ဆော်ဒီတွေကြောက်တဲ့ မောင်....
Tuesday, February 9, 2010
'Biggest D***' rejected as Saudi Arabia ambassador 
ဆောဒီအာရေဗျ နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စေရန်အဆိုပြုခဲ့ 
သော ပါကစ္စတန်နိုင်ငံမှ သံတမန်တစ်ဦးဟာ ၎င်း၏နာမည်မှာ အာရပ်ဘာသာစကားဖြင့်  (ကိုတုတ်
ကြီး ) ဟု အဓိပ္ပါယ်ရသဖြင့် ဆောဒီအာရေဗျ နိုင်ငံက လက်မခံပဲ ငြင်းပယ်လိုက်သည်ဟုဆိုပါသည်....
ပါကစ္စတန်နိုင်ငံမှ ထူးချွန်ထက်မြက်လူသိထင်ရှားကျော်ကြားသည့် သံအမတ် အက်ကဘာဇက်ဘ်
ကို ဆော်ဒီနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် စေလွှတ်ဖိုနာမည်တင်သွင်းခဲ့ ပေမယ့် ထိုအမည်ကို
အာရပ်ဘာသာဖြင့် ပြန်ဆိုရေးသားတဲ့ အခါမှာတော့ မဖွယ်မရာနာမည်ဆိုးအဖြစ် အဓိပ္ပါယ်ထွက်နေ
ခဲ့ တာကြောင့် လက်မခံပဲ ငြင်းဆိုခဲ့ ရတာဖြစ်ပါသည်...
အက်ကဘာ ဟူသောမွတ်ဆလင် ဘာသာဝင်အများစု ပေးလေ့ ရှိသည့် နာမည်၏မူရင်းအဓိပ္ပါယ်မှာ
မည်ဖြစ်သည့်  ” ဇက်ဘ်” ဟူသောစကားလုံးကတော့  အာရပ်ဘာသာစကားတွင် ယဉ်ကျေးသည့် စ
ကားလုံးတစ်ခု မဟုတ်ချေ... တစ်နည်းအားဖြင့် ဆိုသော် အမျိုးသားများ ဆဲရေး၊ ရေရွတ်တိုင်းထွာရာ
တွင်သုံးသော စကားလုံးတစ်ခုဖြစ်နေချေပေသည်...သို့ ဖြင့်  အက်ကဘာဇက်ဘ် ကိုအာရပ်ဘာသာ
စကားဖြင့်တိုက်ရိုက်ပြန်လိုက်သောအခါ ကျော်မကောင်း၊ ကြားမကောင်း အမည်ဆိုးသို့ အဓိပ္ပါယ်
သက်ရောက်ရရှာတော့ သည်....
ပါကစ္စတန်နိုင်ငံအနေဖြင့်ယခုလို ရက်ရက်စက်စက်အငြင်းခံရမည့် အရေးမှ ကြိုတင်ပြင်ဆင်ထားခဲ့ 
သင့် ပါတယ်....
အဘယ်ကြောင့် ဆိုသော ၎င်းသံအမတ်ကြီးကိုပင် ယခင်ကလည်း ယူအေအီး နှင့် ဘာရိန်းနိုင်ငံများ
သို့ တာဝန်ထမ်းဆောင်ရန် အဆိုပြုခဲ့ စဉ် ထိုနာမည်ဆိုးအဓိပ္ပါယ် အကြောင်းပြချက်ဖြင့်ပင် ငြင်းပယ်
ခံခဲ့ ရသောကြောင့် ဖြစ်သည်...
ထိုနာမည်အဓိပ္ပါယ်ဆိုးသက်သက်ကြောင့် သာလျှင် နှစ်ပေါင်းများစွာ ဂုဏ်သရေရှိ၊ သံတမန်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ ဘူးသော အက်ကဘာဇက်ဘ် တစ်ယောက် အသံကြောင့် ဖားသေဆိုသလို
ဖြစ်ခဲ့ ရရှာပါတော့ သည်...
သြော်...
ဖြစ်မှဖြစ်ရလေ...
ကိုပက်ကီ  ( မဟာဒုတ် ) ရယ်....
( အင်္ဂလန်နှင့် တစ်ချို့ ဥရောပသားများက ပါကစ္စတန်သားများကို အတိုကောက်နာမည်ပြောင် ပက်ကီ  ဟုခေါ်ဝေါ်ကြသည်...)
ပြုံးစရာသတင်းမို့ ဖော်ပြလိုက်ပါသည်...
လေဒီများအတွက်နည်းနည်း များရိုင်းတယ်ထင်ရင် ဆောရီးနော်....
မူရင်းသတင်းပါ...
Saudi Arabia has rejected Pakistan's nominated diplomat as his name translates into 'Biggest Dick' in Arabic.
Despite having served for years as a distinguished Pakistani diplomat, Akbar Zeb reportedly cannot receive accreditation as Pakistan's ambassador to Saudi Arabia. The reason, apparently, has nothing to do with his credentials, and everything to do with his name -- which, in Arabic, translates to "biggest d***": 
Akbar Zeb, a high profile Pakistani diplomat was nominated for the Saudi post but after some hand-wringing the country had to reject him due to the unforunate loss in translation.
Akbar is a common Muslim name that translates to “the greatest” or “the biggest.” Zeb is a relatively common Urdu name (زب) whose meaning in Arabic isn’t used in polite conversation. In other words, it’s a reference to the male genitals. In Arabic, Akbar Zeb is “the biggest d***.”
The Pakistanis should have been prepared for the rebuff, given that he was also rejected for United Arab Emirates and Bahrain posts because of his name.
1 comments:
ရွှေရတုမှတ်တမ်း said...
ကိုပီတာနာမည်လဲ..အာရပ်လိုအဓိပ္ပါယ်မေးကြည့်အုန်းနော်