Man arrested for stealing 1,200 pairs of shoes in Seoul

Saturday, February 20, 2010
ဆိုးလ်မြို့ ကဖိနပ်သူခိုး...





ခိုးယူထားတဲ့ ဖိနပ်များ...


တောင်ကိုရီးယားနိုင်ငံအနှံ့ အပြားမှ ကိုရီးယားနိုင်ငံသားများဟာ မြို့ တော်ဆိုးလ် ကိုရောက်လာတဲ့ 
အခါမှာတော့  ထူးထူးခြားခြားရာဇ၀တ်သားတစ်ယောက်ရဲ့ ပစ်မှတ်အဖြစ် ကျရောက်နေခဲ့ ကြရရှာ
ပါတယ်...
သူတို့ ဟာ သူတို့ ရဲ့ ဆွေမျိုးမိတ်သင်္ဂဟ တွေရဲ့ နာရေးအခမ်းအနားတွေမှာ အဖိုးတန်ရှူးဖိနပ်တွေ
ပျောက်ဆုံး၊ ခိုးယူခံနေခဲ့ ကြရတာဖြစ်ပါတယ်...
ကိုရီးယားလူမျိုးတို့ ရဲ့ ဓလေ့ ထုံးစံအရ ကွယ်လွန်သူကို အရိုအသေပေးနှုတ်ဆက်ပို့ ဆောင်ရာမှာ
လေးစားသောအားဖြင့် ဖိနပ်တွေချွတ်ပြီးအရိုအသေပြုကြပါတယ်...ဒါပေမယ့် သူတို့ ရဲ့ ခြေနင်းဖိနပ်
တွေကို တစ်စုံတစ်ယောက်သောသူက လေ့ လာကြည့် ရှုအကဲခပ်နေတယ်ဆိုတာကိုတော့ သတိမ
ထားမိခဲ့ ကြပါဘူး....
အဲဒီအခါမျိုးမှာ Park  လို့ အမည်ရှိတဲ့ လူတစ်ဦး ( ဖိနပ်သူခိုး ) က အဖိုးတန်ရှူးဖိနပ် ကိုသူ့ ရဲ့ တန်ဖိုး
မရှိတဲ့ ဖိနပ်နဲ့ လဲစီးပြီး ထွက်သွားတတ်တာပါပဲ....
အခုတော့  ဆိုးလ်မြို့ တော်ရဲတပ်ဖွဲ့ ဟာ ဖိနပ်သူခိုးဖြစ်သူ ခိုးယူထားခဲ့ တဲ့ ရှူးဖိနပ်အရံပေါင်း ၁၂၀၀
ကို ပြသ ထားပြီး ပိုင်ရှင်ဖြစ်သူများကိုယ်တိုင်လာရောက်ရွေးယူကြဖို့ နှိုးဆော်တိုက်တွန်းနေပါတယ်...
သူခိုးဖြစ်သူ Park ဟာ သူ့ ရဲ့ တစ်ပါတ်ရစ် ဖိနပ်အဟောင်းဆိုင်အတွက် သန့် ရှင်းတောက်ပြောင်နေ
အောင် ပေါ်လစ်တိုက်ထားတဲ့ ဖိနပ်တွေကို ခိုးယူစုဆောင်းထားခဲ့ တာဖြစ်ပါတယ်...

ရွှေပြည်ကြီးမှာလည်း အလှူအိမ်တွေ၊ အသုဘအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဖိနပ်အခိုးခံရ
တာတွေကြားဖူးပါတယ်...
ဒါပေမယ့် ဒီလိုစီပွားဖြစ်၊ အကြီးအကျယ်တော့ ဒီတစ်ခါပဲဖတ်ဖူး၊ တွေ့ ဖူးတော့ တယ်...
တယ်လည်း အမျှော်အမြင်ကြီးပါလားနော်...
ဆိုးသွမ်းယုတ်မာတဲ့ ကိုရီးယားသူဌေးနဲ့ အတူလုပ်ရသူများ ဒီသတင်းလေးမှတ်ထားပြီး သူ့ ကို
ပြန်ပြောလို့ ရတာပေါ့....

မူရင်းသတင်းပါ...


They came from all around the South Korean capital as victims of an unusual crime. Each had lost an expensive and cherished pair of shoes while attending a funeral. They were the mourners who had slipped off their shoes out of respect, according to the national tradition, but hadn't noticed the man scanning their footwear.

That man, known only as Park, would then take off his own footwear, put on a more expensive pair and walk off. Now police in Seoul have meticulously laid out some 1,200 pairs of shoes and appealed for their owners to come and reclaim them.
Park was amassing ranks of buffed and polished slip-ons for his second hand shoe business.

But the 59-year-old has now been arrested for stealing hundreds of pairs of shoes, police said.

0 comments: