အိုမဲ့ အိမ်မဲ့ ၊ အိမ်ခြေယာခြေမဲ့ များ၏ဘ၀ကိုနားလည်နိုင်ရန်လမ်းဘေးမှာအိပ်တဲ့  မင်းသားလေး....
Thursday, December 24, 2009
Prince William sleeps rough in freezing back alley: But at least he had a protection officer to help him highlight plight of homeless
Prince William sleeping rough
                                       လမ်းဘေးမှာအိပ်တဲ့ မင်းသား....
'Scary': Prince William and Seyi Obakin bed down for the night in their sleeping bags near Blackfriars bridge, London, where the temperature plummeted to -4C
ဗြိတိန်နိုင်ငံရဲ့ နန်းညွှန့် အလောင်းအလျာ ရွှေမင်းသားလေးဝီလီယံ ( ကွယ်လွန်သူ ဒိုင်
ယာနာမင်းသမီးနဲ့  အိမ်ရှေ့ မင်းသားချားလ်စ် တို့ ရဲ့ သားအကြီး ၊ ဗြိတိသျှ နန်းမွေဆက်
ခံမယ့် ဒုတိယမြောက်မင်းသား ) ဟာ လန်ဒန်မြို့ က အိုးမဲ့ အိမ်မဲ့ ၊ လမ်းဘေးနေသူ
တွေရဲ့ ဘ၀၊ ရေခဲ လောက်အောင်အေးတဲ့ ခရစ်စမတ်ညကို ဘယ်လိုများဖြတ်သန်းကြ
ရသလဲဆိုတာ ကိုယ်တိုင်သိရှိနားလည် ကိုယ်ချင်းစာတတ်နိုင်ရန် လန်ဒန်မြို့ လမ်းဘေး
မှာတစ်ည အိပ်ခဲ့ တယ်လို့ ဆိုပါတယ်...
သူဟာ သုညအောက် ၄ ဒီဂရီအထိ အေးမြတဲ့ အအေးဒါဏ်ခံစားရင်း လန်ဒန်မြို့ လယ်
ရဲ့ နောက်ဖေးလမ်းကြားတစ်ခုမှာ အမှိုက်ပုံးတွေခြံရံပြီး အိပ်စက်ခဲ့ တာဖြစ်ပါတယ်...
Centerpoint  အိမ်ခြေယာခြေမရှိသူများအတွက် ကူညီရေးအသင်းရဲ့ ဂုဏ်ထူးဆောင်
နာယကဖြစ်တဲ့  မင်းသားလေးက သူ့ အနေနဲ့ ကံမကောင်းအကြောင်းမလှသူတွေအ
တွက် သူတတ်နိုင်တာလေး ကြိုးစားလုပ်ကြည့် ခဲ့ တာပါလို့ ဆိုလိုက်ပါတယ်...
အဲဒီညကတော့  သူဟာ တစ်ခြားလမ်းပေါ်ကသူတွေနဲ့ သာတာဆိုလို့ သူ့ ကိုအဖော်
အဖြစ် သူ့ ရဲ့ လက်နက်ကိုင်လုံခြုံရေးအရာရှိ၊ သူ့ ရဲ့ ကိုယ်ရေးအတွင်းရေးမှူး နဲ့ အိုး
အိမ်မဲ့ များကူညီရေးအသင်း အမှုဆောင်အရာရှိချူပ် တို့ ကအတူနေပေးခဲ့ တာပဲရှိ
ခဲ့ ပါတယ်...
သူအိပ်ဖို့ အတွက် လုံခြုံရေး စိတ်ချဖို့ အတွက်လည်း မြို့ ရဲ့  Blackfriar တံတားနား
က လူသူပြတ်တဲ့ နေရာကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ်...
အခုလိုလမ်းဘေးမှာ နေခဲ့ တဲ့ အတွေ့ အကြုံရခဲ့ ပြီမို့ သူ့ အနေနဲ့ လမ်းပေါ်က လူတွေ
ရဲ့ ဘ၀ကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်နိုင်လာမှာဖြစ်တယ်လို့ မင်းသားလေးကဆိုခဲ့ 
ပါတယ်...
ယနေ့ ထုတ်ပြန်ခဲ့ တဲ့ သူ့ ရဲ့ ကြေငြာချက်ထဲမှာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ရွှေမင်းသား
လေးက လန်ဒန်မြို့ လမ်းပေါ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀နဲ့ လူတွေဘယ်လိုများနေထိုင်
အိပ်စက်နေနိုင်ပါ့ မလဲဆိုတာ အခုလိုတစ်ည လေးနေမိယုံနဲ့ ကို မတွေးရဲစရာ သိရှိခဲ့ ရ
ပါတယ်လို့ ဆိုခဲ့ ပါတယ်...
” ကျွန်တော်အခု ဦးစီးဦးဆောင်လုပ်နေတဲ့  Centerpoints အဖွဲ့ အနေနဲ့ တစ်ခြားသော
အဖွဲ့ အစည်းများစွာနဲ့ လည်း အိုးအိမ်မဲ့ သူများရဲ့ အခြေအနေဆိုးမှ လွတ်မြောက်ရေးအ
တွက်ကျိုးစားလုပ်ဆောင်နေရာမှာ အခုလို သူတို့ တွေရဲ့ ဘ၀ကို ပိုမိုသိရှိနားလည်လာ
လို့  လမ်းပေါ်ကလူတွေကို ကျွန်တော့ အနေနဲ့ ပိုမို စာနာနားလည်ပြီး၊ ကူညီနိုင်မှာဖြစ်ပါ
တယ် .....”  လို့ သူကဆိုခဲ့ ပါတယ်...
The location near Blackfriars Bridge in London where Prince William slept
                                အမှိုက်ပုံးတွေဝိုင်းထားတဲ့ နေရာမှာအိပ်ခဲ့ တယ်....
Raising awareness: The location near the bridge where the prince slept to experience being homeless
ဂျင်းဘောင်းဘီနဲ့ အားကစားဖိနပ်၊ ခေါင်းစွပ်အနွေးဆွယ်တာအကျီနဲ့ သိုးမွေဦးထုပ်တို့
ဝတ်ဆင်ထားတဲ့ မင်းသားဟာလွန်ခဲ့ တဲ့ အင်္ဂါနေ့ ညက လမ်းပေါ်မှာ ကတ္ထူစက်ကူပြား
ကိုခင်းပြီး ညအိပ် အိတ်ထဲဝင်ပြီးအိပ်စက်ခဲ့ တာဖြစ်ပါတယ်...
ဗြိတိသျှ စစ်တပ်ထဲမှာအရာရှိအဖြစ် လေ့ ကျင့် သင်တန်းဆင်းခဲ့ တဲ့ သူမို့ သူ့ အတွက်
တော့ သိပ်ပြီးခက်ခဲ ပင်ပန်းလှတဲ့ အတွေ့ အကြုံသစ်ဖြစ်လိမ့် မှာမဟုတ်ပါဘူး...
ဒါပေမယ့် အပူချိန်က သုညအောက်ရောက်အောင်ကို ကျဆင်းအေးစက်နေတာမို့ အိပ်
ပျော်ဖို့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူ့ အတွက်တော့ သက်တောင့် သက်သာမရှိစေတာ
အသေအချာပါပဲ...
အိုးအိမ်မဲ့ ကူညီကယ်ဆယ်ရေးခေါင်းဆောင် Mr Obakin က တော့  မင်းသားက သူ့ 
အနေနဲ့  လေလွင့် လူငယ်တွေရဲ့ ဘ၀ ကိုနားလည်ကူညီနိုင်ဖို့ သူ ဘာများလုပ်ပေးနိုင်
ပါသလည်းလို့ မေးခဲ့ ပါတယ် လို့ ဆိုပါတယ်...
Clarence HousePrince William
                         ပြည်သူချစ်တဲ့ ရွှေမင်းသားနဲ့  သူနေလေ့ ရှိတဲ့  နေအိမ်....
Challenge: Prince William agreed to sleeping rough after making a speech as patron at charity Centrepoint's 40th anniversary event. Right, the prince is better used to bedding down at Clarence House
” အဲဒီတော့ ကျွန်တော် သူမလုပ်နိုင်ဘူးထင်တဲ့ ဟာကို စဉ်းစားပြီးတမင်တကာပြောခဲ့ 
တာဖြစ်ပါတယ်....ဒါပေအံ့ သြစရာပါပဲ...သူက လုပ်နိုင်ပါတယ်လို့ ဖြေခဲ့ တာပါ...” လို့ 
အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောခဲ့ ပါတယ်...
သူ့ အတွက် တတ်နိုင်သမျှလုံခြုံမယ့် နေရာ၊ လူသူကင်းဆိတ်တဲ့ နေရာကိုရှာခဲ့ ရပြီး
အခုလို အမှိုက်ပုံးတွေ ရှိတဲ့ အကာအကွယ် အနည်းငယ်ရတဲ့ နေရာကိုတွေ့ ရှိခဲ့ တာ
ဖြစ်ပါတယ်...
”ဒါပေမယ့် ဆိုးဝါးပြင်းထန်လှတဲ့ အအေးဒါဏ်နဲ့  အေးစက်မာကြောတဲ့ ကွန်ကရစ်ကြမ်း
ပြင်နဲ့  မူးယစ်ဆေးရောင်းဝယ်သူတွေ၊ ပြည့် တန်ဆာများနဲ့ ပျော်ပါးဖို့ မြှူဆွယ်သူတွေ
လာရောက်နှောက်ယှက်နိုင်တာ၊ ဒါမှမဟုတ် အိမ်ခြေယာခြေမရှိလို့ ဆိုပြီး စာနာချင်း
ကင်းမဲ့ သူတွေကလာရောက် ကန်ကြောက်နိုင်တာတွေကိုတော့ အပြည့် အ၀ကြီးမ
တားဆီး၊ မကာကွယ်ထားနိုင်ပါဘူး...
ကျွန်တော့် အတွက်တစ်ညမှ အဲဒီညလောက်စိတ်ချမ်းသာ၊ပျော်ရွှင်ခဲ့ တာမရှိခဲ့ ပါဘူး...”
လို့ သူကဆက်ပြီးပြောပြခဲ့ ပါတယ်...
အဲဒီနေ့ နောက်ပိုင်းမှာတော့ မင်းသားလေးဟာ ဘုရင်မကြီးနဲ့ အတူ မိသားစုခရစ်စ
မတ် နေ့ လည်စာကို ဘတ်ကင်ဟမ် နန်းတော်မှာ သွားရောက်ပူးပေါင်းဆင်နွှဲခဲ့ ပါတယ်...
တစ်ညတာကုန်ဆုံးပြီး နံနက်ခြောက်နာရီမှာတော့ ဝီလီယံဟာ အိပ်ယာအိပ်ကို ခေါက်
သိမ်းပြီး လမ်းပေါ်မှာ လျှောက်သွားကာ အိမ်ခြေယာခြေမဲ့ နေသူတွေနဲ့  ၄၅ မိနစ်လောက်
စကားစမြည်ပြောခဲ့ ပါတယ်...
အဲဒီနောက်သူဟာ Greek လမ်းက Soho အဆောက်အဦ မှာရှိတဲ့  Centerpoints
အဆောင်ကိုသွားရောက်ကာ ရေမိုးချိုးပြီး အဆောင်နေသူအချို့ အတွက် နံနက်စာကို
စီစဉ်ချက်ပြုတ်ပေးကာအဖွဲ့ ရဲ့ နှစ်လေးဆယ်မြောက်အခမ်းအနားအထိမ်းအမှတ်ကိတ်
မုန့် လှီးခဲ့ ပါတယ်....
ဒါပေမယ့် သူဒီနေ့ သိရှိနားလည်ခဲ့ တာကတော့ အိုးမဲ့ အိမ်မဲ့ ဘ၀တွေရဲ့ တစ်စိတ်တစ်
ပိုင်းမျှလောက်ပဲ ရှိပါလိမ့် ဦးမယ်...
Blackfriars  အရပ်က လမ်းပေါ်မှာအိပ်စက်နေရလေ့ ရှိတဲ့ အသက် ၂၈ နှစ်အရွယ်ရှိ
Carl Hughes  ကတော့ မင်းသားလေးရဲ့ အားထုတ်မှုကိုချီးကျူးလိုက်ပါတယ်...
မင်းသားလေးအနေနဲ့ တစ်ခြားသူတွေဘယ်လိုများနေထိုင်ကြတယ်ဆိုတာ လေ့ လာ
ကြည့် လို့ သူဟာ တစ်ကယ့် ကို လူကောင်းတစ်ဦးပါ...
လမ်းပေါ်ကလူတွေဘ၀ ကိုတစ်ရက်ထဲနဲ့ ပြည့် စုံအောင်မလေ့ လာနိုင်ပေမယ့် လက်
ရှိသူတို့ တစ်တွေရင်ဆိုင်နေရတဲ့ ပြဿနာအခက်အခဲတွေကို သိရှိနားလည်နိုင်တဲ့ အ
တွက် အကူအညီအထောက်အပံ့ တော့ ဖြစ်မှာ အသေအချာပါပဲ...
သူဒီလိုလုပ်လိုက်တဲ့ အတွက် သူ့ မိခင် ဒိုင်ယာနာမင်းသမီးနည်းတူ ဆင်းရဲသားလူ
သူ့ ဖခင်ထက်တောင် လူချစ်လူခင်ပိုများပါလိမ့် ဦးမယ်....
အင်း .....
သူများတိုင်းပြည်များက ဘုရင်ဖြစ်မှာ သေချာသလောက်ဖြစ်နေတဲ့ ( မွေးရာပါအခွင့် 
အရေးကကို ဘုရင်ဖြစ်ရမှာနော်....)  ပျိုတိုင်းကြိုက်တဲ့ ရွှေမင်းသားလေးတောင် ခက်
ခဲပင်ပန်းတဲ့ စစ်သင်တန်းတွေတက်၊ ဒုက္ခရောက်နေတဲ့ အိမ်ခြေ၊ ယာခြေမဲ့ နေသူတွေ
ရဲ့ ဘ၀ ကို ထဲထဲဝင်ဝင်နားလည်အောင် လမ်းဘေးမှာ အတူဒုက္ခ ခံပြီး အိပ်စက်နေတဲ့ 
အချိန်မှာ .....
ရွှေပြည်ကြီးက ကံအကြောင်းသင့် လို့ သမုဒ္ဒရာထက် ရေပွက်ပမာ နေရာလေးကိုခဏ
ရောက်နေသူ လူငယ်လေးကတော့ ပျော်လို့ မဆုံး...ရမ်းကားလို့ မဆုံး .....
မူရင်းသတင်းလေးပါ....
Prince William has spent a night sleeping rough to understand the plight of the homeless at Christmas. 
He stayed out in temperatures as low as minus 4c, lying in a central London alleyway surrounded by wheelie bins.
The Prince, patron of the charity Centrepoint, said he was trying to 'do his bit' to help the vulnerable.
He was slightly better off than the average rough sleeper, as he was accompanied by his armed personal protection officer, his private secretary - a former SAS officer - and the chief executive of the homelessness charity.
Even the venue, a secluded spot close to Blackfriars Bridge in the City, was carefully chosen for safety.
And he did have the prospect of a big lunch at Buckingham Palace the next day to keep his spirits up.
But the Prince said afterwards that the experience had helped to deepen his understanding of life on the streets. 
In a statement today, William, 27, said: 'I cannot, after one night, even begin to imagine what it must be like to sleep rough on London's streets night after night.
'Centrepoint's work - along with many other organisations' - in tackling these fundamental causes is desperately important if we are ever to end homelessness in this country. I hope that by deepening my understanding of the issue, I can help do my bit to help the most vulnerable on our streets.' 
His brief brush with homelessness came on Tuesday last week when, shortly before midnight, he walked with his sleeping bag to the spot.
The second in line to the throne was accompanied by his right-hand man at St James's Palace, former SAS officer Jamie Lowther-Pinkerton, one of the Scotland Yard police protection officers who accompany him everywhere and Seyi Obakin, chief executive of Centrepoint, a charity which works with young homeless people. 
Dressed in jeans, trainers, a hooded sweatshirt and beanie hat, he went unrecognised as he laid a piece of cardboard down on the floor and climbed into his sleeping bag.
It wasn't an altogether new experience for former Army officer William, who has often lived rough on exercises.
But it certainly wasn't a pleasant one, as temperatures plunged, making sleep almost impossible. 
Mr Obakin told the Mail: 'William asked whether there was anything he could do to help understand what our young people go through. 
'I thought on my feet and came up with the thing that I thought he was least likely to do. To my surprise, he said yes. We took as much precaution as possible - finding a relatively secluded spot in an alleyway, shielded partly by a collection of wheelie bins. 
'But there was no shielding from the bitter cold, or the hard concrete floor, or the fear of being accosted by drug dealers, pimps or those out to give homeless people a kicking. I have never been happier to welcome the break of dawn!'  After sleeping fitfully, William rolled up his sleeping bag at 6am and walked through the streets for 45 minutes, stopping to talk to several homeless people on the way.
He went to Centrepoint's hostel in Greek Street, Soho, where he showered before cooking breakfast for some of the residents and cutting a cake to celebrate the charity's 40th anniversary. 
'But there was no shielding from the bitter cold, or the hard concrete floor, or the fear of being accosted by drug dealers, pimps or those out to give homeless people a kicking. I have never been happier to welcome the break of dawn!' 
After sleeping fitfully, William rolled up his sleeping bag at 6am and walked through the streets for 45 minutes, stopping to talk to several homeless people on the way.
He went to Centrepoint's hostel in Greek Street, Soho, where he showered before cooking breakfast for some of the residents and cutting a cake to celebrate the charity's 40th anniversary. 
Later that day he joined the Queen for her traditional family Christmas lunch at Buckingham Palace. 
Mr Obakin said: 'He understood, as I did, that what he experienced was just a fraction of what it truly means to be homeless and afflicted.'
Carl Hughes, 28, who sleeps rough in the Blackfriars area, today praised the Prince's efforts.
'He seems like a good guy and at least he is trying to see how the other half live,' he said. 'But it takes a lot longer than a day. Still if it helps to raise the problems we face, then that's good.'
1 comments:
ဒဏ္ဍာရီ said...
အကိုရေ .... မပြောချင်တော့ဘူးလို့ပဲ အော်လိုက်ချင်တော့တယ်။ သူများတိုင်းပြည်က အုပ်ချုပ်မင်းလုပ်မယ့် သူက တကယ့်လူတွေရဲ့ ဘ၀ကို ကိုယ်တိုင်း ဆင်းပြီးကြည့်ကြတယ်နော်။ လေးစားအားကျစရာ ကောင်းသလို ရှက်ဖို့လည်း ကောင်းပါတယ်။ ရှက်တတ်သူများ အတွက်ပေါ့..။
ခင်မင်လေးစားလျှက်