့ ပါတယ်...
အဆိုပါမှတ်ချက်ကို လွန်ခဲ့ တဲ့ စက်တင်ဘာလတုံးက ပြင်းထန်တဲ့ မြေငလျင်ဒါဏ်ခံ ခဲ့ ရတဲ့ 
ဆုမတ်ကြာကျွန်းက ပန်ဒန်းမြို့ မှာလွန်ခဲ့ တဲ့ သောကြာနေ့ ကပြုလုပ်ခဲ့ တဲ့ အစ္စလာမ်ဘာသာ
ရေးဝတ်ပြုဆိုတောင်းတွေ့ ဆုံပွဲမှာ ၀န်ကြီးကပြောကြားခဲ့ ခြင်းဖြစ်ပါတယ်...

လူတွေအကျင့် စာရိတ္တပျက်စီးဆုံးရှုံးနေကြတဲ့ ပြယုဂ်အဖြစ် အင်ဒိုနီးရှားလူမျိုးတွေကိုယ်တိုင်
ရိုက်ကူးထားတဲ့ ညစ်ညမ်းရုပ်ရှင်၊ ဒီဗီဒီအခွေများ ဒေသခံဈေးကွက်အတွင်းမှာ အလွယ်တစ်ကူ
ရရှိနေတာဖြစ်ပြီး၊ အဆိုပါကိစ္စအတွက်ပြင်းထန်တဲ့ ဥပဒေများချမှတ်အကောင်အထည်ဖော်ဖို့ 
သူကတောင်းဆိုတိုက်တွန်းခဲ့ ပါတယ်...


Jakata Globe သတင်းစာရဲ့ အဆိုအရ သူ့ ရဲ့ ပြောကြာမှုမှတ်ချက်အပေါ် ဒေါသတကြီးနဲ့ တုန့် 
ပြန်ပြောဆိုမှုများအင်တာနက်ပေါ်မှာပြန့် နှံ့ နေကြောင်း၊ အထူးသဖြင့် အဆိုပါဝန်ကြီးကိုယ်တိုင်
အသုံးပြုနေတဲ့ Twitter  အင်တာနက်အွန်လိုင်းစာမျက်နှာမှာ ဖြစ်ကြောင်းဖြင့် သိရပါတယ်...

တုံ့ ပြန်ပြောဆိုသူတစ်ဦးက အစိုးရအဖွဲ့ အတွင်းမှာကိုယ်တိုင်က အကျင့် စာရိတ္တပျက်စီးမှုတွေ၊
လာဘ်စားမှုတွေများစွာရှိနေချိန်မှာ ဘာဖြစ်လို့ ပြည်သူလူထုကို အပြစ်ပုံချရတာလဲ လို့  ပြော
ဆိုရေးသားခဲ့ ပါတယ်....

ကိုယ့် မျက်ချေးကိုယ်မမြင် ၊ သူများမျက်ချေးသာမြင်တယ် လို့ ဆိုထားသေးတာပဲဗျာ...

လောဘကြီးရင် အစာရေစာငတ်မွတ်ခေါင်းပါးတဲ့ ဘေး၊
ဒေါသကြီးရင် နှိပ်စက်ညှင်းပန်းသတ်ဖြတ်တဲ့ စစ်ပွဲတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်တဲ့ ဘေး၊
မောဟတရား၊တွေဝေမိုက်မဲ မှုတရားတွေကြီးမားရင် သဘာဝဘေးအန္တရယ်တွေဖြစ်တဲ့ ဘေး၊
တွေဖြစ်လာမယ်လို့ လွန်ခဲ့ သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓ ဟောကြားထားခဲ့ 
ပါတယ်....


မူရင်းသတင်းကဒီလိုပါ....
A government minister has blamed Indonesia's recent string of natural disasters on people's immorality.

Communication and Information Minister Tifatul Sembiring said that there were many television programmes that destroyed morals.

Therefore, the minister said, natural disasters would continue to occur.

His comments came as he addressed a prayer meeting on Friday in Padang, Sumatra, which was hit by a powerful earthquake in late September.

He also hit out at rising decadence - proven, he said, by the availability of Indonesia-made pornographic DVDs in local markets - and called for tougher laws.

According to the Jakarta Globe, his comments sparked an angry reaction on the internet, particularly among those who followed him on social networking site Twitter. Why focus on public immorality when there was so much within the government, one respondent reportedly asked.

0 comments: